02/03/2024
တက္ကသိုလ်ဝင်စာမေးပွဲဆိုတာမျိုးက
အစိုးရစစ်စာမေးပွဲ ခေတ်အဆက်ဆက်
ပေါပေါလောလော အအောင်ပေးတတ်တဲ့
စာမေးပွဲမျိုး မဟုတ်ဘူး။
ပုံမှန် အောင်မှတ် ၄၀ နှင့် အောင်တာက
သာမန်အားဖြင့် ၁၅% မှ ၂၀% ခန့် ရှိတတ်ပေမဲ့
အခြေအနေ အမျိုးမျိုးကြောင့်
လျော့လျော့ပေါ့ပေါ့ စဉ်းစားရင်
၃၀% ဝန်းကျင်ခန့်သာ အောင်တတ်ကြပါတယ်
စာစစ်က ဘယ်လောက်ပါမယ်တို့၊
ဘယ်ကထုတ်တာ ဘယ်လောက်ဖိုးပါမယ်တို့
ဆိုတာမျိုးက တက္ကသိုလ်ဝင်စာမေးပွဲလို အဆင့်
အတန်မျိုးထဲ မပါဘူး။ ဒီအတွက် တက္ကသိုလ်ဝင်
စာမေးပွဲမေးခွန်းကိုတော့ သွားအကဲမစမ်းကြပါနဲ့
လို့ပဲ ပြောလိုပါတယ်။
နှစ်လုံးပေါက်သင်ယူခဲ့ကြတဲ့ သင်ခန်းစာတွေ
ကို ကျောင်းသူ/ ကျောင်းသားတိုင်း ကျေကျေ
ညက်ညက်၊ နှံ့နှံစပ်စပ် ကျက်မှတ်လေ့လာထား
ကြမှသာ စာမေးပွဖြေဆိုအောင်မြင်နိုင်မှာပါ။
မေးခွန်းကတော့ Unseen မပါ,ပါဘူး။ Text
(ဖတ်စာအုပ်)ထဲက စာတွေကိုသာ မေးခွန်းထုတ်
ကာ မေးမြန်သွားမှာပါ။ စာသင်သားဘက်က
တော့ သင်ခန်းစာတိုင်းကို ထဲထဲဝင်ဝင်လေ့လာ
ထားပါမှ မေးခွန်းကို နားလည်စွာ ဖတ်ရှုနိုင်မှာပါ။
ဒါကလည်း အသစ်အဆန်းတော့ မဟုတ်ပါဘူး။
တက္ကသိုလ်ဝင်စာမေးပွဲ ခေတ်အဆက်ဆက်
ဒီအတိုင်းသာ မေးခွန်းထုတ်ခဲ့ကြ၊ ဖြေဆိုခဲ့ကြရ
ခြင်း ဖြစ်ပါတယ်။[စနစ်သစ်မှာတော့ ဘယ်လိုများ
ထူးခြားချက်တွေရှိလာမလဲဆိုတာကတော့
ပထမဆုံးမေးခွန်းစတင်ထွက်ရှိမယ် မတ် ၁၁ ရက်
နေ့ကျ သိကြရမှာ ဖြစ်ပါတယ်။]
တစ်ခုတော့ ရှိတာပေါ့ဗျာ။ ဒီနှစ် ၂၀၂၄
ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆိုတာက စနစ်သစ်
ရဲ့ ပထမဆုံး "အစ"နှစ်ဖြစ်လို့ အနည်းနှင့် အကျဉ်း
ဆိုသလို မေးခွန်းကိုတော့ သက်သက်ညှာညှာ
ထုတ်ကောင်း ထုတ်နိုင်ပါတယ်။ ဒီလောက်ပါပဲ။
ကျန်တာကတော့ ဘာမှမမျှော်လင့်ကြပါနဲ့လိုသာ
ပြောလိုပါတယ်။ အကြံပြုတာဆိုလည်း မမှားဘူး
ပေါ့။
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ
ဝင်ရောက်ဖြေဆိုကြမယ့် မြန်မာနိုင်ငံတစ်ဝှမ်း ကျောင်းသား/ကျောင်းသူအပေါင်း
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်
မိမိတို့တစ်နှစ်ပတ်လုံး သင်ယူခဲ့ကြတဲ့
သင်ခန်းစာတွေကို လာတော့မည့်
တက္ကသိုလ်ဝင် စာမေးပွဲကြီးမှာ
အိတ်သွန်ဖာမှောက်ဖြေဆိုနိုင်ကြပါစေကြောင်း
ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတော့သည်ခင်ဗျား။
#