Intel-Villa

Intel-Villa

Share

Digital Literacy, Computing, Coding and Intelligent Learning Hub

အဆင့်မြင့် IT နည်းပညာများကို အချိန်ကုန် သက်သာစွာ နှင့် နည်းစနစ်တကျ ထိထိရောက်ရောက် သင်ယူနိုင်ရန် ၊ အမှန်တကယ် ကျွမ်းကျင် တတ်မြောက်သော နိုင်ငံအတွက် အားကိုးလောက်သည့် လူငယ် IT ပညာရှင်များမွေးထုတ်ပေးရန်။

Enterpriseလုပ်ငန်းခွင်များသို့တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ရန်

IT ပညာရပ်နှင့်သက်ဆိုင်သော Knowledge များကို စဉ်ဆက်မပြတ် Research & Development ပြုလုပ်ပြီးမြှင့်တင်ပေးနိုင်ရန်

Photos from Intel-Villa's post 15/01/2024

ကလေးတို့အတွက် IT ဖတ်စာ
Computing ဘာသာရပ်
Age Scope - 10 years to 12 years
Coverage Grade - Primary 5, Year 6, Grade 5 + Grade 6 အတန်းများ
Referances - Oxford International Primary Computing, Cambridge Primary ICT, Switchedon Computing and etc.....
Chaper (1) နည်းပညာတို့ရဲ့သဘောသဘာဝ (ကွန်ပျူတာ ကွန်ရက်များ) Computer Networks
Session (1.1) - What is network? ကွန်ရက်ဆိုတာဘာလဲ?

ဒီ session မှာကလေးတို့ လေ့လာကြည့်ရမှာက

၁.ကွန်ရက်ဆိုတာဘာလဲ ?
၂. ကျောင်းမှာ အိမ်မှာ လုပ်ငန်းခွင်မှာ ကွန်ရက်တွေက ဘာကြောင့်အသုံးဝင်ပြီးဘယ်လိုအသုံးဝင်တာလဲ ?
ဒီတော့ ကွန်ရက်တွေက ဘာအတွက်လဲ?

ရုံးတွေ ကျောင်းတွေမှာဆိုရင် ကွန်ပျူတာတွေကို အများအားဖြင့် ကွန်ပျုတာကွန်ရက်ဖြစ်အောင် ချိတ်ဆက်ထားကြတယ်။ ပြီးတော့ကွန်ရက်စနစ်တစ်ခုဖြစ်လာဖို့ ပြုလုပ်ဆောင်ရွက်တယ်ဆိုတာတကယ်တမ်းက ရှုပ်ထွေးမှုလေးတွေရှိပါတယ်။
ကွန်ရက်ဆိုတာ ပြဿနာတွေကို ဖြေရှင်းဖို့သေသေသေချာချာ လေ့ကျင့်ထားတဲ့ ကျွမ်ကျင်ပညာရှင် အမြဲတမ်းလိုအပ်တာမို့လို့ စနစ်တစ်ခုလည်ပတ်ဖို့ဟာ စျေးကြီးတာပေါ့။
အဲ့ဒီလိုအခက်အခဲရှိပြီးစျေးကြီးတာမှန်ပေမယ့် ကွန်ရက်ရဲ့ အားသာချက်တွေကလည်းအရမ်းများတာမို့ အဖွဲ့အစည်းအများစုက ဒီကုန်ကျစားရိတ်ဟာ ထိုက်တန်တယ်လို့ သတ်မှတ်ကြပါတယ်တဲ့ဗျာ။

ကလေးတို့အနေနဲ့ ကွန်ရက်ရဲ အခြေခံ အားသာချက်တွေကိုလည်း သိထားရပါမယ်။ အဲ့ဒါတွေက -

၁. ဆက်သွယ်ခြင်း (COMMUNICATION) - တို့တွေဟာ ကွန်ရက်ကနေတစ်ဆင့် အချင်းချင်း message တွေ email တွေအပြန်အလှန် ပေးပို့နိုင်မယ်။
၂. မျှဝေခြင်း (sharing) - တို့တွေဟာ ဖိုင်တွေ ၊ ဒေတာတွေ အပြင် printer လို scanner လိုစက်ပစ္စည်းတွေကအစ ကွန်ရက်ပေါ် မှာ မျှဝေအသုံးပြုလို့ရပါတယ်။
၃. Saving Works - တို့တွေဟာ files တွေ data တွေကို network storage drives လို့ ခေါ် တဲ့ ကွန်ရက်သိုလှောင်မှုမှာသီးသန့်အသုံးပြုတဲ့ drive တွေပေါ်မှာ သွားရောက်သိမ်းဆည်းနိုင်တယ်။ ကွန်ရက်ထဲမှာရှိတဲ့ မည်သည့်ကွန်ပျူတာမဆိုကနေ ကလေးတို့ရဲ့ ဖိုင်တွေ data တွေကို လှမ်းယူအသုံးပြုနိုင်သွားတာပေါ့။ ကိုယ့်ရဲ့အလုပ်တွေ ဒေတာတွေကို ကွန်ရက်ထဲက တစ်ခြားသူတွေနဲ့ မျှဝေရတာ အလွန်လွယ်ကူသွားစေပါတယ်။
၄. Working Together - ဒါကလွယ်ပါတယ်။ ကွန်ရက်တွေဟာ တို့တွေ အတူတကွ အလုပ်တွေအများကြီး တစ်ပြိုင်တည်းလုပ်လို့ရအောင် ကောင်းကောင်းကူညီပေးနိုင်တာပေါ.
--------------------------
ကဲ ဆက်သွားမယ်နော် - ကွန်ရက်တစ်ခုကို ဘာတွေနဲ့ပြုလုပ်တည်ဆောက်ထားသလဲ?

ကွန်ရက်တစ်ခုတည်ဆောက်ဖို့အတွက် အချက် ၄ ချက်လိုပါတယ် ကလေးတို့
၁. ကွန်ပျူတာတွေကြားမှာ စာတွေ ဖိုင်တွေ ဒေတာတွေ ပေးပို့ဖို့နဲ့ Applications တွေ သိမ်းဆည်းဖို့အတွက် ကွန်ရက်ကိရိယာပစ္စည်းတွေရယ်
၂. စက်ပစ္စည်းတွေကို ချိတ်ဆက်ဖို့ ကြိုးတွေရယ်
၃. စက်ပစ္စည်းတွေကိုအတူတကွ အလုပ်လုပ်စေဖို့ ကွန်ရက် software တွေရယ်
၄. ကွန်ရက်တစ်ခုရဲ့ အစိတ်အပိုင်းအားလုံးကို အတူတကွ လုပ်ဆောင်နိုင်စေမယ့် စည်းမျဉ်းစည်းကမ်း (Rules)တွေရယ် လိုအပ်ပါတယ်။
----------------------
ကွန်ရက်မှာ အဓိက အမျိုးအစားကြီး ၂ မျိုးရှိပါတယ်။

Local Area Network (LAN) လိုခေါ်တဲ့ အမျိုးအစား နဲ့
Wide Area Network (WAN) လို့ခေါ်တဲ့ အမျိုးအစား ၂ မျိုးပါပဲ
LAN ဆိုတာ အဆောက်အအုံတစ်ခု အိမ်တစ်လုံး တိုက်ခန်း၁ခန်း ရုံးခန်းအတွင်း စတာတွေမှာကွန်ပျူတာတွေအချင်းချင်းချိတ်ဆက်ထားတဲ့ ကွန်ရက်ကိုပြောတာပါ ကလေးတို့။
(ဥပမာအားဖြင့် ကျောင်းတစ်ကျောင်းအတွင်းမှာရှိတဲ့ ကွန်ရက်ကို LAN လို့သတ်မှတ်လို့ရပါတယ်။)

နောက်တစ်ခု WAN ဆိုတာက ဝေးကွာတဲ့နေရာတွေအချင်းချင်းချိတ်ဆက်ထားတဲ့ ကွန်ယက်ကိုပြောတာပါ။ မြို့တွေ မြို့နယ်တွေမတူ၊ နိုင်ငံပါမတူတဲ့ ဒေသတွေက devices တွေအချင်းချင်း ချိတ်ဆက်အသုံးပြုအလုပ်လုပ်ကြတာကို WAN လို့သတ်မှတ်နိုင်ပါတယ်။
(အထင်ရှားဆုံး ဥပမာကတော့ Internet ဆိုတာ ကမ္ဘာ့အကြီးဆုံး WAN ကွန်ရက်ကြီးပါပဲ။)
--------------------------
ဒီတော့ ကွန်ရက်ဆိုတာ invisible မမြင်နိုင်ဘူး လို့ပြောရမှာပေါ့။ The Invisible Network ပေါ့။
..ဟုတ်ပါတယ်။
နေရာဌာနတစ်ခု (သို့) ကျောင်း တစ်ကျောင်းမှာ ကွန်ရက်ကြီးတစ်ခု တပ်ဆင်ထားပါတယ် ဆိုရင် ဒီကွန်ရက်ကြီးရှိကြောင်း ကလေးတို့ဘယ်လိုသိနိုင်မြင်နိုင်မလဲ ?
ချက်ချင်းကြီး လက်ဆုပ်လက်ကိုင်ပြလို့ရတာမျိုးမှာမဟုတ်တာနော်။

ဒီတော့ ကွန်ရက်တစ်ခုဆိုတာချက်ချင်းတွေ့နိုင်မြင်နိုင်တာမျိုးမဟုတ်ဘူးပေါ့။
ဥပမာ ကျောင်းတစ်ကျောင်းမှာပေါ့ ... Network Devices 30 ရှိတယ်ထားတော့ ၊ ကျောင်းပတ်ပတ်လည်မှာ 2 kilometer လောက်အရှည်ရှိတဲ့ cable ကြိုးတွေနဲ့ အဲ့ဒီ device 30 ကို သွယ်တန်းချိတ်ဆက်ထားတာမျိုးဖြစ်နိုင်တာပေါ့။ ဒီလိုကွန်ရက်ကြီးရှိနေတာကို အများစုဘယ်သူကမှသတိထားမိမှာမဟုတ်ပါဘူး။

ပြီးတော့ကွန်ရက်နဲ့ အဓိက သက်ဆိုင်တဲ့ပစ္စည်းတွေကို သေသေချာချာ လုံခြုံအောင်သိမ်းဆည်းထားကြတာကိုး။
ဒါပေမယ့် ဒီနေရာ ဒီကျောင်း ဒီရုံးမှာ ကွန်ရက်တပ်ဆင်ထားတယ်ဆိုတာကို သိနိုင်တဲ့ သဲလွန်စလေးတွေရှိတယ်။
အဲ့ဒီသဲလွန်စလေးတွေကို ကလေးတို့မြင်တတ်ရှာတတ်မယ်ဆိုရင် ကွန်ရက်ကြီးကိုလည်းမြင်ပြီပေါ့။

နောက်လာမယ့် session တွေဆက်လေ့လာပြီးရင် အဲ့ဒီအကြောင်းအရာတွေအများကြီး ထပ်သိရမယ်ကလေးတို့ရေ...
-------------------------------------
ဒီ​ session မှာတော့ ကလေးတို့အတွက် challenge တစ်ခုလောက် လုပ်စရာပေးကြည့်မယ်၊ အခြေအနေ ပေးရင်လုပ်ကြည့်ကြပေါ့။

ကလေးတို့ ကျောင်းမှာဖြစ်ဖြစ် ဖေဖေ မေမေ တို့ရဲ့ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ကွန်ရက်တစ်ခုလောက်ရှိနေမယ်ထင်လား?
အကယ်၍ ရှိခဲ့မယ်ဆိုရင် အဲ့ဒီကွန်ရက်က ဘယ်မှာလဲ?
ဘယ်လိုတပ်ဆင်ထားသလဲ?
အဲ့ဒီကွန်ရက်မှာ အလုပ်တွေရောလုပ်ကြသလား ?
ပြီးတော့ ကွန်ရက်နဲ့ပက်သတ်တဲ့ပစ္စည်းတွေကိုရော ဘယ်နေရာမှာထားထားလဲ? .................. စတာတွေကို စဉ်းစားသုံးသပ်ကြည့်ပြီး ကြိုးစားကြည့်နော်။
ဒီအတွက် Clue တစ်ခုပေးမယ် - အင်တာနက် Wi-Fi သုံးတဲ့ အိမ် ၁ အိမ်မှာ ကွန်ရက်တစ်ခုရှိကိုရှိပါတယ်....
---------------------
ပုံ ၂ ပုံမှာ ပထမ ပုံက Local Area Network နဲ့အလုပ်လုပ်နေကြတဲ့ အခန်း
ဒုတိယပုံက ကွန်ရက်ချိတ်ဆက်မှုတွေကို ထိန်းချုပ်ထားတဲ့ အခန်း၁ခန်းပါ

ကဲ ဒီ session ကတော့ ဒီလောက်ပါပဲ ခင်ဗျာ...
Next Session မှာ ဆက်တွေ့ကြမယ်
--------------------------------------
ဤpost ပါစာသားများအား အားလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ မည်သည့်နည်းနှင့်မျှ ကူးယူခြင်းကို ခွင့်မပြုပါခင်ဗျာ ။
Aung Myo Ko (MENTOR)
Intel-Villa

Photos from Intel-Villa's post 14/01/2024

ကလေးတို့အတွက် IT ဖတ်စာ

- Age Scope - 10 years to 12 years
- Coverage Grade - Primary 5, Year 6, Grade 5 + Grade 6 အတန်းများ
- References - Oxford International Primary Computing, Cambridge Primary ICT, SwitchedOn Computing and etc.....

Chaper (1) နည်းပညာတို့ရဲ့သဘောသဘာဝ (ကွန်ပျူတာ ကွန်ရက်များ) Computer Networks
Session - Introduction (မိတ်ဆက်)
---------------------
ဒီအခန်း ဒီ chapter တစ်ခုလုံးမှာ ကလေးတို့ဘာတွေလေ့လာရမလဲဆိုရင် -

၁။ Network ကွန်ယက်တွေ ဖန်တီးနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ဘယ်လိုချိတ်ဆက်ထားသလဲ?
၂။ အင်တာနက်ဆိုတာ ဘာကြီးလဲ? ဘာဝန်ဆောင်မှုတွေ ပေးသလဲ?
၃။ လက်ရှိခေတ်သစ်ကမ္ဘာကြီးမှာ အင်တာနက်က တို့တွေကို ဘယ်လိုကူညီပေးမှာလဲ?

စကြရအောင် ......

ဒီတော့ ကွန်ပျူတာဆိုတာကြီးက တို့တွေအလုပ်လုပ်ဖို့နဲ့ သင်ယူဖို့အတွက် အဓိက အသုံးပြုနေကြတဲ့ အစွမ်းထက်တဲ့ ကိရိယာတစ်ခုလို့ဆိုပါတော့။
ဒါဆိုရင် ဒီကွန်ပျူတာတွေကို ချိတ်ဆက်ပြီးတော့ အသုံးပြုလိုက်ရင် ပိုပြီးအားကောင်း ပိုပြီးအသုံးဝင်လာစေတာပေါ့။
ဒီထက်နည်းနည်းပိုပြောရမယ်ဆိုရင် ကွန်ပျူတာတွေကိုချိတ်ဆက်ထားပြီး ကွန်ပျူတာတွေအများကြီး အချင်းချင်းဆက်သွယ်ကြမယ်၊ ဖိုင်တွေ ဒေတာတွေ ဝေမျှကြမယ်၊ အင်တာနက်ဝဘ်ဆိုဒ်တွေပေါ်မှာ အချက်အလက်တွေရှာဖွေလို့ရသွားမယ်... စတဲ့ လုပ်ဆောင်နိုင်စွမ်းတွေရလာမယ်ပေါ့။

ဒီတော့ကွန်ယက်တွေကို ဘာကြောင့်အသုံးပြုလဲလို့မေးရင် အခြေခံအကျဆုံး​ ယေဘုယျအဖြေက ကွန်ပျူတာတွေကိုချိတ်ဆက်အသုံးပြုဖို့လိုပြောရမှာပေါ့ဗျာ။ ဆိုတော့ကလေးတို့အနေနဲ့ တို့တွေရဲ့ နေ့စဉ်ဘဝနေထိုင်လှုပ်ရှားလည်ပတ်မှုတွေကို ကွန်ယက်တွေက ဘယ်လိုတိုးတက်စေသလဲ ဆိုတာကို လေ့လာကြည့်ကြရမှာပါ။

................. (စကားဝိုင်း)............

ကဲ ဒီ introduction session ရဲ့ ပထမဦးဆုံး စကားဝိုင်းအနေနဲ့ ကလေးတို့အချင်းချင်းပဲဖြစ်စေ၊ မိဘ ညီအစ်ကို မောင်နှမတွေနဲ့ပဲဖြစ်စေစေ ဆွေးနွေးကြည့်ကြဖို့က ---

(၁) ကလေးတို့ကျောင်းပြီးတဲ့အခါ အလုပ်မှာ ကွန်ပျူတာ သုံးကြမယ်လို့ထင်လား ?
(၂) ကျောင်းပြီးရင် ကွန်ပျူတာ နဲ့ အလုပ်လုပ်ချင်လား?
(၃) ပြီးတော့ ကွန်ပျူတာမသုံးတဲ့ အလုပ်တွေက ဘာတွေများရှိနိုင်လဲ တွေးကြည့်လို့ရလား?

......Activity.......

စကားဝိုင်းလေးလုပ်ဖြစ်ပြီးရင် Activity အနေနဲ့ တစ်ခုလုပ်ကြည့်ကြရအောင် ..

OK အောက်မှာ statement ၂ ခု (ဆန့်ကျင်ဘက်အကြောင်းအရာ ၂ ခု) ရေးထားတယ်ဗျာ
No.1 - အင်တာနက်က အန္တရာယ်ရှိပါတယ်။ လူငယ်လေးတွေကို အင်တာနက်သုံးခွင့်မပေးသင့်ဘူး။

No.2 - လူငယ်လေးတွေဟာ အင်တာနက်ကို အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်သင့်တယ်။ အသုံးပြုခွင့် လည်းပေးသင့်တယ်။

ကဲ အဲ့ဒါလေးတွေကို ကလေးတို့ အချင်းချင်းဆွေးနွေးကြည့်ကြ၊ ဆွေးနွေးပြီးရင် statement တစ်ခုချင်းစီအတွက် ဆန့်ကျင်ဘက်ငြင်းခုံထားတဲ့ အချက်အလက်တွေကို ချရေးကြည့်တာမျိုးဖြစ်ဖြစ် list လုပ်ကြည့်။...ပြီးရင် (လူငယ်လေးတွေဟာ အင်တာနက်ကို ဘယ်လိုအသုံးပြုသင့်သလဲ?) ဆိုတာကို ကိုယ့်ကိုယ်ပိုင် idea နဲ့ ရော ချရေးကြည့်လို့ရနိုင်မလား ?

ဒီ activity လေးကို အိမ်မှာဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ်လုပ်ကြည့်ကြဗျာ။

...... tips.......
ကဲ ကွန်ပျူတာ ကွန်ယက်ဆိုတဲ့ ဒီ chapter ရဲ့ introduction နဲ့ပက်သတ်လို့ tips လေးတွေ သိစရာ မှတ်စရာလေးတွေ နည်းနည်းရေးပေးပြီးရင် အဆုံးသတ်မယ်နော်။

သိမှတ်စရာ (၁) - Digital Citizen of the future . တိုက်ရိုက်ဘာသာပြန်ရင်တော့ ဒစ်ဂျစ်တယ်နိုင်ငံသားတွေပေါ့ ။ အနာဂတ်မှာ တို့တွေဟာ ဘာပဲလုပ်လုပ် ကွန်ပျူတာတွေနဲ့ ကွန်ယက်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ကျိန်းသေပါဝင်မှာပါ။

Computing နည်းပညာ လောကကြီးကလည်း အခုကိုပဲ အလျင်အမြန်နဲ့ တရစပ်ကိုပြောင်းလဲနေတာလေ။ ပြီးတော့ နည်းပညာကိုအလုပ်မှာရော အိမ်မှာပါ အသုံးချနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ကျွမ်းကျင်မှုနှုန်းတွေကိုပါ နေ့စဉ် up to date ဖြစ်နေအောင် နောက်ကျမကျန်ခဲ့အောင် လုပ်နေဖို့လိုတယ်။

အလုပ်မှာဆိုရင်လည်း ကျွမ်းကျင်မှုအသစ်တွေရဖို့ သင်တန်းအသစ်အသစ်တွေတက်ပြီး သင်ယူနေဖို့လိုသလို အိမ်မှာဆိုရင်လည်း ကျွမ်းကျင်မှုအသစ်တွေရဖို့ အင်တာနက်ကို သုံးနေရမယ်။ Good Digital Citizen တစ်ယောက်အနေနဲ့ဆိုရင် computing နည်းပညာမှာ နောက်ကျကျန်နေတဲ့သူတွေကိုပါ ကူညီပြီးတွဲခေါ်ပေးနိုင်ရပါမယ်တဲ့ဗျာ။
----------
သိမှတ်စရာ (၂) - အနေနဲ့ ဒီနေ့ခေတ်မှာ ကွန်ပျူတာတိုင်းနီးပါးဟာ ကွန်ယက်တစ်ခုမဟုတ်တစ်ခုနဲ့ ချိတ်ဆက်ထားတာကို သိလား? ပြီးတော့ ကမ္ဘာမှာအကြီးဆုံးကွန်ယက်ဆိုတာ အင်တာနက်ကြီး ဖြစ်တယ်ဆိုတာကိုရော သိထားလား? အင်တာနက်ဆိုတဲ့ ကွန်ယက်ကြီးက ကွန်ပျုတာတွေကိုနေရာတိုင်းအချိန်တိုင်းမှာ ချိတ်ဆက်နိုင်စွမ်းရှိတယ် ဆိုတာကိုရော သိထားပြီးပြီလား?

ကိုင်း introduction session အနေနဲ့ ဆိုရင်တော့ ပြီးပါပြီ။
Next Session မှာ ဆက်တွေ့ကြဦးစို့
...............................
ဤ post ပါစာသားများအား အားလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ မည်သည့်နည်းနှင့်မျှ ကူးယူခြင်းကို ခွင့်မပြုပါခင်ဗျာ

Mentor
Intel-Villa


14/05/2019

Digital Advertising & CMS Blogger Course ကို ...........

ပညာတကယ်လိုလားပြီး ငွေကြေးအခက်အခဲ ရှိတဲ့ လူငယ်တွေအတွက် Free of Charges သင်ပေးဖို့ စဉ်းစားထားတယ်။
(ကိုယ့်မှတ်ပုံတင်နဲ့ကိုယ် visa master လေးလုပ်ထားပြီး ဒေါ်လာ ၃၀ ကိုယ့်ဘာသာကိုယ်ထည့်ထားပေးရမယ့် စားရိတ်ပဲကုန်မယ်။)

(ဒါတောင် talent ကိုကြည့်ပြီး အဲ့ဒီကုန်ကျစားရိတ်ပါကျခံပေးပြီး သင်ပေးမယ်)

စိတ်ကြိုက် training လုပ်မယ် .. ပြီးရင် ၃ လ တိတိ ကျွန်တော့်ရဲ့ Digital Advertising Project တွေမှာ အလုပ်ဝင်လုပ်ပေးရမယ်။
(ထိုက်တန်တဲ့ salary လည်းပေးမယ်)

အဲ့ဒါအဆင်ပြေမလားတော့မသိ..

အခုတော့မဟုတ်သေးဘူးပေါ့.. လူတစ်ယောက်ခြင်းစီ အကဲဖြတ်ပြီးမှ သင်ခွင့်ပေးမှာပါ။

ကိုယ်လည်းချမ်းသာနေတာမဟုတ်တော့လေ။

ဒါပေမယ့် သိပ်မကြာခင် လုပ်ဖြစ်အောင်လုပ်ဦးမယ်

...........................................................

ပညာနဲ့ပက်သတ်ရင် ဗီဇကနေလို့ကိုမရဘူး
တကယ်တော့ သင်တန်းကြေးဆိုတာ အချိန်ရဲ့ တန်ကြေးကိုတောင်းတာပါ။ကုန်သွားတဲ့အချိန်က တကယ်ကိုအလကားမရဘူးလေ ဟုတ်

ပညာဆိုတာ ရဖို့မလွယ်ပေမယ့် အဲ့ဒီပညာသည် life တစ်ခုဖြစ်တဲ့အတွက် ရာသက်ပန် Free Sharing ပဲ။
(ဒါ ပညာနဲ့ပက်သတ်တဲ့ ကျွန်တော့်ရဲ့ conviction နဲ့ passion ပဲ)

အဲ့ဒီလိုပဲ အပြန်အလှန် passionate ဖြစ်တဲ့
လူငယ်မျိုးတွေပဲလိုအပ်တယ်။

11/05/2019

Google Adsense နဲ့ ပိုက်ဆံရှာတယ်ဆိုတာက - - -

ဒီလိုပါ ကျွန်တော်သိထားသလောက်လေးပြောမယ်နော်။
Google မှာအဓိက Ad Engine ကြီး ၂ ခုရှိတယ်ဗျ။
Google Adwords နဲ့ Google Adsense ဖြစ်ပါတယ်။

Google Adwords ဆိုတာက ကျွန်တော်တို့ Facebook မှာကြော်ငြာလုပ်သလိုပဲ Online မှာ ကိုယ့်ရဲ့ product တွေ ပစ္စည်းတွေကို ကြော်ငြာလုပ်ချင်တယ်ဆိုရင် Google Adwords ကို sing up လုပ် ပြီး Google ကိုပိုက်ဆံပေးပြီး ကြော်ငြာထည့်တာပါ။

OK ဒါဆို - -
Google Adsense ဆိုတာကျတော့ ခုနက Google Adwords မှာထည့်လိုက်တဲ့ကြော်ငြာတွေကို ဘယ်နားသွားပြမလည်းဆိုတဲ့ ကိစ္စက စပြောရမယ်ထင်တယ်။

ပြတဲ့နေရာ အများကြီးလေ
Google Search Engine Ad နဲ့ ပြမယ်ဗျာ။ Apps တွေမှာပြမယ်ဗျာ။ Google My Business မှာ video content လုပ်ထားရင် youtube မှာလည်း ကြော်ငြာလို့ရတယ်ဗျာ။
Google က သူပိုင်ဆိုင် တဲ့ Network ကြီးတစ်ခုလုံးမှာ ကိုယ့်ရဲ့ ကြော်ငြာကိုလိုက်ပြနေမှာပေါ့ ။

အဲဒီ မှာ ခု နောက်ပိုင်းကျတော့ Blogger Community ကြီးက ပိုပြီးကြီးထွားလာတာနဲ့အမျှ Blog ရေးတဲ့ သူတွေပါအကျိုးရှိအောင် Ad Display နေရာတစ်နေရာစာကို Blogger တွေအတွက်ဖန်တီးပေးလိုက်တာပါ။

ရှင်းရှင်းပြောရရင် Google Adsense ဆိုတာ အဓိကက Blogger တွေအတွက်ပါ။

ဒီ တော့ ဘယ်လိုဖြစ်သွားလည်းဆိုတော့ Google Adsense ဆိုတာ Google Adwords နဲ့ဆက်သွယ်ထားပြီး Google ရဲ့ကြော်ငြာတွေကို ထပ်ဆင့်ကြော်ငြာပေးဖို့ ကြားခံ အကူအညီပေါ့။

ဒီလိုပါ Blogger တစ်ဦးက Google Adsense ကို signup လုပ်ပြီးတဲ့ အခါ Adsense က နေ Blog မှာထည့်ဖို့ အတွက် ကိုယ်ပိုင် Script Code တစ်ခုချပေးပါလိ့မ်မယ်။ Wordpress CMS မှာလည်းထည့်လို့ရအောင်လုပ်ပေးထားပါတယ်။ (လည်တယ်နော် ;) ) ဘာလို့ဆို အတွင်းမှာထည့်ရတာမို့လိုက်ပါ။ ထားပါတော့ ဒါက သပ်သပ် Article ဖြစ်သွားမယ်။

အဲ အဲ့ဒီလိုထည့်ပြီးရင်တော့ Google Adwords ကကြော်ငြာတွေကို Google Adsense ကနေတစ်ဆင့်အနှီ blogger ၇ဲ့ ကိုယ်ပိုင် script code အတိုင်း ကြော်ငြာတွေ သွားပြီး တောက်လျှောက်ပေါ်နေတော့မှာပါ။

ဒီတော့ ဒီနေရာမှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ blog က လူစိတ်ဝင်စားတဲ့ blog တစ်ခုဖြစ်ဖို့ တော့ တော်တော်ကို လိုအပ်ပါတယ်။

ဒါမှ ကိုယ့် blog ကိုဝင်ကြည့်တဲ့ သူတွေက blog မှာပေါ်နေတဲ့ ကြော်ငြာတွေကို စိတ်ဝင်တစားနှိပ်ကြည့်မှာမဟုတ်လား။
ဒါတောင် စိတ်ဝင်စားမှနော်။

ဒီတော့ ကိုယ်က blog ထောင်ပြီး google adwords အတွက် ကူညီပြီးကြော်ငြာပေးတဲ့သဘော။ ဒါ့ကြောင့် google က လုပ်အားခ ပိုက်ဆံပြန်ပေးတယ်။ ဒီသဘောပါ။

ဒီနေရာမှာသိရမှာက Google Adsense ဆိုတာ အခုပြောခဲ့သလို Google Adwords ကို တစ်ဖက်တစ်လမ်းက ကူဖို့ကြားခံဖန်တီထားတာဖြစ်တဲ့အတွက် -- တစ်စုံတစ်ဦးက Google Adwords မှာ (ဥပမာ ဒေါ်လာ ၁၀၀ ဖိုးကြော်ငြာတယ်ဆိုရင်) ထပ်ဆင့်ကူညီရတဲ့ Blogger ကို pay per click အတွက် အနည်းဆုံးပမာဏကိုသာ ပေးမှာဖြစ်ပါတယ်။

** ဘယ်လောက်ပေးလည်းအတိအကျတော့မသိဘူး ကျွန်တော်လည်းတစ်ခါမှ စိတ်မဝင်စားခဲ့ဘူးဘူး လုပ်လည်းမလုပ်ဘူးဘူးလေ။ အနည်းဆုံးဆိုတာတော့သေချာပါတယ်။ **

စိတ်ပျက်အောင်ပြောတာမဟုတ်ဘူးနော် အဲ့ဒီ blogging business နဲ့ ရပ်တည်နေတဲ့သူတွေလည်းအများကြီးပါ။ ဒီနိုင်ငံမှာတော့ Adwords ကို ခုနောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ်သုံးလာတာဖြစ်တဲ့အတွက် ရှားတော့ရှားပါသေးတယ်။

ဒါပါပဲ (မေးထားတဲ့ သူတွေရှိတဲ့အတွက် သိသလောက်လေးမျှဝေခြင်းပါဗျာ)

08/05/2019

Digital Advertising မှာ wordpress cms ဘာကြောင့်အရေးပါတာလည်း ?

1. ကိုယ့်လုပ်ငန်းရဲ့ website တစ်ခုကို အချိန်တိုတိုအတွင်း မှာ အမြန်ဆုံး ဖန်တီးနိုင်တယ်။
(Developer ကိုအပ်ပြီး သီးသန့် plugin တွေ Design တွေထပ်ရေးတာကတစ်ပိုင်းပေါ့။ )
2. Search Engine Optimization Tools တွေ အလိုလျှောက်ပါပြီးသားဖြစ်တဲ့အတွက် အဲ့ဒီအတွက် အချိန်သီးသန့် ပေးစရာမလိုဘူး
3. Facebook Instant Article လိုချင်ရင်လည်း အချိန်တိုအတွင်း configure လုပ်နိုင်တယ်။ (Facebook က IA ဖွင့်ပေးတာကတော့ FB အပိုင်းပေါ့လေ)
4. Search Engine Marketing (ဥပမာ - Google Adwords) ကို အသုံးပြုရတာ ပိုပြီးလွယ်ကူစေတယ်။
5. Social Media Platform တွေအားလုံးနဲ့ compatible ဖြစ်တယ်။
6. ဘယ်လို devices မျိုးမှာမဆို (PC, Mobile, Tablet) တစ်ခြား website အမျိုးအစားတွေထက် data အကုန်သက်သာပြီး အလွယ်တစ်ကူလည်း
ကြည့်ရှုနိုင်တယ်။
7. ကိုယ့်လုပ်ငန်းရဲ့ Identity ကို ဖေါ်ပြတဲ့နေရမှာ စိတ်ကူးဥာဏ် ကောင်းရင်ကောင်းသလို အလှပဆုံးနဲ့ အပေါ့ပါးဆုံး site တစ်ခု ဖြစ်စေတယ်။

နားလည်လွယ်စေတဲ့ အချက်လေးတွေ ဖြစ်ပါတယ်။ နည်းနည်းတော့ Technical ဆန်ပါလိမ့်မယ်။ ဒါက အမြင်သာဆုံးအချက်တွေပါ။

ဒါ့ကြောင့် ကျွန်တော့်ရဲ့ Training မှာ Wordpress CMS ကို မဖြစ်မနေထည့်သွင်းသင်ကြားရခြင်းဖြစ်ပါတယ်။

08/05/2019

Digital Advertising Technology & CMS Blogger Training ရဲ့ Module (C) အတွက် Candidates တွေကို ပေးမယ့် Web Hosting ရဲ့ facility တွေကဒီလိုပါ 👇 နားလည်လွယ်မယ့် အဓိက အချက်အလက်တွေကိုပဲ ပြောထားပါတယ်။

Diskspace => Total 10 GB

Monthly Bandwidth => 160 GB

Hosting Type => Cloud Hosting ဖြစ်ပါတယ်။
(Shared Hosting မဟုတ်ပါ.)

cpanel => WHMCS ဖြစ်လို့ အလွန်လွယ်ကူပါမယ်။

Web Mail အသုံးပြုနိုင်ပါမယ်။
(ဥပမာ - [email protected])

03/05/2019

Digital Advertising & CMS Blogger Training

Module (B)

- Google My Business မှာ မိမိလုပ်ငန်း ကို အသေးစိတ်ထည့်သွင်းတည်ဆောက်ခြင်း

- Google Ad Words အကြောင်း အသေးစိတ်နဲ့
Adwords ကို မိမိကိုယ်ပိုင်ငွေခြေစနစ်နဲ့ ကိုင်တိုင်ကိုယ်ကျ ကိုင်တွယ်ခြင်း .

- Google Ads Campaign များ အစအဆုံးပြုလုပ်ခြင်း (Module C မှာသင်ယူလေ့လာရမယ့် မိမိရဲ့ ကိုယ်ပိုင် cms web site ကိုပါ ထည့်သွင်းကြော်ငြာခြင်း)

- Google Blogger မှာ ကိုယ်ပိုင် blog တစ်ခု ဖန်တီးတည်ဆောက်ပုံ အသေးစိတ် (Module C မှာပါဝင်တဲ့ CMS Training အတွက် ပိုပြီးအထောက်အကူဖြစ်စေပါတယ်)
------------------------------------------------------
Candidate တစ်ဦးခြင်းရဲ့ ကျွမ်းကျင် မှုပေါ်မူတည်ပြီး Complementry ထပ်ဖြည့်ပြီးသင်ပေးမှာက - - -

Google Mail, Drive, Maps Creation, google+
Google Search Engines နဲ့ Advanced Internet Surfing (လိုချင်သော Result ကို အတိအကျနီးပါး တွက်ထုတ်ရှာဖွေခြင်း)
MS Outlook လို Email Client Software မှာ GMAIL ကို configure ပြုလုပ်ခြင်းနှင့် OFFLINE အသုံးပြုခြင်း

ကဲ ဒါက Module B ပါ။

တစ်ဦးခြင်း ကျွန်းကျင်မှု အဓိက ထားတဲ့ Training ဖြစ်တဲ့အတွက် Lecturer ရော Candidate ပါ မည်သူမှခိုကပ် လို့မရပါဘူး။ အချိန် တတ်နိုင်သမျှ ချုံ့ ပြီး ကျွမ်းကျင်မှုကို တတ်နိုင်သမျှ များများ သင်ယူရမှာဖြစ်ပါတယ်။

ကဲ မပြီးသေးဘူးနော် Module C မှာဘာပါမလဲ နက်ဖန်ကျမှ ဆက်ပြောပြမယ်။

ဒီ သင်တန်းဟာ မိမိကိုယ်မိမိ တတ်ရောက်ရန်မလိုအပ်ဘူးဟု ယူဆသူတွေ ။ ကျွမ်းကျင်ပြီးသားသူတွေ ။ အချိန်ပေးနိုင်ပြီး ကိုယ်တိုင်လေ့လာနိုင်စွမ်း သိပ်ကောင်းတဲ့ သူတွေ တက်ရောက်ရန်မလိုအပ်ပါ။

ထုံးစံအတိုင်းထပ်ပြောရရင် Marketing နဲ့ Content Marketing ကိုလုံးဝမသင်ပါဘူး ။
Technical သီးသန့် သင်ကြားမှုဖြစ်ပါတယ်။

02/05/2019

Digital Advertising & CMS Blogger Training ရဲ့

Module (A) မိတ်ဆက်

1. Managing Facebook AdsManager
2. Managing Facebook Business Manager

- Core Exercise တွေက -
(Business Page Settings & Configuration,
Page Promote,
Post Boost,
Action Promotion,
Auto Ads Configuration,
Budget Threshold,
Budget Control,
Insights & Engagement,
Interests, Demographic and Behaviors, Business Account Configurations and Controlling
Chat Bot Configuration )

အကုန်သင်မှာ မတတ်မခြင်းသင်မှာ တစ်ယောက်ခြင်းသင်မှာ

ဒါက Module (A) ရဲ့ List ပါ
Module B မှာရော ဘာတွေပါမလည်း ?

ထပ်ပြောပါမယ် Marketing လုံးဝသင်မှာမဟုတ်ပါဘူး ။ Technical သီးသန့်ပါ

01/05/2019

ကိုယ့်လုပ်ငန်းရဲ့ Website ကို ကိုယ်ကိုတိုင်ဖန်တီးနိုင်မယ်။ ✔️(Professional Web Programmer မဟုတ်တာတောင်မှ နည်းပညာပိုင်းအရ End User Level လောက်တော့ တတ်ထားချင်တယ် ။။
ကိုယ်တိုင်လုပ်ကြည့်ချင်တယ်ပေါ့)

page မှာလည်း ကြော်ငြာလုပ်တာတွေ messenger မှာ chat bot ထည့်တာတွေ အားလုံး လုပ်နိုင်မယ်။ ✔️
(နည်းပညာပိုင်းအရ အသေးစိတ်လုပ်နိုင်ကိုင်နိုင်တာကိုပြောတာနော်)

Google Adwords မှာလည်း ကိုယ့် လုပ်ငန်းကိုကိုယ် ကိုယ်ပိုင် payment system နဲ့ကြော်ငြာလုပ်တတ်မယ်။ ✔️
(ဒါလည်း Google Adwords မှာ နည်းပညာပိုင်းအရ ဘယ်သူ့ကိုမှသိပ်အားမကိုးရပဲ နားလည် ကျွမ်းကျင်တာကိုပြောတာပါ။)

Google My Business မှာ ကိုယ့် profile ကို ကိုယ် ကောင်းကောင်းဖြည့်နိုင်ပြီး Google Blog တစ်ခုပါဖန်တီးထားနိုင်မယ်။ ✔️

အခြေခံအားဖြင့် ကိုယ့်ရဲ့ လုပ်ငန်း ဒါမှမဟုတ် products တစ်ခုကို Digital Marketing ပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံချင်တယ် ။ ✔️

စစခြင်း ငွေကြေးကုန်ကျမှုများမှာလည်းစိုးတယ်။ ✔️
-------------------------------------------------------------
နောက်ဆုံးကိုယ်တိုင်မလုပ်ရင်တောင် သေသေချာချာ ဂဃနန တော့နားလည်းထားချင်တယ် တတ်မြောက်ထားချင်တယ် ဆိုတဲ့ သူတွေရှိမလား ??????
===================================
Digital Advertising & CMS Blogger Training စပါမည်။
===================================
(Facebook Ads, Google Adwords , Google Blogging နဲ့ Wordpress CMS ) ၄ မျိုးပေါင်း Training
===================================
⚠️Marketing_နဲ့_Content_Marketing ကို သင်ပေးမှာမဟုတ်ဘူးနော် ..
အဓိကက နည်းပညာ ပိုင်းမှာ လိုနေတဲ့ ကွက်လပ်လေးဖြည့်ချင်တာပါ။

18/02/2019

လုပ်ငန်းတွေအတွက် Website မဖြစ်မနေရှိထားသင့်တဲ့ အချက် (၆)ချက်

ယနေ့ Online Marketing တွေ ခေတ်စားနေပြီဖြစ်တဲ့ မြန်မာပြည်က မိတ်ဆွေလုပ်ငန်းအနေနဲ့ Website ကောင်းကောင်းလေး တစ်ခုတော့ လိုအပ်လာပါပြီ။

Facebook ရှိနေတာပဲ မလိုပါဘူးဆိုပြီး မထင်သင့်ပါ။

Facebook ဆိုတာ သူများခြံဌားပြီး အိမ်ဆောက်ထားရသလိုပါပဲ။ ဒီ Platform က မိတ်ဆွေရဲ့အပိုင်မဟုတ်တဲ့အတွက် စိတ်ကြိုက်မလုပ်နိုင်သလို အချိန်မရွေးလဲ တည်ဆောက်ထားတာတွေ ပျက်စီးသွားနိုင်ပါတယ်။

Website က မိတ်ဆွေလုပ်ငန်းရဲ့ Online ကိုယ်စားလှယ်ပါ။ Social Media ကတော့ Marketing Tool တစ်ခုပါပဲ။

ကိုယ်ပိုင် Website ရှိထားရင် လုပ်ငန်းအတွက် အချက်အချာအနေနဲ့ အသုံးပြုနိုင်သလို ၁၀၀% စိတ်ကြိုက်ထိန်းချုပ်ကိုင်တွယ်နိုင်ပါတယ်။ တစ်ခါတည်ဆောက်ထားပြီးတာနဲ့ မိတ်ဆွေက Platform တစ်ခုကို ပိုင်သွားပါပြီ။

မိတ်ဆွေစိတ်ကြိုက် အသုံးချလို့ရမှာပါ။

ဘာကြောင့် Website ရှိထားသင့်တယ်ဆိုတဲ့ အချက် (၆)ချက်ကိုလဲ ပြောပြပေးလိုက်ပါတယ်။

၁) မိတ်ဆွေရဲ့ Product/Service တွေကို စိတ်ကြိုက် ခင်းကျင်းပြသထားလို့ရတယ်။
၂) ၀န်ထမ်းတွေ လိုအပ်လာရင် ၀င်ကြည့်နိုင်မယ့် သီးသန့် Online Resource Center လုပ်ထားနိုင်မယ်။
၃) ပြိုင်ဖက်လုပ်ငန်းတွေမှာလဲ Website တွေရှိနေနိုင်လို့ နောက်မကျန်ခဲ့အောင် လုပ်ထားသင့်ပါတယ်။
၎) မိတ်ဆွေရဲ့ လုပ်ငန်းကို ယုံကြည်မှု ပိုမိုခိုင်မာစေမယ်။
၅) Google Ads တွေ လုပ်ဆောင်လာနိုင်မှာဖြစ်တဲ့အတွက်
၆) B2B လုပ်ငန်းတွေဆို မဖြစ်မနေလုပ်ထားဖို့ လိုပါတယ်။

မိတ်ဆွေရဲ့လုပ်ငန်းအတွက် Website လုပ်ထားသင့်တဲ့ အချက်လေးတွေ သိသွားလောက်ပါပြီ။

မိတ်ဆွေရဲ့ လုပ်ငန်းအတွက် Ph/Computer (၂)မျိုးလုံးအတွက် အဆင်ပြေမယ့် Website တွေကို Promax Computing & Technology က အကောင်းဆုံး ကူညီဖန်တီးပေးနေပါတယ်။

မိတ်ဆွေအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတွေကိုလဲ ကူညီအကြံပေးနေလို့ အခုပဲ ဆက်သွယ်ပြီး စိတ်ကြိုက် မေးမြန်းလိုက်ပါတော့လား...

18/01/2019

PROMAX AGENCY ရဲ့ Content Management Services

ရေရှည် အောင်မြင် တိုးတက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာစေဖို့

လုပ်ငန်းတစ်ခု ရေရှည် အောင်မြင်တိုးတက်နေဖို့ဆိုတာ သိပ်လွယ်မှာတော့ မဟုတ်ပါဘူး။
Product/Service ကောင်းရုံတင် မပြီးဘဲ Marketing လဲ ကောင်းဖို့လိုပါတယ်။
အထူးသဖြင့် အခုမှ စတင်မယ့် အသေးစားလုပ်ငန်းတွေအတွက် အချိန် နဲ့ စွမ်းအား အရင်းအမြစ်တွေကို ထိထိရောက်ရောက် အသုံးချတတ်ဖို့လိုပါမယ်။
ဒီနေ့ခေတ်မှာ လုပ်ငန်းတိုင်းလိုလို Facebook ကို အသုံးချလာကြပါပြီ။ ဒါကြောင့် Facebook တစ်ခွင် လုပ်ငန်းတူ Page တွေ မမြင်ချင်မှအဆုံး ပေါများနေပါတော့တယ်။

ဒီအများကြီးထဲမှာမှ ကိုယ့်ဆီမှ ရွေးလာအောင် ဘယ်လိုလုပ်ကြမလဲ???
...........................................

ရေရှည်သွားမယ့် လုပ်ငန်းတစ်ခုအနေနဲ့ Brand ကို သေချာတည်ဆောက်ထားမှ လိုအပ်တိုင်း ကိုယ့်လုပ်ငန်း ကို ပြေးမြင်ကြမှာပါ။

ဖုန်းဆိုတာနဲ့ Samsung တို့ I-Phone တို့ကို ပြေးမြင်မိသလိုပေါ့။

ဒီနေ့ Digital ခေတ်မှာ Brand တည်ဆောက်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုကတော့ Content Marketing ကို အသုံးချခြင်းပါပဲ။

Content Marketing က ကိုယ့် Product/Service က ပေးနိုင်တဲ့ Value တွေကို မိတ်ဆွေရဲ့ Potential Customer တွေ နားလည် လက်ခံလာအောင် လုပ်ရတာပါ။

သူတို့အတွက် အကျိုးရှိမယ့် Value တစ်ခုခုရသွားစေမယ့် Content တွေကို အမြဲပေးနေနိုင်ဖို့လိုပါတယ်။

Customer တွေရဲ့ လိုအပ်ချက်တွေ လိုအင်တွေကို Content ကောင်းတွေနဲ့ ဖြည့်ဆည်းပေးနေရပါမယ်။ လူတွေကို ကူညီပြီး အောင်မြင်မှုကိုရလာစေတာ Content Marketing ပါပဲ။

ဒီလိုနဲ့ Brand နဲ့ Customer တွေကြား မိတ်ဆွေသဖွယ် ရင်းနှီးမှုရလာစေပါတယ်။ နောက်ဆုံး တစ်ခုခု၀ယ်ဖို့ စဉ်းစားပြီဆိုတာနဲ့ မိတ်ဆွေရဲ့ Brand ကို သတိရမိလာမှာပါ။

သတိရပြီဆိုရင် ၀ယ်ယူအားပေးဖို့က အရမ်း နီးစပ်သွားပါပြီ။ ဒါဟာ အောင်မြင်မှုရဲ့ အစပါပဲ။ ဒီအခြေအနေကို ဆက်ထိန်းထားမယ်ဆိုရင် မိတ်ဆွေဟာ ရေရှည်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ပါပြီ။
....................................

လိုအပ်ချက်တွေကတော့ Content ကောင်းတွေကို ပုံမှန် ဖန်တီး၊ လူမှန် နေရာမှန် ရောက်အောင် ပို့တတ်ဖို့ပါပဲ။

အခု မိတ်ဆွေရဲ့လုပ်ငန်းကို အောင်မြင်စေမယ့် နည်းလမ်းတစ်ခုကို သိသွားပါပြီ။
လက်တွေ့ အကောင်အထည်ဖော်ဖို့ပဲ လိုပါတော့မယ်။
လုပ်စရာလေးတွေ များလာပါပြီ။
............................................

အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းဟာ တာ၀န်ခွဲဝေတတ်ကြပါတယ်။ ကျွန်တော်တို့ Promax Agency ကမိတ်ဆွေကိုယ်စား ဒီအပိုင်းကို တာ၀န်ယူပေးပါ့မယ်။

မိတ်ဆွေ ဒီမှာသုံးမယ့် အချိန်နဲ့ စွမ်းအား အရင်းအမြစ်တွေကို လုပ်ငန်း တိုးတက်ရာ တိုးတက်ကြောင်းတွေ ပိုလုပ်နိုင်စေဖို့ပါ။
...........................................

ကျွန်တော်တို့ လုပ်ပေးမှာတွေကတော့...

၁) မိတ်ဆွေရဲ့ Customer တွေ အကျိုးရှိမယ့် Content ကောင်းတွေကို အပတ်စဉ် Target Audience ဘယ်လောက်ရောက်ရမယ်ဆိုပြီး အာမခံနဲ့ ဖန်တီးပေးမယ်။

၂) လုပ်ငန်း Page ကိုလည်း တစ်လကို Like ဘယ်လောက်ရရမယ်ဆိုပြီး တိတိကျကျ အာမခံပေးထားမယ်။ Like ဆိုတဲ့နေရာမှာလဲ ကိုယ့်လုပ်ငန်းကို စိတ်၀င်စားနိုင်ခြေများတဲ့ Audience တွေ follower တိုးလာမှာဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းလဲ ဂုဏ်သိက္ခာရှိ၊ ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှု မြင့်မားလာစေမှာပါ။

ဒီအချက်တွေကြောင့် ကျွန်တော်တို့ Promax Agency ကို ယုံကြည်စွာ အပ်နှံခြင်းဖြင့် ရောင်းအားတွေကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ကောင်းလာစေခြင်း၊ Break Even Point ကိုအမြန်ဆုံးရဖို့နဲ့ လုပ်ငန်းလည်ပတ်အောင် လုပ်ရာမှာ အချိန်ကုန်သက်သာ၊ ၀န်ထမ်းတွေ စရိတ်သက်သာခြင်း၊ TV၊ Radio၊ သတင်းစာတွေလို ငွေကုန်ကြေးကျမများဘဲ ပိုပြီး Target Audience ကို ရောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါလိမ့်မယ်။
#တစ်ခုပဲအရေးကြီးတာက ဒီအချက်ဟာ စျေးဝိုင်းရောင်းပေးခြင်းမဟုတ်ပဲ Branding အတွက် တာဝန်ယူပေးခြင်းသာဖြစ်ကြောင်းတော့ သတိပြုရန်လိုအပ်ပါမည်ခင်ဗျ။ ရောထွေးသွားမှာစိုးလို့ပါခင်ဗျ။

မိတ်ဆွေရဲ့အောင်မြင်မှုဟာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုပါပဲ။
.........................

⏰ပြိုင်ဖက်တွေ လက်မဦးခင် အခုပဲ ဆက်သွယ်ပြီး Appointment ယူလိုက်ပါ။

Comment နဲ့ messenger တို့ကလဲ ဆက်သွယ်နိုင်ပါတယ်။

Appointment ယူမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Content Expert တွေကိုယ်တိုင် မိတ်ဆွေဆီအရောက်လာပြီး ဆွေးနွေးရှင်းပြပေးသွားမှာပါ။

📢 Email ကနေ Quotation တောင်းချင်တယ်ဆိုရင်တော့
[email protected] &
[email protected]

Website . www.promaxmyanmar.com

ဒီ link လေးကတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ထပ်မံရှင်းပြထားတဲ့ post လေးပါဗျ https://www.facebook.com/promaxagency/photos/a.1685766728349695/2201783530081343/?type=3&theater

ဖုန်းဆက်ပြီးဆက်သွယ်ချင်တယ်ဆိုရင်တော့...
👉09774338199, 09447362275

ကိုယ်တိုင်ကိုယ်ကျလာရောက်ဆွေးနွေးလိုပါတယ်ဆိုရင်တော့ ..
👉အမှတ် (၆၈၂) A ၊ ၄ / ၆ ဗြဟ္မာစိုရ်လမ်းပေါ်၊ ၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်

ကိုင်းသိပ်မစဉ်းစားနဲ့တော့နော် အချိန်ကတန်ဖိုးရှိတယ်ဗျ 😊😊

for Online Shopping, MLM and Forex Tradings.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No (987), Third Floor , Innwa 9 Street, Ward 6, South Okkalapa TSP
Yangon
959

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00