မနေ့က ( 5.10.2020 ) က စတဲ့
တက္ကသိုလ် ဝင်တန်း ကလေးတွေအတွက်
အင်္ဂလိပ်စာ ပညာဒါန ( သင်တန်းကြေး လုံးဝ အခမဲ့ ) သင်တန်းမှာ
သင်ပေးခဲ့တဲ့ Video ပါ ။
သင်တန်းကြေး အခမဲ့ဆိုပေမယ့် ...
သင်တန်းကို စနစ်တကျ သေချာအပ်တဲ့လူကိုပဲ ရွေးပြီး လက်ခံတာမို့လို့
ဒီ Video ကိုတော့ သင်တန်း မအပ်ထားတဲ့လူတွေလည်း
မြည်းစမ်းကြည့်ရအောင် Public တင်ပေးတာပါ ။
တက္ကသိုလ် ဝင်တန်း အတွက်တင် မက
ရေရှည်အတွက် လေ့လာနည်း စနစ်ကောင်း တစ်ချို့ ရလိုက်ပါလိမ့်မယ် ။
စိတ်ခွန်အား တစ်ချို့လည်း ရကောင်း ရနိုင်ပါတယ် ။
( အပေါ်ယံ စိတ် တက်ကြွအောင် ပြောထားတာမျိုးတော့ မဟုတ်ပါဘူး ။ )
၂ နာရီ နီးပါးဆိုတော့
အေးဆေး အချိန်ရမှ နားထောင်လေ့လာတာ ပို အဆင်ပြေပါလိမ့်မယ် ။
လေ့လာဖြစ်ခဲ့ရင် တစ်ခုခု ပြောသွားပေးစေချင်ပါတယ် ။
ပြန် တင်ပေးရတာ နည်းနည်း ပို အားရှိတာပေါ့ 😇
စေတနာဖြင့်
#ကိုဇင်ဇေ
တကယ်လို့ ...
သင်တန်း ဝင်တက်ဖို့ ၊
တစ်ယောက်ယောက်ကို အပ်ပေးဖို့စိတ်ဝင်စားတယ်ဆိုရင်
ဒီလင့်မှာ ရေးထားတဲ့ စာကို အရင် အစ အဆုံးဖတ်ပြီးမှ
Page ကို စာပို့ စုံစမ်းစေချင်ပါတယ် ။
👉 https://www.facebook.com/activeenglishmyanmar/posts/3477179042375277 👈
သင်တန်းသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
👉 တာမွေ
☎️ 09-26-100-8186 / 09-2522-74890
👉 သင်္ဃန်းကျွန်း
☎️ 09-4011-800-40 / 09-4011-800-50
တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် 😇
သင်တန်းလိပ်စာ 👉
📌 တာမွေ - အမှတ် ( ၂၈ ) ၊ ၁၆၇ လမ်း ၊
တာမွေအဝိုင်းထိပ်အနီး ၊
📌 သင်္ဃန်းကျွန်း - အမှတ် ( B1-9/10 ) ၊
မလိခအိမ်ယာ ( ရတနာအိမ်ယာ မျက်နှာချင်းဆိုင် )
English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ဖို့ - ကိုဇင်ဇေ
English ဘာသာစကား အမြဲ လေ့လာလိုသူများ အတွက် Active English သင်တန်း Page
Active English (Interactive English Classes)
(Listening & Speaking/Reading & Writing)
(Job Ready English)
♦
ဆက်သွယ်ရန် : 09 4311 5202
အမှတ် (၁၀) ၊ (၄)လွှာ ၊ဗိုလ်မှူးအောင်လမ်း ၊ ဗိုလ်စိန်မှန် ရပ်ကွက် ၊
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
< တာမွေအ၀ိုင်းမှတ်တိုင် >
♦
English ဘာသာ စကားကို
ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...
"English ဘာသာစကား ဟာ သင့်အတွက် အရ
03/10/2020
ဒီည ( 3.10.2020 ) ၉ နာရီမှာ
👉 Phrasal Verbs ဆယ်ခုလောက်
Live လာသင်ပေးပါမယ် ။
တစ်ခါတည်း လိုက်ဖြေလေ့ကျင့်ရမယ့် ပုံစံ သင်ပေးမှာပါ ။
👉 တခြား မေးချင်တာတွေရှိရင်လည်း မေးထားပါ ...
အလျင်းသင့်ရင် ထည့်ဖြေသွားပါမယ် 😇
Active English - Main Page မှာ တင်ပေးမှာနော် ။
တခြားနေရာတွေကနေ စောင့်နေပြီး
ရှာမတွေ့ဘူး လုပ်နေမှစိုးလို့ 😅
👉 https://www.facebook.com/activeenglishmyanmar 👈
20/09/2020
❗️အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး တိုင်ပတ်နေတဲ့
ဆယ်တန်း ၊ တက္ကသိုလ် ဝင်တန်း
ကျောင်းသားတွေကို
တတ်နိုင်သလောက် ကူညီပေးမယ့် အစီအစဉ် ❗️
< စာရှည်ပါမယ် ၊
ပုဂ္ဂိုလ်ရေး ဆန်တာတွေလည်း ပါ ပါမယ် ၊
တကယ် စိတ်ဝင်စားမှ ၊ လိုအပ်မှပဲ ဖတ်ပါ >
ကိုဗစ် နှိပ်စက်တော့
ကျောင်းသား တွေရော မိဘတွေရော
ဟိုဟာ လုပ်ရမလို ဒီဟာ လုပ်ရမလိုတွေဖြစ် ၊
ရပ်ထားရမလို ၊ ဆက်သွားရမလို ။
ဆရာတစ်ချို့လည်း တိုင်ပတ်နေကြတယ် ။
အွန်လိုင်းက သင်တာကို ကျွမ်းကျင်တဲ့
ဆရာတွေက
ပြဿနာ မရှိပေမယ့်
အဲ့လို မဟုတ်တဲ့ ဆရာတွေနဲ့ပဲ ကြုံနေရတဲ့
ကျောင်းသား ကျောင်းသူတွေလည်း ရှိနေတာ
သတိထားမိတယ် ။
ဒီတော့ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ?
စဉ်းစားရင်းနဲ့
ဆယ်တန်းစာ သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ် ။
သင်တန်းကြေး မယူပဲ အခမဲ့ သင်ပေးမှာပါ ။
*အခမဲ့ ဆိုတိုင်း တက်မယ် ထ မလုပ်ပဲ
ဒီစာကိုတော့ အရင် သေချာ အစ အဆုံးဖတ်ပြီး
စဉ်းစားစေချင်ပါတယ် ။
📌
သင်တန်းအကြောင်း မပြောခင်မှာ
ကျွန်တော့် အနေနဲ့
ပွင့်ပွင့်လင်းလင်း ဝန်ခံစရာတွေ ရှိတယ် ။
ဒါတွေဖတ်ပြီး ကြိုက်မှ တက်ပါ ။
ကျွန်တော်က အင်္ဂလိပ် ဘာသာစကား သင်သူ တစ်ယောက် ဆိုပေမယ့်
ဆယ်တန်းစာ သင်တဲ့ ဆရာ မဟုတ်ဘူး ။
ဒီတော့ ဆယ်တန်းစာနဲ့ တော့ အဆက်ပြတ်နေတယ် ။
ဆယ်တန်းရဲ့ အမှတ်ပေးစည်းမျဉ်းတွေက
ချုပ်ထားတဲ့ ပုံစံတွေကို
သဘောမကျလို့ အရင်ကတည်းက
ဆယ်တန်း မသင်ခဲ့ဘူး ။
စာ ကူပြ ပေးတာမျိုးတော့ လုပ်ခဲ့ဖူးတယ် ။
သဘောၤ ၂ ခေါက်လိုက်ပြီး
ရေကြောင်းလောက ထဲက ထွက်လာပြီး
အင်္ဂလိပ်စာ လောကကို စဝင်ဖြစ်ခဲ့တာ
အဲ့ဒီ စာကူပြပေးတဲ့ အဆင့်က စခဲ့ရတာပါ ။
ဒီတော့ ဆယ်တန်းစာကို
ဆရာ တစ်ယောက် အနေနဲ့က
ခုမှ စသင်မယ် ပဲ ဆိုပါတော့ ။
ကိုယ်တိုင်လည်း ဆယ်တန်းမှာ အင်္ဂလိပ်စာ ဂုဏ်ထူးမထွက်ခဲ့ဘူး ။
၇၂ မှတ် တော့ရတယ် ။
📌
အဲ့မှာ ပြောစရာ တစ်ခု ရှိတာက
ကျွန်တော်က စာ သိပ် မကြိုးစားပဲ
အဲ့လောက် ရခဲ့တာ ။
အဲ့တုန်းက ကျွန်တော်က ဂိမ်း အတော် ဆော့တယ်
( ခု ခေတ် PUBG လို ဂိမ်းမျိုး - Counter Strike ဆိုတာ ခေတ်စားနေတဲ့ အချိန်ပေါ့ ။
စာမေးပွဲတွင်းတောင်
ဂိမ်းသွားဆော့တဲ့ထိ စွဲနေခဲ့တာ ။ )
ဂစ်တာလည်း ဆယ်တန်း နှစ်မှာ စ တီးတာ ။
ခုအနေအထားကိုပဲ သိတဲ့လူတွေတော့
ယုံနိုင်ဖို့ခက်ပေမယ့်
အဲ့တုန်းက Underground Dance ဆိုတာလည်း
နည်းနည်းပါးပါး က ခဲ့ သေးတယ် 😂
ဆယ်တန်း နှစ်မှာပဲ
မိသားစု အရေးလည်း ရှိသေးတယ် ။
ဒါတော့ ထည့်ပြောမနေတော့ပါဘူး ။
အဓိက အချက်ကို ပြောရရင်
တာမွေ မှာ တောက်လျှောက်နေ နေရာကနေ
သာကေတကို ပြောင်းနေခဲ့ရတယ် ။
ကျောင်းရော ကျူရှင်ရောနဲ့ အတော် ဝေးသွားတာပေါ့ ။
< ကျွန်တော်က အထက ၂ ဗဟန်း ဆင်း ။
သူဋ္ဌေးကျောင်းမှာ သွားတက်မိတဲ့ ငမွဲ ပဲ 😅 >
ဒါတွေ ပြောပြတယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး ။
အဲ့လို အလွဲလေးတွေ / အဆင်မပြေမှု တစ်ချို့ကြားကပဲ
ကျွန်တော် ဆယ်တန်းမှာ
ဂုဏ်ထူးလေး ၃ လုံးပါတယ် ။
အမှတ်ပေါင်း ၄၅၁ မှတ်ရတယ် ။
ဘော်ဒါ နေနေသာသာ ဂိုက်တောင် မယူခဲ့ဘူး ။
ဒီ အမှတ်လောက်ကို
ဂုဏ်ယူလွန်းလို့ ပြောတာ မဟုတ်ဘူး ။
စာလည်း သိပ်မကြိုးစားပဲ
ဒီလောက် ရလာဒ် ထွက်ခဲ့တာမို့ ကြိုပြောပြတာပါ ။
" ငါ ကျသွားလို့တော့ မဖြစ်ဘူး ၊
အမှတ် အရမ်းနည်းလို့တော့ မဖြစ်ဘူး " ဆိုတဲ့
အသိစိတ်လေးတော့ ရှိတာပေါ့ ။
📌
အင်္ဂလိပ်စာဆို ပိုဆိုး ။
မကျက်ပဲ ... ဖတ်ပဲ ဖတ်ဖြစ်ခဲ့တာ ။
Essay တွေ Letter တွေ လည်း မကျက်ဖူးဘူး ၊
ခေါင်းစဉ် ၊ ပေးထားချက်တွေ တွေ့တာနဲ့
လက်တန်းလျှောက်ရေးတာပဲ ။
အဲ့လို ရေးရဲအောင် အခြေခိုင်အောင် လုပ်ပေးထားတဲ့
ဆရာ ဆရာမတွေရဲ့ ကျေးဇူးပေါ့ဗျာ ။
စာမေးပွဲမှာလည်း ၃ နာရီ အစား
၁ နာရီခွဲကျော်လောက်ပဲ ဖြေပြီး ထွက်လာမိတယ် ထင်တယ် ။
သချာင်္တွေ မရသေးလို့
စောစော ပြန်ကြည့်ရအောင် ဆိုပြီး ထွက်လာတာ ။
ပိုဆိုးတာက ဘိုင်အို လည်း မကျက်ရသေးဘူး ။
၄ ခန်းပဲ လားမသိ - ရသေးတယ် 😅
ဒီတော့ သချာၤ ၆ ခန်းပဲ ကြည့်လိုက်ပြီး
ဘိုင်အို ကို ကျော်ကျက်လိုက်တယ် ။
အမှတ်ထွက်လာတော့
သချာင်္က ၆၁ ရပြီး
ဘိုင်အိုမှာ ဂုဏ်ထူးသွားထွက်တယ် ။
( သချာၤ ဆရာကို အားနာရ ၊
မျက်နှာပူရတာတော့ ခုထိပဲ )
ကြွားချင်လို့ မဟုတ် ၊
ကြွားလောက်စရာလည်း မဟုတ် ။
ကိုယ့်ကို သင်ပေးမယ့်သူ အကြောင်း
သေချာသိထားတော့
စိတ်ရှင်းအောင် ပြောပြတာ ။
📌
အဓိက ဘာကြောင့် အဲ့လို ဖြစ်လဲဆို
( စာ သိပ် မကြိုးစားပေမယ့်
ရလာဒ်လေး က နည်းနည်းကောင်းနေတာဟာ )
အင်္ဂလိပ်စာကို ကြောက်စိတ် မရှိလို့ ....
( ဘိုင်အိုတွဲ ယူတာဆိုတော့
အင်္ဂလိပ်စာ မကြောက်တာက
တခြား ဘာသာတွေမှာပါ
အတော် ကြီးမားတဲ့ အထောက်အကူ သွားဖြစ်တယ် )
မကြောက်ဘူး ဆိုတာက
တစ်ချို့ စာကြိုးစားတဲ့ ကျောင်းစားတွေလို
ရလွန်းလို့ ၊ ပိုင်လွန်းလို့
မကြောက်တာမျိုး မဟုတ်ဘူး ။
အင်္ဂလိပ်စာနဲ့ ပတ်သက်လို့
ဈေးကြီးတဲ့ သင်တန်းတွေ လည်း
တစ်ခါမှ မတက်ခဲ့ရဖူးဘူး ။
မရလည်း
တစ်နည်းနည်းနဲ့ ရအောင် လုပ်နိုင်တယ် ဆိုတဲ့ စိတ်ရယ်
အခြေခံ ကောင်းကောင်းလေးရယ် ရှိသွားလို့
မကြောက်တာ ။
ဆရာကောင်း နဲ့ ( ၈ တန်း - ၉ တန်း - ၁၀ တန်း )
၃ နှစ် ဆက်တိုက် သင်ခံခဲ့ရတာကိုး ။
( အဲ့ ရှေ့မှာကလည်း
ဆရာ့ရဲ့ တပည့် ဆရာမနဲ့ သင်ခံခဲ့ရတာ ။
အဲ့ ဆရာမ ၊ အဲ့ ဆရာတွေနဲ့ မတွေ့ခဲ့ရင်
ကျွန်တော် ဒီလို အဆင်ပြေခဲ့ဖို့ မသေချာဘူး )
📌
ကျွန်တော့် ဆရာနဲ့ ကျွန်တော်နဲ့ ကိုက်သွားတာက
ဆရာက စာသင်ရင် တစ်ချို့ဆရာတွေလို
အတင်း စာကျက် မပေးဘူး ၊
စာတွေ မကြာခဏ အော်ဆိုနေရတာမျိုး မဟုတ်ဘူး ။
စာတစ်ကြောင်း စာတစ်ပိုဒ်ကို
အရသာ ရှိနေအောင် ရှင်းပြတာ ။
များသောအားဖြင့်
ဖတ်စာအုပ်ထဲက စာမျက်နှာ ၁ ဝက်လောက်ကို
စာသင်ချိန် ၁ နာရီခွဲလောက် ကုန်ရင် ကုန်သွားတာ ။
( ကျက်ရင်း ကုန်တာ မဟုတ်ဘူးနော် ၊
ရှင်းပြရင်းနဲ့ တင် ကုန်တာ )
တစ်ချို့ ကတော့
ဆရာသင်တဲ့ နည်းစနစ်ကို မကြိုက်ပေမယ့်
ကျွန်တော်ကတော့ အတော်ကို ကြိုက်ခဲ့တာ ။
ဆရာနဲ့ သင်လိုက်ရပြီး နောက်ပိုင်းမှာ
စာကို အရသာ ခံတတ်သွားတယ် ။
စာကြောင်းလေး တစ်ကြောင်း က တစ်မျိုး ဖြစ်နေရင်
တစ်ချို့ အားနည်းသူတွေက
စိတ်ရှုပ်စရာလို့ မြင်ပေမယ့်
ကျွန်တော်တို့ကျတော့
စာကြောင်းလေးက လှလိုက်တာလို့
မြင်တတ်လာတယ် ။
ဒါဟာ
ကျွန်တော့် အင်္ဂလိပ်စာ အနေအထားအတွက်တော့
တကယ် အရေးကြီးတဲ့ အချိုးအပြောင်း တစ်ခုပါပဲ ။
ဆရာ့ကြောင့်သာ မဟုတ်ရင်
ကျွန်တော်လည်း
အင်္ဂလိပ်စာ အဆင်ပြေဖို့ မသေချာဘူး ။
ခုချိန်ထိကို ကျွန်တော့် သင်ကြားဟန်မှာ
ဆရာ့လွှမ်းမိုးမှု အများကြီးပါတယ် ။
ကျွန်တော့် ဆရာနာမည်က
ဆရာ ဦးယုရွှေ တဲ့ ။
( ကျွန်တော် ညံ့ရင်တော့
ဆရာနဲ့ မဆိုင်ဘူးနော် ။
ကျွန်တော် ပေါ့လို့ ပဲ 😂 )
တစ်ခု ရှိတာက
ကျွန်တော်က အပြင်စာ ဖတ်ကျင့်တော့
အတော် ရှိခဲ့တယ် ။
၄ တန်း နှစ်မှာ
ဆရာကြီး မင်းသိင်္ခရဲ့ " ဘာဘာ ဘာမှ မသိဘူး " စဖတ်မိရာကနေ
ဝတ္ထုဖတ်တဲ့ လိုင်းပေါ် စရောက်သွားတာ ။
ဒီတော့ မြန်မာလို စာကို အရသာ ခံတဲ့
အကျင့် ရှိနေခဲ့တာကလည်း
သိတာတဲ့ အားတစ်ခု ဖြစ်လာတယ် ဆိုရမှာပါ ။
📌
ဒီတော့ အခု ညီတွေ ညီမတွေကို
ဆယ်တန်းစာ ပြန်သင်ပေးဖို့
ဆုံးဖြတ်လိုက်တဲ့ အခါမှာလည်း
ကျွန်တော် အဓိက ဖြစ်စေချင်တာက
ကျွန်တော့် တုန်းကလိုပဲ အင်္ဂလိပ်စာကို
မကြောက်စေချင်တာ ၊
အရသာ ခံတတ်စေချင်တာ ၊
ဖြစ်နိုင်ရင် ... ချစ်သွားစေချင်တာ ။
ဒီစိတ်သာ ရသွားရင်
သူတို့ တစ်ဘဝလုံး အတွက်ပါ
ရှေ့လျှောက် စိတ်ချသွားရမယ် ။
ကျွန်တော့် အယူအဆအရ
ဆယ်တန်းစာဟာ
တကယ်တမ်းမှာ
Intermediate အဆင့်လောက်ကို ရှိတယ် ။
Skills ၄ မျိုးလုံး မစုံပေမယ့်
Vocabulary Range
( ဝေါဟာရ ၊ အသုံးအနှုန်း ပိုင်း ) အရရော
သဒ္ဒါ ပိုင်းတွေ ၊
စာကြောင်း တည်ဆောက်ပုံတွေ အရရော
Intermediate နီးပါးလောက် ရှိကို ရှိတယ် ။
< မရှိပဲ နေမလား ? ဆယ်နှစ် စီမံကိန်းလေဗျာ >
ဒီတော့ ဆယ်တန်းစာလောက်ကို တကယ်ကျေရင်
နေ့စဉ်သုံး စကားပြောလောက်က ဘာမှကို မခက်တာ ။
( နား နဲ့ အသံတော့ ပြန်ကျင့်ရတာပေါ့ )
ဆယ်တန်းစာလောက်ကို မကြောက်ခဲ့ရင်
Google မှာ လျှောက်ရှာဖတ်ဖို့လည်း
ကြောက်မှာ မဟုတ်ဘူး ။
ဒါဆို ကိုယ် သိချင်တာကို
သူများကို မျက်နှာငယ်လေးနဲ့
လိုက်မေးနေစရာမလိုဘူး ။
တော်ရုံနဲ့ ဂျင်း မမိတော့ဘူး ။
📌
ကျွန်တော့်တုန်းက
Myanmar Maritime University တက်ခဲ့တဲ့ တောက်လျှောက်ရော ၊
သင်္ဘော လိုက်ခဲ့တဲ့ အချိန်မှာ
ဖိလစ်ပင်းတွေ ၊ ရုရှားတွေ ၊ ယူကရိန်းတွေနဲ့
ပြောဆို ဆက်ဆံခဲ့ရတာရော ...
Music Theory စိတ်ဝင်စားလို့
နိုင်ငံတကာက စာတွေကို မရမက ကြိုးစားဖတ်ပြီး
လေ့လာခဲ့တာတွေရော ...
ဒါနဲ့ပဲ အခြေပြုဖြစ်ခဲ့တာပဲ ။
ရေပက် မဝင်အောင် ပြောနိုင်တာမျိုး မဟုတ်ပေမယ့်
အလုပ် ဖြစ်အောင် ပြောလို့ကတော့ ရကို ရတယ် ။
စာပြန်သင်တော့မယ်ဆိုမှပဲ
အင်္ဂလိပ်စာကို သေချာ ပြန်လုပ်ဖြစ်ခဲ့တာ ၊
( တက္ကသိုလ် ကျောင်းသား ဘဝမှာတုန်းက
ကျွန်တော်က ဂစ်တာတီး ၊
သီချင်းရေးဖို့ပဲ အာရုံစိုက်ဖြစ်ခဲ့တာ ။
အနုပညာ သမား ဖြစ်ချင်စိတ် ရှိခဲ့တဲ့ ကာလပေါ့ ။
ဒီတော့ တက္ကသိုလ် မှာလည်း စာမကြိုးစားပဲ
တော်ရိ ရော်ရိလောက်နဲ့ပဲ
၁ နှစ်ချင်း အောင် အောင် သွားတာပဲ ။
ဒါကြောင့် အင်္ဂလိပ်စာ အခြေခိုင်သွားရင်
နောင် မပူရဘူးလို့ ပြောတာ ။
ဆယ်တန်းတုန်းကရော
တက္ကသိုလ်မှာရော သိပ်မကြိုးစားခဲ့ပေမယ့်
သင်္ဘောလိုက်ခဲ့ပြီး
ဒီလောက နဲ့ ငါနဲ့ ရေရှည် မကိုက်လောက်ဘူး ။
ငယ်တုန်းမှာ ရအောင် ထွက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ချိန်ကမှ စပြီး
ကျွန်တော့် ဘဝမှာ သေချာ စ ကြိုးစားဖြစ်ခဲ့တာပဲ ။
📌
အင်္ဂလိပ်စာ ပြန်လုပ်ဖို့ လေ့လာတော့လည်း
ဆရာလွတ်နီးပါး ပဲ လေ့လာခဲ့ရတာ ။
ဆယ်တန်းတုန်းကလို ဆရာ သီးသန့် မရခဲ့တော့ဘူး ။
စကားပြော လေ့ကျင့်ဖော်လည်း သေချာ မရှိခဲ့ဘူး ။
ဈေးသက်သာတဲ့
ဘုန်းကြီးကျောင်းတွေမှာ လိုက်တက် ၊
ဆရာ တစ်ချို့ကို ၁၅ မိနစ်လောက်လေး တွေ့ခွင့်တောင်းပြီး
ဟိုမေး ဒီမေး မေး ။
ဆရာတွေရဲ့ တစ်ယောက်ချင်း ဂရုစိုက်မှုကို ယူဖို့အတွက်
သင်တန်းကြေးမျိုးလည်း မတတ်နိုင်တော့
ရတဲ့အချိန်လေးမှာ ဆရာတွေဆီက ရသလောက်ကိုမေးပြီး
ကိုယ့်ဘာသာ ချဲ့လေ့လာဖို့ အဓိက လုပ်ရတာ ။
( အကူအညီ သေချာတောင်းရင်တော့
ဆရာတွေက ပေးကြမှာပါ ။
ကိုယ့်ပါးစပ်က သင်တန်းကြေးတောင် သေချာမတတ်နိုင်ပဲ
ဆရာ့ ကျွန်တော့်ကို တစ်ယောက်ချင်း
သေချာ သင်ပေး-စစ်ပေး-သုံးသပ်ပေးပါလို့
ဘယ်လိုမှ ပြောမထွက်ခဲ့တာ ။
စာအုပ်တွေ နဲ့ အွန်လိုင်း မှာ
လိုက်ရှာဖတ်တာတွေ လုပ်ပြီး
တစ်ယောက်တည်းပဲ လေ့လာ လေ့ကျင့်ခဲ့ရတာ ။
မှားလား မှန်လား ?
အလုပ် ဖြစ်ရုံပဲလား ?
ပို လှတဲ့ အသုံး ရှိဦးမလား ? ဆိုတာတွေကိုလည်း
ကိုယ့်ဘာသာပဲ ရှာဖွေ စဉ်းစား ဆုံးဖြတ်ခဲ့ရတာ ။
( နောင်မှပဲ အသေးစိတ် ပြောပါ့မယ် ၊
ခုတောင် စာက အတော် ရှည်နေပြီ 😂 )
📌
ဒီတော့ အဲ့လို စိတ်ဓာတ်မျိုး -
အဲ့လို လုပ်နိုင်တဲ့ အခြေခံမျိုး ရသွားချင်ရင်
ဒီ သင်တန်းကို တက်လို့ရပါတယ် ။
❗️ဂုဏ်ထူးထွက်ဖို့ - အမှတ် ၆၀-၇၀ ကျော်ဖို့တော့
အာမ မခံနိုင်ပါဘူး❗️
သင်ချိန်ကလည်း ၅ လ ပဲ ရှိတာလေ ။
၅ နှစ်လောက် သင်ပေးခွင့်ရရင်တော့ တစ်မျိုးပေါ့ 🤔
တော်ပြီးသား လူတွေကို
ထူးချွန်အောင် သင်ပေးမယ့် သင်တန်း မဟုတ်ဘူး ။
ဆယ်တန်းထိ ရောက်လာတာတောင်
အခြေမခိုင်သူတွေ ၊
ဟိုမရောက် ဒီမရောက်ဖြစ်နေသူတွေကို
နောက်ကျောလုံအောင် လုပ်ပေးဖို့ကို
ဦးစားပေး သင်ပေးမယ့် သင်တန်း ။
ကျွန်တော် ပြောတာတွေ သေချာလိုက်လုပ်ရင်
အမှတ် ၅၀ လောက်ကို
မာနေအောင် ရဖို့ကတော့ ဖြစ်နိုင်တယ် ။
< အခြေခံ သိပ် အားနည်းရင်တော့
အပင်ပန်း ပို ခံရမှာပေါ့ >
ခြေချော်လက်ချော် မရှိစေရဘူး ကို ဆိုလိုတာ ။
ကျွန်တော်က အင်္ဂလိပ်စာနဲ့ ပတ်သက်ရင်
ခြေချော်လက်ချော်လို့ ကျတယ် ဆိုတာမျိုးကို
ယုံကို မယုံဘူး ။
တကယ် အခြေခိုင်ရင် တရေးနိုးထဖြေလည်း
ကျကို မကျဘူး လို့ပဲ ယူဆတယ် ။
စပေါ့ တော့ လာမတောင်းနဲ့ ။ ကော လွှတ်မှာ 😂
📌
အခမဲ့ သင်ပေးမှာပေမယ့်
ကြုံရာ လူ လက်မခံဘူး ။
သေချာ လေးလေးစားစား သင်တန်း အပ်ရမယ် ။
လိုအပ်ရင် ..
စာနဲ့ တင် မက Video နဲ့ပါ စကားပြောပြီး
သင်တန်း အပ်ရင် အပ်ရမယ် ။
ကျွန်တော် မေးတာတွေကိုသေချာဖတ်ပြီး ဖြေရမယ် ။
မိဘတွေလည်း ကျောင်းသား အခြေအနေသိချင်ရင်
စောင့်ကြည့်လို့ရနိုင်အောင် စီစဉ်ပေးမယ် ။
လောလောဆယ်တော့
Facebook Group ကနေပဲ စ လူစုပြီး သင်မယ် ။
Mobile App ထွက်လာရင် ပိုပြီး အဆင်ပြေမယ် ။
📌
ခုက စ လက်ခံပေးနေမယ် ။
22.9.2020 လောက်မှာ စ သင်မယ် ။
ကျွန်တော့် ( အွန်လိုင်း သင်တန်းတွေမှာ ) သင်တဲ့ ထုံးစံ အတိုင်းပဲ
Live သင်တာ နည်းမယ် ။
သေချာ စာတန်းထိုး တည်းဖြတ်ထားတဲ့
Videos တွေနဲ့ပဲ သင်တာ များနိုင်တယ် ။
အချိန်မရွေး ကိုယ် အဆင်ပြေတဲ့ အချိန်မှာ
အခေါက်ခေါက် အခါခါ ပြန်ကြည့်လို့ ရမယ် ။
ဘာမှတ်စုမှ မပေးဘူး ။
( တမင် မပေးချင်လို့ကို မပေးတာ )
ကိုယ်တိုင် ချရေးပြီး မှတ်ရမယ် ။
ဒါမှ ပိုမှတ်မိတယ် လို့ ကျွန်တော်က ယူဆတယ် ။
စာ ပြန်မေးလို့ ရတယ် ။
မေးတဲ့ အခါ စနစ်တော့ ကျရမယ် ။
ဘယ်လို စနစ်ကျရမလဲ ဆိုတာ
သင်တန်း ထဲရောက်ရင်
အသေးစိတ် ပြောပြပေးထားမယ် ။
ကျွန်တော် သင်ထားတဲ့ အပိုင်းတွေကိုတော့
ဦးစားပေး ဖြေပေးမယ် ။
တခြား အွန်လိုင်းသင်တန်းတွေလည်း
အများကြီး သင်နေရတာမို့လို့ပါ ။
အခမဲ့ သင်ပေးနေတဲ့ဆီပဲ
အချိန် ပေးနေလို့တော့ မရဘူးလေ ။
ကိုယ်နဲ့ အတူ ဒီကာလမှာ ရုန်းကန်နေရတဲ့
ဝန်ထမ်း ၃-၄၀ ပါ ပျားတွေ တုတ်ကုန်လိမ့်မယ် 😂
ဒါနဲ့ ...
တခြား အတန်းတွေ လူမရလို့
ဒါမျိုး ထဖွင့်တာ မဟုတ်ဘူးနော် ။
( တစ်ချို့တွေ အတင်းတုတ်မှာ စိုးလို့ ကြိုပြောတာ 😂 )
မယုံလို့ လက်ရှိ အွန်လိုင်း သင်တန်းသား အင်အား
တစ်ချက် ရှိုးချင်ရင်ပြော ၊
ဒီတိုင်းတော့ မရဘူး ။ အလောင်းအစားနဲ့ ဆို ပြမယ် 😂😂
လူ အရေအတွက်ကြီး ပြောပြောပြီး
သင်တန်း ကြော်ငြာရတာ စိတ်မသန့်လို့
မလုပ်ဖြစ်တာ ။
ဒီသင်တန်းလေး လုပ်ဖြစ်တဲ့
အဓိက အကြောင်းရင်းက
ကျွန်တော့်မွေးနေ့မှာ
အလှု တစ်ခုခု လုပ်ပေးချင်နေတဲ့
ကျွန်တော့် အမျိုးသမီး အတွက်
မနှစ်ကလို
လူအများကြီးနဲ့ အလှုမျိုးလည်း လုပ်မရတော့
တိုင်ပင်ရင်း ဒီလို ပညာ အလှုလေး လုပ်ဖို့
ဆုံးဖြတ်ဖြစ်တာပါ ။
📌
သင်တန်းအကြောင်း ရော
ကျွန်တော့် အကြောင်းရော သေချာပြောပြပြီးသားမို့လို့
အဆင်ပြေတယ် ထင်မှပဲ သင်တန်းအပ်ပါ ။
တစ်ချို့ ညီ ၊ ညီမတွေ
*ကြိုးစားချင်စိတ်လည်း ရှိနေလျက်နဲ့
တိုင်ပတ်နေတာတွေ မြင်နေရတာ
စိတ်ထဲမှာ မနေနိုင်တော့လို့ ...
ကျွန်တော့် မွေးနေ့ အမှတ်တရလည်း
ဖြစ်အောင်
လုပ်ပေးဖြစ်တာပဲ ။
ကိုဗစ်ကြောင့်
ဒီနှစ် မဖြေရတော့ဘူး ဆိုရင်တော့လည်း
အေးဆေးပေါ့ ။
စိတ်ချရအောင် သင်ထားချင်တဲ့သူတွေပဲ တက်ပါ ။
ပြီးတော့ နောက်နှစ်မှာ
သင်ရိုးပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်တာပဲ ။
ဒါကြောင့် အခြေခိုင်ဖို့ ၊
စာကို အရသာ ခံတတ်သွားဖို့
ပို ဦးစားပေးစေချင်တာပဲ ။
ကျွန်တော်လည်း
အဲ့ဒီ အပိုင်းကိုပဲ ပို အားထည့်မှာ ။
📌
အလွယ်ပြောရရင် ...
Read the passage. ( Comprehension ) တွေကို
ဦးစားပေး သင်မယ် ။
အဲ့ဒါတွေကို သင်နေရင်းနဲ့
Paragraph , Essay , Letter တွေ ရေးရာမှာပါ
အထောက်အကူ ရသွားအောင်
မသိမသာ လုပ်သွားမှာ ။
< အဲ ... စာ တိုင်မပေး ၊ လိုက်ကျက်မပေးဘူးနော် ၊
ကိုယ့်ဘာသာ လုပ်တတ်အောင်ပဲ သင်ပေးမှာ ၊
ကိုယ် မလုပ် ကိုယ် ခံ ပဲ 😄 >
တစ်ယောက်ချင်းကိုတော့ စာ ပြန်မစစ်ပေးဘူး ။
အများကို စစ်လို့ရတဲ့ ပုံစံနဲ့ ပဲ
အဓိက သင်ပေး ကျင့်ပေးမှာ ။
အများစု မှားလေ့ရှိတာတွေကို
ခြုံငုံရှင်းပြပေးမယ် ။
( တကယ် လိုက်နားထောင် လိုက်လုပ်တဲ့ လူများစု )
အင်္ဂလိပ်စာ ကြောက်စိတ်ကို
အမြစ်ကနေ ဆွဲနှုတ်ပေးနိုင်ဖို့ ...
အခြေခိုင်ဖို့ ဦးစားပေး လုပ်သွားမယ် ။
ငယ်ငယ်ကတည်းက စာတော်လာတဲ့သူတွေလောက်
ကြိုးစားချင်စိတ် အများကြီး မရှိရင်တောင် ...
ကိုယ့် မိသားစု အပေါ် သိတတ်တဲ့
ငါ ကျသွားရင် ငါ့အိမ်က ငါ့အတွက်
မျက်နှာ ငယ်ရမယ် ။ စရိတ်တွေ ပိုကုန်ရမယ် ။
ဒါကြောင့် အောင်အောင်တော့ ဖြေပေးချင်တယ် ... ဆိုတဲ့
စိတ်အခံလေး တော့ ရှိဖို့လိုမယ် ။
ကျွန်တော့် စကား သေချာ နားထောင်ဖို့ လိုမယ် ။
ဒါပဲ ဒါပဲ ...
စာက အတော်ကို ရှည်နေပြီ ။
ဆရာသမားလေးတွေက
ပြီးအောင်ရော ဖတ်ပါ့မလား မသိဘူး 😄
သင်တန်း ကြော်ငြာတောင်
ဒီလောက် ရှည်နေတာဆိုပြီး
တက်တဲ့လူ နည်းတော့လည်း
နည်းသလောက်လူကိုပဲ ပို အာရုံစိုက်ပေးလို့ရတာပေါ့ ။
စာ သေချာ မဖတ်ထားပဲ
ဗရမ်းဗတာတွေ လာမေးပြီး အပ်ရင်တော့
ကော ခံရမှာနော် 😂
အားလုံးပဲ အဆင်ပြေကြပါစေ ။
ဒီကာလကို
ကိုယ် တတ်နိုင်သမျှ အကောင်းဆုံး
ရှင်သန် နေထိုင်ရင်း
ရင်ဆိုင် ကျော်လွှားသွားနိုင်ကြပါစေဗျာ ။
စေတနာဖြင့်
#ကိုဇင်ဇေ
စာကြွင်း ။
မိဘတွေကို သတိပေးချင်တာက
ဒီ ကိုဗစ်က တစ်ချိန်ချိန်တော့ ပြီးကို ပြီးသွားမှာပဲ ။
ပြီးသွားတဲ့ အချိန်မှာ ...
တာလွှတ်လို့ သူများကလေးတွေ
ဝုန်းကနဲ ထပြေးချိန်မှာ
ကိုယ်ကလေးက လေး ကျန်နေခဲ့တာမျိုး မဖြစ်အောင်
သွေးပူ လေ့ကျင့်ခန်းလေးတွေတော့ လုပ်ပေးနေကြပါဗျာ ။
သင်တန်းတစ်ခုခုကို အပ်မှ မဟုတ်ဘူး ။
လုပ်ပေးနေလို့ ရတာတွေ အများကြီး ရှိပါတယ် ။
အာရုံလေး အားလေးစိုက်ပေးရင် မြင်လာမှာပါ ။
❗️❗️❗️
သင်တန်း အပ်ဖို့ စိတ်ဝင်စားတယ်ဆို
ဒီ Page 👉 https://m.me/activeenglishmyanmar 👈 ကို စာပို့ ဆက်သွယ်ပါဗျာ ။
☎️ 09-4010-91-800
☎️ 09-4010-91-900 တို့ကိုလည်း
လှမ်း ဆက်သွယ်နိုင်ပါတယ် ။
ဒီ ကာလထဲမှာ အွန်လိုင်းသင်တန်း ဖွင့်ထားတာများတော့
ဒီ တက္ကသိုလ် ဝင်တန်း ပညာဒါန တန်းနဲ့ ပတ်သက်ပြီး စုံစမ်းတဲ့အခါ
လိုအပ်ရင် နည်းနည်းတော့ သည်းခံ စောင့်ဆိုင်းပေးပါ 😇👌
17/09/2020
Reminder - Live Discussion ( 17.9.2020 )
အားလုံးပဲ မင်္ဂလာပါ ။
ဒီည ၁၀ နာရီမှာ
ဆရာ Live Discussion လေး တစ်ခု လုပ်ပေးပါမယ် ။
သိချင်တာ ၊ ဆရာ့ကို မေးချင်တာတွေရှိရင်
ဒီ Post အောက်မှာ ကြို မေးထားနိုင်ပါတယ် ။
Live လုပ်နေရင်းလည်း ကွန်းမန့်ပေးပြီး မေးလို့ရပါမယ် ။
အစပိုင်းမှာ
သင်တန်းသားတွေဘက်က
မေးထားတာလေးတွေကို ဖြေပေးပြီးရင်
နောက်ပိုင်းမှာ Phrasal Verbs တစ်ချို့ကို
ဥပမာလေးတွေပေးပြီး
ဆွေးနွေးပေးသွားပါမယ် ။
Phrasal Verbs တွေကို
သေချာ လေ့လာထားရင်
Native Speakers တွေလို ပေါ့ပေါ့ပါးပါး ပြေပြေပြစ်ပြစ်လေး
ပြောဆို ရေးသားရာမှာ အတော် အသုံးဝင်ပါလိမ့်မယ် ။
Live Discussion မှာ အသေးစိတ် ဆက် ဆွေးနွေးပေးပါ့မယ်ဗျာ ။
တကယ်လို့ Live လွတ်သွားရင်လည်း
နောင် ပြန်ကြည့်လို့ရအောင် ထားပေးထားမှာပါ ။
Live ကို Join နိုင်ရင်တော့ ဆရာ မေးတာလေးတွေကို
တစ်ခါတည်း လိုက်ဖြေ လိုက်လေ့ကျင့်သွားလို့ရတော့
ပို ကောင်းတာပေါ့ဗျာ ။
😇
စေတနာဖြင့်
-ကိုဇင်ဇေ
11/08/2020
ခဏနေ တွေ့မယ်နော်ဗျ 😇👌
အင်္ဂလိပ် စာနဲ့ ပတ်သက်တာမဟုတ်တဲ့
တခြား လူငယ်ရေးရာ /
စိတ်ဓာတ်ရေးရာ /
တိုးတက်ရေး ဘာညာတွေဆိုလည်း
မေးထားလို့ ရပါတယ် ။
ဘာကောင် ညာကောင်ကြီး မဟုတ်ပေမယ့်
( ကိုယ့်လောက် မသိသေးတဲ့သူတွေအတွက်
ရည်ရွယ်ပြီး )
အချိန်ပေါ်မူတည်ပြီး သိသလောက် ဖြေပေးပါ့မယ် ။
ဖြည့်စွက် ။
📌
Live လွတ်သွားရင်
ဒီလင့် 👉 https://www.facebook.com/activeenglishmyanmar/videos/237508894033260/ 👈 မှာ ပြန်ကြည့်လို့ ရပါတယ် 😇
11/08/2020
မနေ့က ( 10.8.2020 ) မှာ
Active Grammar
အပတ်စဉ် ၁၇ စ ဖွင့်ပေးထားပါတယ် ။
ဒီနေ့ ( 11.8.2020 ) မှာတော့
Active Foundation ( General )
အပတ်စဉ် ၆ စ ဖွင့်ပါမယ် ။
14.8.2020 မှာတော့
ALC အပတ်စဉ် ၉ စ ဖွင့်ပါမယ် ။
လောလောဆယ်တော့ အပြင်သင်တန်းတွေမဟုတ်ပဲ
အွန်လိုင်း တန်းတွေချည်းပါပဲ ။
သတိမထားမိမှာ စိုးလို့ Post တင်ပေးတာပါ ။
ခုမှ သိလို့ ထပ်ပြီး အသေးစိတ်သိချင်ရင်
Comment မှာ မေးခဲ့နိုင်တယ်ဗျာ 😇
16/06/2020
ဒီည Live Discussion လေး တစ်ခု လုပ်ပါမယ် ။
အားလုံး အေးဆေး နားထောင်လို့ ရအောင်
ည ၁၀ နာရီမှာ လုပ်ပါမယ် ။
Facebook မှာ လုပ်မှာ မဟုတ်ပါဘူး ။
ဒီလင့် > https://sayazin.net/live2 < မှာ လုပ်မှာပါ ။
၁၀ နာရီမှာ အဲ့ဒီလင့်ကို နှိပ်ပြီး ဝင်လာနိုင်ပါတယ် 😇
( အွန်လိုင်းသင်တန်းသားတွေ အတွက်က
ခု လွတ်သွားလည်း အမြဲ ပြန်ကြည့်လို့ ရအောင် စီစဉ်ပေးထားမှာပါ )
အဓိက ဆွေးနွေးမယ့် အကြောင်းအရာ ၂ ခု က ဒါတွေပါ 😇
၁။
Present Perfect Tense နဲ့
Present Perfect Continuous Tense တွေ အကြောင်း
၂။
ကျွန်တော် နှစ်သက်မိတဲ့ အဆိုအမိန့် တစ်ချို့
တခြား ထည့်ဆွေးနွေးပေးစေချင်တာတွေရှိရင်လည်း
ကွန်းမန့်မှာ မေးထားနိုင်ပါတယ်ဗျာ 😇
စေတနာဖြင့်
-ကိုဇင်ဇေ
13/06/2020
ကိုယ့်ကိုယ်ကိုရော
ကိုယ့် သင်တန်းသားတွေကိုရော
မကြာခဏ သတိပေးနေရတဲ့ စကားတစ်ခွန်းပါ ...
လိုသော် ယူပါဗျာ ... 😌
- ကိုဇင်ဇေ
📌
ဖွင့်ကာစ အွန်လိုင်း သင်တန်းတွေလည်း
အပ်လို့ ရသေးတော့
မသိသေးတဲ့ သူတွေ အတွက်
အချိန်ဇယား - သင်တန်းကာလ -
သင်တန်းကြေးတွေ ပါတဲ့ ပုံ တွဲတင်ပေးလိုက်ပါတယ် ...
အသေးစိတ် ရှင်းပြထားတဲ့
စာ ဖတ် ချင်ရင် /
Video ကြည့်ချင်ရင်တော့
" သင်တန်းတက်ဖို့ စိတ်ဝင်စားကြောင်း "
ပြောခဲ့နိုင်ပါတယ်ဗျာ 😇
09/06/2020
ဒီနေ့ ( 9.6.2020 )
ည ၉ နာရီ မှာ Active English Page ကနေ
Live သင်ပေးမယ့် အစီအစဉ် ရှိပါတယ် ။
စိတ်ဝင်စားရင် လာကြည့်နိုင်ပါတယ် ။
အဲ့ Live မှာ ကျွန်တော် အကြောင်းအရာ ၂ ခု
အဓိက ပြောပါမယ် ။
၁။ လူတွေရဲ့ အကျင့်စရိုက်တွေ ခံစားချက်တွေနဲ့ ပတ်သက်လို့
သုံးလို့ရတဲ့ Idioms ၃၀
၂။ အင်္ဂလိပ် စကားကို ၆ လလောက်နဲ့
သွက်အောင် / ကျွမ်းအောင် လုပ်လို့ ရနိုင်လား ?
ရမယ်ဆို ဘယ်လို အစီအစဉ် ဆွဲသင့် /
လက်တွေ့ လုပ်သင့်လဲ ?
ဒီ အကြောင်းအရာတွေ က
လေ့လာသူတွေ အတွက် အသုံးဝင်မယ်လို့ ယူဆပါတယ် ။
၉ နာရီ စပါမယ် ...
အကြမ်းဖျဉ်းတော့ ၁၀ နာရီ ပြီးနိုင်တယ် ဆိုပေမယ့်
စိတ်ပါတော့လည်း ဆက် ပြောတာပေါ့ 😅
❗️အဲ့ အကြောင်း အရာ ၂ ခုမှာ
ဘာကို ပို စိတ်ဝင်စားလဲ ဆိုတာလေးလည်း
အချိန်ရရင် ပြောသွားပါဦး ❗️
အဲ့ဒီ အချိန် မကြည့်ဖြစ်လည်း
နောင် ပြန်ကြည့်လို့ရအောင်
ထားပေးထားပါ့မယ် 😇👌
စေတနာဖြင့်
-ကိုဇင်ဇေ
📌
Active English သင်တန်း - ကိုဇင်ဇေ 👈 ဆိုတဲ့ Page
( www.facebook.com/activeenglishmyanmar ) ကနေ
Live လွှင့်မှာပါ ။
Page လွဲနေမှာ စိုးလို့ သတိပေးတာပါ 😇
09/06/2020
၈ ရက်နေ့က ဖွင့်တဲ့ Grammar တန်း
၁၁ ရက်နေ့မှာ ဖွင့်မယ့် Foundation တန်း
၁၂ ရက်နေ့မှာ ဖွင့်မယ့် ALC တန်း တွေအတွက်
ကြော်ငြာစာသားတွေ နည်းနည်းပါးပါးပြင်ပြီး
Posts တွေ ပြန်တင်နေရတော့ ...
သင်တန်း Pages တွေမှာ
ကြော်ငြာတွေချည်း လှိမ့်တင်နေသလို ဖြစ်သွားတာ
အားနာတယ်ဗျို့ 😅😅😅
Follow လုပ်ထားသူတွေ မျက်စိနောက်သွားတာကို
ပြန်ဖြည့်တဲ့ အနေနဲ့
ဒီည ၉ ( ဒါမှမဟုတ် ) ၁၀ နာရီမှာ
Live လေး တစ်ချက် လာခဲ့ပေးပါ့မယ် ။
လူတွေရဲ့ အကျင့်စရိုက်တွေ
ခံစားချက်တွေနဲ့ ပတ်သက်ပြီး
သုံးလေ့ရှိကြတဲ့
Idioms အခု ၃၀ လောက် အကြောင်း
ပြောပြပေးသွားပါ့မယ် 😇
တခြား သိချင်တာ ရှိရင်လည်း မေးထားနိုင်ပါတယ် ။
ကျွန်တော် ဖြေနိုင်တာ/ဖြေချင်တာဆို
ဖြေပေးသွားပါ့မယ် 😅
( မေးသမျှတော့ မဖြေနိုင်ဘူးလေ ... နော့ 😂 )
သင်တန်းမအပ်ဖူးတဲ့ သင်တန်းသားတွေလည်း
ဝင်ကြည့်လို့ ရအောင်
Page မှာပဲ Public တင်ပေးလိုက်မှာပါ ။
၉ နဲ့ ၁၀ ဘယ်ဟာ
ပို အဆင်ပြေလဲ တစ်ချက်တော့
ပြောခဲ့ဦးဗျ ...
ကျွန်တော်ကတော့ Night Owl ဆိုတော့
၁၀ ပို အဆင်ပြေတယ် 😅
06/06/2020
မနက်ဖြန် ( 6.6.2020 ) မှာ
တစ်ရက်တည်း သင်မယ့်
အွန်လိုင်း သင်တန်း တစ်မျိုး ဖွင့်မှာပါ ။
နေ့လည် ၁ ကနေ ည ၈ အထိ
အင်္ဂလိပ် ဘာသာစကား လေ့လာရေး နဲ့ ပတ်သက်တာတွေကို
အကြံပေး ဆွေးနွေးပေးသွားမယ့် သင်တန်းပါ ။
သင်တန်းကြေးကို ၃ ထောင် သတ်မှတ်ထားပြီး
တက်ပြီးလို့ အဆင်မပြေရင်
အဲ့ သင်တန်းကြေးကို အပြည့် ပြန်ထုတ်ပေးဖို့ စီစဉ်ပေးထားပါတယ် ။
စာဖတ်သူ အများစု သိပြီးလောက်ပြီ ဖြစ်မှာပေမယ့်
မသိသေးတဲ့ သူတွေအတွက် လိုတိုရှင်းတင်ပေးတာပါ ။
အသေးစိတ် သိချင်ရင် ဒီလင့်
👉 https://www.facebook.com/911752985584575/posts/3166137443479440/ 👈 မှာ ဖတ်နိုင်ပါတယ်ဗျာ 😇
Click here to claim your Sponsored Listing.
Location
Telephone
Address
Yangon
11211