17/01/2026
ရလာဒ်ကောင်းတွေ ပိုင်ဆိုင် ရရှိပါစေ သားတို့ သမီးတို့
Language
17/01/2026
ရလာဒ်ကောင်းတွေ ပိုင်ဆိုင် ရရှိပါစေ သားတို့ သမီးတို့
31/12/2025
နှစ်သစ်မှစတင်ပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ္တသုခ၊ ကာယသုခ နှစ်ဖြာသော သုခနှင့် ပြည့်စုံကြပါစေလို့ ကျောင်းသူ ကျောင်းသားများနဲ့ မိဘများအား Shwepay English Language School မှ နှစ်သစ်မှာ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။
25/11/2025
ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက် စနေ တနဂ်နွေ မနက် ၉း၃၀ - ၁၁ မှာ
A2 Level ( Flyers/ KET ; Pre-Intermediate ) အတွက် Grammar Class
သီးသန့်အတန်းကို ၆-၁၂-၂၀၂၅ မှာ စပါ့မယ်၊၊
Grammar သီးသန့်ဆိုပေမဲ့ 4 Skills အားလုံးကို A2 Level နဲ့အညီ ပါမှာ ဖြစ်ပါတယ်၊၊
စာရင်းပေးထားသူများလည်း လာရောက်အတည်ပြုလို့ ရပါပြီ၊၊
အသစ်တွေလည်း လာရောက် အပ်နှံနိုင်ပါပြီ၊၊
16/11/2025
Movers and Flyers တွေ Exam လေ့ကျင့်နေကြတာ။
KET Class မှ အငယ်ဆုံးသမီးလေး Chen Chen ရဲ့ ပထမဆုံး Project.
In the KET Class, It was Daisy (Shoon Lae Wai) who made project about A National Park.
In the KET Class, It was Harry (Aung Kaung Khant) who made project about A National Park.
In the KET Class, It was Htet Htet who made project about A National Park.
06/10/2025
ဒီနေ့မှာကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ဟာဆိုရင် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။၊ မြတ်စွာဘုရားသခင်ဟာ မယ်တော်မိနတ်သားအား ကျေးဇူးဆပ်တဲ့အနေဖြင့် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားပြီးဆုံးသောနေ့ဖြစ်တဲ့အတွက် အဘိဓမ္မာအခါတော်နေ့ဟုလည်းခါ်ကြပါသည်။
နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံနေပါတယ်။
ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့လည်းဖြစ်လို့ ဝါဆိုတော်မူကြကုန်သော ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့လည်းဖြစ်ပါတယ်။ဒါကြောင့်မို့ ဒီလိုသီတင်းကျွတ်လပြည့်နေ့မှာဆိုရင် ဗုဒ္ဓဘာသာဝင်တို့ဟာ မြတ်စွာဘုရားရှင်ကိုဆီးမီးများဖြင့် ပူဇော်ကြခြင်း၊ဗုဒ္ဓ၏တရားဒေသနာတော်များကို ရွတ်ဖတ်ပွားများကြခြင်း ဘိုးဘွားမိဘများအား ကန်တော့ခြင်းတို့ကိုပြုလုပ်လေ့ရှိကြပါတယ်။
ယခုလို ကုသိုလ်ကောင်းမှုများ ခြုံလွှမ်းနေတဲ့ သီတင်းကျွတ်လအခါသမယမှာ မိသားစုများအားလုံး ကျန်းမာပျော်ရွှင် လာဘ်လာဘတွေဝင်ကြပါစေကြောင်း Shwe Pay English language School မှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။
01/09/2025
Weekend မှာ KET တက်တဲ့ ကလေးတွေ
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |