Japan Ready Functions Training School

Japan Ready Functions Training School JRF Japan Ready Functions Training School

🎉 Congratulations! 🎉JRF မှ ၂၀၂၇ ခုနှစ် ၄ လပိုင်း Yokohama ရှိ Class1 ဂျပန်ဘာသာစကားကျောင်း လျှောက်ထားသော JRF မှကျောင်းသား...
25/07/2026

🎉 Congratulations! 🎉

JRF မှ ၂၀၂၇ ခုနှစ် ၄ လပိုင်း Yokohama ရှိ Class1 ဂျပန်ဘာသာစကားကျောင်း လျှောက်ထားသော JRF မှကျောင်းသားတစ်ဦး အင်တာဗျူးအောင်မြင်စွာ ဖြေဆိုအောင်မြင်ခဲ့ပါသည်။ 🌸🇯🇵

အခုလို ရလဒ်ကောင်းရရှိခဲ့တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါတယ်။ 💙

ဂျပန်ကျောင်းတက်ဖို့ ရည်မှန်းထားသူများအတွက်...
✅ ကျောင်းရွေးချယ်ပေးခြင်း
✅ ကျောင်းလျှောက်လွှာပြင်ဆင်ပေးခြင်း
✅ အင်တာဗျူးလေ့ကျင့်ပေးခြင်း
✅ COE အတွက် လိုအပ်သော စာရွက်စာတမ်းများကို လမ်းညွှန်ပေးခြင်း

အစမှ အဆုံးအထိ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

📩 ၂၀၂၇ ခုနှစ် Intake များအတွက် ကြိုတင်ဆွေးနွေးလိုသူများ Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

🌸 JRF နှင့်အတူ ဂျပန်ပညာရေးခရီးကို စတင်လိုက်ပါ။

👨‍👩‍👧မင်္ဂလာပါ။ဒီနေ့လေးမှာတော့ဂျပန်နိုင်ငံ၏ကလေးများကြီးပြင်းခြင်း ပွဲတော် ဟုခေါ်သည့်- Shichi-Go-San (七五三) ပွဲတော်လေးအကြေ...
25/07/2026

👨‍👩‍👧မင်္ဂလာပါ။ဒီနေ့လေးမှာတော့ဂျပန်နိုင်ငံ၏ကလေးများကြီးပြင်းခြင်း ပွဲတော် ဟုခေါ်သည့်- Shichi-Go-San (七五三) ပွဲတော်လေးအကြောင်းကိုပြောပြချင်ပါတယ်။
ဂျပန်နိုင်ငံ၏ Shichi-Go-San (七五三 - ရှီချီ-ဂို-ဆန်း) ပွဲတော်သည် ဂျပန်ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုတွင် အရေးပါသော အခမ်းအနားတစ်ခုဖြစ်ပြီး၊ ကလေးသူငယ်များ၏ ဘဝတစ်လျှောက်လုံး ကျန်းမာစွာ ရှင်သန်ကြီးပြင်းလာမှုကို ဂုဏ်ပြုဆုတောင်းပေးသည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ဤအမည်နာမသည် ဂျပန်ဘာသာဖြင့် ခုနစ် (Shichi)၊ ငါး (Go)၊ နှင့် သုံး (San) ဟူသော ကိန်းဂဏန်းများကို ကိုယ်စားပြုပါသည်။ ဤပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် ကျင်းပလေ့ရှိသော်လည်း၊ လက်တွေ့တွင် နိုဝင်ဘာလတစ်လလုံး၏ စနေ၊ တနင်္ဂနွေနေ့များတွင် ကျင်းပလေ့ရှိသည်။
သမိုင်းကြောင်းအရ ရှေးခေတ် ဂျပန်လူ့အဖွဲ့အစည်းတွင် ကလေးငယ်များသည် ငယ်ရွယ်စဉ်ကာလ၌ ကျန်းမာရေးချို့ယွင်းမှုကြောင့် သေဆုံးနှုန်း မြင့်မားခဲ့သဖြင့်၊ ကလေးများ အသက် ၃ နှစ်၊ ၅ နှစ်၊ နှင့် ၇ နှစ် စသော အရေးကြီးသည့် ကူးပြောင်းကာလများသို့ အောင်မြင်စွာ ရောက်ရှိပြီးသည့်အခါ နတ်ဘုရားများ (Kami) ထံ ကျေးဇူးတင်စကား ပြောကြားသည့်အနေဖြင့် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ၃ နှစ်တွင် ယောကျ်ားလေးရော မိန်းကလေးပါ ဆံပင်စတင်ရှည်ခွင့် ရသည့် (Kamioki) ဓလေ့ကို ကျင်းပပြီး၊ ၅ နှစ်တွင် ယောကျ်ားလေးများက ပထမဆုံးအကြိမ် ရိုးရာဘောင်းဘီရှည် ဟာကာမာ (Hakama) ကို ဝတ်ဆင်ခွင့်ရသည်။ ၇ နှစ်တွင် မိန်းကလေးများက ပထမဆုံးအကြိမ် အိုဘိ (Obi) ခေါ် ခါးပတ်ကြီးကို စည်းနှောင်ကာ ရိုးရာကီမိုနိုဝတ်စုံကို ဝတ်ဆင်ခွင့်ရခြင်း စသည်ဖြင့် အဆင့်ဆင့်ရှိခဲ့သည်။
ပွဲတော်၏ အဓိက အလှမှာ ကလေးငယ်များ၏ ဝတ်စားဆင်ယင်မှုပင် ဖြစ်သည်။ မိန်းကလေးများသည် အရောင်အသွေးစုံလင်ပြီး လှပသည့် ကီမိုနိုများကို ဝတ်ဆင်ကြပြီး၊ ယောကျ်ားလေးများသည် ဟာကာမာနှင့် ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ မိဘများနှင့်အတူ ဒေသတွင်း နတ်ကွန်းများ (Jinja) သို့ သွားရောက်ကြသည်။ နတ်ကွန်းများတွင် ဘုန်းတော်ကြီးများက ကလေးများအား ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အသက်ရှည်ခြင်းများအတွက် ရည်ရွယ်၍ ရိုးရာဆုတောင်းမေတ္တာပို့သခြင်း (Oharai) ပြုလုပ်ပေးသည်။
ဤပွဲတော်နှင့်အတူ တွဲဖက်ပါဝင်သော ထူးခြားသည့် အရာမှာ Chitose Ame (千歳飴) ဟုခေါ်သော သကြားလုံးရှည်ပင် ဖြစ်သည်။ Chitose (တစ်ထောင်နှစ်) ဟူသော အမည်အတိုင်း ဤသကြားလုံးကို စားသုံးခြင်းဖြင့် ကလေး၏ သက်တမ်းရှည်ခြင်း နှင့် ကံကောင်းခြင်းများ ရရှိစေရန် ရည်ရွယ်သည်။ ၎င်းကို အနီရောင်နှင့် အဖြူရောင်ဖြင့် ပြုလုပ်ထားပြီး ရိုးရာပန်းချီများ ရေးဆွဲထားသည့် စက္ကူအိတ်ရှည်များတွင် ထည့်သွင်းပေးလေ့ရှိပါသည်။ Shichi-Go-San ပွဲတော်သည် ဂျပန်လူမျိုးများ၏ မိသားစု ချစ်ခင်မှု၊ ရိုးရာဓလေ့ကို တန်ဖိုးထားမှုနှင့် ကလေးသူငယ်များ၏ ဘဝတစ်မှတ်တိုင်ကို အလေးအနက် ဂုဏ်ပြုမှုကို ဖော်ပြနေပါသည်။

24/07/2026

ဂျပန်စာအခြေခံ (N5) ကနေ စတင်ချင်သူများအတွက် အတန်းသစ်နှင့် လက်ဆောင်အစီအစဉ်! 🇯🇵🎁

ဂျပန်စာကို လုံးဝ မသင်ဖူးသေးလို့ အခြေခံကနေ စနစ်တကျ စတင်ချင်ပါသလား?
JRF ရဲ့ N5 အခြေခံအတန်းသစ် မှာ သင်ခန်းစာတွေကို အခြေခံမှစပြီး ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် အနီးကပ် သေချာ သင်ကြားပေးသွားတော့မှာပါ!

✨ ဒါ့အပြင် အထူးမေးခွန်းနဲ့ တန်လွန်းတဲ့ Promotion!

"N5 အပြီးမှာ N4 အထိ တန်းဆက်တက်ပြီး စာမေးပွဲတွေမှာ အောင်လက်မှတ် ယူချင်တယ်ဆိုရင်ရော?"

💡 N5 + N4 နှစ်တန်းပေါင်းပြီး တစ်ခါတည်း အပ်နှံလိုက်ပါ!
နှစ်တန်းပေါင်း အပ်နှံသူတိုင်းအတွက် ဂျပန်စာလေ့လာရာမှာ အမြဲ ဆောင်ထားလို့ရမယ့် TOTE BAG လှလှလေးတစ်လုံးကို အခမဲ့ (Free) 🎁 ချက်ချင်း လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

🎯 ဒီ N5 အတန်းမှာ ဘာတွေ သင်ကြားပေးမှာလဲ?
ဂျပန်စာ အခြေခံ Hiragana, Katakana နဲ့ Kanji များ

အခြေခံ ဝါကျတည်ဆောက်ပုံနှင့် ပြောဆိုဆက်ဆံရေး

N5 စာမေးပွဲအတွက် လိုအပ်မယ့် မေးခွန်းဟောင်း လေ့ကျင့်မှုများ

အခြေခံကို ပိုင်ပိုင်နိုင်နိုင် သင်ယူရင်း Tote Bag လက်ဆောင်လေးပါ အပိုင်ယူဖို့ အခုပဲ စုံစမ်းလိုက်တော့နော်! 😉

📅 Start Date – 18.8.2026
📚 Class Days – Tuesday / Thursday / Saturday
🕝 Time – 9:00 AM – 12:00 PM
💰 Course Fee – 250,000 MMK
📖 Textbook Fee – 22,000 MMK

👉 သင်တန်းအပ်နှံရန်နှင့် အသေးစိတ် စုံစမ်းရန်:

Page Chat Box မှတစ်ဆင့် စာပို့၍ အမြန်ဆုံး အပ်နှံနိုင်ပါပြီ။

📩 Seats Limited!
အတန်းနေရာများ အကန့်အသတ်ရှိသောကြောင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော်။
📞 အသေးစိတ် ဆက်သွယ်စုံစမ်းရန်
09-898386155
09-952006155
09-790882262
09-409779090
💬 Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📍 သင်တန်းလိပ်စာ
အမှတ် (၆၇၈/ခ)၊ သစ္စာလမ်း၊ (၆) ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📌 ပုဏ္ဏမီမှတ်တိုင်အနီး
🚌 YBS - 12, 29, 38, 83, 87, 108 တို့ဖြင့် အလွယ်တကူ လာရောက်နိုင်ပါသည်။

2026 December တွင်ကျင်းပမည့် JLPT Form တင်လိုသူများ နာမည်စာရင်း ကြိုတင်ပေးသွင်းနိုင်ပါပြီ 😍🙋 အယောက် 100  ပြည့်လျှင်ပိတ်ပ...
24/07/2026

2026 December တွင်ကျင်းပမည့် JLPT Form တင်လိုသူများ နာမည်စာရင်း ကြိုတင်ပေးသွင်းနိုင်ပါပြီ 😍
🙋 အယောက် 100 ပြည့်လျှင်ပိတ်ပါမည််။

Google Form ဖြည့်သွင်းပေးပါ
https://forms.gle/BnF1dJYibCeEURLq8

ယနေ့ July (24.7.2026) ရက်နေ့ မှ စတင်၍
( 30.7.2026 ) နောက်ဆုံးထားပီး
စာရင်းပေးသွင်းနိုင်ပါပြီရှင့်...💫
🌾 ( Google Form တွင်အချက်အလက်ထည့်သွင်းခြင်း ပြည့်စုံမှသာစာရင်းထည့်သွင်းပေးပါမည်။ )
🌾 ( ရုံးချိန် မနက် ၉:၀၀ မှ ညနေ ၅:၀၀အတွင်း
စာရင်းပေးပေးကြပါရန် )
🌾 Exam Form ကြေးကို MAJA မှ ကြေငြာချက်အတိုင်း ကောက်ခံမှာ ဖြစ်ပါတယ်။
Service Fees( 10000 kyats )ရှိပါတယ်ရှင့်။ 💕
ကျောင်းတစ်ကျောင်းလျှင် form အစောင်ရေ 100 သာ ရပါသောကြောင့် အရင်ဆုံးစာရင်းပေးထားသော ကျောင်းသားများကိုသာ ဦးစားပေးရွေးပေးသွားပါမယ်နော်

ဖောင်ကြေးနှင့် Service ကြေးသွင်းရန်ထပ်မံကြေညာပေးပါမည်။

📢 မင်္ဂလာပါရှင်။မင်မင်တို့ကျောင်း Group ၏ Other Business Page လေးကို Follow လုပ်ပြီး အားပေးပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အ...
23/07/2026

📢 မင်္ဂလာပါရှင်။

မင်မင်တို့ကျောင်း Group ၏ Other Business Page လေးကို Follow လုပ်ပြီး အားပေးပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ 💙

👉 page
https://www.facebook.com/profile.php?id=61592283959329

ဒီ Page လေးမှာတော့—

✅ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ
✅ အသုံးဝင်သော Health Tips များ
✅ ဝန်ဆောင်မှုများအကြောင်း
✅ သင်တန်းများနှင့် နောက်ဆုံးရသတင်းအချက်အလက်များ

ကို အမြဲတမ်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

လူတိုင်းအတွက် ဗဟုသုတရရှိစေမယ့်၊ ယုံကြည်စိတ်ချစွာ လေ့လာအားထားနိုင်မယ့် Page လေးတစ်ခုအဖြစ် ကြိုးစားတည်ဆောက်သွားမှာဖြစ်လို့ Follow & Share လေးလုပ်ပြီး အားပေးပေးကြပါဦးရှင်။ 🥰

ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🙏

From Myanmar to the World , We Care and We Prepare

ယနေ့တွင်ကျရောက်သောအာဇာနည်နေ့အားJRFမိသားစုမှဂုဏ်ပြုကြိုဆိုအပ်ပါသည်။
19/07/2026

ယနေ့တွင်ကျရောက်သောအာဇာနည်နေ့အားJRFမိသားစုမှဂုဏ်ပြုကြိုဆိုအပ်ပါသည်။

မင်္ဂလာပါ။ဒီနေ့ပြောပြချင်တာကတော့ ဂျပန်လူမျိုးတွေအကြားမှာ အမြင့်မြတ်ဆုံး နေရာသုံးခုအဖြစ်သတ်မှတ်ထားတဲ့ နယ်မြေဒေသ(၃)ခုအကြော...
18/07/2026

မင်္ဂလာပါ။ဒီနေ့ပြောပြချင်တာကတော့ ဂျပန်လူမျိုးတွေအကြားမှာ အမြင့်မြတ်ဆုံး နေရာသုံးခုအဖြစ်သတ်မှတ်ထားတဲ့ နယ်မြေဒေသ(၃)ခုအကြောင်းကိုပြောပြမယ်နော်။
၁။ ကိုယာဆန် (Kōyasan - 高野山)
• ကိုယာဆန် (Kōyasan) ဟာ ဂျပန်နိုင်ငံ၊ ဝါကာယာမာ စီရင်စုရဲ့ တောင်တန်းတွေပေါ်မှာ တည်ရှိပြီး၊ မြူခိုးတွေနဲ့ သစ်တောတွေ ဝန်းရံထားတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေရဲ့ မြို့တော်ငယ်တစ်ခု ဖြစ်ပါတယ်။ ဒီနေရာဟာ ဂျပန်မှာ အရှိန်အဝါ အကြီးမားဆုံးဖြစ်တဲ့ ရှင်ဂွန် (Shingon) ဗုဒ္ဓဘာသာ ဂိုဏ်း ရဲ့ ဗဟိုဌာနအဖြစ် ထင်ရှားပါတယ်။
• ကိုယာဆန်ကို ၈၁၆ ခုနှစ် မှာ ရဟန်းတော် 空海 (Kūkai) က စတင်တည်ထောင်ခဲ့ပါတယ်။ ကူးခိုင်ဟာ နောင်မှာ 弘法大師(Kōbō Daishi) ဆိုတဲ့ ဘွဲ့တော်ကို ရရှိခဲ့သူဖြစ်ပြီး၊ ဂျပန် ဗုဒ္ဓဘာသာသမိုင်းမှာ အလွန်လေးစားကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူက ဒီတောင်တန်းတွေကို လျှို့ဝှက်ဆန်းကြယ်တဲ့ ဗုဒ္ဓအဆုံးအမ (Esoteric Buddhism) တွေအတွက် စံပြပန်းခြံတစ်ခုအဖြစ် ရွေးချယ် တည်ထောင်ခဲ့တာပါ။
• ကိုယာဆန်ရဲ့ နှလုံးသားကတော့ အိုကူနိုအင်း (Okunoin) လို့ခေါ်တဲ့ ကြီးမားကျယ်ပြန့်တဲ့ သုသာန်နဲ့ ဘုရားဖူးလမ်းမကြီးပဲ ဖြစ်ပါတယ်။ ဒီလမ်းမကြီးဟာ ရှည်လျားပြီး ထောင်ပေါင်းများစွာသော ရှေးဟောင်း ကျောက်သင်္ချိုင်းဂူတွေ၊ မှတ်တမ်းမှတ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဂျပန်သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ စစ်ခေါင်းဆောင်တွေ၊ ဆာမူရိုင်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ခေတ်သစ်စီးပွားရေး လုပ်ငန်းရှင်တွေဟာ ကိုဘို ဒါအိရှိရဲ့ အနီးအနားမှာ ကောင်းမွန်တဲ့ ဘဝသစ်ကို မျှော်လင့်ပြီး သူတို့ရဲ့ အုတ်ဂူတွေကို ထားရှိခဲ့ကြတာကို တွေ့ရမှာပါ။
• ဒဏ္ဍာရီအရ 弘法大師(ကိုဘို ဒါအိရှိ)ဟာ သေဆုံးသွားတာ မဟုတ်ဘဲ၊ 奥之院(အိုကူနိုအင်း)ရဲ့ အတွင်းဆုံးနေရာမှာ ထာဝရ တရားထိုင်နေတယ်လို့ ယုံကြည်ကြပါတယ်။ သူဟာ လူသားအားလုံးကို ကယ်တင်ဖို့အတွက် နိဗ္ဗာန်ကို မဝင်သေးဘဲ စောင့်ဆိုင်းနေ တယ်လို့ ဆိုပါတယ်။ ဒီယုံကြည်မှုကြောင့် နေ့စဉ် နံနက်တိုင်းမှာ ဘုန်းတော်ကြီးတွေက ကိုဘို ဒါအိရှိအတွက် အစားအသောက်တွေ သွားရောက် လှူဒါန်းတဲ့ ရှိုဂျင်-အဲ (Shōjin-e) ဆိုတဲ့ ဓလေ့ကို ယနေ့တိုင် မပြတ်မလပ် လုပ်ဆောင်နေတာဟာ ကိုယာဆန်ရဲ့ အထူးခြားဆုံး အစဉ်အလာတစ်ခု ဖြစ်ပါတယ်။
• ကိုယာဆန်မှာ ဘုရားကျောင်းပေါင်း ၁၀၀ ကျော် ရှိပြီး၊ အများစုကတော့ ဘုရားဖူးတွေနဲ့ ဧည့်သည်တွေ ညအိပ်တည်းခိုနိုင်တဲ့ ရှူကူဘို (Shukubō) လို့ခေါ်တဲ့ ဘုန်းကြီးကျောင်း တည်းခိုခန်းများအဖြစ် ဝန်ဆောင်မှုပေးနေပါတယ်။ ဒီနေရာတွေမှာ တည်းခိုသူတွေဟာ ရဟန်းတွေရဲ့ ရိုးရှင်းတဲ့ ဘဝပုံစံကို တွေ့ကြုံခံစားနိုင်သလို၊ ရှိုဂျင် ရိုယိုရီ (Shōjin Ryōri) လို့ခေါ်တဲ့ သက်သတ်လွတ် အစားအစာတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။
• ကိုယာဆန်တစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ထားပြီး၊ သမိုင်း၊ ယဉ်ကျေးမှုနဲ့ ဝိဉာဉ်ရေးရာ နက်နဲမှုကို ခံစားချင်သူတိုင်းအတွက် မဖြစ်မနေ လာရောက်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
•
၂။ ဟီအဲအိဇန် (Hieizan - 比叡山)
ဟီအဲအိဇန် (Hieizan) တောင်ဟာ ဂျပန်နိုင်ငံရဲ့ ရှိဂါ (Shiga) နဲ့ ကျိုတို (Kyoto) စီရင်စုတို့ရဲ့ နယ်နိမိတ်ပေါ်မှာ ခန့်ညားထည်ဝါစွာ တည်ရှိနေပါတယ်။ ဒီတောင်ကို ဂျပန် ဗုဒ္ဓဘာသာသမိုင်းမှာ အရေးပါဆုံးသော အုတ်မြစ်နေရာအဖြစ် သတ်မှတ်ထားပြီး၊ တောင်ပေါ်မှာ တည်ရှိတဲ့ အန်ရယာကုဂျိ (Enryaku-ji) ဘုရားကျောင်း ကြောင့် ကမ္ဘာကျော်ပါတယ်။
အန်ရယာကုဂျိ ဘုရားကျောင်းကို ၇၈၈ ခုနှစ် မှာ ရဟန်းတော် ဆိုင်ချိုး (Saichō) က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး၊ သူဟာ တန်ဒိုင်း (Tendai) ဗုဒ္ဓဘာသာ ဂိုဏ်း ကို ဂျပန်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဟီအဲအိဇန်ဟာ ဂျပန်ဗုဒ္ဓဘာသာရဲ့ "မိခင်တောင်" လို့ တင်စားခေါ်ဝေါ်ခြင်း ခံရပါတယ်။ အဘယ်ကြောင့်ဆိုသော် နောင်ခေတ်များတွင် ထင်ရှားကျော်ကြားလာသည့် ဂျပန်ဗုဒ္ဓဘာသာရဲ့ အဓိကဂိုဏ်းခွဲများ (ဥပမာ- ဇင်၊ ဂျိုးဒို၊ နစ်ချီရန် စသည့် ဂိုဏ်းများ) ကို တည်ထောင်ခဲ့သူ ဘုန်းတော်ကြီးတွေဟာ ဒီအန်ရယာကုဂျိမှာ ပညာသင်ကြား လေ့ကျင့်ခဲ့ကြသူများ ဖြစ်လို့ပါပဲ။
သမိုင်းတစ်လျှောက်မှာ ဟီအဲအိဇန် တောင်ဟာ ဘာသာရေး ဗဟိုချက်မတစ်ခုသာမက၊ ကြီးမားတဲ့ နိုင်ငံရေးနဲ့ စစ်ရေးဩဇာပါ ပိုင်ဆိုင်ခဲ့ပါတယ်။ ဘုရားကျောင်းမှာ "ဘုရားကျောင်း စစ်သား" (Sōhei) လို့ခေါ်တဲ့ ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့အစည်းကြီးတစ်ခု ရှိခဲ့ပါတယ်။ ဒီလို ဩဇာကြီးမားမှုကြောင့် ၁၅၇၁ ခုနှစ်မှာ နာမည်ကျော် စစ်ခေါင်းဆောင် အိုဒါ နိုဘူနာဂါ (Oda Nobunaga) က ဂျပန်ပြည်ကို စည်းလုံးစေဖို့အတွက် ဒီဘုရားကျောင်းတစ်ခုလုံးကို ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးခဲ့ဖူးတဲ့ ကြေကွဲဖွယ်ရာ သမိုင်းမှတ်တမ်းလည်း ရှိပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ပြန်လည်တည်ဆောက်ခဲ့ပြီး၊ ယခုအခါမှာတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ဘာသာရေး လေ့ကျင့်ရေးဌာနအဖြစ် ဆက်လက်တည်ရှိနေပါတယ်။
ဟီအဲအိဇန်ရဲ့ အထင်ရှားဆုံးသော အလေ့အကျင့်တစ်ခုကတော့ "ခိုင်ဟိုဂယို (Kaihōgyō)" လို့ခေါ်တဲ့ အသက်ကို ပဓာနမထားဘဲ အလွန်ခက်ခဲတဲ့ လမ်းလျှောက်ခြင်း အလေ့အကျင့် ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကို လုပ်ဆောင်တဲ့ ရဟန်းတစ်ပါးဟာ ၇ နှစ်တာကာလအတွင်း ကီလိုမီတာ ၄၀,၀၀၀ ခန့် ကို နေ့စဉ်၊ ညဉ့်မနက်မချင်း လမ်းလျှောက်ရပါတယ်။ ဒီလို လေ့ကျင့်ခြင်းကို အောင်မြင်စွာ ပြီးမြောက်သူတွေကို "စန်းနင် မန်ဇိုင် (Sennin Manzai)" လို့ ခေါ်ဆိုပြီး၊ လူသားရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အမြင့်ဆုံးအထိ တိုးတက်ပြောင်းလဲနိုင်ပုံကို ဖော်ပြတဲ့ ထူးခြားတဲ့ သာသနာ့ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။
ကိုယာဆန်ကဲ့သို့ပင် ဟီအဲအိဇန်ရှိ အန်ရယာကုဂျိ ဘုရားကျောင်းကိုလည်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပြီး၊ ဂျပန်နိုင်ငံရဲ့ ဘာသာရေးသမိုင်းနှင့် ယဉ်ကျေးမှု အမြစ်တွယ်ရာ နေရာတစ်ခုအဖြစ် ခေတ်အဆက်ဆက် အလေးအနက်ထား ကိုးကွယ်ခံနေရပါတယ်။
၃။ အိုဆိုရေဇန် (Osorezan - 恐山)
👻 အိုဆိုရေဇန် (Osorezan) တောင်သည် ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်းစွန်းမှာရှိတဲ့ အာအိုမိုရီ (Aomori) စီရင်စု၊ ရှီမိုကီတာကျွန်းဆွယ် (Shimokita Peninsula) ပေါ်မှာ တည်ရှိပြီး၊ ၎င်းရဲ့ အမည်ကဲ့သို့ပင် "ကြောက်မက်ဖွယ်ရာ တောင်" လို့ အဓိပ္ပာယ်ရပါတယ်။ ဟီအဲအိဇန်နဲ့ ကိုယာဆန်တို့လို ဘာသာရေး ဂိုဏ်းကြီးတွေရဲ့ ဗဟိုမဖြစ်ပေမယ့်၊ ဂျပန်ပြည်သူတွေရဲ့ ဝိဉာဉ်ရေးရာ ယုံကြည်မှုနဲ့ သေလွန်သူတို့ရဲ့ လောကနဲ့ ဆက်စပ်မှုမှာ အမြင့်မြတ်ဆုံးနေရာအဖြစ် ရပ်တည်နေပါတယ်။
အိုဆိုရေဇန်ကို ၈၆၂ ခုနှစ် ဝန်းကျင်မှာ တန်ဒိုင်းဗုဒ္ဓဘာသာဂိုဏ်းမှ ရဟန်းတော် အဲန်နင်း (Ennin) ခေါ် ဂျိကာကု ဒါအိရှိ (Jikaku Daishi) က တည်ထောင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဗုဒ္ဓဘာသာ အယူအဆအရ ဒီနေရာဟာ လူ့လောကနဲ့ သေလွန်သူတို့ရဲ့ လောကကို ပိုင်းခြားထားတဲ့ နယ်စပ် လို့ သတ်မှတ်ကြပါတယ်။ အဲဒီနေရာဟာ အလွန်လှပတဲ့ ဥဆိုရီကန် (Lake Usori) နဲ့ ဝန်းရံထားပြီး၊ ဒီကန်ရေဟာ နူးညံ့တဲ့ အပြာရောင် ရှိသော်လည်း မီးတောင်လှုပ်ရှားမှုကြောင့် အက်ဆစ်ဓာတ် အလွန်ပြင်းထန်ကာ သက်ရှိတွေ မရှင်သန်နိုင်ပါဘူး။
တောင်ပေါ် ပတ်ဝန်းကျင်ဟာ အလွန် ထူးခြားဆန်းကြယ်တဲ့ မြင်ကွင်းကို ပေးစွမ်းပါတယ်။ မြေပြင်ကနေ ဆာလဖာ (ကန့်) အငွေ့တွေ ထွက်နေပြီး၊ ကျောက်တုံးတွေက အဝါရောင်၊ အနီရောင်စသဖြင့် အမျိုးမျိုး ပြောင်းလဲနေတာကြောင့် ဗုဒ္ဓဘာသာရဲ့ ငရဲဘုံ (Jigoku) ပုံရိပ်နှင့်တူသည်ဟု မှတ်ယူကြပါသည်။ ဘုရားဖူးတွေဟာ သူတို့ရဲ့ ကွယ်လွန်သွားတဲ့ ချစ်ခင်သူတွေအတွက် ဆုတောင်းပေးဖို့ ရည်ရွယ်ပြီး ဒီထူးဆန်းတဲ့ ပတ်ဝန်းကျင်ကို လာရောက်ကြပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ ကွယ်လွန်သွားခဲ့ရင် ဝိဉာဉ်ကို နှစ်သိမ့်ပေးဖို့ ရည်ရွယ်ပြီး ကလေးကစားစရာတွေနဲ့ လေရဟတ်ငယ်လေးတွေကို ချထားလေ့ရှိကြပါတယ်။
အိုဆိုရေဇန် (Osorezan - 恐山)ရဲ့ အထူးခြားဆုံးနဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး အစဉ်အလာကတော့ (Itako) လို့ခေါ်တဲ့ ဝိဉာဉ်ပူးဝင်နိုင်တဲ့ မျက်မမြင် ဓမ္မဆရာမတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ နွေရာသီ ပွဲတော်ကာလတွေမှာ ဒီနေရာကို လာရောက်ကြပြီး၊ ကွယ်လွန်သွားသူတွေရဲ့ ဝိဉာဉ်ကို ခေါ်ယူပြီး မိသားစုဝင်တွေနဲ့ စကားပြောပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလို ဓလေ့ဟာ သိပ္ပံပညာရဲ့ လက်လှမ်းမမီတဲ့ လူသားတွေရဲ့ ဝမ်းနည်းမှု၊ အတိတ်က နားမလည်နိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်သက်သာရာ ရလိုမှုတွေကို ဖြေရှင်းပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုလိုလည်း အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
အိုဆိုရေဇန် (Osorezan - 恐山)ဟာ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုအဖြစ် တည်ရှိနေပေမယ့် ၎င်းရဲ့ ထူးခြားတဲ့ သဘာဝ ပတ်ဝန်းကျင်၊ သေခြင်းတရားနဲ့ ဝိဉာဉ်ရေးရာကို တိုက်ရိုက် ကိုးကွယ်မှုတွေကြောင့် ဂျပန်နိုင်ငံရဲ့ အခြားသော မြင့်မြတ်တဲ့ နေရာတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ဝိဉာဉ်ရေးရာ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

မင်္ဂလာပါ ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာအားကစားများနှင့်ပတ်သတ်ပြီး ပြောပြပပေးမယ်နော်။相撲-Sumo (စုမို) 🤼ဂျပန်၏ အမျိုး...
11/07/2026

မင်္ဂလာပါ ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာအားကစားများနှင့်ပတ်သတ်ပြီး ပြောပြပပေးမယ်နော်။
相撲-Sumo (စုမို) 🤼
ဂျပန်၏ အမျိုးသားအားကစား ဖြစ်ပြီး နှစ်ပေါင်း ၁,၅၀၀ ကျော် သက်တမ်းရှိသည့် ရှေးအကျဆုံး ရိုးရာပညာရပ်ဖြစ်သည်။ မူလက ရှင်တိုဘာသာ ၏ နတ်ဘုရားများ (Kami) ကို ပူဇော်သော ဘာသာရေး ထုံးတမ်းစဉ်လာအဖြစ် စတင်ပေါ်ပေါက်ခဲ့သည်။ ပြိုင်ပွဲဝင် နပန်းသမားများသည် သမိုင်းဝင် အလေးထားသော ဘာသာရေးရိုးရာဓလေ့များ (ဥပမာ- ဆားပစ်ခြင်း) ကို ယနေ့တိုင် လိုက်နာကျင့်သုံးဆဲဖြစ်သည်။ ယခုလက်ရှိတွင် ပရော်ဖက်ရှင်နယ် အားကစားတစ်ခုဖြစ်ပြီး ဂျပန်လူမျိုးတို့၏ ယဉ်ကျေးမှုဆိုင်ရာ ဂုဏ်ယူမှုနှင့် ဝိညာဉ်ရေးရာ အရေးပါမှုကို ကိုယ်စားပြုသည်။

柔術-Jujutsu (ဂျူဂျစ်ဆု) 🪷
ဂျူဂျစ်ဆုသည် ဂျပန်နိုင်ငံ၊ ဟဲအိအန်းခေတ် ကတည်းက ပေါ်ပေါက်ခဲ့သော ဆာမူရိုင်း စစ်သည်တော်များ ၏ လက်နက်မဲ့ တိုက်ခိုက်ရေးစနစ်ဖြစ်သည်။ ပြိုင်ဘက်၏ အင်အားကို အသုံးချကာ ချုပ်ကိုင်ခြင်း၊ လှဲချခြင်းနှင့် လဲလှယ်ဖမ်းချုပ်ခြင်းများဖြင့် အနိုင်ယူရန် ဖန်တီးခဲ့သည်။ လက်နက်မဲ့ဖြစ်သွားသော ဆာမူရိုင်းများအတွက် မရှိမဖြစ် လိုအပ်သော ပညာရပ်ဖြစ်သည်။ ယခုလက်ရှိတွင် ဂျူဂျစ်ဆု၏ နည်းစနစ်များသည် ဂျူဒို (Judo) နှင့် အိုက်ကီဒို (Aikido) စသည့် ခေတ်မီ ဘူဒိုပညာရပ်များ၏ အရင်းအမြစ်အဖြစ် အရေးပါပြီး၊ ၎င်း၏ အစိတ်အပိုင်းများကို ဘရာဇီးလ် ဂျူဂျစ်ဆု (BJJ) ကဲ့သို့သော ကမ္ဘာ့အဆင့်မီ စစ်ပညာရပ်များတွင်လည်း တွေ့ရှိရသည်။

剣道-Kendo (ကင်ဒို)
⚔️"ဓားသွား၏လမ်း" ဟု အဓိပ္ပာယ်ရပြီး၊ ဆာမူရိုင်းများ၏ ရိုးရာဓားရေးပညာ (Kenjutsu) မှ ဆင်းသက်လာကာ စစ်ပညာကို ခေတ်မီ အားကစားပုံစံအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ ၎င်းသည် ဆာမူရိုင်းခေတ်တစ်လျှောက် စစ်ပညာအဖြစ် ဖွံ့ဖြိုးခဲ့သည်။ ယခုလက်ရှိတွင် ဝါးဓားတု (Shinai) ဖြင့် ကစားသည့် အားကစားတစ်ခုဖြစ်သော်လည်း၊ ဂျပန်လူမျိုးများကြားတွင် ကိုယ်ကျင့်တရား စည်းကမ်း၊ လေးစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို လေ့ကျင့်သည့် ပညာရေးဆိုင်ရာ ဘူဒိုး အဖြစ် အထူးအရေးပါဆဲ ဖြစ်သည်။
空手-Karate (ကာရာတေး) 👊
"လက်ဗလာ" ဟု အဓိပ္ပာယ်ရပြီး၊ ၁၉ ရာစုတွင် အိုကီနာဝါ ကျွန်း ၌ ဒေသခံတိုက်ခိုက်ရေးပညာနှင့် တရုတ် ကွန်ဖူးနည်းစနစ်များ ပေါင်းစပ်ရာမှ စတင်ပေါ်ပေါက်ခဲ့သည်။ မူလက လက်နက်မဲ့ လျှို့ဝှက် ခုခံရေးစနစ်အဖြစ် အိုကီနာဝါတွင် တိုးတက်လာခဲ့သည်။ ယခုလက်ရှိတွင် ကမ္ဘာတစ်ဝန်း အလွန်လူသိများသော အားကစားနှင့် ကိုယ်ခံပညာရပ်တစ်ခု ဖြစ်သည်။ ကာရာတေးသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း၊ စိတ်ထိန်းချုပ်မှုနှင့် အတွင်းအားကိုပါ အလေးပေးသည့်အတွက် ကမ္ဘာ့အိုလံပစ်ပွဲတော်များတွင်ပါ ပါဝင်လာသည့် အရေးပါသော အားကစားတစ်ခု ဖြစ်သည်။

弓道-Kyudo (ကျူဒို) 🏹
"လေးပစ်ခြင်း၏လမ်း" ဟု အဓိပ္ပာယ်ရပြီး၊ ဆာမူရိုင်းခေတ် စစ်ပညာရပ်ဖြစ်သော မြင်းစီးရင်းလေးပစ်ခြင်း (Kyujutsu) မှ ဆင်းသက်လာသည်။ စစ်သည်တော်၏ ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအတွက် လေ့ကျင့်ရေးအဖြစ် သမိုင်းတစ်လျှောက် တန်ဖိုးထားခဲ့သည်။ ယခုလက်ရှိတွင် ကျူဒိုသည် ပြိုင်ပွဲဝင် အားကစားတစ်ခုထက် တွေးတောဆင်ခြင်ခြင်း နှင့် ဝိညာဉ်ရေးရာ ကျင့်ဝတ် တို့ကို အလေးပေးသော အနုပညာပုံစံတစ်ခုအဖြစ် ရပ်တည်နေသည်။ မြားကို ပစ်မှတ်သို့ ရောက်အောင် ပစ်ခြင်းထက် လုပ်ငန်းစဉ်တစ်ခုလုံး၏ စည်းကမ်းနှင့် စိတ်ငြိမ်သက်မှုကို ပိုမိုအရေးထားသည့်အတွက် ဂျပန်၏ ဒဿနိကဗေဒဆိုင်ရာ

🎉 Big Congratulations to Career Network International Co., Ltd.! 🎉ကျွန်တော်တို့ Japan Ready Functions Training School (J...
06/07/2026

🎉 Big Congratulations to Career Network International Co., Ltd.! 🎉

ကျွန်တော်တို့ Japan Ready Functions Training School (JRF) ၏ မိတ်ဖက် Partner Agency ဖြစ်သည့် Career Network International Co., Ltd. မှ Managing Director ဒေါ်ယမင်းသူ သည် Asia Prestige 50 Under 50 CEO Excellence Award 2026 တွင် "Asia Best Innovation & Transformation CEO of the Year 2026 – Cambodia" Award ကို ဂုဏ်ယူဖွယ် ရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါသည်။

ဤထူးချွန်သော အောင်မြင်မှုသည် ခိုင်မာသော ဦးဆောင်မှု၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် မျှော်မှန်းချက်ကြီးမားသော Vision တို့၏ အကောင်းဆုံးရလဒ်တစ်ခုဖြစ်ပြီး၊ Career Network International Co., Ltd. အတွက်လည်း ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ခု ဖြစ်ပါသည်။

ရှေ့ဆက်၍လည်း ကျွန်တော်တို့နှစ်ဦးနှစ်ဖက်ယုံကြည်မှုအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ကာ အောင်မြင်မှုအသစ်များစွာကို အတူတကွ ဖန်တီးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

တစ်ဖန် ထပ်မံ၍ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် Congratulations ပါ။ 🎊👏

Jlpt ဖြေဆိုမည့်သူများအတွက် မေးခွန်းများကိုအဆင်ပြေပြေဖြေဆိုနိုင်ရန် JRF မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
04/07/2026

Jlpt ဖြေဆိုမည့်သူများအတွက် မေးခွန်းများကိုအဆင်ပြေပြေဖြေဆိုနိုင်ရန် JRF မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

Address

No. 678 (Kha), Thitsar Road, 6 Ward, South Okkalapa Township
Yangon

Alerts

Be the first to know and let us send you an email when Japan Ready Functions Training School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Japan Ready Functions Training School:

Shortcuts

Share