Creative Coder - Learning Platform

Creative Coder - Learning Platform

Share

Unlock Your Coding Creativity

16/03/2026

AI Agents တွေနဲ့ Coding Workflow ကို ပိုမြန်ပြီး ပိုထိရောက်အောင် ဘယ်လိုအသုံးချနိုင်လဲ ဆိုတာကို Live Demo နဲ့ မျှဝေပေးမယ့် Agentic Coding Free Workshop ကို လက်မလွတ်ပဲ အခုပဲ Register လုပ်လိုက်ပါ 💯 Limited Seats လေးမို့ ခုစာရင်းသွင်းမှ စိတ်ချရမယ်နော် 😍

https://www.facebook.com/share/p/1Fyf6CRmSD/

Agentic Coding အကြောင်း free workshop လာပြီဗျို့ 🥳

AI tools တွေတိုးတက်လာတဲ့အချိန်မှာ Developer တွေအတွက် အလုပ်လုပ်ပုံကလည်း မြန်မြန်ပြောင်းလဲလာပါတယ်။ Code ကို လက်နဲ့ရေးတာတစ်ခုတည်းမဟုတ်တော့ဘဲ AI Agents တွေနဲ့အတူ workflow တစ်ခုတည်ဆောက်ပြီး development ကို ပိုမြန်အောင်လုပ်နိုင်တဲ့ခေတ် ကို ရောက်နေပါပြီ။

ဒီ workshop မှာတော့ AI Agentic Coding ဆိုတာဘာလဲ၊ Developer workflow ထဲမှာ ဘယ်လိုအသုံးချလို့ရလဲ ဆိုတာကို ရိုးရိုးရှင်းရှင်းနဲ့ practical example တွေနဲ့ မျှဝေပေးသွားမှာပါ။

Workshop မှာဆိုရင်

• Software Development industry ဘယ်လိုပြောင်းလဲလာနေသလဲ
• Modern Code Editors & IDEs တွေကို AI နဲ့ဘယ်လိုအသုံးချမလဲ
• Agentic workflow ဆိုတာဘာလဲ
• AI Agent ကိုအသုံးပြုပြီး feature integration live demo
• AI ခေတ်မှာ Developer role ဘယ်လိုပြောင်းလဲလာမလဲ
• နောက်ထပ်တက်ရောက်နိုင်မယ့် AI Powered Developer Bootcamp အကြောင်း

တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

📅 Date — 17 March 2026
⏰ Time — 8:00 PM – 10:00 PM
💻 Platform — Zoom
👨‍🏫 Instructor — Zayar Win

👥 Participants — 100 only (Limited Seats)

📌 Form Closing Date — 16 March 2026

AI Agents တွေနဲ့ Coding workflow ကို ဘယ်လို 10x မြန်အောင်လုပ်နိုင်လဲ ဆိုတာ သိချင်တဲ့ Developer တွေအတွက်တကယ် အကျိုးရှိမယ့် session ဖြစ်ပါတယ်။

⚠️ Seats က အကန့်အသတ်ရှိတာကြောင့် ပြည့်သွားရင် registration ပိတ်မှာပဲဖြစ်ပါတယ်။

ဒီ workshop လေးကိုတက်ရောက်ဖို့အတွက်ဆိုရင် ဒီ post လေးကို like & share လုပ်ပြီး screenshot ကို
👉🏼 https://m.me/creativecoder.mm
messenger မှာပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

13/01/2026

AI Smart Feature တွေ အကြောင်းပြောကြမယ့် 2026 ရဲ့ ပထမ ဆုံး Workshop ဖြစ်ပါတယ်။ လူဦးရေ သတ်မှတ်ထားတာမို့ သေချာတယ်ဆိုမှ Register လုပ်ပေးကြပါနော်ခင်ဗျ။❤️✨

Web Development လေ့လာနေရုံနဲ့ မလုံလောက်တော့တဲ့ ၂၀၂၆ ❓

အခုခေတ်မှာ Website တစ်ခု ဆောက်တတ်ရုံနဲ့ Professional Developer တစ်ယောက်လို့ ပြောဖို့ ခက်လာပါပြီ။

ဘာကြောင့်လဲဆိုတော့ User တွေက သူတို့သုံးတဲ့ Application တိုင်းမှာ AI Features တွေကို အလိုအလျောက် မျှော်လင့်လာကြလို့ပါ။

ဒါပေမဲ့ Junior တော်တော်များများက AI Features တွေ ထည့်မယ်ဆိုရင် "အရမ်းခက်မယ်" လို့ ထင်ပြီး ကြောက်နေတတ်ကြပါတယ်။

တကယ်တော့ Vue.js နဲ့ Laravel ကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်ရင် AI Features တွေ ထည့်ရတာ ထင်ထားသလို မခက်ပါဘူး။

ဒါကြောင့် လာမယ့် ဇန်နဝါရီ ၁၆ ရက်နေ့ မှာ ဆရာ Zayar Win ကနေ Web Development လေ့လာသူတိုင်း သိထားသင့်တဲ့ AI Features တွေကို လက်တွေ့တည်ဆောက်ပြမယ့် Webinar တစ်ခု လုပ်ဖို့ စီစဉ်ထားပါတယ်။

ဒီ Webinar မှာ ဘာတွေ ပြောပြသွားမလဲ?

👉🏼AI Smart Moderator (Auto Detect Bad Users & Content)
👉🏼AI Auto Summary Everywhere
👉🏼AI Auto Answer Bot (StackOverflow-Style)

စာတွေ့သက်သက် မဟုတ်ပါဘူး။ Industry ထဲမှာ တကယ်အလုပ်လုပ်နေတဲ့ Workflow အတိုင်း လက်တွေ့ Code ရေးပြီး ပြသသွားမှာပါ။

အခုမှ စလေ့လာနေတဲ့သူဖြစ်ဖြစ်၊ Junior Developer ဘဝကနေ Mid/Senior Level ကို တက်လှမ်းချင်သူဖြစ်ဖြစ် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုပါ။

📅 Date: January 16, 2026 (Friday) ⏰ Time: 8:00 PM - 9:30 PM (MMT)
📍 Location: Zoom Live Session

Webinar တက်ရောက်ဖို့ ဆိုရင်

📝ဒီ Post ကို Like & Share (Public) လုပ်ပေးပါ။
📝 Share ထားတဲ့ Screenshot ကို Page Messenger သို့ ပေးပို့ပါ။
📝 Admin မှ Screenshot စစ်ဆေးပြီးနောက် Zoom Link ကို ပြန်လည်ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။

(လူဦးရေ ကန့်သတ်ထားလို့ အမြန်ဆုံး Register လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။)

03/12/2025

ဒီနေ့ည ၁၂ အတိ ကျရင် Promotion လေးမရှိတော့ပါဘူးခင်ဗျာ။ Js Fullstack Package အများကြီး လာအပ်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ တစ်နှစ်လုံး ကြိုးစားရကျိုး တကယ် နပ်ပါတယ်❤️🚀

2026 မှာ Developer ဖြစ်ဖို့ Next.js Course ကို ဒီဇင်ဘာ ၃ ရက်နေ့ နောက်ဆုံးထားပြီး အပ်နှံလိုက်ပါ။

ဒီ Nextjs Fullstack Package မှာ အောက်ပါ Course (၄) ခုလုံးကို တစ်ပါတည်း ရရှိမှာ ဖြစ်ပါတယ်။

1. JavaScript Basic to Advanced

2. JavaScript DOM (1 Project)

3. React Basic to Advanced (3 Projects)

4. Next.js 0 to Stack Overflow Clone Project

ဒီ Course တွေနဲ့အတူ Lifetime Update Access၊ ဆရာနဲ့ One-on-One Meeting တို့လို ခိုင်မာတဲ့ Support System ကိုလည်းရရှိမှာဖြစ်ပါတယ်။

စာရင်းပေးသွင်းရန်အတွက် Page Messenger 👉🏻 m.me/creativecodermm 👈🏻 ကို "NEXT" လို့ ပို့ပြီး အသေးစိတ်ကို အတည်ပြု စုံစမ်းနိုင်ပါတယ်နော်။

13/11/2025

ဒီအတန်းပြီးရင် Portfolio တစ်ခု တည်ဆောက်ပြီးသားဖြစ်သွားပါမယ်။ ❤️🫶✨

30/10/2025

50% ကျော်လျှော့စျေးပေးထားတဲ့ Developer Bundle Package လေး ရတုန်း ယူထားကြနော်ဗျို့။ 🙄 နောက်မှ ဘယ်တော့ပြန်လာမလဲ လာလာ မပူဆာကြပါနဲ့နော်။ 😒မနက်ဖြန်ည နောက်ဆုံးပါဗျ။ 🫶❤️

⏰ သီတင်းကျွတ် Bundle Promotion ကြီးအတွက် (၃) ရက်သာ လိုပါတော့တယ်!
Developer တို့ရေ... Creative Coder ရဲ့ အတန်ဆုံး Promotion က October 31 ရက်နေ့ (နောက် ၃ ရက်) မှာ ကုန်ဆုံးတော့မှာနော်။

ဒါက မူလတန်ဖိုး ၇ သိန်းကျော် တန်ဖိုးရှိတဲ့ Premium Courses တွေ (React, Vue, Laravel, MERN Stack အပါအဝင်) နဲ့ တန်ဖိုးရှိ Free Courses အားလုံးကိုမှ ၃၅၀,၀၀၀ ကျပ် တည်းနဲ့ တစ်သက်တာ (Lifetime Access) ရယူနိုင်မယ့် နောက်ဆုံးအခွင့်အရေးပါပဲ။ (သုံးသိန်းခွဲကျော်) တိတိ သက်သာသွားမှာပါ။
ဘာတွေထပ်ရဦးမလဲ?
✅ 1-on-1 Personalized Meeting (ဆရာနဲ့ တိုက်ရိုက်မေးခွင့်)
✅ 100% Refund Policy (မကြိုက်ရင် ၃ ရက်အတွင်း ငွေပြန်အမ်း)
✅ ရှင်းလင်းတဲ့ Learning Roadmap (လမ်းမပျောက်စေဖို့)
ဒီအခွင့်အရေးက ပထမဆုံး ကျောင်းသား (၁၅) ယောက် အတွက်ပဲ ရည်ရွယ်ထားတာဖြစ်ပြီး အခုဆို နေရာသိပ်မကျန်တော့ပါဘူး။ ကိုယ့်ရဲ့ Development Career အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ တွေဝေမနေဘဲ အခုပဲ Page Messenger မှာ "Thadingyut Bundle" လို့ ပို့ပြီး ကိုယ့်နေရာကို အမြန်ဆုံးဦးထားလိုက်ပါ။

Photos from Creative Coder Myanmar's post 26/10/2025

Web Development Foundation အတန်းအသစ်လေး စလက်ခံထားပါပြီခင်ဗျာ။ ❤️ ရုံးပိတ်ရက် နေ့ခင်းပိုင်းလေးဖြစ်ပါတယ်။ ပထမဆုံး ကျောင်းသား ၁၀ ယောက် အတွက် Early Bird Discount လေးလဲရှိပါတယ်ဗျ။ ✨

01/09/2025

Web Development ကိုအခမဲ့ လေ့လာချင်သူတို့အတွက်ပေးအပ်သွားမယ့် Scholarship

(သင်တန်းတက်ရောက်ရန် ငွေကြေးမတတ်နိုင်သည့် ကျောင်းသားများကိုဦးစားပေး ရွေးချယ်သွားမှာဖြစ်ပါတယ်)

ကျွန်တော်တို့ Creative Coder ရဲ့ Web Development Batch -12 အတန်းလေးက စက်တင်ဘာ (၈) ရက်နေ့ဆိုရင်စတင်တော့မှာပါ။

Creative Coder ကိုလွန်ခဲ့တဲ့ 2020 ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်းအဲ့အချိန်က Web Development ကိုလေ့လာနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ စတင်ခဲ့တဲရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ Web Development ကိုစိတ်ပါဝင်စားတဲ့ကျောင်းသားတွေအတွက် စလေ့လာစရာလမ်းစတစ်ခုရသွားနိုင်ဖို့ဆိုပြီး ဖွင့်လှစ်ခဲ့တာပါ။

အခုလိုအရာရာခက်ခဲနေတဲ့အချိန်မှာ ကိုယ်တိုင်ကအားကြိုးမာန်တက်လေ့လာချင်ပေမယ့် ငွေကြေးအခက်အခဲကြောင့် မလေ့လာလိုက်ရဘူးဆိုတာမျိုးမဖြစ်ရအောင် ဒီ Batch မှာတော့ Scholarship ပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်ကို အောက်ပါ link မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

(https://www.facebook.com/share/p/192C7ivEEV/)

ဒီ scholarship မှာပါ၀င်ချင်တယ်ဆိုရင်တော့
👉🏼 အခု post လေးကို like & share ပြုလုပ်ပေးပါ။
👉🏼 အောက်ပါ form လေးကိုဖြည့်ပြီး form ဖြည့်ပြီးတဲ့ screenshot လေးကို comment မှ မန့်ခဲ့ပေးပါ။

https://forms.gle/WjvHzRGxVof8GByQ6

တစ်ခုရှိတာက ဒီ scholarship လေးကိုအချိန်အကန့်အသတ်နဲ့ (၃) ရက်ပဲဖွင့်ပေးသွားမှာဖြစ်ပါတယ်။

‌Scholarship ရတဲ့သူတွေကိုအတန်းမစခင် ကျွန်တော်တို့ဘက်က ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။

Web Development Journey ကိုစဖို့ ရယ်ဒီပဲလားဗျို့။

Photos from Creative Coder - Learning Platform's post 20/01/2025

"𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗖𝗼𝗱𝗲𝗿 ရဲ့ 𝗮𝗹𝗹-𝗶𝗻-𝗼𝗻𝗲 𝗪𝗲𝗯 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺"
===================================

🚀 Web Development Learning Platform ဆိုတာဘာလဲ ❔

Creative Coder မှာ Web Development ကိုလေ့လာနေတဲ့ သူတွေအတွက် သင်တန်းတွေအများကြီးဖွင့်လှစ်ပေးခဲ့ပါတယ်။ အချို့ကျောင်းသားတွေအနေနဲ့ video တွေကို download မရတာ ၊ လိုင်းအခြေအနေကြောင့် လေ့လာရမလွယ်ကူတာတွေကိုလည်းကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့်လည်း လေ့လာရလည်းလွယ်ကူ download လုပ်လို့လည်းအဆင်ပြေစေမယ့် learning platform တစ်ခုကိုကျွန်တော်တို့ဘက်မှ ကြိုးစားစီစဥ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီ platform မှာဆိုရင် Web Development နဲ့ပတ်သက်တဲ့ Course တွေကိုသက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ mentor တွေကနေသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
သင်ကြားပေးထားတဲ့ video တွေကို website ပေါ်မှာပဲ အလွယ်တကူကြည့်ရှုလို့ရအောင် တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။

🚀 ဒီ learning platform မှာ ဘယ်လို feature တွေပါဝင်သွားမလဲ ❔
လေ့လာသူတိုင်း လွယ်ကူအဆင်ပြေစေဖို့အတွက် website ထဲကိုဝင်လိုက်တာနဲ့ sign up လုပ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ course တွေကိုစတင်လေ့လာနိုင်ပါပြီ။ free courses တွေလည်း ထားပေးထားမှာဖြစ်သလို premium courses တွေကိုလည်း ဝယ်ယူပြီး လေ့လာနိုင်ပါတယ်။ course တွေကိုဝယ်ယူပြီးရင်တော့ lifetime လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။ video resume feature လည်းထည့်သွင်းထားတာဖြစ်တဲ့အတွက် တကယ်လို့ကိုယ်က အကြောင်းတစ်ခုခုကြောင့် တစ်နေရာထသွားရတာဖြစ်ဖြစ် အလုပ်တစ်ခုခုထလုပ်တာဖြစ်ဖြစ် ကြောင့် video ကိုဆက်မကြည့်ဖြစ်တော့ရင် ကိုယ်ပြန်ကြည့်တဲ့အချိန်မှာအစကနေပြန်ကြည့်ရမှာမဟုတ်ဘဲ ကိုယ်ရပ်ခဲ့တဲ့နေရာကနေပဲပြန်ကြည့်လို့ရအောင်လည်းလုပ်ပေးထား
ပါတယ်။ Oauth Easy Login feature ကတော့ click တစ်ချက်နှိပ်လိုက်ရုံနဲ့(Google or Github) login ဒါမှမဟုတ် Register ကိုလွယ်ကူအဆင်ပြေအောင်ပြုလုပ်လို့ရပါတယ်။
နောက်တစ်ခုကတော့ အချိန်မအားလပ်တဲ့မိတ်ဆွေတို့အတွက်လည်း ဘယ်အချိန်မဆို ကြည့်လို့ရအောင်လုပ်ပေးထားပါတယ်။ ကျွန်တော်တို့ website ကသင်ခန်းစာတွေကို ဘယ်လို device နဲ့မဆိုလေ့လာလို့အဆင်ပြေအောင်လည်းပြုလုပ်ပေးထားပါသေးတယ်။ စာတွေအချိန်မရွေးမေးနိုင်ဖို့ live chat feature နဲ့ learning platform မှာတင်တစ်ခါတည်း ငွေလွှဲလို့ရအောင်လည်းစီစဉ်ပေးထားပါသေးတယ်။

🚀 Assignment တွေ Certificate တွေကရောဘယ်လိုစီစဥ်ပေးထားလဲ ❔
ကျွန်တော်တို့အနေနဲ့ သင်ခန်းစာ video တွေကို အတန်းအလိုက်တင်ပေးထားမှာဖြစ်ပါတယ်။
ကျောင်းသားတွေ စာနားမလည်တာတွေ အခြား discuss လုပ်ချင်တာတွေအတွက် ကျောင်းသားတစ်ဦးချင်းစီနဲ့ဆွေးနွေးလို့ရအောင် facebook မှာလည်း discussion gp ထားပေးထားတာဖြစ်တဲ့အတွက် အဲ့ဒီကနေလည်းမေးမြန်းနိုင်ပါတယ်။ ဆရာ့ acc ကိုတိုက်ရိုက်ဖြစ်စေ ၊ အခု page chat box ကနေလည်းမေးမြန်းနိုင်ပါတယ်။
Certificate အတွက်ကတော့ course တစ်ခုကိုပြီးဆုံးအောင်လေ့လာပြီးသွားတဲ့ကျောင်းသားတွေအတွက် Certificate tab ကနေတစ်ဆင့် ကိုယ့်ရဲ့ project repo ကို link ကိုဖြည့်ပေးရမှာဖြစ်ပြီး senior developers တွေကနေ သေချာစစ်ဆေး feedback ပေးပြီးမှ Certificate ကိုရရှိမှာဖြစ်ပါတယ်။
course တိုင်းရဲ့ အောက်မှာပါတဲ့ Certificate အတွက် link ပို့ပေးရမယ့်နေရာလေးရှိမှာဖြစ်ပါတယ်။ အဲ့ကနေ အချက်အလတ်တွေကိုစုံအောင်ဖြည့်ပြီးရင် တစ်ဆင့်ပြီးတစ်ဆင့်သွားပြီး senior developer တွေက check လုပ်ပြီးတာနဲ့ရရှိလာတဲ့ Certificate ကို download ရယူနိုင်မှာဖြစ်ပါတယ်။

🎉 သတင်းကောင်းလေးတစ်ခုကတော့ Webiste ကိုသွားပြီး register လုပ်တာနဲ့ Creative Coder ရဲ့ free course တွေကို lifetime လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့ Free Course တွေကတော့
📝 Git & GitHub Basic Course
📝 Git & Github Intermediate Course
📝 Python From Scratch
📝 Vuex Course
📝 PHP Framework Thinking Course
📝 Websocket 101
📝 Laravel Folio Course တွေပဲဖြစ်ပါတယ်။

Free Course တွေကလည်း အသုံး၀င်တာတွေကြီးပဲ ဖြစ်တာမလို့ အချိန်နေရာမရွေး လွယ်လွယ်ကူကူ၀င်ရောက်လေ့လာရုံပါပဲ။

ဒါ့အပြင် Free Course တွေကို သင်ခန်းစာအဆုံးအထိ ပြီးဆုံးအောင် လေ့လာပြီးရင် Certificate လည်းထုတ်ယူလို့ရမှာ ဖြစ်ပါတယ်။

Register Here 👇
Website Link >>> https://creativecodermm.com/

📝 Creative Coder ရဲ့ Learning Platform အတန်းတွေမှာ တစ်ခါအပ်ပြီးတာနဲ့ တစ်သက်လုံးတက်ရောက်လို့ရမှာဖြစ်ပါတယ်။

📝 Zoom Class နဲ့ Learning Platform အတန်းကကျောင်းသားတွေအတွက် service ကတော့ တစ်ခုခုမရတာရှိတာနဲ့ one on one meeting နဲ့ရှင်းပြပေးတာဖြစ်ပါတယ်။

📝 Creative Coder ရဲ့ ကျောင်းသားဟောင်းသီးသန့်ခေါ်တဲ့ Internship Program တွေမှာလည်း ပါ၀င်လို့ရမှာဖြစ်ပြီး ကိုယ့်ရဲ့ skill တွေကိုလက်တွေ့အသုံးချလို့ရမှာပါ။

ဒီလိုတစ်မူထူးခြားတဲ့ service တွေက ကျောင်းသားတွေလေ့လာရမှာ အဆင်ပြေစေဖို့ ပေးထားတာဖြစ်ပါတယ်။

သင့်ရဲ့ Web Development ခရီးစဉ်အစအဆုံးကို Creative Coder မှတာ၀န်ယူပေးပါရစေ 💯



29/12/2024

Creative Coder ရဲ့ Premium Services တွေဆိုတာ ဘာတွေလဲ ?

Creative Coder Myanmar ဟာ ၂၀၂၁ ခုနှစ်ကတည်းက Web Development ကို စိတ်ဝင်စားသူတိုင်း လွယ်ကူစွာ တက်ရောက်နိုင်ဖို့စီစဉ်ပေးထားတဲ့ကျောင်းလေး ဖြစ်ပါတယ်။
သင်တန်းသားတွေအတွက် အထူးအခွင့်အရေးတစ်ခုကတော့ "အခုဝယ်၊၊အခုတက်၊ တစ်သက်လုံးလေ့လာ"ပဲ ဖြစ်ပါတယ်။ အချိန်မအားလို့ သင်ခန်းစာတွေ ပျက်ကွက်မှာ စိုးရိမ်နေစရာ မလိုသလို၊ မီးပျက်တဲ့အခါမှာလည်း သင်ခန်းစာတွေ လွဲချော်မှာကို စိတ်ပူစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်ခန်းစာတွေအားလုံးကို ကြိုတင် download လုပ်ထားနိုင်ပြီး၊ အချိန်မရွေး နေရာမရွေး ပြန်လည်လေ့လာနိုင်မှာ ဖြစ်လို့ပါပဲ။
နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ နားမလည်တဲ့ အကြောင်းအရာတွေ၊ ကြုံတွေ့ရတဲ့ error တွေအတွက် Creative Coder ရဲ့ Instructor တွေက online meeting တွေနဲ့ ချက်ချင်း ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ခန်းစာတွေနဲ့ project တွေ ပြီးဆုံးတဲ့အခါ certificate တစ်ခုကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
ထူးခြားချက်တစ်ခုအနေနဲ့ Creative Coder ရဲ့ ကျောင်းသားဟောင်းတွေအတွက် သီးသန့်စီစဉ်ပေးထားတဲ့ internship program မှာလည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးက လက်တွေ့အတွေ့အကြုံတွေ ရရှိစေပြီး၊ IT industry ထဲကို ခြေလှမ်းစတင်ဖို့အတွက် အထောက်အကူ ဖြစ်စေမှာပါ။
နောက်ထပ်အားသာချက်တစ်ခုကတော့ သင်ခန်းစာတွေကို lifetime access ရရှိမှာဖြစ်ပြီး၊ နောက်ပိုင်းမှာ ထပ်မံဖြည့်စွက်လာမယ့် update တွေကိုလည်း အခမဲ့ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာလောကထဲမှာ ခြေလှမ်းစတင်ချင်သူတွေအတွက် Creative Coder Myanmar ဟာ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။
လက်ရှိမှာ သင်တန်းတွေကို စတင်လက်ခံနေပြီ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။ သင့်ရဲ့ Web Development ခရီးလမ်းကို Creative Coder Myanmar နဲ့အတူ စတင်လိုက်ပါ။ 🚀✨

26/12/2024

Portfolio Website တစ်ခုတည်ဆောက်မယ်ဆိုရင် ဘာတွေသိထားသင့်လဲ ?

ပထမဆုံးအနေနဲ့ portfolio website တစ်ခုမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အပိုင်းတွေကို သိထားဖို့လိုပါတယ်။ Home page မှာ ကိုယ့်ရဲ့ မိတ်ဆက်စကားလေးနဲ့အတူ ကိုယ်ဘာတွေလုပ်နိုင်လဲ၊ ဘယ်လို skill set တွေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်ပါတယ်။ About section မှာတော့ ကိုယ့်ရဲ့ ပညာရေးနောက်ခံ၊ အတွေ့အကြုံတွေနဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုတွေကို ထည့်သွင်းဖော်ပြနိုင်ပါတယ်။

Project showcase section ကတော့ portfolio website ရဲ့ အဓိကကျတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်လုပ်ဆောင်ခဲ့တဲ့ project တွေကို ပုံရိပ်လှလှလေးတွေနဲ့အတူ၊ project တစ်ခုချင်းစီရဲ့ ရှင်းလင်းချက်၊ အသုံးပြုခဲ့တဲ့ technology တွေ၊ GitHub link နဲ့ live demo link တွေကို ထည့်သွင်းဖော်ပြသင့်ပါတယ်။ ဒါ့အပြင် project တစ်ခုချင်းစီကနေ ဘာတွေသင်ယူခဲ့ရလဲ၊ ဘယ်လို challenge တွေကို ဖြေရှင်းခဲ့ရလဲဆိုတာတွေကိုလည်း ထည့်သွင်းဖော်ပြနိုင်ပါတယ်။

Technical skills section မှာတော့ ကိုယ်တတ်ကျွမ်းတဲ့ programming languages တွေ၊ framework တွေ၊ tool တွေကို ဖော်ပြထားသင့်ပါတယ်။ ဒီနေရာမှာ skill တစ်ခုချင်းစီရဲ့ proficiency level ကိုပါ ထည့်သွင်းဖော်ပြနိုင်ပါတယ်။ Contact section မှာတော့ ကိုယ့်ရဲ့ professional email၊ LinkedIn profile နဲ့ တခြား social media link တွေကို ထည့်သွင်းထားသင့်ပါတယ်။

Design ပိုင်းမှာလည်း အရေးကြီးတဲ့ အချက်တွေ ရှိပါတယ်။ Clean design ဖြစ်ဖို့၊ responsive ဖြစ်ဖို့၊ navigation လွယ်ကူဖို့တို့က အဓိကကျပါတယ်။ Website loading speed ကိုလည်း အထူးဂရုစိုက်သင့်ပြီး၊ image optimization တွေ၊ code optimization တွေကို သေချာလုပ်ဆောင်သင့်ပါတယ်။ Dark mode လို feature လေးတွေကိုလည်း ထည့်သွင်းနိုင်ရင် ပိုကောင်းပါတယ်။

SEO optimization ကိုလည်း မေ့လို့မရပါဘူး။ Meta tags တွေ၊ semantic HTML တွေကို သေချာသုံးပြီး search engine တွေက ကိုယ့် portfolio ကို ကောင်းကောင်း index လုပ်နိုင်အောင် စီစဉ်ထားသင့်ပါတယ်။ Analytics tool တွေကိုလည်း ထည့်သွင်းပြီး visitor တွေရဲ့ behavior ကို track လုပ်နိုင်ရင် ပိုကောင်းပါတယ်။

နောက်ဆုံးအနေနဲ့ portfolio website က ကိုယ့်ရဲ့ digital identity တစ်ခုဖြစ်တာမို့ အမြဲတမ်း update လုပ်နေဖို့ လိုအပ်ပါတယ်။ Project အသစ်တွေ၊ skill အသစ်တွေ၊ certification အသစ်တွေကို ပုံမှန် ထည့်သွင်းပေးခြင်းအားဖြင့် ကိုယ့်ရဲ့ professional growth ကို ပြသနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် website ကို regular maintenance လုပ်ခြင်းအားဖြင့် bug တွေ၊ broken link တွေ မရှိအောင် စစ်ဆေးပေးသင့်ပါတယ်။

ကောင်းမွန်တဲ့ portfolio တွေတည်ဆောက်နိုင်ကြပါစေ။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No-75, 3rd Floor, 54th Street, Botahhtaung
Yangon