01/02/2026
Opposite words
"I will give my good side only to those who can accept my bad side."
01/02/2026
Opposite words
16/01/2026
https://youtu.be/Mc5YJR-Neb0?si=A0CJZ3kfeT3RxWBW
Used To တို့ရဲ့ ကွာခြားချက် Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
14/01/2026
Shout out to my newest followers! Excited to have you onboard! Hla Moe Thit, Ko Htun, Hnin Hnin Aye, Thein Thein Zin, Yu Layy, Hla Myat Mon, Tar Tee, Ma Ngwe Kyi, Cho Cho Lwin, Shine Htet Aung, Wai Tun, Kĥïn Ĥtąÿ Wïñ, Áunĝ Lãÿ, Paing Gyi, Cross, Naing Naing, Kyaw Moe Yan, Khîñ Mãr Thêt, Aye Aye Thin, ဝင်း နောင်, Naw Phaw Wah Say, Khing Min, ลิลลี่ ลิลลี่, Micheall Soe, Kophyo Ko Phyo, Màř MàřÁýè, Maung Moe Tain, Min Ko, Ma Soe Soe Thin, Shwe Kyi, Nyein Lay, သန်းဇော် သန်ဇော် သန်းဇော်, Soe Ko, Aye Aye Soe
11. Dont bother me. ငါ့ကို လာမနှောင့်ယှက်နဲ့။
12. Dont show off. ကြွားမနေနဲ့။
13. Dont mind him. သူ့ကို ဂရုမစိုက်နဲ့။
14. Dont give up. အရှုံးမပေးနဲ့။
15. Dont eat that. အဲဒါကို မစားနဲ့။
16. Dont buy that. အဲဒါကို မဝယ်နဲ့။
17. Dont park here. ဒီမှာ ကားမရပ်နဲ့။
18. Dont call me at night. ညဖက် ဖုန်းမဆက်နဲ့။
19. Dont lend him money. သူ့ကို ပိုက်ဆံမချေးနဲ့။
20. Dont show up late. နောက်ကျပြီးပေါ်မလာနဲ့နော်။
21. Dont cheat on the test. စာမေးပွဲမှာ မခိုးချနဲ့။
1. Dont think too much. အများကြီး မစဉ်းစားပါနဲ့။
2. Dont forget my birthday. ငါ့မွေးနေ့ကို မမေ့နဲ့နော်။
3. Dont leave the door open. တံခါးကို ဖွင့်မထားခဲ့နဲ့။
4. Dont talk back to me. ငါ့ကို ပြန်မပြောနဲ့။
5. Dont be mad. စိတ်မဆိုးပါနဲ့။
6. Dont be afraid. မကြောက်နဲ့။
7. Dont believe them. သူတို့ကို မယုံနဲ့။
8. Dont listen to him. သူ့ကို နားမထောင်နဲ့။
9. Dont laugh. မရယ်နဲ့။
10. Dont leave me. ငါ့ကို ထားမသွားပါနဲ့။
1. Dont be noisy. မဆူညံနဲ့။
2. Dont be naive. မရိုးလွန်းနဲ့။
3. Dont be stingy. ကပ်စေးမနှဲပါနဲ့။
4. Dont be afraid. မကြောက်နဲ့။
5. Dont be greedy. လောဘမကြီးနဲ့။
6. Dont be mad. စိတ်မဆိုးနဲ့။
7. Dont be aggressive. ရန်လိုမနေနဲ့။
8. Dont be jealous. မနာလိုမဖြစ်နဲ့။
9. Dont be selfish. တစ်ကိုယ်ကောင်းမဆန်နဲ့။
10. Dont be careless. မပေါ့စနဲ့။
11. Dont be lazy. မပျင်းနဲ့။
12. Dont be mean. မယုတ်မာနဲ့။
13. Dont be sad. ဝမ်းမနည်းနဲ့။
14. Dont be worried. စိုးရိမ်မနေပါနဲ့။
Sub + be about to + V-infinitive (လုပ်တော့မယ် ဆဲဆဲ/ ဖြစ်တော့မယ်ဆဲဆဲ)
11. Is she about to leave?
သူမက ထွက်ခွာတော့မလို့လား။
12. It is about to rain.
မိုးရွာတော့မယ်။
13. My mother is about to arrive.
အမေ လာတော့မယ်။
14. They are about to go to lunch.
သူတို့ နေ့လယ်စာ သွားစားတော့မလို့။
15. The boss is about to start the meeting.
Boss က အစည်းအဝေးစတော့မယ်။
16. I am about to go back to Myanmar.
ငါ မြန်မာနိုင်ငံကို ပြန်တော့မယ်။
17. I am about to deactivate my facebook.
ငါ့ FB ကို deactivate လုပ်တော့မလို့။
18. I am about to reactivate my facebook.
ငါ့ FB ကို reactivate ပြန်လုပ်တော့မလို့။
19. I am about to have my lunch.
နေ့လယ်စာ သွားစားတော့မလို့။
Sub + be about to + V-infinitive (လုပ်တော့မယ် ဆဲဆဲ/ ဖြစ်တော့မယ်ဆဲဆဲ)
1. Please do not disturb me. I am about to study.
ကျေးဇူးပြုပြီး ငါ့ကို မနှောက်ယှက်ပါနဲ့။ ငါ စာကျက်တော့မလို့။
2. The child is about to cry.
ကလေးက ငိုတော့မလို့။
3. The train is about to leave, so we should hurry.
ရထားက ထွက်တော့မယ်။ ဒီတော့ ငါတို့ အမြန်လုပ်သင့်တယ်။
4. I am about to go to lunch. Do you want to come?
ငါ နေ့လယ်စာ သွားစားတော့မလို့။ မင်းလိုက်ချင်လား။
5. Shhh….. the movie is about to start. Please be quiet.
ရုပ်ရှင်စတော့မယ်။ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ။
6. Ma Ma is about to get angry.
မမ ဒေါသ ထွက်တော့မယ်။ (get angry = ဒေါသဖြစ်လာသည်။)
7. The story is about to get interesting.
ဇာတ်လမ်းက ကောင်းခန်းရောက်တော့မယ်။ (get interesting = စိတ်ဝင်စားစရာကောင်းလာသည်။)
8. The store is about to close.
ဆိုင်ပိတ်တော့မယ်။
9. The game is about to be over.
ဂိမ်းက ပြီးတော့မယ်။ (be over = ပြီးဆုံးသည်)
10. She is about to leave.
သူမက ထွက်ခွာတော့မလို့။
How do (I/you) + V-infinitive?
(ငါ/ မင်း ) ဘယ်လို လုပ်သလဲ
1. How do I live without you?
မင်း မရှိပဲနဲ့ ငါဘယ်လိုနေရမလဲ။
2. How do you survive without a job?
အလုပ်တစ်ခုမရှိဘဲနဲ့ မင်းဘယ်လိုရှင်သန်မလဲ။
3. How do you find a job without a degree?
ဘွဲ့ တစ်ခုမပါဘဲနဲ့ မင်း အလုပ်ကိုဘယ်လိုရှာမှာလဲ?
4. How do you find a job without any experience?
အတွေ့အကြုံတစ်ခုမှ မရှိဘဲ မင်းအလုပ်ကိုဘယ်လိုရှာမှာလဲ။
5. How do you find a job without agencies?
အေကျင်စီတွေ မပါဘဲ မင်း အလုပ်ကို ဘယ်လိုရှာမှာလဲ။
6. How do you stand such a person?
မင်း အဲ့ဒီလိုလူကို ဘယ်လို သည်းခံနေတာလဲ။
7. How do you cook chicken without masala?
မင်းက မာဆလာမပါဘဲ ကြက်သားဟင်းကို ဘယ်လိုချက်မှာလဲ။
8. How do you stand his lies?
သူရဲ့ အလိမ်အညာတွေကို မင်း ဘယ်လိုသည်းခံနေလဲ။
9. How do you stand all that noise?
အဲ့ဒီဆူညံသံတွေကို မင်းဘယ်လို သည်းခံနေတာလဲ။
10. How do you spell this word?
ဒီစာလုံးကို ဘယ်လို စာလုံးပေါင်းပါသလဲ?
11. How do you pronounce this word?
12. How do you go to school?
မင်းကျောင်းကို ဘယ်လိုသွားလဲ။
13. How do you try to improve your English?
မင်းရဲ့ အင်္ဂလိပ်စာတိုးတက်အောင် ဘယ်လိုကြိုးစားသလဲ။
12/01/2026
"It seems + Adjective" အသုံးအနှုန်း (ကြည့်ရတာ----------ပုံပဲ)
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🔵 ၁။ အဓိပ္ပာယ်နှင့် အခြေခံသဘောတရား
"It seems + Adjective" ဆိုတဲ့ ဝါကျတည်ဆောက်ပုံဟာ "ဒါက ... ဖြစ်ပုံပဲ / ... ဖြစ်တဲ့ပုံ ပေါက်တယ် / ... လို့ ထင်ရတယ်" လို့ ဆိုလိုပါတယ်။
ဒါဟာ သင့်ရဲ့ "အမြင် (Opinion)"၊ "အကဲခတ်သုံးသပ်ချက် (Observation)" ဒါမှမဟုတ် "စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက် (Impression)" ကို ဖော်ပြချင်တဲ့အခါ သုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။
ဒါဟာ "It is + Adjective" (ဒါက ... ဖြစ်တယ်) လို့ တပ်အပ်ပြောတာနဲ့ လုံးဝမတူပါဘူး။
✅ It is difficult. = ဒါက ခက်တယ်။
(၁၀၀% သေချာတဲ့ အမှန်တရား (Fact) ကို ပြောတာပါ။)
✅ It seems difficult. = ဒါက ခက်တဲ့ပုံပဲ။
(သေချာချင်မှ သေချာမယ်။ ကိုယ့်ရဲ့ အမြင်/အထင် ကို ပြောတာပါ။)
🟡 ဒီနေရာမှာ "It" ဆိုတာက တိကျတဲ့အရာတစ်ခုတည်းကို ရည်ညွှန်းတာမဟုတ်ဘဲ၊ လက်ရှိကြုံနေရတဲ့ "အခြေအနေ (Situation)"၊ "လုပ်ဆောင်စရာ (Task)" ဒါမှမဟုတ် "အကြောင်းအရာ (Topic)" ကို ယေဘုယျခြုံငုံပြီး ရည်ညွှန်းတာ ဖြစ်ပါတယ်။
🔵 ၂။ Grammar Point
ဒီတည်ဆောက်ပုံမှာ အရေးကြီးဆုံးအချက်ကတော့ seems (Linking Verb) ရဲ့နောက်မှာ အမြဲတမ်း Adjective (နာမဝိသေသန) ပဲ လိုက်ရပါမယ်။ Adverb (ကြိယာဝိသေသန) ဒါမှမဟုတ် Noun (နာမ်) ကို အသုံးမပြုရပါဘူး။
✅ မှန်: It seems easy. (Adjective - လွယ်သော)
❎ မှား: It seems easily. (Adverb - လွယ်ကူစွာ)
❎ မှား: It seems easiness. (Noun - လွယ်ကူမှု)
🟡 Tense (ကာလ) ပြောင်းလဲခြင်း
• Present (လက်ရှိ): It seems...
• Past (အတိတ်): It seemed...
🔵 ၃။ ဘယ်လိုအခြေအနေမျိုးမှာ သုံးလဲ?
🟣 (က) ကိုယ်ပိုင်အကဲဖြတ်ချက် (Impression) ကို ပြောဆိုရန် တစ်ခုခုကို မြင်ရ၊ ကြားရ၊ ကြုံတွေ့ရတဲ့အခါ ကိုယ့်စိတ်ထဲမှာ "ဒီလိုဖြစ်မယ်ထင်တယ်"၊ "ဒီလိုပုံပဲ" လို့ အကဲခတ်သုံးသပ်မိတာကို ပြောချင်တဲ့အခါ သုံးပါတယ်။
🟣 (ခ) ပိုမိုယဉ်ကျေးစွာ ပြောဆိုရန် (Being Polite / Indirect) "ဒါ မှားနေတယ်" (It is wrong) လို့ တိုက်ရိုက်ပြောမယ့်အစား၊ "ဒါ မှားနေပုံပဲ" (It seems wrong) လို့ ပြောလိုက်ခြင်းက စကားလုံးကို ပိုမềmပျော့စေပြီး ယဉ်ကျေးစေပါတယ်။
🟣 (ဂ) မသေချာမရေရာမှု (Uncertainty) ကို ပြသရန် ကိုယ့်မှာ သက်သေအထောက်အထား အတိအကျ မရှိဘဲ၊ အပေါ်ယံ အခြေအနေအရ ကြည့်ပြီး သုံးသပ်ပြောဆိုချင်တဲ့အခါ သုံးပါတယ်။
🔵 ၄။ ဥပမာများ
🟣 (က) လက်ရှိကာလ (Present Tense) ဥပမာများ
✅ Look at all this homework. It seems impossible to finish tonight.
ဒီအိမ်စာတွေအကုန်လုံးကို ကြည့်စမ်း။ ဒီညအပြီးလုပ်ဖို့ မဖြစ်နိုင်တဲ့ပုံပဲ။
✅ He is very quiet today. It seems strange.
သူ ဒီနေ့ အရမ်းတိတ်ဆိတ်နေတယ်။ ဒါ ထူးဆန်းပုံပဲ (လို့ ထင်ရတယ်)။
✅ A: "Is my idea good?" (ငါ့အကြံ ကောင်းလား။) B: "It seems fine, but we should check with the manager."
"အဆင်ပြေပုံပါပဲ၊ ဒါပေမဲ့ မန်နေဂျာနဲ့တော့ တိုင်ပင်ကြည့်သင့်တယ်။" (ဒီနေရာမှာ "It is fine" လို့ ပြောတာထက် ပိုယဉ်ကျေးပါတယ်)
🟣 (ခ) အတိတ်ကာလ (Past Tense - It seemed) ဥပမာများ
✅ It seemed like a good idea at the time, but it failed.
အဲဒီတုန်းကတော့ ဒါဟာ အကြံကောင်းတစ်ခုလိုမျိုး ထင်ခဲ့ရတယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ (မှတ်ချက်: ဒီနေရာမှာ "like" ခံပြီး Noun Phrase လိုက်နိုင်သလို၊ "It seemed good..." လို့ Adjective ပဲ သုံးလည်း ရပါတယ်)
✅ The test seemed easy at first, but the last section was very hard.
စာမေးပွဲက အစပိုင်းမှာတော့ လွယ်တဲ့ပုံပဲ (လို့ ထင်ရတယ်)၊ ဒါပေမဲ့ နောက်ဆုံးအပိုင်းက အရမ်းခက်တယ်။
🟣 (ဂ) မေးခွန်းအနေဖြင့် သုံးခြင်း (Does it seem...?)
✅ Does it seem fair to you?
မင်းအထင် ဒါ မျှတတဲ့ပုံ ပေါက်ရဲ့လား။
✅ Did it seem difficult for him?
သူ့အတွက် ခက်ခဲခဲ့ပုံ ပေါ်လား။
🔵 ၅။ အနှစ်ချုပ် (Summary)
"It seems + Adjective" ဆိုတဲ့ ပုံစံဟာ သင့်ရဲ့ "အထင်အမြင်" သို့မဟုတ် "အကဲဖြတ်ချက်" ကို ဖော်ပြတဲ့ အလွန်အသုံးဝင်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ဒါဟာ အမှန်တရား (Fact) ကို တပ်အပ်ပြောတာမဟုတ်ဘဲ၊ ကိုယ့်ရဲ့ ခံစားချက် သို့မဟုတ် သုံးသပ်ချက်ကိုသာ ပြောတာဖြစ်တဲ့အတွက် သင့်ရဲ့ စကားပြောကို ပိုမိုယဉ်ကျေးစေပြီး တိုက်ရိုက်ပွင့်လင်းလွန်းခြင်း (too direct) ကို ရှောင်ရှားနိုင်စေပါတယ်။
✅ It seems good.
ကြည့်ရတာ ကောင်းမည့်ပုံပဲ။
✅ I talk to her once.
သူမကို တစ်ခါ စကားပြောဖူးတယ်။
She seems nice.
သူမကို ကြည့်ရတာ သဘောကောင်းမည့်ပုံပဲ။
✅ People here seem friendly.
ဒီက လူတွေကိုကြည့်ရတာ ဖော်ရွေမည့်ပုံပဲ။
✅ You seem unhappy.
မင်းကြည့်ရတာ မပျော်ရွှင်တဲ့ပုံပဲ။
What’s the matter? ဘာဖြစ်လို့လဲ။
🟡 It seems like……… (ကြည့်ရတာ ........ပုံပေါက်တယ်/လိုပဲ)
✅ It seems like it’s going to rain soon.
ကြည့်ရတာ မကြာခင်မိုးရွာတော့မည့်ပုံပဲ။
✅ In my opinion, he seems like a nice guy.
သူ့ကြည့်ရတာ သဘောကောင်းမည့် လူတစ်ယောက်ပုံပေါက်တယ်။
✅ The two girls seem like sisters.
ဒီမိန်းကလေးနှစ်ယောက်ကြည့်ရတာ ညီအစ်မတွေလိုပဲ။
゚viralシfypシ゚viralシ