FCS Global Logistics

FCS Global Logistics Export Import & Logistics Service Provider

25/08/2026

🔹ပို့ကုန်လုပ်ငန်းစဉ် (𝐄𝐱𝐩𝐨𝐫𝐭 𝐏𝐫𝐨𝐜𝐞𝐬𝐬)🔹

( 𝐏𝐚𝐫𝐭 - 𝟏 )

မင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့ပြည်ပနိုင်ငံကိုကုန်ပစ္စည်းတင်ပို့ရောင်းချမယ့်လုပ်ငန်းရှင်များအတွက်ပို့ကုန်ဆိုင်ရာအကြောင်းနဲ့ပတ်သတ်ပြီးလေ့လာနိုင်ရေးသားဆွေးနွေးထားပါတယ်

ကုန်သွယ်မှုဆိုတာလူနဲ့ကင်းလွတ်လို့မရနိုင်ပါဘူး။ကျနော်တို့ရဲ့နေ့စဉ်နဲ့အမျှလိုအပ်ချက်များကို ငွေကြေး ၊ ကုန်ပစ္စည်း ၊ ကာယအား ၊ ဥာဏအားဖြင့်တနည်းတဖုံ အလဲအလှယ်ပြုလုပ်ရင်းကုန်သွယ်မှုပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ နေ့စဉ်ရှင်သန်လည်ပတ်နေတဲ့လူမှုပတ်ဝန်းကျင်တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကုန်သွယ်မှုလုပ်ငန်းဟာလည်းအဆက်မပျက်အစဉ်ဆက်တိုးတက်ပြောင်းလဲနေတာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမှာ ပို့ကုန်နဲ့သွင်းကုန်ဆိုပြီးကဏ္ဍနှစ်ခုဆိုပြီးရှိပါတယ်။ ပို့ကုန်များများတင်ပို့နိုင်တဲ့ထုတ်လုပ်မှုစွမ်းအားမြင့်မားတဲ့နိုင်ငံတွေဟာတိုင်းပြည်အတွက်ပြည်ပငွေကြေးရှာဖွေနိုင်သူများဖြစ်သည့်အတွက် ပို့ကုန်လုပ်ငန်းများများလုပ်ကိုင်နိုင်ရန် နိုင်ငံအသီးသီးမှကုန်သည်များအတွက် လွယ်ကူအဆင်ပြေသောနည်းလမ်းမူဝါဒများကိုအစဉ်အမြဲချမှတ်ပေးလျက်ရှိပါတယ်။ပို့ကုန်များလေ နိုင်ငံခြားဝင်ငွေရရှိလေပါ။ တင်ပို့တဲ့ကုန်ပစ္စည်းတွေမှာ ကုန်ကြမ်းဆိုတာထက်ကုန်ချောအရည်အသွေးမြင့်မားတဲ့ကုန်ပစ္စည်းတွေကိုတင်ပို့နိုင်ဖို့အတွက် ပိုမိုလိုအပ်ပါတယ်။

ပို့ကုန် (Export) လုပ်ငန်းက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအတွက် အလွန်အရေးကြီးတဲ့ အခြေခံထောက်တိုင်တစ်ခု လို့ပြောလို့ရပါတယ်။ အထူးသဖြင့် ကျနော်တို့နိုင်ငံလို သဘာဝအရင်းအမြစ်နဲ့ လုပ်သားအင်အားရှိတဲ့နိုင်ငံမှာ Export က ပိုပြီးအရေးကြီးပါတယ်။

မိမိရဲ့ထုတ်ကုန်ကို နိုင်ငံတကာကိုတင်ပို့ဖို့အတွက်ဘယ်လိုလုပ်ငန်းစဉ်အဆင့်ဆင့်တွေ လိုအပ်မလဲဆိုတဲ့အခြေခံလိုအပ်ချက်သဘောတရားဖြင့် မျှဝေပေးချင်ပါတယ်။

1️⃣မိမိရဲ့ထုတ်ကုန်ကို တစ်ဖက်ဝယ်ယူမည့် 𝐛𝐮𝐲𝐞𝐫 𝐨𝐫 𝐦𝐚𝐫𝐤𝐞𝐭 အဓိကရှာဖွေရခြင်း ၊

2️⃣ငွေပေးချေမှုစနစ် ဘဏ်လုပ်ငန်းစဉ်များနှင့်ကုန်စည်ရောင်းဝယ်ခြင်းစာချုပ်ချုပ်ဆိုခြင်း ၊

3️⃣ကုန်ပစ္စည်းတင်ပို့မှုအတွက် ကုန်တင်ယာဉ်စီစဉ်ခြင်း ၊

4️⃣ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများရှင်းလင်းပြုစုခြင်း ၊အစရှိသည့်လုပ်ငန်းစဉ်များလိုအပ်ပါသည်။

1️⃣မိမိရဲ့ထုတ်ကုန်ကို တစ်ဖက်ဝယ်ယူမည့် 𝐛𝐮𝐲𝐞𝐫 𝐨𝐫 𝐦𝐚𝐫𝐤𝐞𝐭 အဓိကရှာဖွေရခြင်း ၊

ပြည်ပသို့ကုန်စည်ပေးပို့တဲ့နေရာမှာ တစ်ဖက်နိုင်ငံမှကုန်ဝယ်သူ 𝐁𝐮𝐲𝐞𝐫ကိုအဓိကရှာဖွေချိတ်ဆက်နိုင်ဖို့လိုအပ်ပါတယ်။

မိမိကိုယ်ပိုင် 𝐖𝐞𝐛𝐬𝐢𝐭𝐞များ ၊ 𝐂𝟐𝐂 , 𝐂𝟐𝐁 ရောင်းချခြင်း ၊ 𝐀𝐥𝐢𝐛𝐚𝐛𝐚 , 𝐄𝐛𝐚𝐲 , 𝐀𝐦𝐚𝐳𝐨𝐧 , 𝐬𝐡𝐨𝐩.𝐜𝐨𝐦 တို့ကဲ့သို့ 𝐨𝐧𝐥𝐢𝐧𝐞 𝐦𝐚𝐫𝐤𝐞𝐭 ၊ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 တို့မှတစ်ဆင့် နည်းလမ်းများစွာ ရှာဖွေခြင်းဖြင့် 𝐦𝐚𝐫𝐤𝐞𝐭များများရရှိရန်ကြိုးပမ်းရပါသည်။

ကုန်ပစ္စည်းအရည်အသွေး စံနှုန်း နှင့် သတ်မှတ်ထားသော ထောက်ခံချက်စာရွက်စာတမ်း 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 များလိုအပ်သလို နမူနာပေးပို့သည့် 𝐬𝐩𝐞𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 နှင့် ရောင်းချသော 𝐬𝐩𝐞𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 ကိုက်ညီမှုရှိအောင်တာဝန်ယူဆောင်ရွက်ခြင်း ၊ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 များဖြင့် စျေးကွက်ကိုအပြိုင်အဆိုင်ကမ်းနည်းများစွာနဲ့ရယူရှာဖွေရသည်။

𝐒𝐚𝐦𝐩𝐥𝐞ပေးပို့တဲ့အရည်အသွေးနဲ့အမှန်တကယ်ကုန်ပစ္စည်းတင်ပို့သည့်အရည်အသွေးမတူညီခြင်း ၊ မပြည့်မီခြင်းများရှိခဲ့ပါက ကုန်တင်ပို့သူ 𝐒𝐞𝐥𝐥𝐞𝐫 ၏တာဝန်ဖြစ်သည့်အတွက် တစ်ဖက်ကုန်ဝယ်ယူသူ 𝐁𝐮𝐲𝐞𝐫မှငြင်းပယ်ပိုင်ခွင့်ရှိပါတယ်။ ဒီ့အတွက်ကြောင့်ကုန်ပစ္စည်းတင်ပို့ရောင်းချမယ့်မိတ်ဆွေတွေအတွက် မိမိနိုင်ငံနှင့်ပြည်ပနိုင်ငံတို့၏ 𝐋𝐚𝐰𝐬 𝐨𝐟 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 ကိုသိရှိနားလည်ထညးနိုင်ဖို့လိုအပ်ပါတယ်။

2️⃣ငွေပေးချေမှုစနစ် ဘဏ်လုပ်ငန်းစဉ်များနှင့်ကုန်စည်ရောင်းဝယ်ခြင်းစာချုပ်ချုပ်ဆိုခြင်း ၊

ငွေပေးချေမှုစနစ် 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐭𝐞𝐫𝐦𝐬 & 𝐒𝐚𝐥𝐞 𝐜𝐨𝐧𝐭𝐫𝐚𝐜𝐭𝐢𝐧𝐠 𝐦𝐞𝐭𝐡𝐨𝐝𝐬 များတွင် တစ်နိူင်ငံနှင့်တစ်နိူင်ငံ ၊ 𝐂𝐨𝐦𝐩𝐚𝐧𝐲 တစ်ခုချင်းစီအတွက်မတူကွဲပြားသော ပုံစံများစွာဖြင့် ရောင်းဝယ်မှုငွေပေးချေခြင်းများပြုလုပ်ကြပါသည်။

ကုန်ပစ္စည်းမတင်ပို့မီ အရောင်းအဝယ်စာချုပ်အပေါ်တွင်ကုန်စည်ရောင်းချသူနှင့်ဝယ်ယူသူအကြား ရှင်းလင်းပြတ်သားသောသဘောတူညီချက်ကို စာချုပ်ချုပ်ဆိုရန်လိုအပ်ပါတယ်။

ငွေပေးချေမှုပုံစံများအရ 𝐋𝐞𝐭𝐭𝐞𝐫 𝐎𝐟 𝐂𝐫𝐞𝐝𝐢𝐭 (𝐋/𝐂) နှင့် 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐩𝐡𝐢𝐜 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 ( 𝐓/𝐓 ) မည့်သည့်ပုံစံငွေပေးချေခြင်းဆိုသည့်အချက်အလက်ကိုပါ ထည့်သွင်းစဉ်းစားထားရန်လိုအပ်ပါသည်။ 𝐋/𝐂 ဆိုသည်မှာ ကုန်ရောင်းချသူ ၏ 𝐀𝐃 𝐁𝐚𝐧𝐤 နှင့် ကုန်ဝယ်ယူသူ 𝐈𝐬𝐬𝐮𝐢𝐧𝐠 𝐁𝐚𝐧𝐤 တို့မှကြားခံပြီး ငွေပေးချေမှုနှင့်ကုန်စည်လက်ခံခြင်းများအားထုတ်ချုပ်ကိုင်တွယ်မှဖြစ်ပြီး ( 𝐓/𝐓 ) အနေဖြင့်ဆောင်ရွက်ခဲ့သည်ရှိသော် 𝐏𝐚𝐲𝐦𝐞𝐧𝐭 နှင့် 𝐂𝐚𝐫𝐠𝐨 𝐑𝐞𝐜𝐞𝐢𝐯𝐞𝐝 ကိုရောင်းသူနှင့်ဝယ်သူမှသာထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ရောင်းသူနှင့်ဝယ်သူအကြားယုံကြည်မှုခိုင်မာမှသာ 𝐓/𝐓 𝐌𝐞𝐭𝐡𝐨𝐝 ကိုအသုံးပြုကြခြင်းဖြစ်ပါတယ်။

3️⃣ကုန်ပစ္စည်းတင်ပို့မှုအတွက် ကုန်တင်ယာဉ်စီစဉ်ရခြင်း၊
ကုန်ပစ္စည်းသယ်ယူပို့ဆောင်နိုင်ရန်အတွက် 𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 𝐒𝐞𝐜𝐭𝐨𝐫တွင် 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 𝐓𝐲𝐩𝐞𝐬 ( ၆ ) မျိုးရှိပါတယ်။

၁။ 𝐀𝐢𝐫 𝐂𝐚𝐫𝐠𝐨 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(လေကြောင်းသယ်ယူပို့ဆောင်ခြင်း)

၂။ 𝐒𝐞𝐚 𝐂𝐚𝐫𝐠𝐨 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ရေကြောင်းသယ်ယူပို့ဆောင်ခြင်း)

၃။ 𝐓𝐫𝐮𝐜𝐤 𝐂𝐚𝐫𝐠𝐨 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ကုန်တင်ကားသယ်ယူပို့ဆောင်ခြင်း)

၄။ 𝐓𝐫𝐚𝐢𝐧 𝐂𝐚𝐫𝐠𝐨 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ကုန်တင်ရထားသယ်ယူပို့ဆောင်ခြင်း)

၅။ 𝐏𝐢𝐩𝐞𝐥𝐢𝐧𝐞 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ပိုက်လိုင်းသယ်ယူပို့ဆောင်ခြင်း)

၆။ 𝐌𝐮𝐥𝐭𝐢𝐦𝐨𝐝𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ဘက်စုံသုံးယဉ်သယ်ယူပို့ဆောင်ခြင်း)တို့ဖြစ်ပါတယ်။

(နောက်ရက်တွေမှာဆက်လက်ဖော်ပြပေးသွားပါမယ်ခင်ဗျ)

✅ သင်တန်းတက်ရောက်လိုသူများအတွက် -

Export Import Business Development ( EIBD ) Class

🆕 သင်တန်းအပတ်စဉ် - 4️⃣0️⃣

📅 Date - (5.9.2026-6.9.2026-12.9.2026)
(Saturday-Sunday & Saturday )
⏰ အချိန် – 10:00 AM – 4:00 PM
🏫 Class Type – On Campus
💰 သင်တန်းကြေး – 500,000 MMK
( Quick Enroll Now to 31.8.26 ) 50,000 MMK Free

Thu Ra Kyaw ( FCS )



#𝐋𝐞𝐭𝐬𝐆𝐫𝐨𝐰𝐓𝐨𝐠𝐞𝐚𝐭𝐡𝐞𝐫

24/08/2026

📢 ဝန်ထမ်းခေါ်ယူခြင်း (We Are Hiring)

လုပ်ငန်းတိုးချဲ့မှုများအတွက် အောက်ပါရာထူးများတွင် တာဝန်ထမ်းဆောင်ရန် အရည်အချင်းပြည့်မီသော ဝန်ထမ်းများ ခေါ်ယူနေပါသည်။

1️⃣ Document Supervisor (Female)

အဓိကတာဝန်များနှင့် လိုအပ်ချက်များ

• DICA လုပ်ငန်းစဉ်များကို နားလည်ကျွမ်းကျင်သူ ဖြစ်ရမည်
• TradeNet 2.0 ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်
• Customs Clearance လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လက်တွေ့အတွေ့အကြုံရှိရမည်
• Export / Import Documents များကို စနစ်တကျ ကိုင်တွယ်နိုင်ရမည်
• Export / Import နှင့် သက်ဆိုင်သော Documentation Process များကို နားလည်ကျွမ်းကျင်ရမည်
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေးမည်
• Team နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်

2️⃣ Digital Marketing

လိုအပ်ချက်များ

• page / Social Media Marketing အတွေ့အကြုံရှိသူ
• Content Creation နှင့် Content Planning ပြုလုပ်နိုင်သူ
• Facebook Ads / Online Advertising အခြေခံနားလည်သူ
• Digital Marketing Campaign များကို စီမံဆောင်ရွက်နိုင်သူ
• Canva နှင့် အခြေခံ Design Tool များ အသုံးပြုနိုင်ပါက ပိုမိုကောင်းမွန်ပါသည်
• သက်ဆိုင်ရာအတွေ့အကြုံရှိသူများကို ဦးစားပေးမည်

3️⃣ Driver

လိုအပ်ချက်များ

• ယာဉ်မောင်းလိုင်စင် အကျုံးဝင်ရှိရမည်
• ရန်ကုန်မြို့တွင်း လမ်းကြောင်းများကို ကျွမ်းကျင်စွာ သိရှိသူ ဖြစ်ရမည်
• ယာဉ်မောင်းအတွေ့အကြုံရှိရမည်
• ယာဉ်နှင့်ပတ်သက်၍ အခြေခံထိန်းသိမ်းစောင့်ရှောက်မှု နားလည်သူ ဖြစ်ရမည်
• ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသူ ဖြစ်ရမည်
• အချိန်တိကျပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်
• ရိုးသားပြီး ယုံကြည်စိတ်ချရသူ ဖြစ်ရမည်

2️⃣ Office Admin Staff

လိုအပ်ချက်များ

•ရုံးအလုပ်များအားတက်ကြွဖျက်လက်စွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
•သင်ကြားလိုယူစိတ်ဖြင့်နာခံနိုင်ရပါမည်။
•အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။

‎Positionများအားလုံးအတွက်..
- ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

‎📌 ဘယ်လိုလျှောက်ထားရမလဲ?
‎မိမိတို့ရဲ့ အတွေ့အကြုံ၊ အရည်အချင်းတွေကို အသုံးချပြီး FCS Group of Companies နဲ့အတူ တိုးတက်မှုတွေ ဖန်တီးချင်တယ်ဆိုရင်တော့ အောက်ပါ ဆက်သွယ်ရန်လိပ်စာများမှတစ်ဆင့် CV Form ပေးပို့ပြီး ယခုပဲ လျှောက်ထားနိုင်ပါပြီ။
‎
‎📞 Call /Viber: 09785575919
‎
‎📧 Email: [email protected]
‎📧 [email protected]

အရည်အချင်းနှင့် အတွေ့အကြုံကို အခြေခံ၍ သင့်တော်သော Candidate များကို ရွေးချယ်ခန့်အပ်သွားမည် ဖြစ်ပါသည်။

14/08/2026

Future Begins Here

FYI
13/08/2026

FYI

FCS Group နဲ့အတူလက်တွဲနိုင်ဖို့ အခွင့်အလမ်းများ 😍✅ Digital Marketing (2 posts)- ကုမ္ပဏီ၏ ရည်မှန်းချက်များနှင့် ကိုက်ညီသေ...
10/08/2026

FCS Group နဲ့အတူလက်တွဲနိုင်ဖို့ အခွင့်အလမ်းများ 😍

✅ Digital Marketing (2 posts)

- ကုမ္ပဏီ၏ ရည်မှန်းချက်များနှင့် ကိုက်ညီသော Digital Marketing Strategy များ၊ Plan များကို ရေးဆွဲအကောင်အထည်ဖော်နိုင်ရမည်။

- ကုမ္ပဏီ၏ Social Media စာမျက်နှာများကို နေ့စဉ် ကြီးကြပ်စီမံနိုင်ရမည်။

- Audience တွေကို ဆွဲဆောင်နိုင်မည့် Copywriting, Sale, Script များရေးသားနိုင်ရမည်။

- Graphic Designer / Video Editor များနှင့် ချိတ်ဆက်၍ Visual/Video Content များ ဖန်တီးနိုင်ရမည်။

- Ads Campaign ပြုလုပ်ခြင်းနှင့် လုပ်ငန်းသုံး Digital Tools များ၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စွာ သဘောပေါက် နားလည်ရမည်။

- Website အတွက် SEO နှင့် SEM လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရမည်။

- Marketing Campaign များ၏ ရလဒ် (Reach, Engagement, Conversion, ROI) များကို Google Analytics, Facebook Insights စသည့် Tool များအသုံးပြု၍ တိုင်းတာခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် လစဉ် Report များ တင်ပြခြင်း။

- လက်ရှိ Market Trend များ၊ Customer Behaviour နှင့် Competitor Analysis အမြဲမပြတ် လေ့လာစောင့်ကြည့်နိုင်ရမည်။

✅ Photoshop Editor (2posts)

- Photoshop ကိုအသုံးပြု၍ Documentsများ ပြင်ဆင်နိုင်ရမည်။

- Photoshop Software အတွင်းရှိ Tools များ၏ လုပ်ဆောင်ချက်များကို သေချာစွာ ကျွမ်းကျင်နားလည်ရမည်။

- Documents များ သိမ်းဆည်းရာတွင် အသုံးပြုသည့် Formats များနှင့် File အမျိုးအစားများအကြောင်းကို သေချာစွာ ကျွမ်းကျင်နားလည်ရမည်။

- အချက်အလက်များ တိကျမှန်ကန်အောင် စေ့စပ်သေချာရမည်ဖြစ်ပြီး File များကို PDF သို့မဟုတ် high-quality Formatများဖြင့် စနစ်တကျ သိမ်းဆည်းနိုင်ရမည်။

✅ Content Writer (2 posts)

- Content များကို ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိရမည်။
Audience ဆွဲဆောင်နိုင်မည့် ပို့စ်များ၊ Creative Contentsနှင့် Scripts စာသားများကို စနစ်တကျ ရေးသားနိုင်ရမည်။

- သဒ္ဒါ၊ စာလုံးပေါင်းသတ်ပုံနှင့် ဝါကျတည်ဆောက်ပုံများကို မှန်ကန်တိကျစွာ ရေးသားနိုင်ရမည်။

- ရေးသားမည့်အကြောင်းအရာများနှင့် ပတ်သက်၍ အချက်အလက်များကို သေချာမှန်ကန်စွာ Research နိုင်ရမည်။

- လက်ရှိ ခေတ်စားနေသော အကြောင်းအရာများကို မျက်ခြေမပြတ်ရမည်။

✅ Customer Service ( 2 Posts )

- သန့်ရှင်းသပ်ရပ်ပြီး ဆွဲဆောင်မှုရှိရမည်။
- Activeဖြစ်စွာဖြင့်ဝန်ဆောင်မှုပေးနိုင်ရမည်။
- Social Media Platformsများဖြစ်သော TikTok နှင့် Facebook ဗီဒီယိုများတွင် အဓိက Talent အဖြစ် ပါဝင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ပြီး Content မော်ဒယ်အဖြစ် လုပ်ဆောင်နိုင်ရမည်။
- Teamwork ရှိရှိ အဖွဲ့လိုက်အတူတကွ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
- လုပ်ငန်းခွင်အတွင်း ပုံမှန်ပြောဆို ဆက်သွယ်ခြင်းနှင့် စာအပြန်အလှန် ရေးသားခြင်းများကို အင်္ဂလိပ်လို ကောင်းမွန်စွာ နားလည်အသုံးပြုနိုင်ရမည်။
- Customersများ နှင့် ဆက်သွယ်ရာတွင် အချက်အလက်များ မှားယွင်းမှုမရှိစေရန် စေ့စပ်သေချာရမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ဆောင်နိုင်ရမည်။

‎Positionများအားလုံးအတွက်
- ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

‎📌 ဘယ်လိုလျှောက်ထားရမလဲ?
‎မိမိတို့ရဲ့ အတွေ့အကြုံ၊ အရည်အချင်းတွေကို အသုံးချပြီး FCS Group of Companies နဲ့အတူ တိုးတက်မှုတွေ ဖန်တီးချင်တယ်ဆိုရင်တော့ အောက်ပါ ဆက်သွယ်ရန်လိပ်စာများမှတစ်ဆင့် CV Form ပေးပို့ပြီး ယခုပဲ လျှောက်ထားနိုင်ပါပြီ။
‎
‎📞 Call /Viber: 09785575919
‎
‎📧 Email: [email protected]
‎📧 [email protected]

05/08/2026

⚓Export Import နဲ့ Logistics Industry ထဲကို အခုမှ စတင်ဝင်ရောက်လာသူတော်တော်များများ ကြုံတွေ့ရတဲ့ အခက်အခဲက "အလုပ်ကို သိချင်ပေမယ့် ဘယ်ကစရမလဲ မသိတာ" ပါပဲ...😓

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း Export Import Business ကို စတင်ချင်ပေမယ့် Documentation၊ Customs Clearance၊ Shipping Process နဲ့ Import/Export Procedures တွေကို နားမလည်သေးရင် အချိန်ကုန်၊ ငွေကုန်ပြီး အမှားတွေ ဖြစ်နိုင်ပါတယ်...🤔

👷အလုပ်ဝင်ခါစဝန်ထမ်းတစ်ယောက်အနေနဲ့လည်း ဘာစလုပ်ရမှန်းမသိတဲ့အခြေအနေက လုပ်ငန်းခွင်မှာ ယုံကြည်မှုကို လျော့ကျစေနိုင်ပါတယ်။ဒါကြောင့် အလုပ်မစခင်နဲ့ လုပ်ငန်းမစခင်မှာ စနစ်တကျ လေ့လာထားဖို့ လိုပါတယ်

👉"FCS Logistics Academy" ရဲ့ EIBD သင်တန်းမှာ Export Import လုပ်ငန်းရဲ့ အခြေခံမှစပြီး လက်တွေ့လုပ်ငန်းခွင်မှာ တကယ်အသုံးပြုရမယ့် Process၊ Documentation၊ Customs Clearance၊ Shipping နဲ့ Logistics Workflow တွေကို နားလည်လွယ်ကူအောင် စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📚 သင်ကြားပေးမည့် Course Outline

🌟 Export Import Processes & Procedures
🌟 Shipping Documents Handling
🌟 Fundamental of Warehouse Operation
🌟 Role of Warehousing in Export Import Cycle
🌟 Concept of Warehouse & Logistics in
Supply Chain
🌟 Exportation & Importation Guideline
🌟 Customs Duties & Taxes Calculation
🌟 Customs Tariff (HS Code)
🌟 Customs Rules & Regulations
🌟 7R in Logistics Service Provider
🌟 Port Operation
🌟 *Port Visit (စာတွေ့ + လက်တွေ့)*

👨‍🏫 သင်ကြားပို့ချပေးသွားမည့် Instructor များ

✅ U THU RA KYAW(Founder of FCS Global Logistics)

✅ U HTWE KYI(Founder of Warehouse Operation And Management)

အတွေ့အကြုံများစွာရှိတဲ့ Industry Professionals တွေရဲ့ လက်တွေ့အတွေ့အကြုံနဲ့ သင်ကြားပေးမှာဖြစ်လို့ သင်တန်းပြီးဆုံးတဲ့အခါ အလုပ်ခွင်မှာ ယုံကြည်မှုရှိရှိ အသုံးချနိုင်မယ့် Knowledge နဲ့ Skills တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

📅 *သင်တန်းကာလ*
*5.9.2026, 6.9.2026 & 12.9.2026*
(Saturday, Sunday & Saturday)

⏰ အချိန် – "10:00 AM – 4:00 PM"

🏫 Class Type – "On Campus"

💰 သင်တန်းကြေး** – "500,000 MMK"

🚀 "မသိလို့ မလုပ်တတ်" ဆိုတဲ့ အခြေအနေကနေ "နားလည်ပြီး ယုံကြည်မှုရှိရှိ လုပ်ကိုင်နိုင်တဲ့သူ" ဖြစ်လာဖို့အတွက်..."EIBD Batch - 40" က သင့်ရဲ့ Export Import & Logistics Career အတွက် အကောင်းဆုံး အစဖြစ်လာမှာပါ။..✨

📞 **Contact Us**
09 698 229 022, 09 698 228 022

📍 **Address**
အမှတ် (၈)၊ ပန်းခြံတာဝါ၊ ဓမ္မစေတီလမ်းနှင့်ဗားကရာလမ်း‌ေထာင့်၊ မြေနီကုန်း၊ ရန်ကုန်။

🚨 Export Import Business ကို စနစ်တကျ လေ့လာပြီး Logistics Industry ထဲမှာ Career တစ်ခု တည်ဆောက်ချင်သူတိုင်း လုံးဝလက်မလွှတ်...
20/07/2026

🚨 Export Import Business ကို စနစ်တကျ လေ့လာပြီး Logistics Industry ထဲမှာ Career တစ်ခု တည်ဆောက်ချင်သူတိုင်း လုံးဝလက်မလွှတ်သင့်တဲ့ သင်တန်း…!! 📦🚢

💢 FCS Logistics Academy မှ ဖွင့်လှစ်မည့် Export Import Business Development (EIBD) Batch - 40 သင်တန်းတွင် Export Import လုပ်ငန်း၏ အခြေခံမှစပြီး လက်တွေ့လုပ်ငန်းခွင်အထိ လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာနိုင်မှာဖြစ်ပါတယ်ရှင်..

၂၀၁၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့တဲ့ FCS Logistics Academy ဟာ Export Import & Logistics ပညာရပ်များကို စာတွေ့၊ လက်တွေ့ပေါင်းစပ်သင်ကြားပေးလျက်ရှိပြီး ယနေ့အချိန်အထိ သင်တန်းသား ၅,၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ Academy တစ်ခုဖြစ်ပါတယ်။ 🙏

⚓ ဒီသင်တန်းက ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

✅ Export Import Business စတင်လုပ်ကိုင်လိုသူများ
✅ Trading Company တည်ထောင်လိုသူများ
✅ Logistics & Supply Chain Industry တွင် Career တိုးတက်လိုသူများ
✅ Warehouse Operation ကို လက်တွေ့နားလည်လိုသူများ
✅ လုပ်ငန်းအတွေ့အကြုံကို Professional Level အထိ မြှင့်တင်လိုသူများ
✅အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းကိုလုပ်ကိုင်လိုသော ကိုယ်စားလှယ်များ
✅ပို့ကုန်/သွင်းကုန် Export Import ကုမ္ပဏီတွင်လုပ်ကိုင်နေကြသောသူများ
✅Logistics ကုမ္ပဏီတွင်လုပ်ကိုင်နေကြသောသူများ
✅နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးသိရှိလိုသူများ

📚 ဒီသင်တန်းမှာ ဘာတွေကိုလေ့လာရမှာလဲ? (Course Outline)

🌟 Trading Company Setup Procedures (DICA, MOC, Tradenet, Bank Policy)
🌟 Export Import Processes & Procedures
🌟 Shipping Documents Handling
🌟 Fundamental of Warehouse Operation
🌟 Role of Warehousing in Export Import Cycle
🌟 Concept of Warehouse & Logistics in Supply Chain
🌟 Exportation & Importation Guideline
🌟 Customs Duties & Taxes Calculation
🌟 Customs Tariff (HS Code)
🌟 Customs Rules & Regulations
🌟 7R in Logistics Service Provider
🌟 Port Operation
🌟 Port Visit (စာတွေ့ + လက်တွေ့)

⚓ အထူးအစီအစဉ်

သီအိုရီသင်ခန်းစာများသာမက Port Visit အစီအစဉ်ပါ ပါဝင်တာကြောင့် ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ကိုယ်တိုင်သွားရောက်လေ့လာပြီး လက်တွေ့အတွေ့အကြုံ ရရှိနိုင်မှာဖြစ်ပါတယ်။

📍 Batch - 40

📅 သင်တန်းကာလ- ၃ရက် (5.9.2026-6.9.2026-12.9.2026) (Saturday-Sunday & Saturday )
⏰ အချိန် – 10:00 AM – 4:00 PM
🏫 Class Type – On Campus
💰 သင်တန်းကြေး – 500,000 MMK

🎉 အထူး Promotion

💥 အစောဆုံးအပ်နှံသူနှင့် သင်တန်းသားဟောင်းများအတွက် 20% Discount ရယူပြီး သင်တန်းအပ်နှံနိုင်မယ့် အခွင့်အရေးလည်း ရှိလို့ အမြန်ဆုံး Register လေး လာလုပ်လိုက်တော့နော်

🚢 Export Import Industry ထဲကို ယုံကြည်မှုရှိရှိ ဝင်ရောက်ချင်သူ၊ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်သူနဲ့ Career ကို နောက်တစ်ဆင့် မြှင့်တင်ချင်သူတိုင်းအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်တာကြောင့် လူဦးရေမပြည့်မီ အမြန်ဆုံး အပ်နှံလိုက်ပါ။

📞 အသေးစိတ်စုံစမ်းရန်

Viber or Phone📱 09 698 229 022 / 09 698 228 022








⏰ Ready for Tomorrow?မနက်ဖြန်ကျင်းပမယ့် CSR Program – Legal Trade & Export Import Business Solutions Program (Free Webin...
18/07/2026

⏰ Ready for Tomorrow?

မနက်ဖြန်ကျင်းပမယ့် CSR Program – Legal Trade & Export Import Business Solutions Program (Free Webinar) ကို တက်ရောက်မယ့် မိတ်ဆွေများအားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။

✅ မိမိရဲ့ လုပ်ငန်းဆိုင်ရာ မေးခွန်းများကိုလည်း တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ပါတယ်။

📌 Zoom ကို အချိန်မီ Join ပေးပါ။
📌 ဆွေးနွေးမှုအတွင်း Camera ဖွင့်ထားပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။
📌 လုပ်ငန်းအခက်အခဲများ၊ မေးခွန်းများကို တိုက်ရိုက် ဆွေးနွေးနိုင်မယ့် အစီအစဉ်ဖြစ်တာကြောင့် အဆင်သင့်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့။

မနက်ဖြန်မှာ တွေ့ဆုံကြပါစို့။ 🤝

📅 19 July 2026
⏰ 9:30 AM – 2:30 PM
💻 Zoom Live

14/07/2026

FCS Logistics Academy မှ ပထမဦးဆုံးအကြိမ်အဖြစ် စီစဉ်ပေးတဲ့ "Legal Trade & Export Import Business Solutions Program" CSR Free Webinar မှာ လုပ်ငန်းအခက်အခဲတွေကို အတူတူ ဆွေးနွေးအဖြေရှာကြရအောင်...

FCS GROUP ကနေပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ သင်တန်းသားဟောင်းတွေရဲ့ လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေဖို့ CSR Program အဖြစ် ဒီ Free Webinar လေးကို စီစဥ်ရခြင်းဖြစ်ပါတယ်။

🔹ဒီပွဲမှာ ဘာတွေဆွေးနွေးသွားမလဲ?🔹

📊 Legal Trade Procedures
တရားဝင် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများ ချိတ်ဆက်ဆောင်ရွက်ခြင်း
🚚 Smooth, Smart, Solutions Logistics

နယ်စပ်၊ ရေကြောင်း၊ လေကြောင်း ကုန်သွယ်မှု လွယ်ကူချောမွေ့ရေး
📑 Trade Policies & Rules Regulation

ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်း၊ လိုင်စင်၊ ပါမစ် စိစစ်ရေးဆွဲခြင်း
💡 Legal Trade's Solutions

ပို့ကုန်/သွင်းကုန် အခက်အခဲများအတွက် ဖြေရှင်းချက်များ
🤝 Business Sustainable Development & Joint Venture Partnership

လုပ်ငန်းများစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးနှင့်မိတ်ဖက်လုပ်ငန်းချိတ်ဆက်မှု စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကိုအသေးစိတ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

🌟 Guest Speaker အဖြစ် Thu Ra Kyaw (FCS Founder & CEO) FCS Group Of Companies , FCS Global Logistics, FCS Japanese Language Center, FCS UAE Education Servicesမှ တိုက်ရိုက် Live Zoom Webinar မှာ မျှဝေပေးသွားမှာပါ။

အထူးအခွင့်အရေးရရှိနိုင်ဖို့ Business Solutions Program (Online) ကို Join ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်...

🚀 တက်ရောက်လိုတဲ့မိတ်ဆွေများအနေနဲ့ ဒီ Link လေးနှိပ်ပြီး စာရင်းပေးသွင်းလိုက်ပါ
Register Here - https://forms.gle/L7XQxAHzNQaDrnW87

📅 19 July 2026
⏰ 9:30 AM - 2:30 PM
💻 Zoom Class (Live)

📞 ဖုန်းနံပါတ်များ

09 69822 7022
09 69822 8022
09 69822 9022
09 965 250 401
09 880 896 159

&ExportImport

ထိုင်းကနေ ပစ္စည်းတင်သွင်းချင်တဲ့ ကုန်သည်များအတွက် သတင်းကောင်းလေး                                                        ...
10/07/2026

ထိုင်းကနေ ပစ္စည်းတင်သွင်းချင်တဲ့ ကုန်သည်များအတွက် သတင်းကောင်းလေး

ကျွန်မတို့ FCS Global Logistics နှင့်အတူ
🇹🇭 ရနောင်းမှ 🇲🇲 ရန်ကုန်သို့ လိုင်စင်အပြီးအစီးဖြင့် လူသုံးကုန်ပစ္စည်းများ ယုံကြည်စိတ်ချစွာ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ရှင်! 🚚🚢

ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ရနောင်းကနေ ရန်ကုန်ကို ကုန်ပစ္စည်းတွေ သယ်ယူချင်ပေမယ့် စာရွက်စာတမ်းနဲ့ လိုင်စင်အခက်အခဲတွေကြောင့် ကြန့်ကြာနေပါသလား?

FCS Global Logistics မှ လူကြီးမင်းတို့၏ အခက်အခဲများကို ဖြေရှင်းပေးရန် ရနောင်း ⇌ ရန်ကုန် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေပါပြီ။

✨ FCS ဝန်ဆောင်မှု အားသာချက်များ

သွင်းကုန်လိုင်စင်နဲ့ များပြားလှတဲ့ အကောက်ခွန် စာရွက်စာတမ်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကိစ္စအဝဝကို FCS မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရှင်

ကန့်သတ်ကုန်များမှလွဲ၍ တရားဝင်ခွင့်ပြုထားသော လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာ သယ်ယူပေးနေပါသည်။

ယုံကြည်စိတ်ချစွာဖြင့် လူကြီးမင်းတို့၏ကုန်များကို ရန်ကုန်အရောက် လုံခြုံစွာ ပို့ဆောင်ပေးသွားမှာပါ။

အချိန်ကုန်သက်သာပြီး စိတ်အေးချမ်းသာစွာဖြင့် ကုန်သွယ်မှုလုပ်ငန်းများကို ချဲ့ထွင်နိုင်ရန် ယခုပဲ ဆက်သွယ်အပ်နှံလိုက်ပါ။

📞 ဆက်သွယ်စုံစမ်းရန်

09 69822 7022, 09 69822 8022

09 965 250 401, 09 880 896 159

🏢 ရုံးခန်းလိပ်စာ:
အမှတ်(၈)၊ အခန်း(၅၀၅၊ ၅၀၆)၊ (၅)လွှာ၊ ပန်းခြံတာဝါ၊ ဗားကရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ မြေနီကုန်း(တောင်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959796245404

Website

Alerts

Be the first to know and let us send you an email when FCS Global Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to FCS Global Logistics:

Shortcuts

Share