TechnoPharm

TechnoPharm

Share

Sharing technical knowledge and providing training services in the areas of pharmaceuticals.

07/05/2026

💊🔬 တိကျတဲ့ Lab Result ရဖို့ အရေးပါတဲ့ Balance Room ရဲ့ လိုအပ်ချက်တွေကို knowledge sharing လုပ်ပေးချင်ပါတယ်။

ဆေးဝါးနှင့် အစားအသောက် QC Lab တွေမှာ
တိကျမှန်ကန်တဲ့ Result ရဖို့ဆိုရင်
ပထမဆုံးအရေးကြီးတာက 👉 Weighing (အလေးချိန်ချိန်တွယ်ခြင်း) ပါပဲ။ မှန်ကန်တဲ့ weight တွေရဖို့ Balance တွေကို calibration ပုံမှန်လုပ်ပေးဖို့လိုအပ်တယ်ဆိုတာတော့ သိကြပါတယ်။ နောက်တချက်အရေးကြီးတာကတော့ Balance တွေကို ဘယ်လို/ ဘယ်နေရာမှာထားရမလဲဆိုတာပါပဲ။

📌 ဒါကြောင့် Balance တွေ ဘယ်နေရမှာ ထားမလဲဆိုတာကို စဉ်းစားတဲ့အခါ မဖြစ်မနေစဉ်းစားရမယ့်အချက်တွေက်ု share ပေးချင်ပါတယ်။ 👇👇👇

* Balance အတွက် သီးသန့်အခန်း ထားရှိရန်

* Vibration မရှိတဲ့နေရာ ရွေးချယ်ရန်

* Sliding door အသုံးပြုပြီး တုန်ခါမှုလျော့ချရန်

* Marble (or) anti- vibration table ပေါ်တွင် balance တင်ရန်

* 🌡️ Temperature – 20–25°C ထိန်းထားရန်

* 💧 Humidity – 40–60% RH ထိန်းချုပ်ရန်

* 🌬️ Direct air flow မထိတွေ့စေရန်

* Balance တွေအကြား spacing လုံလောက်စွာထားရန်

* 🚫 Balance တွေက်ု Door / Window နားမထားရန်

📍 ဒါကြောင့်မို့လို့
တိကျတဲ့ weighing result ရဖို့ဆိုရင်
👉 Balance တွေကို Calibration ပြုလုပ်ခြင်း အပြင် Environmental Control ရှိဖ်ု့ကလည်း လိုအပ်ပါတယ်။

15/03/2026

💡 ကျွမ်းကျင်တဲ့ QC Analyst ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ?

👇👇👇
✨ နည်းပညာပိုင်းကို စဉ်ဆက်မပြတ်သင်ယူပြီး လက်တွေ့အသုံးချနိုင်ရမယ်

📚 Pharmacopoeias များကို တိကျစွာလိုက်နာနိုင်ရမယ်

📝 လုပ်ဆောင်မှုအဆင့်ဆင့်နဲ့ မှတ်တမ်းများကို စနစ်တကျထားရမယ်

⚠️ Deviation / Discrepancies ကို သိပြီး မှတ်တမ်းထားနိုင်ရမယ်

📊 ရရှိလာတဲ့ data များကို မှန်ကန်စွာတွက်ချက်နိုင်ရမယ်

🏭
GMP / GLP / GDP / Regulatory စံနှုန်းများကို သိပြီး လိုက်နာနိုင်ရပါ မယ်။

*** စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းနှင့် လက်တွေ့အသုံးချခြင်းဟာ သင့်ကို ကျွမ်းကျင်တဲ့ analyst တစ်ယောက်ဖြစ်စေမှာပါ 👌

22/02/2026

အစားအသောက်၊ဆေးဝါးထုတ်လုပ်မှု စက်ရုံတွေရဲ့ QA/QC လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ Data integrity ရှိမှုက အရေးကြီးပါတယ်။ ကိုယ် စမ်းသပ်စစ်ဆေးထားတဲ့ စမ်းသပ်ချက်ရလဒ်တွေ၊ data record တွေ မှန်ကန်တိကျစေဖို့ လိုက်နာရမယ့် ALCOA+ Principles အကြောင်းကို အတူတူ လေ့လာကြည့်ရအောင်နော်။

A – Attributable
Data ကို ဘယ်သူရေးသားထားတာလဲ၊ ဘယ်အချိန်မှာရေးသားထားတာလဲ ဆိုတာ သိနိုင်ရမယ်။
📍 ဥပမာ – Analyst name, Signature, Date, Time ပါရှိရမယ်။
L – Legible: အလွယ်တကူဖတ်ရှူ့နားလည်နိုင်ရမယ်။
📍 ဥပမာ – မရှင်းတဲ့ handwriting, ဖတ်မရတဲ့ record မဖြစ်ရပါဘူး။
C – Contemporaneous: အလုပ်လုပ်နေတဲ့ အချိန်နဲ့ ဒေတာမှတ်တမ်းတင်တဲ့ အချိန်ဟာ ထပ်တူကျရမယ်။
📍 ဥပမာ – Test ပြီးမှ နောက်မှ ပြန်ရေးတာမျိုးမဖြစ်ရ။
O – Original: မူရင်း data ဖြစ်ရမယ် ။
မူရင်း Record ဖြစ်ရမယ်။
📍 ဥပမာ – Raw data, Instrument print out တွေပါရှိရမယ်။
A – Accurate: အမှားအယွင်းမရှိ တိကျမှန်ကန်ရမယ်။
📍📍📍 ဒါဆို 'ALCOA+' ဆိုတဲ့ principles မှာမနာက်ထပ်ပါမယ့် plus principles တွေကတော့ 👇👇
C- Complete : ပြည့်စုံရမယ်
📍Data အားလုံးပါဝင်ရမယ်။ Data missing မဖြစ်ရဘူး။
C- Consistent: ညီညွတ်မှုရှိရမယ်
📍Date, Time, Sequence တွေ မှန်ကန်ပြီး logical ဖြစ်ရမယ်။
E- Enduring :ကြာရှည်ခံခြင်း
📍Record တွေကို မပျက်စီးဘဲ သိုလှောင်ထားနိုင်ရမယ်။
A- Available: လိုအပ်တဲ့အချိန်မှာ ရရှိနိုင်ရမယ်
📍Audit သို့မဟုတ် Inspection အချိန်မှာ လွယ်ကူစွာ ပြနိုင်ရမယ်။

+

15/02/2026

🫡🫡 QC Laboratory တစ်ခုတည်ထောင်တော့မယ်ဆိုရင် ဘာတွေလိုအပ်မလဲ ဘာတွေသိထားသင့်ပါသလဲ?

🔬 1️⃣ Scope and Objective ကို အရင်သတ်မှတ်ပါ။ QC Lab ကို ဘာအတွက် တည်ထောင်မလဲဆိုတာကို ရှင်းလင်းရပါမယ်။ ဥပမာ - ဆေးဝါးအတွက်လား အစားအသောက်အတွက်လား ရေလား စသဖြင့်ပေါ့နော် ၊ နောက်တခုက ကျတော့ အစားအသောက် ဆေးဝါး အပြင်ကို ပိုပီး detail ဖြစ်တဲ့
✔ Raw material testing
✔ In-process control
✔ Finished product testing
✔ Stability testing
✔ Microbiology testing စတာတွေကို သတ်မှတ်ရပါမယ်။
Scope ကို မသတ်မှတ်ထားဘူးဆိုရင် Budget, Equipment နဲ့ Manpower planning မမှန်နိုင်ပါဘူး။

🏢 2️⃣ Laboratory Layout & Design
Lab design က Quality နှင့် Safety ကို တိုက်ရိုက် သက်ရောက်ပါတယ်။ Space ကလည်းလိုအပ်တဲ့ အကျယ်အဝန်းရှိရပါမယ်။ Design ချတဲ့အခါ
✅ Sample flow (Mix-up မဖြစ်အောင်)
✅ Separate area (Chemical / Instrument / Microbiology)
✅ Proper ventilation
✅ Environmental control
✅ Safety consideration စတာတွေကို ထည့်သွင့်စဉ်းစားရပါမယ်။

⚙️ 3️⃣ Equipment Selection
QC Lab ရဲ့ အဓိက backbone က Instrument တွေ ဖြစ်ပါတယ်။ Instrument တွေရွေးချယ်ဝယ်ယူရာမှာ Testing requirement နှင့် ကိုက်ညီမှု ရှိရပါမယ်။ နောက်တခါ Instrument တွေရဲ့ Calibration & Maintenance plan ကလည်း မရှိမဖြစ် လုပ်ကိုလုပ်ရမယ့် အပ်ုင်းဖြစ်ပါတယ်။ စက်တွေကို ဝယ်ယူရာမှာ Spare parts အလွယ်တကူ ဝယ်ယူရရှိနိုင်မှု ရယ် Qualification (IQ/OQ/PQ) အပိုင်းတွေရယ် ထည့်သွင့်စဉ်းစားဖို့လည်းလိုအပ်ပါတယ်

📚 4️⃣ Standard Operating Procedures (SOPs)
QC Lab တွေမှာ SOP မရှိရင် System မတည်နိုင်ပါဘူး။ ဥပမာ-
✅ Sampling procedure ဆိုတဲ့ ကိုယ့် lab က sample ကောက်တာပါလုပ်မယ်ဆိုရင် လိုအပ်ပါတယ်။
✅ Instrument operation ဒါကတော့ သက်ဆိုင်ရာ instrument ကို ဘယ်လို operate လုပ်ရမယ်ဆိုတာ ရေးထားရတာဖြစ်ပါတယ်။
✅ Data handling and reporting ကိုယ့် lab ရဲ့ data reporting style က ဘယ်လို သွားမယ်ဆိုတာ ရေးထားရတာဖြစ်ပါတယ်။
✅ OOS / Deviation handling ဒါတွေကတော့ မဖြစ်မနေရှိရပါမယ်။

👩‍🔬 5️⃣ Competent Personnel
QC Lab အောင်မြင်ဖို့ Skilled analyst မရှိလို့ မရပါဘူး။ ဒါကြောင့်မို့ -
✔ Technical competency ရှိအောင် စဉ်ဆက်မပြတ် Training program တွေ အကောင်အထည်ဖော်ရပါမယ်။ ထွက်ရှိလာတဲ့ data တွေမှန်ကန်တိကျမှုရှိဖို့ Data integrity awareness ရှိဖို့လိုအပ်ပါတယ်။
နောက်တခုအရေးကြီးဆုံးကတော့ ကောင်းမွန်တဲ့ ဓါတ်ခွဲခန်းကျင့်စဉ် (GLP knowledge) ကိုတော့ ဓါတ်ခွဲခန်းမှာလုပ်နေတဲ့ analysts တိုင်း သိရှိလိုက်နာဖို့ပါပဲ။

📑 6️⃣ Documentation System
Documentation က QC Lab ရဲ့ Heart ဖြစ်ပါတယ်။ ကိုစမ်းသပ်စစ်ဆေးထားတဲ့ sample တွေရဲ့ testing steps တွေရယ် ဘာ instrument တွေသုံးထားတယ် ဘယ် chemical တွေသုံးထားတယ် result ကတော့ ဘယ်လိုထွက်တယ် စတာတွေကို နောက်ကြောင်းလိုက်ဖို့ဆိုတာ အောက်ပါ documents တွေပြည့်ပြည့်စုံစုံရှိရပါမယ်။
✔ Raw data recording ( lab book)
✔ Logbooks
✔ Test reports
✔ Record retention
👉Documentation ကိုမှန်မှန်ကန်ကန်မလုပ်ထားရင် ကိုရတဲ့ Test result ကို ယုံကြည်မှုရှိမှာမဟုတ်ပါဘူး။

💡QC Lab တည်ထောင်တော့မယ်ဆိုရင်
👉 Building + Instrument + People + Systemအားလုံး ပေါင်းစပ်ပြီး Quality ကို အာမခံပေးတဲ့ Structure တစ်ခု ဖြစ်ပါအောင် ကြိုးစားတည်ဆောက်ကြရအောင်နော် ။


control

10/02/2026

အစားအသောက်ဓါတ်ခွဲခန်း ၊ဆေးဝါးဓါတ်ခွဲခန်းတွေမှာ အလုပ်လုပ်နေသူဆိုရင်

🧪⚠️ Laboratory Chemical Safety ကို မမေ့ပါနဲ့!
Laboratory ထဲမှာ အသုံးပြုတဲ့ 🧴🧫 ဓာတုပစ္စည်းများ က အန္တရာယ်ရှိနိုင်တဲ့အတွက်

🚨 Safety First ကို အမြဲတမ်း ဦးစားပေးရပါမယ်။

Chemical တွေကို safe ဖြစ်အောင် ဘယ်လိုကိုယ်တွယ်ကြမလဲ 👇👇

🔍 Label ကိုစစ်ဆေးပါ
အသုံးမပြုမီ chemical label 🏷️၊ hazard symbol ☠️🔥 ကို သေချာဖတ်ပါ။

🧤🥽 PPE ဝတ်ဆင်ပါ
Lab coat 👕၊ glove 🧤၊ safety goggles 🥽၊ mask 😷 မပါဘဲ မလုပ်ပါနဲ့။

📦 Chemical များကို စနစ်တကျ သိမ်းဆည်းပါ
မီးလောင်လွယ် 🔥၊ အဆိပ်ရှိ ☠️ chemical များကို သတ်မှတ်ထားသောနေရာမှာသာ ထားပါ။

🚫🧪 ဓါတ်ခွဲခန်းအတွင်း
စားသောက်ခြင်း 🍔☕၊ ဖုန်းသုံးခြင်း 📱 ကို မလုပ်ရပါဘူး။

🧹🚨 Spill ဖြစ်ရင် ချက်ချင်း Report လုပ်ပါ
Chemical ယိုစိမ့်သွားရင် ကိုယ်တိုင်မရှင်းဘဲ
👨‍🔬👩‍🔬 Supervisor ကို ချက်ချင်း အသိပေးပါ။

🗑️♻️ Waste Chemical ကို စနစ်တကျ စွန့်ပစ်ပါ
သတ်မှတ်ထားတဲ့ container 🛢️ ထဲမှာသာ စွန့်ပစ်ပါ။

💡 Chemical Safety = သင့်ဘဝလုံခြုံရေး
ကိုယ်တိုင်လည်း လုံခြုံ 🫶၊ အခြားသူတွေလည်း လုံခြုံစေပါတယ် 🙌

ကိုယ်ရော ဘယ်အချက်တွေကို လိုက်နာဖို့လိုနေပီလဲ 🤔🤔🤔

🧪
⚠️
🛡️

25/09/2024

Key challenges in Pharma industry 🔔🔔🔔
# Pharma industry
# TechnoPharm

24/05/2024

HPLC system....

11/05/2024

Do you know which type of balances are used in Laboratory?
# Analytical balance : 4 digit balances & commonly used in pharmaceutical laboratories.
# Semi-micro balance: 5 digit balances, sensitive instrumemt. Commonly used in Pharmaceutical laboratories for measurement of primary reference standards.
# Micro balanace: highly sensitive balances& capable of measuring mass to within micrograms. Used in nanotechnology research and pharmaceutical analysis.
# Top loading balance: less precise than analytical balance. Used in general laboratory applications, weighing of chemicals.
# Moisture balance: For measuring moisture content of a substance by heating it and measuring the loss in weight as moisture evaporates. Used in food and pharmaceutical industry for QC purposes.

24/04/2024

Why Negative pressure is important in tablet manufacturing area??

29/03/2024

GSP 🤗

16/03/2024

Types of water used in Laboratory 👇👇👇



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon
11041