09/05/2020
#အိမ်မှာ နေရင်း စာတွေလေ့လာကြမယ်။
သင်တန်း
English လိုရေးသားတာပဲ ဖြစ်ဖြစ်, ပြောဆိုတာပဲ ဖြစ်ဖြစ် မိမိဆိုလိုချင်တာကို တစ်ဖက်သားနားလည်စေဖို့ ဆိုရင်တော့ Grammar ကို အနည်းဆုံး အခြေခံအဆင့် နားလည် သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။
English စာကို လွယ်ကူစွာ လေ့လာနိုင်ဖို့ အတွက် အခြေခံ Grammar များအတွက် (၁.၆.၂၀၂၀)
အိမ်ထဲကနေ အိမ်အပြင် မထွက်ပဲ အိမ်ကနေပြီးတော့ တက်ရောက်နိုင်မယ့် Basic English Grammar (Online) သင်တန်းကို စတင်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်လိုပုံစံနဲ့ လေ့လာရမှာလဲ?
G-mail account ရှိသူ မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်မယ့် Google Classroom Platform ကနေတစ်ဆင့် သင်ခန်းစာ Video (30) ကို တင်ပေးထားမှာ ဖြစ်ပြီး မိမိလေ့လာလိုတဲ့ အချိန်မှာ အချိန် မရွေး ဝင်ရောက်နိုင်မှာ ဖြစ်တဲ့အပြင် သင်ခန်းစာများနှင့် သက်ဆိုင်တဲ့ Exercise များကိုပါ တစ်ပါတည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ ရမှတ်များကို ကိုယ်တိုင် ပြန်လည် ကြည့်ရှုနိုင်ပြီးတော့ အမှား ပြင်ဆင်ချက်များကို မှတ်သားထားနိုင်မှာ ဖြစ်ပါတယ်။ မိမိသိလိုသော မေးခွန်းများမေးမြန်းနိုင်ဖို့နဲ့ အခြားသူများဆီမှ သင်ယူနိုင်ဖို့အတွက် တစ်ပါတ်လျှင် တစ်ကြိမ် ဆရာနှင့် online Video Call မှ တစ်ဆင့် တွေ့ဆုံနိုင်မှာလည်း ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသွားလျှင်တော့ အရည်အချင်းစစ် ဖြေဆိုမှုကိုလည်း Online ပေါ်မှတစ်ဆင့် ပြုလုပ်နိုင်ပြီး သင်တန်းပြီးဆုံးအောင်မြင်ကြောင်း Certificate ထုတ်ယူနိုင်ပြီး မိမိ၏ အင်္ဂလိပ်စာ အရည်အချင်းနှင့် ပါတ်သတ်၍ ဆရာမှလိုအပ်ချက်များကို သုံးသပ်ဆွေးနွေးပေးသွားမှာလည်း ဖြစ်ပါတယ်။
Google Classroom အသုံးပြုနည်းကိုလေ့လာရန်
https://www.youtube.com/watch?v=rspwrcddVKU&t=82s
သင်တန်း တက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရှိမှာလဲ?
အခြေခံ Grammar အသုံးပြုမှုများဖြစ်တဲ့ ဝါကျတည်ဆောက်ပုံများ၊ ဝါစင်္ဂ ရှစ်မျိုးနှင့် ပါတ်သတ်သော အကြောင်းအရာများ ၊ Tense အသုံးပြုမှုများ၊ Article အသုံးပြုမှုများအပြင် အခြားသော အင်္ဂလိပ်စာ ရေးသား၊ ပြောဆိုနည်းများအတွက် လိုအပ်သော အခြားအကြောင်းအရာများကိုပါ လေ့လာရမှာ ဖြစ်ပြီး မိမိ ရဲ့ ပညာရေးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာပဲ ဖြစ်ဖြစ် အသုံးဝင်နေမှာ ဖြစ်ပါတယ်။
တစ်ပါတ်ကို အချိန်ဘယ်လောက်ပေးဖို့လိုပါသလဲ?
မိမိရဲ့ နှစ်သက်မှုအပေါ်မူတည်ပါတယ်။ Video Lesson များဟာ (၁၀) မိနစ် ဝန်းကျင်ရှိပြီးတော့ Exercise တွေကတော့ (5)မိနစ်မှ (15) မိနစ်ခန့်အထိ ကြာနိုင်ပြီး မိမိလေ့လာလိုသော အချိန်ကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ Video Lesson အတွက် ကိုတော့ တစ်ပါတ် (၁) နာရီခန့် အချိန်ပေးရမှာ ဖြစ်ပါတယ်။
သင်တန်းကြေး ဘယ်လောက်ကျမှာပါလဲ?
သင်တန်းကြေးမှာ (၂) သောင်းကျပ် ဖြစ်ပါတယ်။ Wave Money, CB pay, KBZ pay များဖြင့် သင်တန်းကြေးပေးသွင်းနိုင်ပါတယ်။ နှစ်ဦးတက်ရောက်မည်ဆိုပါက နောက်ထပ် တစ်ဦးမှာ သင်တန်းကြေး အခမဲ့ဖြင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ် ဆက်သွယ်ရန်
09784033911
မိမိရဲ့ အိမ်ထဲက နေ့ရက်တွေကို အကျိုးရှိရှိ ဖြတ်သန်းကြရအောင်...