Coach Mar Mar

Coach Mar Mar HR Experience sharing and Trainer

19/01/2026

“Meeting မှာဘာတွေ ဆွေးနွေးလိုက်ကြတာလဲ…!! " ဆိုပြီး မေ့ကုန်ရောလား? 📝🤯

လုပ်ငန်းခွင်ထဲ စဝင်လာတဲ့ Junior ဝန်ထမ်းအများစု၊ Intern လေးတွေအများစု ကြုံရတဲ့ ဒုက္ခတစ်ခုက Meeting Note ကို စနစ်တကျ မမှတ်တတ်တာပဲ ဖြစ်ပါတယ်ဗျ။ လူကြီးတွေပြောသမျှ လိုက်ရေးနေပေမဲ့ ပြန်ဖတ်ရင် လိုရင်းပျောက်နေတတ်ပါတယ်။ 📉

Meeting Note/ Meeting Minute ကောင်းကောင်းမှတ်နိုင်ခြင်းက မိမိရဲ့ -
✅ အလုပ်အပေါ် နားလည်နိုင်စွမ်း (Understanding)
✅ တာဝန်ယူနိုင်စွမ်း (Accountability)
✅ Professional ဖြစ်မှု (Professionalism) ကို ပြသနိုင်တဲ့ အကောင်းဆုံး လက်နက်တစ်ခုပါ။ 💼

ဒါကြောင့် Smart Employee တစ်ယောက်ဖြစ်ဖို "The 3 As" နည်းလမ်းလေးနဲ့ Meeting Note ဘယ်လိုမှတ်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်ဗျ။ 👇

1️⃣ Agreements (သဘောတူညီချက်များ/ ဆုံးဖြတ်ချက်များ) 🤝
အစည်းအဝေးမှာ ဘယ်သူက ဘာပြောတယ်ဆိုတာထက် "နောက်ဆုံး ဘာဆုံးဖြတ်လိုက်လဲ" ဆိုတာကိုမှတ်ထားဖိုက အရေးအကြီးဆုံးပါပဲ။
(💡ဥပမာ - "Marketing Plan ကို လာမည့်သောကြာနေ့ အပြီးပြင်ဆင်ရန် ဆုံးဖြတ်သည်။")

2.Action Items (လက်တွေ့လုပ်ဆောင်ရန်များ) 🏃‍♂️
ဒါက Meeting Note ရဲ့ အဓိကအသက်ပါပဲ။ (Who, What, When?) ဆိုတဲ့ အချက် ၃ ချက် ပါကိုပါရပါမယ်ဗျ။
ဥပမာ-
👤 Who: ဘယ်သူလုပ်မှာလဲ?
🎯 What: ဘာလုပ်မှာလဲ?
📅 When: ဘယ်နေ့အပြီးလဲ? ကဲ့သိုသော အချက်အလက်တွေကိုမှတ်သားထားနိုင်ရပါမယ်ဗျ။

3. Agenda for Next (နောက်တစ်ကြိမ်အတွက် ခေါင်းစဉ်) 📅
ဒီပွဲမှာ မဆွေးနွေးဖြစ်လိုက်တဲ့၊ မပြတ်သားလိုက်တဲ့ အကြောင်းအရာတွေကို နောက် Meeting ကျမှ ဆွေးနွေးဖို မှတ်ထားရပါမယ်။
(💡ဥပမာ - "Budget အပိုဆောင်းရန်ကိစ္စကို ဖေဖော်ဝါရီလ အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန်။")

ဒီလိုမျိုးလေးတွေမှတ်ထားပြီး Meeting ပြီးတာနဲ့ ဒီ ၃ ချက်ကို အနှစ်ချုပ်ကာ Report တင်လိုက်တာနဲ့ မိမိဟာ အလုပ်မှာစေ့စပ်သေချာသူ (Detail-oriented Person) ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်သွားပါလိမ့်မယ်ဗျ။ ✨💼

နောက်ထပ်လည်း JOIM မှလုပ်ငန်းခွင်နှင့်သက်ဆိုင်တဲ့ဗဟုသုတများသာမက အခြား knowledge များကိုပါ မျှဝေပေးသွားအုံးမှာဖြစ်လို ဆက်လက်စောင့်ကြည့်ပေးပါအုံးဗျ။

19/01/2026
16/01/2026

❝ ခေါင်းဆောင်ဆိုတာ လက်ညိုးထိုး ခိုင်းနေရုံနဲ့ မပြီးဘူး ❞

လူတိုင်းလိုလို ကျင်လည်ခဲ့ဖူးတဲ့ အဖွဲ့အစည်းတိုင်း၊ လုပ်ငန်းခွင်တိုင်းမှာ ခေါင်းဆောင်အမျိုးမျိုးနဲ့ ကြုံခဲ့ဖူးကြမှာပါ။ ဝန်ထမ်းတွေ အပေါ်ပြန်ကြည့်တဲ့ ခေါင်းဆောင်လည်းရှိသလို၊ ပြန်မကြည့်တဲ့ ခေါင်းရှောင်တွေဆိုတာလည်း မနည်းပါဘူး။

လူတွေက လုပ်ငန်းခွင်ထဲ စဝင်ပြီဆိုတာနဲ့ အရင်ဆုံးစပြီးရှာကြတာက သူတို့မှီခိုလို့ ရမယ့်သူ၊ သူတို့ကို ဉီးဆောင်ပြီး လမ်းပြပေးတဲ့ စံနမှုနာတစ်ယောက်ကိုပဲ ရှာကြတာပါ။ အဲ့ဒီလူက ကိုယ့်ရဲ့ အထက်လူကြီး ဟုတ်ချင်မှဟုတ်မယ်၊ ကိုယ့်ရဲ့ စီနီယာ၊ ကိုယ့်နဲ့ တစ်စားပွဲတည်း ထိုင်တဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ချင်ဖြစ်မယ်။

ခေါင်းဆောင်ဆိုတာ ရာထူးနဲ့ မဆိုင်ဘူး။ အမိန့်ပေးနိုင်တာနဲ့လည်း မဆိုင်ဘူး။ ခေါင်းဆောင်ဆိုတဲ့ ရာထူးရှိတိုင်း တကယ့်ခေါင်းဆောင် အစစ်အမှန် မဟုတ်တဲ့သူတွေမှ အများကြီး။
တချို့ရာထူးတွေက အရည်အချင်းကြောင့်မဟုတ်ဘဲနဲ့ တခြားအကြောင်းအရင်းတွေကြောင့် ရလာတာဆိုတော့ တချို့ အောက်သက်မကျေတဲ့ အထက်လူကြီးတွေကတော့ ဘယ်လိုမှ ခေါင်းဆောင်ကောင်းဖြစ်မလာနိုင်ဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အရင်ဆုံး နောက်လိုက်ကောင်း တစ်ယောက် ဖြစ်ဖို့ လိုတယ်ဆိုတာ သိထားရမယ်။

ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ သူ့ အဖွဲ့သားတွေကို “ ဒါလုပ်ပါ။ ဟိုဟာလုပ်ပါ”ဆိုပြီး လက်ညိုးထိုး ခိုင်းမနေဘူး။ ရှေ့ကနေ ဦးဆောင်ပြီး အရင်ဆုံး လုပ်ပြတယ်၊ အဖွဲ့သားတွေ သူ့ကို ယုံကြည်လာအောင် ကြိုးစားတယ်၊ အခက်အခဲတွေကို နားလည်ပေးတယ်၊ ပြဿနာတွေ ဖြစ်လာပြီဆိုရင်လည်း ရှေ့ကနေ ဉီးဆောင်ပြီး အဖြေရှာတယ်။

တကယ်လို့ ကိုယ်က ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ သူများကို မခိုင်းခင်မှာ ကိုယ်ကရော ဒါကို အရင်လုပ်ပြပြီးပြီလား ဆိုတာ ပြန်မေး၊ လမ်းမပြရသေးဘဲ မင်းတို့ဘာသာလုပ် အကျိုးအမြတ်ကို ငါပဲ ယူမယ်ဆိုတဲ့ စိတ်ဓာတ်ကို ရှောင်ကြဖို့ အတွက် ပြောချင်တယ်။

လက်အောက်ငယ်သားတွေ အနေနဲ့လည်း ဒီလို ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ ကြုံလာခဲ့ရင် သူရဲ့လုပ်ရပ်တွေပေါ်မှာ မရောင့်တက်ဘဲနဲ့ တန်ဖိုးထားပြီး ဆက်ဆံပေးတတ်ဖို့ လိုတယ်ဆိုတာလဲ မှာချင်ပါတယ်။

-----------

=============
နှစ်သစ်မှာ Skill အသစ်နဲ့ ဖြတ်သန်းချင်တဲ့ သူတွေအတွက် ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။

ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတို့ရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။
👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform



အဖြူရောင်လေးတွေကိုနှစ်သက်တယ်
13/01/2026

အဖြူရောင်လေးတွေကိုနှစ်သက်တယ်

04/01/2026

❝ ဆွဲဆောင်မှုရှိအောင် ဘယ်လိုနေမလဲ ❞

လူတစ်ယောက် ကြည့်ကောင်းတယ်၊ သူ့ကို မြင်လိုက်တဲ့နဲ့ ဆွဲဆောင်မှုရှိတယ်လို့ ခံစားရတာဟာ နဂို ရုပ်ခံချောမောလှပတာတစ်ခုထက် ပိုတယ်။ နဂိုရုပ်ခံရှိပြီး ရှိတဲ့အတိုင်းကို ပိုမွမ်းမံတတ်ရင် အတိုင်းအထက်အလွန် ဆွဲဆောင်မှု ရှိစေတာပါ။

◾ဒါပေမဲ့ ရုပ်ခံတစ်ခုတည်းနဲ့တင် ဆွဲဆောင်မှု ရှိနေလိမ့်မယ်လို့ ယူဆလို့မရဘူး။ ဒါဖြင့် ဘယ်လိုအရာတွေက လူတစ်ယောက်ကို ဆွဲဆောင်မှုရှိအောင် ကူညီပေးနိုင်သလဲ။

📌 အလွယ်မှတ်လို့ရအောင် အင်္ဂလိပ် အက္ခရာ C ဆယ်လုံးနဲ့ မှတ်နိုင်တယ်။

၁။ ယုံကြည်မှု ရှိပါ။ (Confidence)
ကိုယ့်ကိုယ်ကိုယ် ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ တာဝန်ယူရဲတဲ့ ယုံကြည်မှု၊ တစ်နည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတဲ့သူက ဆွဲဆောင်မှု ရှိစေတယ်။ ကိုယ့်ကိုယ်ကိုယ် မဟုတ်တာ မလုပ်ဘူးဆိုတာ ယုံနေမှ ကိုယ့် သူများ လာယုံပေးလို့ရမှာကိုး။

၂။ ဩဇာညောင်းပါစေ (Charisma)
ဩဇာရှိရှိနေပါဆိုတာက ပိုက်ဆံတွေ အသကုန် ရှာခိုင်းတာ မဟုတ်၊ နာမည်ကြီးအောင် လုပ်ခိုင်းတာလဲ မဟုတ်၊ ကိုယ့်စကား ကိုယ့်လုပ်ရပ်အပေါ် ယုံတယ်၊ တစ်ဖက်က နှစ်လိုဖွယ် ဖြစ်လာအောင် သိမ်းသွင်းတတ်တယ် ဆိုတာမျိုး။

၃။ တည်ငြိမ် အေးဆေးမှု (Composure)
စိတ်လှုပ်ရှားနေတယ်၊ ဒါပေမဲ့ သိက္ခာမဲ့သွားအောင် ထိန်းထားနိုင်တယ်။ ဒေါသထွက်တယ်၊ ဒါပေမဲ့ ဒေါသရဲ့ဆိုးကျိုးကို သိလို့ အေးအေးဆေးဆေး ဖြေရှင်းဖို့ကိုပဲ ရွေးချယ်တယ်။ တစ်ဖက်လူအပေါ် လေးစားမှု ပြတ်မသွားဘူး။

၄။ စကားပြောကောင်းတယ် (Communication)
တကယ်တမ်း Commucation ကောင်းတယ်ဆိုတာ စကားပြောကောင်းတာထက် ပိုပါတယ်။ မသိသူကို သိအောင်၊ ရင်ဘတ်ထဲရောက်အောင် ပြောပြရတာ တော်ရုံစကေးနဲ့ မရပါဘူး။ ကိုယ့်မှာ Communication skill မြင့်နေမှ အဆင်ပြေတာပါ။

၅။ တစ်သမတ်တည်း ရှိတယ် (Consistency)
စိတ်နေစိတ်ထား၊ အပြုအမူ၊ အလုပ်အပေါ် စိတ်နှစ်ပြီး လုပ်တဲ့သူက ဆွဲဆောင်မှု ရှိစေတဲ့လူပဲ ဖြစ်ပါတယ်။ ဟိုလိုလို ဒီလိုလို သမားတွေက နောက်မှာ ကျန်နေခဲ့တတ်တယ်။

၆။ ဂရုတစိုက် ရှိတယ် (Caring)
လူတစ်ဖက်သားကို ဂရုတစိုက်ရှိတဲ့လူကလဲ ရုပ်ရည်ချောမောနေတဲ့သူထက် ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။

၇။ ဟာသဉာဏ်ရှိတယ် (Comedy)
သူများကို မထိမခိုက် စည်းနဲ့ဘောင်နဲ့ အရွှန်းဖောက်တတ်တဲ့ အောက်လုံးမပါတဲ့ ဟာသဉာဏ်ရှိခြင်းဟာ ဆွဲဆောင်မှု ရှိစေတဲ့နည်းပဲ ဖြစ်ပါတယ်။

၈။ သိလိုစိတ် ပြင်းပြတယ် (Curiosity)
အသစ်သစ်တွေကို သင်ယူစုဆောင်းလိုစိတ်ရှိတယ်။ ပိုင်ပိုင်နိုင်နိုင် မေးခွန်းမေးတတ်တာကလဲ သိလိုစိတ်ကို ပြင်းပြခြင်းတစ်မျိုးပဲ။ ဒါ့ကြောင့် ကိုယ့်ရဲ့စူးစမ်းချင်စိတ်ကို မြှင့်တင်ထားရမယ်။

၉။ အဆင့်အတန်း ရှိရှိနေတတ်ခြင်း (Class)
လူရှေ့ ပွဲမရှာဘူး၊ ရှက်စရာကောင်းတဲ့ကိစ္စမျိုး မလုပ်ဘူး၊ ထမင်းငတ်ပါစေ သူများမျက်ရည်စာပါတဲ့ ထမင်းမျိုးဆိုရင် မစားဘူး။ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်တယ်ဆိုတာမျိုးဟာ အဆင့်အတန်းရှိတာကို ပြသရာရောက်ပါတယ်။

၁၀။ ပူးပေါင်းပါဝင် ဆောင်ရွက်မှု (Contribution)
လူ့အသိုင်းအဝိုင်းထဲမှာ လူအများကို ကူညီတတ်တယ်၊ လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်တတ်ရင် ဆွဲဆောင်မှု ရှိစေတာပဲ။ ဒါ့ကြောင့် တချို့အားလပ်ချိန်တိုင်းမှာ ပရဟိတလုပ်ရင် ကောင်းတယ်။
=============

ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။

ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတို့ရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။

👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform




24/12/2025

❝ Leadership ဆိုတာ ဘာလဲ ❞

ပထမဆုံး မေးချင်တာက
Leader ဆိုတာ ဘာလဲ၊
ဘယ်လိုလူ၊ ဘယ်လိုအရည်အချင်းရှိမှ
ခေါင်းဆောင်ကောင်းလို့ ခေါ်ထိုက်သလဲ။
တကယ်တမ်း Leader ဆိုတာ
Leadership လို့ ခေါ်တဲ့ ခေါင်းဆောင်မှုကို
နိုင်နိုင်နင်းနင်း တတ်မြောက်နေမှသာ
Leader (ခေါင်းဆောင်) ဆိုတာ ဖြစ်တာ။

ဒါဖြင့် ခေါင်းဆောင်မှုပညာ (Leadership) ဆိုတာ
ဘာလဲ၊ ဘယ်လို ဖွဲ့စည်းထားသလဲ၊
မေးချင်ရင် မေးစရာ ရှိလာတယ်။
Leadership ဆိုတဲ့
စကားလုံးတွေကို ခွဲထုတ်ရင်
တစ်လုံးချင်းစီမှာ အဓိပ္ပါယ်တွေ ရှိတယ်။
အဲဒီ တစ်လုံးချင်း အဓိပ္ပါယ်တွေနဲ့
ညီမျှမှသာလျှင် ခေါင်းဆောင်ဆိုတာ ဖြစ်တာ။

ကဲ.. ဘာတွေလဲဆိုတာကို ကြည့်ရအောင်။
အပြည့်အစုံက LEADERSHIP တဲ့။
တစ်လုံးချင်း ပြန်ခွဲထုတ်လိုက်ရင် -

◾ L (Loyalty) သစ္စာရှိတာ
ကိုယ့်အလုပ်ပေါ် သစ္စာရှိရမယ်၊
အလုပ်ကို သေချာကိုင်တွယ်ဖြေရှင်းရမယ်။
ကိုယ့်အလုပ်အပေါ် သစ္စာမရှိဘူးဆိုရင်
တာဝန်မဲ့တာ၊ ခေါင်းရှောင်တာ၊
အလုပ်ထဲမှာ အဆင်မပြေတာတွေနဲ့ပဲ
ရှေ့ဆက်တိုးနေရလိမ့်မယ်။
ဆိုလိုတာ ခေါင်းဆောင်ဆိုတာ
ကိုယ့်အလုပ်အပေါ် သစ္စာရှိ၊ တန်ဖိုးထားဖို့ရာ
အင်မတန် အရေးကြီးတယ်။

◾ E (Enthusiasm) စိတ်အားထက်သန်တာ
ကိုယ်က ခေါင်းဆောင်တာဝန်ယူထားပြီး
သူများထက် နောက်ကျနေလို့ ဘယ်ဖြစ်မလဲ၊
ကိုယ့်ငယ်သားတွေက ကိုယ့်ထက် စိတ်ပါနေရင်
ကိုယ့်ထက် အလုပ်အပေါ်မှာ အာရုံစိုက်နေရင်
ခေါင်းဆောင်နေရာမှာနေပြီး ခေါင်းရှောင်တဲ့
အတုယောင် ခေါင်းဆောင်ပဲ ဖြစ်နေလိမ့်မယ်။
ဒီ့အတွက် အလုပ်အပေါ် စိတ်နှစ်ဖို့ လိုတယ်၊
စိတ်အားထက်သန်မှု ပြင်းပြနေဖို့ လိုတယ်၊
ကိုယ့်ငယ်သားတွေအတွက် အားအင်ဖြစ်နေဖို့
သူတို့အတွက် ဒေါက်တိုင်တစ်ခု အားကိုးရာတစ်ခု
ဖြစ်နေဖို့ လိုကိုးလိုတယ်။

◾A (Attitude) စိတ်သဘောထားပြည့်ဝတာ။
အလုပ်,လုပ်တတ်ရုံ၊ အလုပ်မှာ တော်ရုံနဲ့
ခေါင်းဆောင်ကောင်း မဖြစ်သေးဘူးလို့ ဆိုရမယ်။
ဒါဆို ဘာလိုအပ်လဲ မေးရင် စိတ်သဘောထား
ပြည့်ပြည့်ဝဝရှိဖို့ လိုတယ်။
Attitude ဆိုတာ လိုတာထက် ပိုမဆူတာ၊
အပြစ်သေးသေးကို ချဲ့ကားပုံကြီးမချဲ့တာ၊
ခေါင်းဆောင်ရာထူးကို ယူပြီး
အာဏာပါဝါ မပြတာ၊ ဒါတွေပါ။

◾D (Discipline) စည်ကမ်းရှိတာ။
ကိုယ့်အောက်က ငယ်သားတွေကိုတော့
စည်းကမ်းတွေ တင်းကြပ်တယ်၊ သို့သော်
ကိုယ့်အလှည့်ကျ နေချင်သလိုနေမယ်၊
ပြောချင်ရာ ပြောမယ်၊ ဝန်ထမ်းကြောင့် ရတဲ့
အခွင့်အလမ်းတွေကို ခေါင်းပုံဖြတ်တယ်၊
ရလဒ်ဆိုးနေရင် ဝန်ထမ်းကို အပြစ်ပုံချတယ်၊
ဒါတွေဟာ Self-Discipline မရှိတာတွေပဲ။
ဒီလို လူမျိုးကို ဘယ်တော့မှ
ခေါင်းဆောင် မတင်သင့်သလို
ဘယ်တော့မှ ခေါင်းဆောင်လို့လဲ မခေါ်ထိုက်ဘူး။

◾E (Example) - စံနမူနာပြ ဖြစ်တာ။
ကိုယ်က သူများရဲ့ စံနမူနာပြ ဖြစ်နေပါစေ။
ကိုယ့်ရဲ့ ပုံရိပ်ဟာ ကိုယ့်ဝန်ထမ်းတွေမှာ
ရောင်ပြန်ဟပ်နိုင်တာမလို့ ကိုယ်လုပ်တဲ့အလုပ်က
သူများအပေါ် လွှမ်းမိုးနိုင်တယ်၊
သက်ရောက်မှု (Impact) တွေ ရှိတယ်။
မှားသွားရင် ခေါင်းခံဖြေရှင်းတတ်တဲ့စိတ်၊
ကိုယ့်အမှားကို ရဲရဲကြီး တာဝန်ယူစိတ်၊
သင်ခန်းစာ ယူလိုတဲ့စိတ်တွေ ရှိဖို့ လိုတယ်။
အဲလို ဖြစ်နေမှသာ ကိုယ့်ငယ်သားတွေက
ကိုယ့်ကို စံနမူနာ ယူတတ်မှာပါ။
ကောင်းမွေတွေ လက်ဆင့်ကမ်း ယူမှာပါ။

◾R (Respect) လေးစားတာ။
ကိုယ့်ထက် လစာဟာ ဆယ်ဆလောက်
နည်းပါးနေသူ ဖြစ်နေပါစေ၊
သူ့အပေါ်မှာ လေးစားဖို့လိုတယ်။
နှိမ်တာ၊ ကဲ့ရဲ့တာ၊ ချိုးဖဲ့တာတွေဟာ
ခေါင်းဆောင်ကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။
အသက်အရ ငယ်သည်ဖြစ်စေ
ဂုဏ်သိက္ခာအရ နည်းပါးသူဖြစ်စေ
ပညာဉာဏ် အားနည်းသည်ဖြစ်စေ
လူတိုင်းအပေါ် လေးစားသင့်တယ်။
လူတိုင်း လေးစားခြင်းနဲ့ ထိုက်တန်တယ်။

◾S (Skillful) ပညာရှင်ပီသတာ။
ကိုယ့်အလုပ်ပဲ လုပ်လုပ်၊
သူများ အလုပ်ပဲလုပ်လုပ်၊
အဓိက,က ကိုယ့်အလုပ်လို
သဘောထားပြီးတော့ လုပ်ဖို့လိုတယ်။
ခေါင်းဆောင်နေရာပဲ ယူထားပြီး
အလုပ်နဲ့ သက်ဆိုင်တဲ့အရည်အချင်း
ဘာဆိုဘာတစ်ခုမှ မရှိနေဘူးဆိုရင်
ဘာအဓိပ္ပါယ်မှ မရှိဘူး။

◾H (Hard working) ကြိုးစားမှု ရှိတာ။
ဘယ်အရာမှ လွယ်လွယ်ကူကူနဲ့ မရဘူး။
ကိုယ်ဖြစ်ချင်တာကို လုပ်ချင်ရင်၊
ခက်ခဲနေတဲ့အလုပ်ကို လုပ်ငန်းခွင်မှာ
လုပ်မယ်ဆိုရင် သူများနဲ့မတူဘဲနဲ့ ပိုကြိုးစားရတယ်။
ပိုလုပ်ရတယ်။
ဒါကြောင့်မို့ အောင်မြင်မှုဆိုတာ
လွယ်လွယ်နဲ့ မရဘူး။ အမြဲကြိုးစားရတယ်။

◾I (Integrity) အကျင့်စာရိတ္တ ကောင်းတာ။
ရှိတ်စပီးယာ ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်၊
“ မင်းဆီမှာ ကမ္ဘာတစ်ခြမ်းလုံးကို ဝယ်လို့ရတဲ့
စည်းစိမ်ဥစ္စာတွေ ဘယ်လောက်ပဲ ရှိရှိ၊
မင်းမှာ အကျင့်စာရိတ္တကောင်းတစ်ခုသာ
မရှိနေဘူး ဆိုရင်တော့ မင်းဟာ လူမွဲပဲ ” တဲ့။
ပြောချင်တာ Morality မကောင်းရင်
လူဆိုတာ ရှင်သန်ရတာ အဓိပ္ပါယ် မရှိဘူး။
ခေါင်းဆောင်ဆိုတာလဲ အဲလိုပဲ၊
ကိုယ်က အကျင့်တစ်စက်မှ မကောင်းရင်
နောက်လိုက်တွေပါ အကျင့်ကောင်းဖို့က
ဝေးပါသေးတယ်။

◾Pride (ဂုဏ်ယူတတ်တာ)
ကိုယ်က အလုပ်မှာ Team တစ်ခုကို
ဦးဆောင်နေတဲ့သူဆိုရင်
ကိုယ် Team က အချိန်တိုအတွင်းမှာ
အလုပ်တွေ ပြီးစီးရင်
လုပ်ဖော်ကိုင်ဖက်တွေကို ဂုဏ်ပြုပေးပါ။
ချီးမွမ်းစကား ဆိုပါ။
အပေါ်မှာ ပြောသွားတဲ့
ခေါင်းဆောင်မှုပညာရပ်နဲ့ ပြည့်ဝရင်
ခေါင်းဆောင်ကောင်းလို့ ခေါ်ထိုက်ပြီပဲ ဖြစ်သလို
ဒီအရည်အချင်းတွေ ပြည့်ဝနေမှသာလျှင်
ခေါင်းဆောင်နေရာကို ပေးအပ်သင့်တယ်။

=============

ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။
ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတို့ရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။
👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform



12/12/2025

1269 likes, 10 comments. “Customer ကို အမှန်တကယ် Care လုပ်ချင်ရင်... သူတို့ပြောတာကို ရင်ထဲထိရောက်အောင် အချိန်ပေးပြီး နားထောင်ပေးပါ✅ .....

12/12/2025
08/12/2025
05/12/2025

❝ စကားပြောညက်တဲ့ လူဖြစ်ဖို့ ဘာတွေလိုအပ်လဲ ❞

ပါးစပ် တစ်ပေါက်ပါတိုင်း စကားကို လက်လွတ်စပယ် ပြောလို့မရဘူး။ အပြောမတတ်ရင် မိတ်ပျက်တတ်တယ်။ စကားပြောတဲ့ နေရာမှာလည်း တဲ့တိုးဆန်လို့ မရဘူး၊ ငါမှန်တယ် ဆိုပြီး မှန်တာတွေပဲ ပွင့်ပွင့်လင်းလင်း ပြောလို့လဲ မရဘူး။

ကိုယ့်ရဲ့ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်မှာ ဒီလို စကားမတတ်လို့ မိတ်ပျက်သွားတဲ့ သူတွေ ဘယ်နှစ်ယောက်လောက်ရှိလဲ?
စကားပြောကောင်းတဲ့ သူနဲ့ အပြောမတတ်တဲ့သူ ဘယ်သူက ပိုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများ၊ စီးပွားဖက်တွေ ပိုများမယ်ထင်လဲ?

သေချာပေါက် စကားပြောကောင်းပြီး အပြောနဲ့ အလုပ်ညီတဲ့ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းကပိုပြီး အခွင့်အလမ်းပိုများမှာပါ။ အဲ့ဒါကြောင့်လည်း အလုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေး မှာပဲ ဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာပဲ ဖြစ်ဖြစ် စကားပြောကောင်းဖို့က တော်တော်လေး အရေးပါတယ်လို့ ပြောကြတာပါ။

ဒါဆို ပေါင်းသင်းဆက်ဆံရေးမှာ လူတွေနဲ့ စကားကောင်းကောင်းပြောတတ်ဖို့ ဘာတွေလုပ်ရမလဲ?

◼ တက်တက်ကြွကြွ နားထောင်ပေးပါ။
ပထမဆုံး အနေနဲ့ တစ်ဖက်လူရဲ့ ပြောစကားကို စိတ်ပါလက်ပါနဲ့ နားထောင်ပေးပါ။ စကားပြောတဲ့ နေရာမှာ တစ်ဖက်လူကို ကိုယ်ပြောချင်တာတွေပဲ ဇွတ်ပြောနေလို့ မရဘူး။ တစ်ဖက်လူ ပြောချင်တာကိုလည်း ကိုယ်က စိတ်ပါလက်ပါနဲ့ နားထောင်ပေးတတ်ဖို့ကလိုသေးတယ်။ ဒီလိုမှလည်း ကိုယ်နဲ့ စကားပြောနေတဲ့ သူရဲ့ စိတ်အခြေအနေနဲ့ အခက်အခဲတွေကို ကောင်းကောင်းကြီး နားလည်နိုင်မှာပါ။

◼ စာနာစိတ်ထားပါ။
ကိုယ်နဲ့ စကားပြောနေတဲ့ တစ်ဖက်လူရဲ့ ခံစားချက်တွေ၊ အခက်အခဲတွေကို နားလည်ပေးပါ၊ သူတို့ နေရာမှာ ငါသာဆိုရင်ဆိုတဲ့ စာနာစိတ်ရှိရှိနဲ့ စကား ပြောပါ။

◼ ခိုင်ခိုင်မာမာပြောပါ။
ကိုယ့်အမြင်တွေ၊ ကိုယ်တွေးထားတဲ့အတွေးတွေ ကို ထုတ်ပြဖို့ ဝန်မလေးနဲ့။ ကိုယ်ပြောတဲ့ အချက်အလက် က မှန်တယ်ဆိုတဲ့ အကြောင်း တစ်ဖက်လူ ခံစားမိအောင် ချက်ကျလက်ကျ ရှင်းပြပါ။

◼ တိုက်တွန်းပါ။
တစ်ဖက်လူက ကိုယ့်နဲ့ စကားပြောနေရတာ သက်သောင့်သက်သာရှိတယ်၊ လွတ်လပ်တယ် ဆိုတဲ့ ခံစားချက်မျိုးရအောင် သူနဲ့ တစ်ဖက်လူနဲ့ကြားမှာ မေးခွန်းလေးတွေ မေးပြီး သူ့အတွေး ကိုယ့်အတွေး ဖလှယ်ရင်း ရင်းနှီးမှုကို အရယူလို့ ရတယ်။

◼ အရိပ်အကဲ သိပါ။
စကားပြောကောင်းနေရုံနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းနေတာမျိုး မဟုတ်ဘူး။ ကိုယ်နဲ့ စကားပြောနေတဲ့ တစ်ဖက်လူရဲ့ ကိုယ်ဟန်အနေအထား၊ အသံအနေအထား တွေကနေ တဆင့် သူတို့ရဲ့ ခံစားချက်၊ ရည်ရွယ်ချက်တွေကို သေချာ ဖတ်တတ်ဖို့လည်း လိုသေးတယ်။

◼ ရည်ရွယ်ချက် ရှိရှိစကားပြောပါ။
စကားပြောတဲ့ နေရာမှာ ကိုယ့်ဘာကြောင့် ဒီစကားတွေ ပြောရတာလဲ ဆိုတဲ့ ရည်ရွယ်ချက်ရှိရမယ်။ ဒီစကားဝိုင်းက ဆုံးဖြတ်ချက်ချဖို့လား၊ ပြသနာ ဖြေရှင်းဖို့လား ဒါမှမဟုတ် ဒီတိုင်း ရင်းနှီးမှု ရအောင် စကားပြောနေတာလား ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။

◼ ထောက်ခံပေးပါ။
လူနှစ်ယောက် ဆွေးနွေးတိုင်ပင်ကြတဲ့ နေရာမှာ သူ့အကြံကောင်းတယ်၊ ကိုယ့်အကြံကောင်းတယ် ဆိုပြီး ငြင်းခုန်နေတာထက် တစ်ဖက်လူရဲ့အကြံကိုလည်း ထောက်ခံပေးတတ်ဖို့ လိုတယ်။
အဲ့ဒါကြောင့် စကားပြောတဲ့ နေရာမှာ ဒီအချက်တွေအတိုင်း တစ်ချက်ချင်းစီ လိုက်လုပ်ကြည့် ပြောကြည့်၊ ပြောပါများလာရင် ကိုယ့်ရဲ့ Communication Skill က သူများတွေထက်ကို ပိုပြီး ကောင်းလာလိမ့်မယ်။

=============
ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။
ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတို့ရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။

👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Coach Mar Mar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share