Pont Pont Japanese Language Class

Pont Pont Japanese Language Class

Share

Thingangyun township Yangon Myanmar ဂျပန်နိုင်ငံသို့ကျောင်းဖြင့်အလုပ်ဖြင့်သွားရောက်ချင်သူများအတွက်လမ်းညွှန်မိတ်ဆက်ပေးနေပါသည်။

Photos from Pont Pont Japanese Language Class's post 12/03/2025

၂၀၂၅ ခုနှစ် JLPT စာမေးပွဲ၏ ဖြေဆိုချိန် ပြောင်းလဲမှု၊ ထပ်တိုးစည်းကမ်းချက်နှင့် ပတ်သက်၍

၂၀၂၅ ခုနှစ် JLPT စာမေးပွဲ၏ ဖြေဆိုချိန် ပြောင်းလဲမှုနှင့် ပတ်သက်၍ Japan Foundation, JLPT Test Center မှ အကြောင်းကြားချက်အရ level အလိုက်ဖြေဆိုချိန်အား အောက်ဖော်ပြပါအတိုင်း အသိပေးကြေငြာအပ်ပါသည်။

၂၀၂၅ ခုနှစ် JLPT စာမေးပွဲ မှစတင်၍ မိုဘိုင်းလ်ဖုန်း၊ စမတ်ဖုန်းများနှင့် စမတ်နာရီများကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းများကို အသုံးပြုခြင်းအား (အားလပ်ချိန်အတွင်းအပါအဝင်) တားမြစ်ထားကြောင်း သတိပြုပါ။

သို့ဖြစ်ပါ၍ တယ်လီဖုန်းယူဆောင်လာခြင်းမပြုရန် အထူးတိုက်တွန်းပါသည်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက အောက်ပါအတိုင်း လုပ်ဆောင်ပါ။

၁။ နှိုးစက် (Alarm) Setting များအား ပိတ်ပါ။
၂။ ဖုန်းအား စက်ပိတ်ပါ။ (Vibration Mood, Silent Mood, Airplane Mood များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။)
၃။ မိမိ၏ test voucher အား ပြသ၍ ကြီးကြပ်ရေးမှူးထံသို့အပ်နှံပါ။
၄။ စာဖြေချိန် တချိန်နှင့်တချိန်ကြား ဖုန်းအသုံးပြုခွင့်မရှိပါ။
၅။ စာဖြေချိန်အားလုံးပြီးချိန်တွင် မိမိ၏ test voucher အား ပြသ၍ ကြီးကြပ်ရေးမှူးထံမှ ပြန်လည်ထုတ်ယူပါ။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

07/03/2025

Page ကို အမြဲ active မလုပ်ဖြ
စ်ဘူးဖြစ်နေတယ်။page ပေါ် မတင်ဖြစ်ပေမယ့် japan class တွေ လစဥ် အတန်းအပ်လက်ခံနေပါတယ်။

🍀PPJLC ကပေးတဲ့ Free Service

ဂျပန်စာလမ်းကြောင်းပေါ်လျောက်မယ့်သူတစ်ယောက်အတွက်
တစ်ဦးချင်း ဆရာမနဲ့ တိုင်ပင်ဆွေးနွေးခွင့်ရရှိနိုင်ခြင်း။

သံရုံး exam/japan စာနဲ့ ပတ်သတ်သောအခြားသော exam များကိုinformation share ပေးခြင်း။

တရားဝင်အေဂျင်စီများကိုလမ်းညွှန်ပေးခြင်း။

ဂျပန်နိုင်ငံသို့ကျောင်းဖြင့်သွားရောက်လိုသူများကို စျေးနှုန်း သင့်သောကျောင်းများကိုမိတ်ဆက်ပေးခြင်း။

အသေးစိတ် guide line ချပေးပြီး မိမိနဲ့သင့်တော်မည့်လမ်းကြောင်းကို ဆွေးနွေးပြီးအတူရွေးချယ်အကြံပြုပေးခြင်း။

..စတဲ့ free service ကိုရရှိမှာဖြစ်ပါတယ်။

🕹အခြေခံကစပြီး N5 ကနေ N2 level အထိ စားသောက်ဆိုင်ကျွမ်းကျင်စာမေးပွဲ/Speaking Course များကို online or အပြင်တန်း မိမိကြိုက်နှစ်သက်ရာ level ကို တက်ရောက်သင်ယူနိုင်ပါသည်။

သင်ကြားပေးမယ့်အရာများ

ဘယ် level ကိုမဆို တက်ရောက်သူကျောင်းသား/သူ အနေနဲ့ Course တိုင်းတွင်Japan နိုင်ငံ ယဥ်ကျေးမှု တွေနဲ့ ကိုယ်ပိုင်ရေးဆွဲထားသော သင်ကြားရေး Course and အခြားသောဗဟုသုတများကို ထည့်သွင်းသင်ကြားပေးသည်။

🍀ဘယ်အရွယ်တွေကစသင်ကြားလို့ရလဲ?
ကိုးနှစ်ခလေးကစပြီးသင်ကြားလို့ရပါပြီ။

🍀ဘယ်လိုပုံစံသင်တန်းအပ်လိုက်ခံလဲ?
Online Class & အပြင်တန်းဆိုပြီးရှိပါတယ်။ By one (Special Class)& ဝိုင်း Class (လူဦးရေကန့်သတ် -5ယောက်သာ)

🍀သင်ကြားမယ့်သူရဲ့ အရည်အချင်း?
PPJLC page မှာတင်ထားပေးပါတယ်။
student reviews &image တွေ ကြည့်ချင် page မှာသွားကြည့်ပါ။
Teaching experience -8years

🍀ဂျပန်စာသင်ယူပြီး...ဘာလုပ်လို့ရလဲ?
ဂျပန်နိုင်ငံမှာ ကောင်းမွန်သောလစာဖြင့်သွားရောက်လုပ်ကိုင်နိုင်သည်။စာကျက်မပျင်းသူနဲ့ အပင်ပန်းဒဏ်ခံနိုင်ပြီး..စိတ်ဓာတ်ခိုင်မာသူ.လုံ့လဝီရိယရှိသူများမိမိရဲ့အနာဂတ်ကိုဂျပန်စာသင်ယူရင်းဖန်တီးကြိုးစားကြည့်ပါ။

အကြံပြုချက်🚨
စိတ်ဓာတ်ခနခနကျတတ်သူ..ကောက်ရိုးမီးစိတ်ဓာတ်ရှိသူတွေ မသင်ပါနဲ့..အချိန်ကုန်ငွေကုန် စိတ်ပင်ပန်းလူပင်ပန်းရမည်။

သင်တန်းရန် 09-421018339/09-780384963
Message box
Home Class ဖြစ်ပါသည်။
လူချင်းတွေ့ချင်လျင်ကြိုတင်ချိန်းဆိုပါ။

Test Results Announcement | JLPT Japanese-Language Proficiency Test 24/01/2025

1လပိုင်း 31ရက်နေ့ JLPT အောင်စာရင်းထွက်ပါမည်။
😄😄😄😄
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၅ ခုနှစ်
ဇန်နဝါရီလ၊ ၃၁ ရက်နေ့ ( သောကြာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ (ဂျပန်စံတော်ချိန် နံနက် ၁၀း၀၀ နာရီ) မှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Result ကြည့်ရှုရမည့် link - https://www.jlpt.jp/e/guideline/results_online.html

(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)

Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။

Online Result များအား ၂၀၂၅ ခုနှစ် မတ်လ၊ ၃၁ရက်‌နေ့ (တနင်္လာနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ (ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီ) အထိ ကြည့်ရှုနိုင်ပါသည်။

Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။

ဆက်သွယ်ရန်
01-757 10 15 (Ext 1)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Test Results Announcement | JLPT Japanese-Language Proficiency Test Test results are available on the Internet. Please select the location where you took the test.(Time of information availability and content vary by location.)

22/04/2024

(22.4.2024)

ယနေ့..သင်တန်းများပုံမှန်အတိုင်းပြန်လည်ရှိပါသည်။

သင်တန်းအပ်နှံချင်သူများကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေပါသည်။

☎09-421018339 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

Photos from Pont Pont Japanese Language Class's post 12/04/2024

🍏ပျော်ရွှင်စရာနှစ်သစ်သကြန်ဖြစ်ပါစေ။
13ရက်နေ့မှစ၍21ရက်နေ့ထိသင်တန်းပိတ်ပါသည်။22ရက်နေ့ mondayတွင်အတန်းချိန်ပုံမှန်အတိုင်းပြန်ရှိပါမည်။

18/03/2024

မနက်ဖန်စမယ့် N4 practice online class စိတ်ဝင်းစားတဲ့သူ join လို့ရပါတယ်။
🍋7လပိုင်း အမှီ JLPT ဖြေဆိုမည်သူတွေတက်ရောက်သင့်ပါတယ်။

🍋 reading /listening တွေအားနည်းတယ်ဆိုတဲ့ကျောင်းသူကျောင်းသားတွေ join သင့်ပါတယ်။

🍋JLPT exam pre test တွေ Old Q တွေရှယ်တွယ်ချင်တဲ့သူတွေတက်ရောက်သင့်ပါတယ်ရှင်။

အချိန်က
⌚ monday 9:00-11:00am
⌚tueday 11:00-1:00pm
⌚wesday 11:00-1:00pm

5ယောက်ပြည့်ရင်ထပ်လက်မခံတော့ပါ။
📞09-421018339

🍏ကောင်းသောနေ့လေးဖြစ်ပါစေ။

05/02/2024

N2 Reading online class
(5.2.2024)
(6:30-8:30)pm

N2 Readingကို သီးသန့်တက်ချင်သူများအတွက်ယနေ့ အတန်းသစ် online class စတင်ပါသည်။ကျောင်းသားတွေတော်တော်များများ စိုးရိမ်တတ်ကြတဲ့ reading point ရှာနည်း နဲ့အတူ တူ စီးမျောကြရအောင်။

🍏ဘယ်ခက်ခဲတဲ့အရာပဲဖြစ်ဖြစ် ခြေတလှမ်းက စတင်တာမို့...အတူတူ ကြိုးစားကြရအောင်ပါ။

ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေရှင်🍎

22/01/2024

N2/3/4/5 level အောင်မြင်ကြသောကျောင်းသားကျောင်းသူများအားလုံး...congratulations ပါ။ခြေချော်လက်ချော်ဖြစ်ခဲ့ကြသူတွေလည်း...နောက်ထပ်အခွင့်ရေးတွေရှိသေးတာမို့.....ကိုယ်ရဲ့အားနည်းချက်တွေကိုပြင်ဆင်ပါလို့ပြောချင်ပါတယ်။

💎ဒီအထဲကမှ ကိုယ့်အတွက်...ယုံကြည်မှုပိုရှိရအောင်ကို...မှတ်တိုင်တခုထူးပေးတဲ့အတွက် ထပ်တူထပ်မျှဝမ်းသာရပါတယ်။ဆက်ကြိုးစာသွားဖို့မျှော်လင့်ပါတယ်။

မဂ်လာရှိသောနေ့လေးတနေ့ဖြစ်ပါစေ။

31/12/2023

Post အဟောင်းလေးပြန်တင်ပေးလိုက်ပါတယ်။

💁‍♀️ဒီနေ့တင်ပေးအကြောင်းအရာလေးကတော့...နှစ်ဟောင်းကုန်ဆုံးနှစ်သစ်ကိုဂျပန်လိုနှုတ်ဆက်တဲ့အကြောင်းရာလေးပါ။

☘️年末の挨拶☘️
(ねんまつのあいさつ)

仕事、目上の人の会話
(しごと、めうえのひと と かいわ)
(အလုပ်ထဲ၊ကိုယ်ရဲ့စီနီယာ၊သဌေး၊အပေါ်မှာရှိတဲ့သူတွေနဲ့အသုံးပြုတဲ့စကားပြော)

📌今年もお世話になりました。
(ことしもおせわになりました)
ဒီနှစ်မှာလည်းအမျိူးမျိူးကူညီစောင့်ရှောက်မှုကိုရရှိခဲ့ပါတယ်။

良いお年をお迎えください。
(よいおとしをおむかえください)
ကောင်းမြတ်သောနှစ်ကိုကြိုဆိုနိုင်ပါစေ။

12လပိုင်း31ရက်နေ့မှာ

来年もよろしくお願いします。
(らいねんもよろしくおねがいします)
လာမယ့်နှစ်မှာလည်းကူညီစောင့်ရှောက်ပေးပါ။
လို့လည်းပြောဆိုကြပါတယ်။

📌友達、恋人と会話
(ともだち、こいびと と かいわ)
ချစ်သူ၊လူငယ်ချင်း၊သူငယ်ချင်းတွေနဲ့သုံးတဲ့အသုံး

今年もありがとう
(ことしもありがとう)
ဒီနှစ်တွက်ကျေးဇူးပဲ

来年もよろしく
(らいねんもよろしく)
နောက်နှစ်တွေလည်းကူညီပေးပါအုံး

良いお年を
(よいおとしを)
ကောင်းတဲ့နှစ်ဖြစ်ပါစေ။

⛩️元日(がんじつ) 1လပိုင်း1ရက်နေ့မှာ happy new year ကို

🎍新年あけましておめでとうございます。🎍
(しんねんあけましておめでとうございます) ဆိုပြီးနှုတ်ဆက်ကြပါတယ်။

သူငယ်ချင်း၊လူငယ်အချင်းချင်းကို
あけおめことよろဆိုပြီးအတိုကောက်ပြောဆိုတာမျိူးလည်းရှိပါတယ်။
🙅‍♀️လူကြီး၊ကိုယ့်အပေါ်ကလူတွေမသုံးသင့်ပါ။

Pont Pont Japanese Language Class
Have a nice day🌸
TYZin🌸

11/12/2023

N5 N4 complete class တွေ အသစ်မဖွင့်ဘူးလားမေးနေတဲ့ သူလေးတွေအတွက်...အတန်း သစ် 2ချိန် ဖွင့်ဖို့ရှိတယ်ရှင်။တက်ရောက်ချင်တဲ့သူတွေ စာရင်းလာသွင်းထားလို့ရတယ်ရှင်။

speaking class ကတော့ အပြင်တန်းပဲဖွင့်ဖြစ်ပါမယ်ရှင်။online က လေ့ကျင့်ရတာကိုယ်လိုချင်တဲ့ goal မရမှာဆိုးလို့ပါ။speaking က N5 သင်ပြီး N4 တဝက်သင်ပြီး တဲ့သူတွေပဲတက်လို့အဆေပြေမယ်ရှင့်။ လက်တွေ့နဲ့ပေါင်းစပ်ပြီးသင်ကြားခြင်းနဲ့presentation လုပ်ရမှာမို့...ပါ။

စိတ်ဝင်စားရင် cbကနေစုံစမ်းပါနော်
။တာဝန်ယူသင်ကြားပေးမယ့် ဆရာရဲ့ profile ကိုလည်း page မှာ ကြည့်ရှုနိုင်ပါတယ်။

ကောင်းသောနေ့လေးဖြစ်ပါစေ။

26/11/2023

🎌ဂျပန်လာဖို့ အေဂျင်စီ မှာ ဘာလိုစုံစမ်းမေးမြန်းရမှန်း မသိတဲ့သူတွေအတွက် ..👇👇

​💡သိထားသင့်တဲ့အခြေခံဗဟုသုတမေးခွန်းများ....

1) အေဂျင်စီကြေး💵💵

Q>>အေဂျင်စီခဘယ်လောက်လဲ ?
Ans: training visa (အလုပ်သင်ဗီဇာ)
ဆိုလျှင်ပုံမှန်က (dollor) 2800$
tokutei visa(အထူးကျွမ်းကျင်လုပ်သားဗီဇာ)ဆိုလျှင်ပုံမှန်က(dollor)1500$

2)ပိုက်ဆံသွင်းတဲ့အခါအောက်ဖော်ပြပါအချက်တွေအပါ အကုန်အပြီးဆီးလား?

Q>>သင်တန်းကြေး ၊ စာရွက်စာတမ်းကြေး၊ ဆေးစစ်ခ ၂ ကြိမ်(အလုပ်အင်တာဗျူးအောင်ပြီးတစ်ခါနဲ့coeကျပြီးတစ်ခါ)၊ အခွန်၊လေယာဉ်ခ (training visaမှာcompanyမှ ကျခံရတာပါ)

Ans;...??(agency campany)

3)ပိုက်ဆံက ဘယ်လို ခွဲသွင်းရမှာလဲ 💰?

>>ပုံမှန်က ၃ရစ် ခွဲသွင်းရပါတယ်။

-ပထမအကြိမ်အင်တာဗျူးအောင်ရင် ၊

-ဒုတိယအကြိမ်စာရွက်စာတမ်းလျှောက်ရင်၊

-တတိယအကြိမ်COE(ဂျပန်ပြည်ဝင်ခွင့်visa)..တို့ဖြစ်ပါတယ်။

4)📍အကယ်၍COE မကျ ခဲ့ရင်agency campanyဘက်မှဘယ်လိုတာဝန်ယူဖြေရှင်းပေးမှာလဲ ?

Q>>(ဥပမာ-ပိုက်ဆံပြန်ထုတ်မယ်ဆို တစ်ကြိမ်ထဲနဲ့ အကုန်ပြန်ပေး လား(or)တခြားနည်းလမ်းများ၊နောက်ထပ်အလုပ်joinရင်ကော ပြန်ထပ်စောင့်ရမဲ့ကြာချိန်..)

Ans;...??(agency campany)

5)📍အလုပ်ရပြီးမှ ကုမ္ပဏီဘက်က cancel သွားရင် ဘယ်လို တာဝန်ယူမူတာဝန်ခံမူ တွေပေးနိုင်သလဲ ?

Q>>သွင်းထားတဲ့ပိုက်ဆံ(တစ်ကြိမ်နဲ့ပြန်ထုတ်ပေးလား၊အချိန်ကာလ နစ်နာမူအတွက် ဘယ်လိုတာဝန် ဆောင်ရွက် ပေးပါသလဲ...??
Ans;...??(agency campany)

6)အင်တာဗျူး တစ်နှစ်မှာဘယ်နှစ်ကြိမ်ရှိပါသလဲ?

Ans;...??(agency campany)

7)အင်တာဗျူးအောင်ပြီး အချိန်မှစ၍ COEကျအပြီးထိ(အကြမ်းဖျင်း)ဘယ်နှစ်လကြာရင် ထွက်ရမှာလဲ?

Ans;...??(agency campany)

✨🎯(အစိုးရဝန်ကြီးဌာန မှထုတ်ပြန်ကြေငြာထားသော တရားဝင်agency campany နာမည်စာရင်း ကိုကြည့်ရူ့လေ့လာပြီးမှ စုံစမ်းမေးမြန်းကြပါ....)

😊အားလုံးစိတ်ချမ်းသာစွာနဲ့လိုရာခရီးချောမွေ့ကြပါစေလို့....

ကောင်းသောနေ့လေးဖြစ်ပါစေ☘️

PPJLC

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Thingangyun
Yangon