Nu Era English

Nu Era English

Share

If you are looking for an English course to improve your English,this page is the right page for you. 🩷

24/03/2026

Hnin Yu’s Daily Routines
.NuNu

24/03/2026

My dream home ကိုအိမ်စာထပ်ထားတာလေး😘 ပုံလေးတွေဆွဲပြီးရှင်းပြထား

03/03/2026

Learn the different ways people fight and compete.
လူတွေ အချင်းချင်း ယှဉ်ပြိုင်ပုံနဲ့ ရန်ဖြစ်ပုံ အမျိုးမျိုးကို လေ့လာလိုက်ကြစို့

Tug-of-war: လွန်ဆွဲပွဲ

Catfight: မိန်းကလေးအချင်းချင်း ရန်ဖြစ်ခြင်း

Hair-pulling: ဆံပင်ဆွဲခြင်း

Slap fight: ပါးရိုက်ပွဲ

Stare-down: မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီး အနိုင်ယူခြင်း

Snowball fight: နှင်းခဲများဖြင့် ပစ်ပေါက်ကစားခြင်း

Argument: စကားများခြင်း/အငြင်းပွားခြင်း

Wrestling: နပန်းသတ်ခြင်း

03/03/2026

လေးယောက် ပြည့်သွားပါပြီရှင့်
အတန်းနောက်ထပ်အသစ်လေးတွေ ဖွင့်ရင် ထပ်မံကြေညာပေးပါ့မယ်ရှင့် 🥰

အင်္ဂလိပ်စာ သင်ယူခြင်းက စာအုပ်ထဲမှာပဲ ရှိနေသလား? လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ AEC နဲ့ စတင်လိုက်ပါ။ 💡
အင်္ဂလိပ်စာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပေမယ့်...
❌ နိုင်ငံခြားသားနဲ့တွေ့ရင် စကားမပြောရဲတာ။
❌ Email ရေးရင် ဒါမှမဟုတ် Presentation လုပ်ရင် အမှားပါမှာ ကြောက်နေတာ။
❌ Grammar တွေ သိပေမယ့် စာကြောင်းဖွဲ့ရခက်နေတာ။
ဒါတွေဟာ သင်ညံ့လို့မဟုတ်ပါဘူး။ လေ့လာတဲ့ နည်းစနစ် (Methodology) လိုအပ်နေလို့ပါ။
AEC Online English School မှာ ဘာတွေ ထူးခြားအောင် လုပ်ပေးသလဲ?
1️⃣ Practical Communication: စာအုပ်ထဲက Grammar တွေကိုပဲ အလွတ်ကျက်ခိုင်းတာမျိုး မဟုတ်ဘဲ၊ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ တကယ်ပြောရမယ့် စကားလုံးတွေကို ဦးစားပေး သင်ကြားပေးပါတယ်။
2️⃣ Confidence Building: Online Class ဆိုပေမယ့် ကျောင်းသားတစ်ဦးချင်းစီ စကားပြောနိုင်အောင်၊ အမှားပြင်ပေးနိုင်အောင် Interactive ဖြစ်တဲ့ သင်ကြားမှုပုံစံကို သုံးထားပါတယ်။
3️⃣ Quality Over Quantity: လူအများကြီးကြားထဲ ရောနေတာမျိုးမဟုတ်ဘဲ ဆရာနဲ့ ကျောင်းသား ထိတွေ့မှုအပြည့်ရအောင် အတန်းကို စနစ်တကျ ဖွဲ့စည်းထားပါတယ်။သင်တန်းသား လေး ယောက် သာလက်ခံပါတယ်။
4️⃣ Flexible Learning: အလုပ်ကိစ္စကြောင့် အတန်းလွတ်သွားခဲ့ရင်လည်း Record Video တွေကတစ်ဆင့် ပြန်လည်လေ့လာနိုင်လို့ သင်ခန်းစာ ပြတ်တောက်သွားမှာကို စိုးရိမ်စရာမလိုပါဘူး။

"အင်္ဂလိပ်စာ တတ်မြောက်ခြင်းဟာ သင့်အတွက် အခွင့်အလမ်းသစ်တွေရဲ့ တံခါးပေါက်ပါပဲ။"

သင်ဟာ Career တိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ပညာသင်ဖို့အတွက်ပဲဖြစ်ဖြစ် အင်္ဂလိပ်စာကို အခြေခံကနေ စနစ်တကျ ကျွမ်းကျင်ချင်တယ်ဆိုရင် AEC က သင့်အတွက် အသင့်တော်ဆုံး လက်တွဲဖော် ဖြစ်မှာပါ။
✨ Batch သစ်အတွက် အသေးစိတ် စုံစမ်းရန်:
📩 Messenger ကနေ "Interested" လို့ ပို့ပေးပါ သို့မဟုတ် 09 969738965 ကို ဆက်သွယ်နိုင်ပါတယ်။
📍 AEC Online English School - Unlock Your Potential

#

03/03/2026

ဟင်းချက်နေရင်းလည်း English စာလေ့ကျင့်နိုင်ဖို့ Cooking Verbs လေးတွေ သင်ယူကြရအောင် 🥰

Cutting & Preparation (ပြင်ဆင်ခြင်းနှင့် လှီးဖြတ်ခြင်း)
Wash: ဆေးကြောသည်

Peel: အခွံနွှာသည်

Cut: လှီးဖြတ်သည်

Chop: ခုတ်ထစ်သည် / စင်းသည်

Slice: အလွှာလိုက်လှီးသည်

Dice: အတုံးသေးသေးတုံးသည်

Mince: ညှက်နေအောင်စင်းသည်

Grate: ခြစ်သည်

Mixing & Processing (ရောနှောခြင်းနှင့် ပြုပြင်ခြင်း)
Mix: သမအောင်ရောမွှေသည်

Stir: မွှေသည်

Whisk: ခတ်သည်

Beat: ရိုက်သည် / ခတ်သည်

Blend: ကြိတ်သည်

Knead: နယ်သည် / နယ်ဖတ်သည်

Cooking Methods (ချက်ပြုတ်နည်းများ)
Boil: ပြုတ်သည်

Fry: ကြော်သည်

Bake: ဖုတ်သည်

Roast: ကင်သည်

Grill: ကင်သည်

Steam: ပေါင်းသည်

Simmer: တည်သည် (အပူရှိန်လျှော့၍)

Saute: ဆီသတ်သည်

Adding & Finishing (ထည့်ခြင်းနှင့် အလှဆင်ခြင်း)
Add: ထည့်သည်

Pour: လောင်းထည့်သည်

Spread: သုတ်သည် / ဖြန့်သည်

Sprinkle: ဖြူးသည်

Marinate: နယ်ဖတ်ထားသည်

Season: အရသာသွင်းသည်

Drain: ရေစစ်သည်

Serve: ပြင်ဆင်ဧည့်ခံသည်

28/02/2026

"Practice makes perfect! 📚🎤
At AEC English School, we encourage our students to research and present on topics they are passionate about. Today, Htee Mu is teaching us about the modernization of Myanmar under Prince Kanaung.
Using English to talk about history is a great way to build vocabulary and confidence! Great job, Htee Mu!👏✨

AEC English School မှာ ကျောင်းသား/သူတွေ မိမိတို့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ကိုယ်တိုင် ရှာဖွေလေ့လာပြီး တင်ဆက်နိုင်အောင် လေ့ကျင့်ပေးနေပါတယ်။ ဒီနေ့မှာတော့ ကနောင်မင်းသားကြီး ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအကြောင်းကို Htee Mu က တင်ဆက်ပေးထားပါတယ်။
သမိုင်းအကြောင်းအရာတွေကို အင်္ဂလိပ်လို ပြောဆိုခြင်းဟာ ဝေါဟာရကြွယ်ဝစေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုလည်း တိုးတက်စေပါတယ်။ တော်လိုက်တာ Htee Muရေ! 👏✨

"

26/02/2026

အင်္ဂလိပ်စာ သင်ယူခြင်းက စာအုပ်ထဲမှာပဲ ရှိနေသလား? လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ AEC နဲ့ စတင်လိုက်ပါ။ 💡
အင်္ဂလိပ်စာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပေမယ့်...
❌ နိုင်ငံခြားသားနဲ့တွေ့ရင် စကားမပြောရဲတာ။
❌ Email ရေးရင် ဒါမှမဟုတ် Presentation လုပ်ရင် အမှားပါမှာ ကြောက်နေတာ။
❌ Grammar တွေ သိပေမယ့် စာကြောင်းဖွဲ့ရခက်နေတာ။
ဒါတွေဟာ သင်ညံ့လို့မဟုတ်ပါဘူး။ လေ့လာတဲ့ နည်းစနစ် (Methodology) လိုအပ်နေလို့ပါ။
AEC Online English School မှာ ဘာတွေ ထူးခြားအောင် လုပ်ပေးသလဲ?
1️⃣ Practical Communication: စာအုပ်ထဲက Grammar တွေကိုပဲ အလွတ်ကျက်ခိုင်းတာမျိုး မဟုတ်ဘဲ၊ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ တကယ်ပြောရမယ့် စကားလုံးတွေကို ဦးစားပေး သင်ကြားပေးပါတယ်။
2️⃣ Confidence Building: Online Class ဆိုပေမယ့် ကျောင်းသားတစ်ဦးချင်းစီ စကားပြောနိုင်အောင်၊ အမှားပြင်ပေးနိုင်အောင် Interactive ဖြစ်တဲ့ သင်ကြားမှုပုံစံကို သုံးထားပါတယ်။
3️⃣ Quality Over Quantity: လူအများကြီးကြားထဲ ရောနေတာမျိုးမဟုတ်ဘဲ ဆရာနဲ့ ကျောင်းသား ထိတွေ့မှုအပြည့်ရအောင် အတန်းကို စနစ်တကျ ဖွဲ့စည်းထားပါတယ်။သင်တန်းသား လေး ယောက် သာလက်ခံပါတယ်။
4️⃣ Flexible Learning: အလုပ်ကိစ္စကြောင့် အတန်းလွတ်သွားခဲ့ရင်လည်း Record Video တွေကတစ်ဆင့် ပြန်လည်လေ့လာနိုင်လို့ သင်ခန်းစာ ပြတ်တောက်သွားမှာကို စိုးရိမ်စရာမလိုပါဘူး။

"အင်္ဂလိပ်စာ တတ်မြောက်ခြင်းဟာ သင့်အတွက် အခွင့်အလမ်းသစ်တွေရဲ့ တံခါးပေါက်ပါပဲ။"

သင်ဟာ Career တိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ပညာသင်ဖို့အတွက်ပဲဖြစ်ဖြစ် အင်္ဂလိပ်စာကို အခြေခံကနေ စနစ်တကျ ကျွမ်းကျင်ချင်တယ်ဆိုရင် AEC က သင့်အတွက် အသင့်တော်ဆုံး လက်တွဲဖော် ဖြစ်မှာပါ။
✨ Batch သစ်အတွက် အသေးစိတ် စုံစမ်းရန်:
📩 Messenger ကနေ "Interested" လို့ ပို့ပေးပါ သို့မဟုတ် 09 969738965 ကို ဆက်သွယ်နိုင်ပါတယ်။
📍 AEC Online English School - Unlock Your Potential

#

23/02/2026

I don’t know. လို့အမြဲပြောမယ့်အစား ဒီစကားလုံးလေးတွေ ပြောင်းပြောကြည့်ပြီး English စာကိုသင်ယူကြည့်ပါနော် 🥰

19/02/2026

လက်ရှိပစ္စုပ္ပန်မှာ ပျော်ရွှင်စွာနေထိုင်နည်းလေးမျှဝေပါရစေ

၁။ အတိတ်ဆိုတဲ့ "တစ္ဆေ" ကို လွှတ်ချလိုက်ပါ
ကျွန်တော်တို့ထဲက တချို့ဟာ အတိတ်က "ကိုယ်"၊ အတိတ်က "အမှား" တွေနဲ့ "ရှုံးနိမ့မှု" တွေကြားမှာ နစ်မွန်းနေတတ်ကြတယ်။ သေချာနားထောင်ပါ... အဲဒီအတိတ်ကလူဟာ အခုလက်ရှိမှာ မရှိတော့ပါဘူး။ ပြီးဆုံးသွားခဲ့ပြီးသား မနေ့ကအရာတွေကို ပြန်ပြင်ဖို့ ကြိုးစားနေတာမျိုး အခုပဲ ရပ်တန့်လိုက်ပါ။

၂။ အနာဂတ်ဆိုတဲ့ "အရိပ်" ကို မကြောက်ပါနဲ့
ကျွန်တော်တို့ထဲက တချို့ဟာ ဖြစ်မလာသေးတဲ့ "အနာဂတ်က ကိုယ်" ကို ကြောက်ပြီး တုန့်ဆိုင်းနေတတ်ကြတယ်။ အသက်မွေးဝမ်းကျောင်း၊ အောင်မြင်မှုနဲ့ မဖြစ်လာသေးတဲ့ "တကယ်လို့..." ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် စိတ်ဖိစီးနေတတ်ကြတယ်။ အနာဂတ်ဆိုတာ အရိပ်တစ်ခုသာ ဖြစ်ပါတယ်။ ဒီကနေ့ရဲ့ လင်းလက်တောက်ပမှုတွေကို အဲဒီအရိပ်က လုယူသွားခွင့် မပြုပါနဲ့။

၃။ ဒီအခိုက်အတန့်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပါ
မင်းရဲ့ စွမ်းအားတွေဟာ "ဟိုးတုန်းက" ထဲမှာလည်း မရှိသလို၊ "တစ်နေ့နေ့" ဆိုတဲ့ အထဲမှာလည်း မရှိပါဘူး။ မင်းရဲ့စွမ်းအားဟာ "အခု၊ ဒီနေရာ" မှာပဲ ရှိတာပါ။ အတိတ်က မင်းဟာ ဘယ်သူဖြစ်ခဲ့လဲဆိုတာ မေ့လိုက်ပါ၊ အနာဂတ်မှာ ဘယ်သူဖြစ်မလဲဆိုတာကိုလည်း စိုးရိမ်မနေပါနဲ့။ အခု ဒီနေရာမှာပဲ ရှိနေပါ၊ ဒီနေရာမှာပဲ အလုပ်လုပ်ပါ၊ ဒီနေရာမှာပဲ အောင်ပွဲခံပါ။ လက်ရှိပစ္စုပ္ပန်ဆိုတာ မင်းရဲ့ဘဝကို တကယ်တမ်း ပြောင်းလဲပစ်နိုင်တဲ့ တစ်ခုတည်းသော နေရာပါ။ ဒါကြောင့် လက်ရှိအခိုက်အတန့်ကို အဆုံးရှုံးမခံပါနဲ့။

18/02/2026

အင်္ဂလိပ်စကားပြော ပိုပီပြင်လာစေဖို့ "Collocations with GO" (GO နဲ့ တွဲသုံးလေ့ရှိတဲ့ စကားလုံးအတွဲအစပ်များ) ကို စုစည်းပေးလိုက်ပါတယ်။ 📖✨
နေရာဒေသနဲ့ အခြေအနေအလိုက် preposition သုံးနှုန်းပုံလေးတွေ မတူတာမို့ သေချာလေး မှတ်သားထားသင့်ပါတယ်။
အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက် အရမ်းအသုံးဝင်လို့ Share ထားလိုက်ကြပါဦး။ ❤️

06/02/2026

"Sit on the fence"
“ဘက်မလိုက်ဘဲ နေသည်" သို့မဟုတ် "ဝေခွဲမရဖြစ်နေသည်" လို့ ဘာသာပြန်နိုင်ပါတယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
ဒီအသုံးအနှုန်းဟာ ကိစ္စရပ်တစ်ခုမှာ ဘယ်ဘက်ကပါရမလဲဆိုတာ ဆုံးဖြတ်ချက်မချဘဲ ကြားနေတာမျိုး၊ ဒါမှမဟုတ် ရွေးချယ်စရာ နှစ်ခုကြားမှာ ဝေခွဲမရဘဲ အချိန်ဆွဲနေတာမျိုးကို ဆိုလိုတာပါ။
For eg, He is sitting on the fence about whether to take the new job.
သူဟာ အလုပ်အသစ် လုပ်သင့်မလုပ်သင့်ဝေခွဲမရဖြစ်နေသည်။

He avoids expressing his opinion and usually sits on the fence.
သူက သူရဲ့အမြင်ကိုမဖော်ပြဘဲ အမြဲကြားနေတတ်တယ်။

learning

01/02/2026

4 skills Elementary သင်ကြားနေတဲ့ Videoဖြစ်ပါတယ် 🥰
အတန်းမစခင် Random မေးခွန်းလေးတွေကို Wheel လှည့်ပြီး Speaking စပြောတဲ့ activity နဲ့အတန်းစထားပါတယ်။
4 skills class ဆိုပေမယ့် Speaking ကိုပိုအလေးပေးပြီး သင်ပေးပါတယ်။
fluency ကိုအဓိကထားတာမို့အတန်းပြီးသွားရင် မပြောရဲတော့မှာတွေ စိုးရိမ်နေဖို့ မလိုတော့ဘဲ လူတိုင်းနဲ့ confidence ရှိရှိပြောရဲလာမှာပါ။
🥰🥰🥰

Tr.Nu Nu

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon
1111