Alternative Paces Book Club

Alternative Paces Book Club more to discover

📚 မင်္ဂလာပါစာများအားလုံး၀လုံး၀ကူးယူခွင့်မပြုပါ။ 🚫The Housemaid byFreida McFadden ရုပ်ရှင်အဖြစ်နဲ့ထွက်ရှိထားတဲ့ ဒီ The Ho...
25/12/2025

📚 မင်္ဂလာပါ
စာများအားလုံး၀လုံး၀ကူးယူခွင့်မပြုပါ။ 🚫
The Housemaid by
Freida McFadden

ရုပ်ရှင်အဖြစ်နဲ့ထွက်ရှိထားတဲ့ ဒီ The Housemaid က Thriller genre ပရိတ်သတ်တွေကြားမှာတော့ တော်တော်လေး hitဖြစ်တဲ့ စာအုပ်ပဲဖြစ်ပါတယ်။ Amanda Seyfried တို့ Sydney Sweeney တို့လို မင်းသမီးချောတွေက အဓိက‌နေရာတွေကနေပြီး ပါ၀င်ထားတာပဲဖြစ်ပါတယ်။

ဒီThriller genreကို စဖတ်ကြည့်ချင်တဲ့သူပဲဖြစ်ဖြစ်
English ဘာသာစာဖတ်စွမ်းရည် တိုးတက်အောင် ကြိုးစားနေတဲ့သူတွေတွေအတွက်ဆိုရင်လည်း ဒီစာအုပ်က ဖတ်ကြည့်ဖို့သင့်တော်တဲ့စာအုပ်လေးပါ။
(Adminကိုယ်တိုင်ကတော့ ဇာတ်လမ်းလေးကို သဘောကျလွန်းလို့ ပြီးခါနီးပိုင်းလေးမှာဆို ထမင်းစားချိန်တွေပါ ကျော်ပြီး ဖတ်မိသွားတာပါ)

Millie က ထောင်ထွက်တစ်ဦး သူထောင်ထွက်ပြီးနောက်ပိုင်း Waitress အနေနဲ့ အလုပ်တစ်ခုရပေမယ့် အဆင်မပြေလို့ သူထွက်လာခဲ့တယ်။ နေရေး‌ထိုင်ရေးက အလုပ်ကထွက်ပြီးနောက်ပိုင်းအဆင်မပြေတော့တာနဲ့ပဲ သူ့ရဲ့ ကားလေးထဲမှာပဲ တစ်လနီးနီးနေထိုင်နေခဲ့ရင်း တစ်‌နေ့မှာ ချမ်းသာတဲ့ အိမ်ထောင်စု တစ်ခု(Wi******erမိသားစု‌ေပါ့)က အိမ်အကူတစ်ယောက် ခေါ်နေကြောင်း တွေ့တာနဲ့ သွားလျှောက်ဖို့ ပြင်လိုက်ပါတယ်။ သူကလည်း လှတပတ လေးဆိုတော့ ကိုယ့်ကိုယ့်ကို အရမ်းကြီး လှပကျော့မော့နေအောင် လုပ်မသွားပဲ သာမန်ရွက်ကြမ်းရေကြိုဖြစ်အောင်ပါ တကူးတက မျက်မှန်ကြီးတွေ တပ်နဲ့ အင်တာဗျူး သွားဖြေလာပါတယ်။

သိပ်မကြာခင်မှာပဲ Millie တစ်‌ယောက် Wi******er မိသားစု စံအိမ်ကြီးမှာ အိမ်အကူ အလုပ်ကိုရသွားတာပေါ။ အလုပ်ရှင် Ninaရဲ့ဘ၀ကိုလည်း Millieခဗျာအားကျရင်းပေါ။ အဘက်ဘက်က သိပ်ကိုပြည့်စုံတဲ့ခင်ပွန်းAndrewနဲ့ သမီးလေး Ceceliaနဲ့ဆိုတော့
Ninaက‌တော့ အရမ်းကို ကံကောင်းတဲ့ အမျိုးသမီးပေါ့။

သူတို့မိသားစုသုံးဦးအပြင် အဲ့ဒီအိမ်ကြီးမှာ အချိန်ပိုင်းနဲ့လုပ်နေပေးတဲ့ Enzoလို့ ခေါ်တဲ့ ဥယျာဉ်ခြံစောင့်တစ်ယောက်လည်းရှိနေသေးတယ်။ သူကလူမျိုးခြား တစ်ခါတစ်လေတော့ Millie ကို အင်္ဂလိပ်လို တစ်လုံးစ နှစ်လုံးစပြောပြလေ့ရှိတယ်။။ Millieကို ပစ္စည်းတွေ သယ်ရမှာဘာညာရှိရင်လည်း ဘယ်တော့မှာ အိမ်ထဲ ကြာကြာမနေဘူး။ Enzoပုံကလည်း ခပ်လန်းလန်းထဲကဆိုတော့ Millieတစ်ယောက်က ‌သဘောကျချင်ချင် အဲ့တော့ Enzoက အဲ့လိုအေးတိအေးစက် ရှောင်ဖယ်ဖယ်နဲ့ ဆိုတော့ Millie တစ်ယောက် အတွေးများနေမိပါရော။

Wi******erစံအိမ်ကြီးက ကြီးသလောက် Millieနေရတဲ့ အခန်းလေးက ကျဉ်းကျဉ်းလေး။ ဒါပေမယ့်လည်း ကားပေါ်မှာ ‌‌အိပ်နေအိပ်စား လုပ်ရတာထက်စာရင် အများကြီးသာပါတယ်လေဆိုပြီး စိတ်ဖြေပြီးပဲ Millieတစ်ယောက်ဆက်နေဖြစ်တယ်။
အိမ်မှာMillieရောက်လာပြီး သိပ်မကြာခင်မှာပဲ အိမ်သားတွေရဲ့ စရိုက် အပြုအမူတွေကို Millieတစ်ယောက်သိလာရတယ် Ninaရဲ့အမျိုးသား Andrewကတော့ Millieပေါ်မှာ ကြင်နာတယ် ကိုယ်ချင်းစာတယ်လို့ Milleအမြဲတွေးမိပြီး ကျေးဇူးတင်စိတ်တွေအားကိုးချင်စိတ်တွေ တဖွားဖွားပေါ့။ ရုပ်ချောမနောဖြူသူကြီးပေါ့။

Millieတအံ့တဩဖြစ်ရတာကတော့ Ninaကို ပါပဲ။ Millie အင်တာဗျူးဖြေနေတဲ့တစ်လျှောက်လုံးမှာတော့ Ninaက လုံး၀ကိုခင်ခင်မင်မင်ရှိတဲ့ ဖော်ရွေသူကြီးပါပေါ့။
ဒီလိုနဲ့Millieတစ်ယောက် အိမ်အတွက် လုပ်ကိုင်ပေးရင်းနဲ့မှ ဘာတွေဆက်ပြီး ကြုံတွေ့ရမလဲ သူထင်ထားတာတွေက ဘယ်လိုတွေဖြစ်နေမလဲဆိုတာကို ခုဒီဇင်ဘာအားလပ်ရက်လေးတွေမှာ ဖတ်ကြည့်ရင်း ကိုယ်မှန်းထားသလိုတွေပဲ ဖြစ်မလား plot twistအကြီးစားတွေအောက်မှာကိုယ်ပဲ အငိုက်မိသွားမလား....

စာရေးဆရာမ Freida McFadden ရဲ့လက်ရာစာအုပ်တွေကတော့ အမိုက်စားplotတွေနဲ့နာမည်ကြီးတာမို့
သူ့ရဲ့အကောင်းဆုံးလက်ရာတွေထဲက တစ်ခုလို့ပြောကြတဲ့ဒါလေးကို အရင်ဖတ်ကြည့်ရင်း နောက်ထပ်တင်ပေးမှာလေးတွေကိုလည်း ‌ကိုယ့်ရဲ့ TBR list(/To Be Read) ထဲအလိုအ‌ေလျာက်ထည့်ထားဖြစ်သွားကြမှာပဲ။

ENJOY YOUR READ
MEERY CHRISTMAS TO OUR LOYAL READERS





13/11/2025

100 FOLLOWERS 🎉
ကျေးဇူးပါ
အားလုံးအတွက် book recommendation ကောင်းကောင်းလေးတွေ ကြိုးစားပြီးတင်ပေးသွားပါဦးမယ်

California ပြည်နယ်က နည်းပညာ ကုမ္ပဏီတွေစုနေတဲ့ Silicon Valley (Silicon Valley ဆိုတာက အမေရိကန်နိုင်ငံ California ပြည်နယ်မှ...
10/11/2025

California ပြည်နယ်က နည်းပညာ ကုမ္ပဏီတွေစုနေတဲ့ Silicon Valley (Silicon Valley ဆိုတာက အမေရိကန်နိုင်ငံ California ပြည်နယ်မှာရှိတဲ့ နည်းပညာအခြေစိုက်ဒေသ ဖြစ်ပါတယ်။ Apple, Google, Facebook (Meta) စတဲ့ နာမည်ကြီး tech company တွေ အများအပြားရှိတဲ့နေရာပါ။ ) ဒေသမှာ
အလုပ်လုပ်နေတဲ့ Cassie တစ်ယောက်ရဲ့ စိတ်ခံစားမှုတွေ သူ့ရဲ့ ပတ်၀န်းကျင်ပေါ်အမြင်တွေ သူ့ရဲ့ social circleမှာ သူdealingလုပ်ပုံတွေ စတာတွေ ကို
အခု Ripeဆိုတဲ့ Psychological Fiction အမျိုးအစား စာအုပ်မှာ စာပေဆန်ဆန် တင်စားမှု (metaphors) တွေတော်တော်များများသုံးပြီးရေးထားပါတယ်။

စာဖတ်သူတွေကြားမှာ‌ေတာ့ တော်တော် ပြောဆိုဖြစ်ကြတဲ့ စာအုပ်လေးလည်း ဖြစ်ပါတယ်။

Corporate လုပ်ငန်းခွင်ကို stable ဖြစ်လို့ နှစ်သက်ကြသူတွေလည်း ရှိသလို အဲ့environmentက တကယ့်ကို စိတ်ပျက်ဖို့ကောင်းပြီး ပျင်းဖို့ကောင်းကြောင်း ပြောနေကြတဲ့သူတွေကိုလည်း လိုင်းပေါ်မှာ မကြာခဏဆိုသလိုတွေ့ရမှာပါ။
အခု ဒီစာအုပ်ထဲက Cassieတစ်ယောက်ကတော့ Corporate nightmare ထဲမှာ ပိတ်မိနေတဲ့ သူတစ်ယောက်လို့ ပြောရမှာပဲ။ သူအလုပ်လုပ်ပေးနေတဲ့ Voyager company က အရမ်းကို ပြိုင်ဆိုင်လိုစိတ် ပြင်းထန် အနိုင်ရယူလိုစိတ် ပြင်းထန်တဲ့ Boss, စီနီယာတွေ coworkers တွေနဲ့ ပြည့်နေတာမို့ သူ့ရဲ့dream jobဆိုတာကြီး အပေါ် စိတ်ပျက်လာပါတော့တယ်။
သူ့ကုမ္ပဏီက unethical ကျတဲ့ အရေးကြီးတဲ့ missionကြီးတစ်ခု အကောင်အထည် ဖော်နေတဲ့ အချိန်မှာပဲ Cassieတစ်ယောက် မမျှော်လင့်ပဲ ကိုယ်၀န်ရလာပါတော့တယ်။
Cassieတစ်ယောက်လည်း အခြားသူလိုကိုယ်လို နေထိုင်နေတဲ့ လူတွေထဲက တစ်ယောက်ပါပဲ

အလုပ်သွားချိန် အလုပ်သွားတယ် သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင်လည်း ထွက်တယ် လက်ရှိတွဲနေတဲ့ ရည်းစားဖြစ်သူနဲ့ အချိန်အတူ ကုန်ဆုံးလေ့ ရှိတာတွေလည်း ရှိတယ်။

ဒါပေမယ့် Cassieက ကိုယ်၀န်ရှိနေတာကို သူ့ရဲ့ရည်းစားဖြစ်သူကိုလည်း အသိမပေးနိုင်သလို ဘယ်သူ့ကိုမှ သူမပြောပြပါဘူး။ သူ့ဘာသာသူပဲဖြေရှင်းလိုက်ပါတယ်။ ဒီနေရာမှာလည်း အယူအဆ ကွဲပြားတဲ့ လူတွေနဲ့ Cassie ကြုံရပါသေးတယ်။

ဖုံးထားဖိထားတဲ့ ပြဿနာတွေ ကိုယ်စီနဲ့ နေ့ဒဓူ၀ ပြောဆိုလုပ်ကိုင်ပြီး ရှင်သန်နေကြရတဲ့ လူတွေချည်းပဲ ဆိုတာ ဒီစာအုပ်ထဲကနေ တွေ့နိုင်သိနိုင်တယ်။

Corporate လုပ်ငန်းကြီးမှာလုပ်ကိုင်နေတဲ့သူကလည်း ပိုက်ဆံတွေအများကြီး ရှာနေနိုင်ပေမယ့် တစ်ဖက်က လူမှုရေးပြဿနာတွေနဲ့ လုံးပန်းနေရပြန်။

တစ်ယောက်က ၀င်ငွေမကောင်းပေမယ့်လည်း သူ့ဘသာသူတော့ အဆင်ပြေနေပြန်။

ရုံးမှာအလုပ်အတူလုပ်ကိုင်တဲ့ ၀န်ထမ်းတစ်ယောက်ဟာ လည်း သူ့Vanကားလေးမှာပဲ နေတယ်
ဘာလို့ သူအဲ့လိုနေတာလဲ? သူက အခြားသူတွေလို နေရာထိုင်ခင်းကောင်းကောင်းကျယ်ကျယ်၀န်း၀န်းငကို မကြိုက်လို့လား?
စသဖြင့် Cassieတစ်ယောက်တွေးမိတယ်ပေါ့။

Cassie မိဘတွေရဲ့influenceကလည်း Cassieရဲ့ဘ၀ဖြစ်တည်မှုတွေပေါ် အများကြီး ရှိနေပြန်တယ်။

ဆိုတော့ကာ Ripe စာအုပ်ထဲမှာတော့
Cassieတစ်‌ယောက် သူ့အပေါ်သူ ထင်မြင်မှုတွေ သူ့ရဲ့ပတ်၀န်းကျင်က ဖြစ်ပျက်နေတာတွေ လူတွေ အပေါ် သူသုံးသပ်မိတာတွေ ကို ပုံဖော်ရေးထားတာပဲဖြစ်ပါတယ်။




မင်္ဂလာပါစာများအားလုံး၀လုံး၀ကူးယူခွင့်မပြုပါ။ 🚫📚 𝐓𝐡𝐞 𝐒𝐞𝐯𝐞𝐧 𝐇𝐮𝐬𝐛𝐚𝐧𝐝𝐬 𝐨𝐟 𝐄𝐯𝐞𝐥𝐲𝐧 𝐇𝐮𝐠𝐨 𝐛𝐲 𝐓𝐚𝐲𝐥𝐨𝐫 𝐉𝐞𝐧𝐤𝐢𝐧𝐬 𝐑𝐞𝐢𝐝 ဒီစာအုပ်လေးကို...
18/10/2025

မင်္ဂလာပါ
စာများအားလုံး၀လုံး၀ကူးယူခွင့်မပြုပါ။ 🚫
📚 𝐓𝐡𝐞 𝐒𝐞𝐯𝐞𝐧 𝐇𝐮𝐬𝐛𝐚𝐧𝐝𝐬 𝐨𝐟 𝐄𝐯𝐞𝐥𝐲𝐧 𝐇𝐮𝐠𝐨
𝐛𝐲 𝐓𝐚𝐲𝐥𝐨𝐫 𝐉𝐞𝐧𝐤𝐢𝐧𝐬 𝐑𝐞𝐢𝐝

ဒီစာအုပ်လေးကိုတော့ တော်တော်များများတွေ့ဖူးမြင်ဖူးကြမှာပါ TikTokပေါ်က BookTokတစ်ခွင်မှာလည်း ပလူပျံလို့ပေါ့

အခုရက်ပိုင်းတွေဆိုပိုလို့တောင် နာမည်ပြန်ကြီးလာပြန်ပါတယ်။

အဆိုတော် Taylor Swift ရဲ့အသစ်ထွက်ရှိလာတဲ့ The Life of A Showgirl အယ်လ်ဘမ် ထဲက Elizabeth Taylor လို့ ခေါ်တဲ့ သီချင်းက ဒီ၀တ္ထုရဲ့အသွားအလာဟန်လေးလိုပါပဲလား ဆိုပြီး trend‌ဖြစ်နေတာပါ။
𝑩𝒆 𝒎𝒚 𝑵𝒀 𝒘𝒉𝒆𝒏 𝑯𝒐𝒍𝒍𝒚𝒘𝒐𝒐𝒅 𝒉𝒂𝒕𝒆𝒔 𝒎𝒆...

စာအုပ်လေးကို ကြည့်ကြရအောင်
အဓိက ဇာတ်ကောင်ဖြစ်တဲ့ Evelyn Hugoကတော့ သူ့ခေတ်အခါမှာတွေတုန်းက လျှမ်းလျှမ်းတောက် မင်းသမီးတစ်ယောက်ပေါ့ အခုအသက် 70ပိုင်းရောက်လာပြန်တော့လည်း Legendကြီးတစ်ဦးလို ဖြစ်နေဆဲပေါ့။

တစ်နေ့တော့ သူပိုင်ဆိုင်တဲ့ ၀တ်ရုံအထည်တွေကို လေလံတင်ရောင်းချပြီး charityအတွက် ငွေကြေးထောက်ပံ့ပေးဖို့ စီစဉ်နေတာကနေစလို့ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းအစအဆုံးကို သိရဖို့ အကြောင်းဖန်လာပါတော့တယ်။

Evelyn တစ်ယောက်ကတော့ သတ္တိမွေးပြီး ကိုယ့်ဘ၀ကိုယ် တည်ဆောက်ခဲ့ရတဲ့ မင်းသမီးတစ်ဦးပေါ့။
ရုပ်ရှင်လောကမှာနေရာ‌တစ်နေရာ ရလာဖို့ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး သူဘယ်လို ဆုံးဖြတ်ချက်တွေကို ရဲရဲတင်းတင်းချခဲ့ရလဲ ဆိုတာတွေပေါ့။

မြင်သူတကာငေးရတဲ့အချောအလှ ရုပ်ရှင်မင်းသမီးအနေနဲ့ Evelyn က ချစ်ကြိုက်သူတွေကို ထည်လဲတွဲလို့ရနေပေမယ့် ဘာလို့ ခုနှစ်ကြိမ်တိုင်တိုင်အိမ်ထောင်ပြု ဖြစ်ခဲ့တာလည်း ဆိုတာကိုက ဒီ၀တ္ထုကို ဖတ်လာဖို့ဖြစ်စေတဲ့ ‌အဓိက အကြောင်းအရင်းတွေထဲက တစ်ခု လို့ပြောရမယ်

နိုင်ငံတကာက စာဖတ်တဲ့သူတွေကြားမှာတော့ အတော့်ကို ပေါက်တဲ့ စာအုပ်လေးပါ။ Movie adaptation ဖြစ်လာဖို့ လူအများကနေပြီး အရမ်းမျှော်လင့်စောင့်စားနေတဲ့ ဇာတ်လမ်းကောင်းတွေထဲက တစ်ခုပေါ့။

Mystery, Thriller‌ genreတွေဖတ်သလိုမျိုး plot twist အရမ်းကြီးကြီးမားမားလိုမျိုးတွေတော့ မပါပေမယ့် သူ့ဘာသာနဲ့သူတော့ စာဖတ်ပရိတ်သတ်တွေကို အံ့အားသင့်စေနိုင်တဲ့ အခိုက်အတန့်တော်တော်များများ ပါ ပါတယ်။

Reading Experience ကောင်းကောင်းပေးနိုင်တဲ့ စာအုပ်ကောင်းလေးမို့ အားလပ်ချိန်လေး စိတ်ပြေလက်ပျောက်ဖတ်နိုင်ဖို့ recommendပေးလိုက်ပါတယ်နော်။



ခုလေးတင် နေသာနေလိုက် ချက်ချင်းမိုးတွေ့အုံ့တက်လာပြီး သည်းကြီးမည်းကြီးရွာချလိုက်နဲ့  mood swingပြဿနာရှိနေတယ်ထင်ရတဲ့ မိုးရာ...
28/08/2025

ခုလေးတင် နေသာနေလိုက် ချက်ချင်းမိုးတွေ့အုံ့တက်လာပြီး သည်းကြီးမည်းကြီးရွာချလိုက်နဲ့ mood swingပြဿနာရှိနေတယ်ထင်ရတဲ့ မိုးရာသီမှာ ဖတ်ဖို့ အကောင်းဆုံးစာအုပ်အမျိုးအစားဆိုရင်
စုံထောက်၀တ္ထုတွေလို့ပဲ adminကတော့ personally ပြောချင်ပါတယ်။

စုံထောက်‌တွေကို ဘာတွေနဲ့အတူ မြင်ယောင်ကြည့်လို့ရလဲဆိုရင် နေမပွင့်တပွင့်ကောင်းကင်နဲ့အတူ စွတ်စိုနေတဲ့ လမ်းတွေ အပင်တွေ ခေါင်မိုးတွေ လိုမျိုးတွေကိုပေါ့။
အမြဲတမ်းခပ်မှိုင်းမှိုင်းရာသီဥတုဖြစ်နေတတ်တဲ့ England မှာတော့ ရှားလော့ဟုမ်း တစ်ယောက် ရုပ်ဖျက်ပြီး အမှုတွေ တစ်ကိုယ်တော် ဖော်ထုတ်ဖို့ ကြိုးစားနေသလား...

အရမ်းကိုခင်မင်ရပါသော သူငယ်ချင်း ဒေါက်တာ၀ပ်ဆန်ကပါ Baker လမ်းပေါ်က အိမ်အမှတ် 221Bအထိ လှည်းနဲ့ရောက်ချလာပြီး စိတ်ပူရလောက်အောင် အခေါ်အပြောမလုပ်ပဲ ထူးထူးဆန်းဆန်း အတွေးတွေများနယ်ချဲ့နေသလား ဘယ်လိုသိပ္ပံစမ်းသပ်မှုတွေ လုပ်နေမလဲ ...

ဒါနဲ့ ကိုနှင်းမောင်ရော...

တကယ်ပါ။ စုံထောက်ဇာတ်လမ်းတွေက ဖတ်သူတွေကို သတိရှိစေပါတယ်။ ငူငိုင်ထိုင်းမှိုင်းနေတတ်တဲ့ ကိုယ်တွေရဲ့စိတ်က အဲ့လိုဇာတ်လမ်းတွေဖတ်နေရင် ခပ်ပျင်းပျင်းဖြစ်သလိုနေရာကနေ သွက်သွက်လက်လက်နဲ့ alert ဖြစ်နေ‌တာမျိုးပါ။

အခုလိုထိုင်းမှိုင်းနေတဲ့ ရာသီဥတုရဲ့manipulation ကို အံတုနိုင်တဲ့ စာ‌ပေကိုပြောပါဆိုရင် အခုလို Mystery genreထဲ ပါ၀င်တဲ့ စုံထောက်ဇာတ်လမ်း၀တ္ထုတွေလို့ပဲ ပြောလိုက်ပါရ‌စေ။

ဆရာကြီး မြသန်းတင့်ရဲ့ ရှားလော့ဟုမ်းဘာသာပြန်ပဲ ဖတ်မလား..

Mystery Queen Agatha Christie ရဲ့ များလှစွာသော ၀တ္ထုတွေပဲဖတ်မလား ..

ဆရာကြီးရွှေဥဒေါင်းရဲ့ မြန်မာမှုပြုထားတဲ့ ကောင်းမွန်ပီပြင်သပ်ရပ်လွန်းလှတဲ့ စုံထောက်ဦးစံရှားလား..
ဆရာကြီး မင်းသိင်္က္ခ ရဲ့ ဆားပုလင်းနှင်းမောင် ပဲဖတ်မလား...

ဆိုတော့ကာ အများကြီးရှိပါတယ်။
Adminကတော့ အပေါ်ကclassicစာအုပ်တွေကိုပဲ ဦးဆုံးညွှန်းလိုက်ပါသေးတယ်။

အခုခေတ်ပြိုင်ထဲက ထွက်ထားတာတွေမှာလည်း အများကြီးရှိပါတယ် တချို့က အပျော်ဖတ်၊ Languag learning material အနေနဲ့သော်လည်းကောင်း ဖတ်ဖို့သင့်တော်တာရှိသလို တကယ်ကို စံထားလောက်စရာကောင်းနေတာတွေလည်း ရှိပါ‌တယ်။

ဒါတွေကို ထပ်ပြီးshareပေးသွားနိုင်ဖို့ Adminကြိုးစားမှာမို့ နောက်ထပ်recommendationsတွေအတွက်
STAY TUNED❗
📸 Alternative Paces Book Club



28/08/2025

It's been a long time coming...

📚 မင်္ဂလာပါစာများအားလုံး၀လုံး၀ကူးယူခွင့်မပြုပါ။ 🚫𝙒𝙚𝙡𝙘𝙤𝙢𝙚 𝙩𝙤 𝙩𝙝𝙚 𝙃𝙮𝙪𝙣𝙖𝙢-𝙙𝙤𝙣𝙜 𝘽𝙤𝙤𝙠𝙨𝙝𝙤𝙥𝙗𝙮 𝙃𝙬𝙖𝙣𝙜 𝘽𝙤𝙧𝙚𝙪𝙢အခုတစ်ခါလည်း Korean l...
18/05/2025

📚 မင်္ဂလာပါ
စာများအားလုံး၀လုံး၀ကူးယူခွင့်မပြုပါ။ 🚫
𝙒𝙚𝙡𝙘𝙤𝙢𝙚 𝙩𝙤 𝙩𝙝𝙚 𝙃𝙮𝙪𝙣𝙖𝙢-𝙙𝙤𝙣𝙜 𝘽𝙤𝙤𝙠𝙨𝙝𝙤𝙥
𝙗𝙮 𝙃𝙬𝙖𝙣𝙜 𝘽𝙤𝙧𝙚𝙪𝙢

အခုတစ်ခါလည်း Korean literature ဖြစ်ပြီး ဖတ်ရလွယ်တဲ့ စာအုပ်လေးကိုပဲ ဖော်ပြပေးထားပါတယ်။ ဖတ်လို့လွယ်တာမို့ English learners တွေအတွက်လောက်ပဲ အကျိုးရှိမယ် လို့မထင်လိုက်ပါနဲ့။ Alternative Paces Book Club ကနေတင်ပေးလိုက်တဲ့ စာအုပ်တွေက ခုချိန်ထိ ပေါ့ပေါ့ပါးပါးလေးတွေပဲဖြစ်နေသေးပေမယ့် deep meaning တွေကိုယ်စီနဲ့ချည်း လို့ ပြောလိုက်ပါရစေ။

◾ဆိုတော့ကာ What is this book about?
တစ်နေ့တစ်နေ့ ကိုယ့်ဘ၀ကို သူလိုကိုယ်လို ဖြတ်သန်းနေရင်းနဲ့မှ ကြာလာဝောာ့ ဘ၀ကြီးကို‌တော်ဝောာ်စိတ်ရှုပ်ဖို့ကောင်းလှချည်လား ဆိုပြီးတွေးလာတတ်ကြပါတယ်

မလုပ်ချင်တဲ့အလုပ်ကြိတ်မှိတ်လုပ်ရင်း..

မပျော်တဲ့အလုပ်ကြီးကိုဆက်လက်လုပ်မိနေရင်းနဲ့ကမှ

◾တော်ပြီကွာ မလုပ်ဝောာ့ဘူးဆိုပြီး ကျောခိုင်းလိုက်တဲ့ အခိုက်အတန့်ဟာ အသက်၀၀ရှုလိုက်တဲ့အခါ ခံစားလိုက်ရတဲ့ လွတ်လပ်ချမ်းသာမှုလိုပဲ ဆိုတာကို အသားပေးထားပါတယ်။

◾ပြန်လည်စတင်ခြင်းဆိုတဲ့ ကဏ္ဌကလည်း နောက်ဆက်တွဲ အဖြစ်ပါလာတာမျိုးပေါ့။

◾အဓိက ဇာတ်ကောင်ဖြစ်တဲ့ Yeong-ju ကတော့ အသက်30ကျော် အမျိုးသမီးတစ်ဦးဖြစ်ပြီး Corporate job နဲ့အသက်မွေး၀မ်းကြောင်းပြုနေတော့ အများအထင်အရဆို သူ့နည်းသူ့ဟန်နဲ့ဆိုရင် အောင်မြင်တဲ့အမျိုးသမီးအဖြစ် ဆိုပြီး ပြောဆိုကြတာပေါ့။

◾ဒါပေမယ့်လည်း ဒီအခြေအ‌ေန‌‌ေတွအပေါ် သူစိတ်တိုင်းကျမနေဘူး။ ဒီလိုနေ့တစ်နေ့မှာ ဘယ်သူ့ကိုမှ ပြောဆိုတိုင်ပင်နေတာမျိုး လုပ်မမနေတော့ပဲ အလုပ်ထွက်လာခဲ့လိုက်ပါတော့တယ်။

◾ကြိုတင်စီစဉ်ထားတဲ့နောက်ထပ်planတွေရှိလား ဆို‌တော့လည်း ဘာplanမှသူ့မှာရှိမနေဘူး။

ဒီလိုပဲ အလုပ်လက်မဲ့အဖြစ်နေရင်းနဲ့ သူ့ဘ၀ကိုပြန်သုံးသပ်နေရင်းနဲ့မှ သူအလုပ်လုပ်နေခဲ့စဉ်ကြုံတွေ့ရတဲ့အရာမှန်သမျှ ရင်ဆိုင်နေခဲ့တဲ့အချိန်တိုင်းမှာ သူ့အနားမှာ သူနဲ့အတူ အမြဲရှိနေခဲ့တဲ့ အရာကိုတွေးမိသွားပါတော့တယ်။ ဘာလဲဆိုတော့ စာအုပ် တွေပါပဲ။

◾အဲ့အချိန်မှာ သူတွေးမိတာက သူမြတ်နိုးတဲ့ ဒီစာအုပ်တွေ နဲ့ပက်သက်ဆယ်နွယ်နဲ့ ဘ၀တစ်ခုကို ဖန်တီးကြည့်လို့ရတာပဲ ဆိုပြီးတော့ပေါ့။

◾ဒီလိုနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့ Hyunam-dongဆိုတဲ့ ရပ်ကွက်လေးမှာ စာအုပ်ဆိုင်လေးတစ်ဆိုင် ဖွင့်ဖြစ်သွားပါတယ်။

◾စစချင်းတော့ စာအုပ်ဆိုင်လေးဟာ တိတ်ဆိတ်လို့နေပါတယ်။ နောက်ပိုင်းမှာတော့ customerတွေ ခပ်ကျဲကျဲလေးရောက်လို့လာပါတယ်။

◾အဲ့ထဲကမှ သူဆိုင်မှာ ခန့်ထားတဲ့ part timer ကလည်း သူ့လိုပဲ စာအုပ်လေးတွေ သဘောကျသူဖြစ်ပြီး ကိုယ်၌မှာရှိတဲ့ ဒဏ်ရာတွေကို တိတ်တဆိတ်ကုစားနေသူပါ။
◾စာအုပ်တွေသဘောကျလို့လာ၀ယ်နေရင်းနဲ့မှ ဆိုင်လေးရဲ့ airက သက်သောင့်သက်သာဖြစ်လို့ပါဆိုပြီး ဆိုင်ထဲမှာပဲ အချိန်ကုန်ဆုံးလေ့ရှိတဲ့ customer တွေ

◾နောက်ပိုင်းရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာခဲ့ကြတဲ့ ပတ်၀န်းကျင်အနီးအနားကလူတွေ စသဖြင့် စသဖြင့်သိမ်မွေ့ရိုးရှင်းပေမယ့် စိတ်၀င်စားဖို့ကောင်းတဲ့ ဇာတ်ရုပ်တွေလည်းပါ၀င်တာပဲဖြစ်ပါတယ်။

◾ဒီစာအုပ်လေးက အခုလိုဆူညံလွန်းလှတဲ့လောကကြီးကြောင့် မောပန်းနေသူတွေ တစ်ခဏတာ အပန်းပြေစေဖို့ အနားရဖို့ ဒါမှမဟုတ် ခဏလေးရပ်ပြီး အားပြန်ယူရှေ့ဆက်ချင်သူတွေအဖို့တော့ အရမ်းကိုဖတ်သင့်တဲ့ စာအုပ်မျိုးလို့ပဲ ပြောပါရ‌စေ။

Adminအတွက်လည်း အခုရက်ပိုင်း အထူးသဖြင့် ဒီနေ့လိုနေ့မျိုးမှာ (adminရဲ့personal caseတွေအရ) ဒီစာအုပ်ကို ပြန်ဖတ်ဖို့ လိုအပ်‌နေတယ်လို့ခံစားရလို့
ပြန်ဖတ်ဖို့ စိတ်အားထက်သန်နေရင်း‌နဲ့မှ ကိုယ့်လိုstrugglingဖြစ်နေburnoutဖြစ်နေသူတွေ လည်း ဖတ်မိသွားပြီး အကျိုးတစ်စုံတစ်ခု ရလိုရငြား recommendation postလေးအဖြစ် sharing လုပ်ပေးလိုက်ရတာပဲဖြစ်ပါတယ်။

စာအုပ်စာပေ မြတ်နိုးသူတွေအတွက်လည်း စာအုပ်တွေကို ပိုပြီးလို့တောင်မှ သဘောကျမိသွားကြပါလိမ့်မယ်။ 📚 🤍

အချိန်ပေးဖတ်ရှုနိုင်ပြီး အမောပြေကြပါစေလို့ ဆုတောင်းရင်း...

To find happiness, do what you enjoy. All of you should find something you enjoy doing, something that makes you excited.


📚 မင်္ဂလာပါစာများအားလုံး၀လုံး၀ကူးယူခွင့်မပြုပါ။ 🚫𝙎𝙝𝙚 𝙖𝙣𝙙 𝙃𝙚𝙧 𝘾𝙖𝙩𝙗𝙮 𝙈𝙖𝙠𝙤𝙩𝙤 𝙎𝙝𝙞𝙣𝙠𝙖𝙞 & 𝙉𝙖𝙧𝙪𝙠𝙞 𝙉𝙖𝙜𝙖𝙠𝙖𝙬ဒီတစ်‌ခေါက် စာအုပ်လေးက...
16/05/2025

📚 မင်္ဂလာပါ
စာများအားလုံး၀လုံး၀ကူးယူခွင့်မပြုပါ။ 🚫
𝙎𝙝𝙚 𝙖𝙣𝙙 𝙃𝙚𝙧 𝘾𝙖𝙩
𝙗𝙮 𝙈𝙖𝙠𝙤𝙩𝙤 𝙎𝙝𝙞𝙣𝙠𝙖𝙞 & 𝙉𝙖𝙧𝙪𝙠𝙞 𝙉𝙖𝙜𝙖𝙠𝙖𝙬

ဒီတစ်‌ခေါက် စာအုပ်လေးကတော့ ခေတ်ပြိုင် Japanese Literature ထဲကဖြစ်ပြီးလူသားနဲ့တိရစ္ဆာန်ကြား အချင်းချင်းနားလည်ပေးမှုတွေ ရင်းနှီးမှုတွေကို အသားပေးရေးသားထားတဲ့ စာအုပ်မျိုးလေးပဲဖြစ်ပါတယ်။

‌စာရေးဆရာတွေကလည်း

ပိုင်ရှင်ဖြစ်သူလူသားရဲ့အမြင်ကနေရေးလိုက်
ကြောင်လေးတွေရဲ့ အမြင်ကနေရေးလိုက် နဲ့ပဲ

ဘာတွေကိုလှစ်ဟပြသွားသလဲဆိုရင်

ချစ်မြတ်နိုးခင်မင်မှုဆိုတာမျိုးရရှိဖို့အတွက်
မျှော်လင့်ချက်ကြီးကြီးမားမား ထားနေဖို့မလိုပဲ
ညင်ညင်သာသာတိတ်တဆိတ်လေးဖြစ်နေတတ်တဲ့ စွမ်းအင်တစ်မျိုး အဖြစ်လည်း ရှိနေတတ်တယ်ဆိုတာကိုလည်း သိထားဖို့လိုတယ် ဆိုတာကိုပါပဲ

ကိုယ်ဘာမှမပြောလဲ နားလည်နေတဲ့ အဖော်တစ်ယောက်လိုမျိုးပေါ့။

ဘာမှမဟုတ်ပါဘူးဆိုပြီးလျစ်လျူရှုတတ်ကြတဲ့ small moments တွေက တကယ်တမ်းတော့ ကိုယ့်အတွက် ခွန်းအားဖြစ်စေနိုင်တယ်ဆိုတာတွေပါပဲ။

◾ဇာတ်လမ်းလေးက

မိန်းမပျိုလေး‌တစ်ဦးက ကြောင်လေးတစ်ကောင်ကို လမ်းမှာတွေ့ပြီး ပိုင်ရှင်မဲ့ဖြစ်နေတာနဲ့ပဲ မွေးစားဖြစ်သွားတာကနေစပါတယ်။ နောက်ပိုင်းအခန်းလေးတွေ
မှာတော့ ကြောင်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ ပိုင်ရှင်တစ်ဦးချင်းစီရဲ့ struggles တွေ အကြောင်း၊ ကြောင်လေးတွေကိုယ်စီရဲ့
ဖော်ပြပေးသွားရင်းနဲ့ အပြန်အလှန်နားလည်မှု အမှီသဟဲပြုမှု‌တွေကို ရေးထားတာ‌ပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးတွေကလည်း အရမ်းကိုချစ်ဖို့ကောင်းပါတယ်။

◾အခုလို မိုးတဖြောက်ဖြောက်ရွာစပြုလာတဲ့ နေ့တွေမှာဖတ်ရင်တော့ တကယ့်ကို
အမောပြေ‌စေပြီး ‌ကိုယ့်ပတ်၀န်းကျင်ကိုလည်း
positive outlookနဲ့ မြင်နိုင်လာစေမယ်လို့ ထင်ပါတယ်။

◾English ဘာသာပြန်ဆိုထားတာဖြစ်ပြီး ဖတ်ရတာလည်း အရမ်းလွယ်ကူတာမို့ English စာလေ့လာသူတွေကလည်း အထောက်အကူအနေနဲ့
ဖတ်ရှုနိုင်ပြီး စာအမြဲဖတ်နေကျ
စာဂျပိုးလေးတွေအနေနဲ့လည်း စိတ်အပန်းဖြေ
ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်ရှုလို့ရမယ့် စာအုပ်‌လေးဖြစ်တာမို့ ညွှန်းလိုက်ပါတယ်နော်။

ဒါလေးဖတ်ပြီးရင်တော့ cat lover တွေဖြစ်သွားကြမလားပဲ။🥰
#𝙈𝙖𝙠𝙤𝙩𝙤𝙎𝙝𝙞𝙣𝙠𝙖𝙞 #𝙉𝙖𝙧𝙪𝙠𝙞𝙉𝙖𝙜𝙖𝙠𝙖𝙬

25/04/2025

စာဖတ်သူများအတွက် Info ⚠️

ကံ့ကော်၀တ်ရည်စာအုပ်တိုက်က စာအုပ်တွေ saleချနေပါတယ်နော် 💥

မင်္ဂလာပါ📚🚫စာများအား လုံး၀လုံး၀ ကူယူသုံးစွဲခွင့်မပြုပါReaping ပွဲမှာ ကံမကောင်းစွာနဲ့ရွေးချယ်ခံလိုက်ရတဲ့ လူငယ်လေးတွေကို H...
24/04/2025

မင်္ဂလာပါ📚
🚫စာများအား လုံး၀လုံး၀ ကူယူသုံးစွဲခွင့်မပြုပါ

Reaping ပွဲမှာ ကံမကောင်းစွာနဲ့ရွေးချယ်ခံလိုက်ရတဲ့ လူငယ်လေးတွေကို Hunger Games အတွက် ကြပ်မတ်လေ့ကျင့်ပေးတဲ့ trainerတွေအများစုက အရင်က နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Hunger Games winnersတွေပါ။

Katniss နဲ့ Peeta မတိုင်ခင် District 12ကနေထွက်ပေါ်ခဲ့ဖူးတဲ့ winners 2ဦးထဲက တစ်ဦးဖြစ်တဲ့ Haymitch Abernathy (Hunger Games movie seriesတွေကြည့်ဖူးတဲ့သူ‌ကတော့သူ့ကိုသိမှာပါနော် ) ကတော့ အခုစာအုပ်သစ်ရဲ့ အဓိက ဇာတ်လိုက်ပါ။

ကိုယ်ကရုပ်ရှင် စာအုပ်စီးရီးတွေ ကြည့်ဖူးဖတ်ဖူးနေကျဆိုရင်တော့ ဒီစာအုပ်ကိုပါဖတ်ရပါမယ်။ ဒါမှပဲ အားလုံးကို ခြုံမိပြီး သဘောပေါက်သွားမှာပါ။

အခုစာရေးဆရာမ Suzanne ကတော့ ဒီအသစ်တစ်အုပ်မတိုင်ခင်ထွက်ရှိခဲ့တဲ့ The Ballad of Songbirds & Snakes (President Snowအကြောင်း) ကနေစပြီး
ဟိုးအရင်က ဖြစ်ခဲ့တာတွေကို ပြန်ကျော့ပြောပြတဲ့ ပုံစံစရေးလာတာပဲဖြစ်ပါတယ်။

District 12ကနေပေါ်ထွက်လာတဲ့ victors 2ဦးအနက်
တစ်ဦးက Haymitch
နောက်တစ်ဦးက? သိချင်ရင် The Ballad of Songbirds & Snakesကိုဖတ်ကြည့်ပေးပါ😎📚

အခုအသစ်ထွက်တဲ့စာအုပ်လေးနဲ့ပြန်ဆက်ရရင်..

◾သူ့ကိုမြင်လိုက်တိုင်း Haymitchတစ်ယောက် ဘာလို့အမြဲ အရက်ကလေးတမြမြ ဖြစ်နေရတာလဲ?

◾Katnissကိုလည်းအမြဲတမ်းSweetheart..Sweetheart .. sweetheart.. 💋(ဖြူဖြူစင်စင်ပါနော် ဒီ၀တ္ထုသစ်ကို ဖတ်ပြီးမှ သဘောပေါက်လာပါလိမ့်မယ်) ဆိုပြီးခေါ်ခေါ်နေတတ်တဲ့ Hamitchကဘာလို့အဲ့လောက်ထိ Katnissကို ခင်နေရတာလဲ?

◾အမြဲအရက်မူးနေတတ်တဲ့Haymitchရဲ့ အခုလို ဆက်ပြီးရှင်သန်နေရတဲ့ ရည်ရွယ်ချက်ကဘာလဲ?

◾တချိန်တုန်းက အိမ်ရဲ့အားကိုးရတဲ့ သားကြီးဖြစ်တဲ့ Haymitch တစ်ယောက်ရဲ့ဘ၀ဇာတ်ကြောင်းလေးကိုပြောပြပါဆိုရင်?

Haymitch တို့ပြိုင်ရတဲ့ Hunger Games မှာတော့ ခါတိုင်းလို District စုစုပေါင်း12ခုဆီက ရွေးထုတ်ထားတဲ့ tributes(Hunger Gamesမှာယှဥ်ပြိင်ရန် ရွေးချယ်ခံရသူ) 24ယောက်မဟုတ်တော့ပဲ 50th Hunger Gamesဖြစ်တာမို့ ပုံမှန်ထက်နှစ်ဆဖြစ်တဲ့ tributesစုစုပေါင်း 48ယောက်ကိုခေါ်ယူခဲ့ပါတယ်။

◾ကိုယ့်မွေးနေ့လည်းဖြစ်တဲ့ Reaping Dayမှာမှ ချစ်ရသူတွေနဲ့ခွဲရပြီး ကံဆိုးခဲ့ရတဲ့ Haymitch တစ်ယောက် Hunger Games ရဲ့ victorတစ်ဦး ဘယ်လိုဖြစ်လာခဲ့သလဲ?

ဆိုတော့ကာ Dystopian genre fanလည်းဖြစ် Hunger Games series ရဲ့ fanလည်း ဖြစ်တယ်ဆိုရင်တော့ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါလို့...

2026 November မှာထွက်မယ့် movieအတွက် casting ပိုင်းတောင်ရွေးချယ်ပြီးသွားပြီပဲဖြစ်တာမို့
Movie adaptationကိုလည်း မှတ်ချက်ပေးလို့ရအောင် စာအုပ်ကိုအရင်ဖတ်ကြည့်ကြပါလို့ အကြံပြုလိုက်ပါတယ်နော်။




ပြီးခဲ့တဲ့ မတ်လ 18ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီး ဖြစ်တဲ့ Hunger Games seriesရဲ့အဆက် 'Sunrise on the Reaping' ကိုရော ဖတ်ပြီးက...
24/04/2025

ပြီးခဲ့တဲ့ မတ်လ 18ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီး ဖြစ်တဲ့ Hunger Games seriesရဲ့အဆက် 'Sunrise on the Reaping' ကိုရော ဖတ်ပြီးကြပြီးပြီလား?


⚠️ ⚠️ ⚠️ ⚠️ ⚠️ 🚨 🚨 🚨 🚨 🚨 🎥 🍿 📚
ဒီလ‌တွေအတွင်းရုပ်ရှင်ပရိတ်သတ်တွေရော စာအုပ်ပရိတ်သတ်တွေကြားထဲ ဟိုးလေးတကျော်မဖြစ်တာလေးတစ်ခုကိုသတိထားမိလို့ပါ အဲ့သတင်းကို မကြားလို့ပဲလား သို့လောသို့လောတွေများနေလို့ Alternative Paces Book Club က ဒါလေးကို sharing လုပ်ပေးလိုက်တာပါ

The Hunger Games series က စာပေချစ်သူ‌ေတွအပြင် ရုပ်ရှင်ချစ်သူတွေကြားထဲ မှာပါ အရမ်းကိုပေါက်ခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုလို့ပြောလို့ရပါတယ် နိုင်ငံတကာမှာသာမက ကိုယ့်မြန်မာနိုင်ငံပရိတ်သတ်တွေထဲထိပါ ‌တော်တော်‌ေလးကြိုက်နှစ်သက်ခဲ့ကြတာပါ။

😲 အခု အဲ့seriesကနေပြီး ငါးအုပ်မြောက် ၀တ္ထုပါထွက်ရှိလာတော့မှာဖြစ်ပါတယ် Sunrise on the Reaping လို့အမည်ရပြီး ပြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာပါတဲ့ The Hunger Games အကြောင်းအရာပွဲစဉ်တွေ
မဖြစ်သေးခင် လွန်ခဲ့တဲ့24 နှစ်တာကာလ၀န်းကျင်ကို ပုံဖော်ထားတာဖြစ်ပါတယ်လို့ အမြည်းလေးပြောပြထားပါတယ်

တရား၀င်မျက်နှာဖုံးကိုတော့ အခုချိန်ထိတော့ ပရိတ်သတ်တွေကို မချပြကြသေးပါဘူး နောက်နှစ်2025 မတ်လ18ရက်‌နေ့ထွက်မှာပါ 📚

😲 The Hunger Games fan‌ေတွအတွက် ပိုပြီးတော့ အ‌ပျော်တွေတိုးစေမှာက တစ်လက်စတည်းမှာ အဲ့စာအုပ်အတွက် ရုပ်ရှင်ဟာ စာအုပ်ထွက်ပြီးတစ်နှစ်အကြာ2026 နို၀င်ဘာ 20ရက်နေ့မှာ ရုံတင်သွားမှာပဲဖြစ်ပါတယ် 🍿🎥

✅🔔အခုဒီသတင်းတွေကိုသိသွားပြီဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း ပရိတ်သတ်ပါဖြစ်နေပြန်သေးတယ်ဆိုရင်တော့ စောင့်မျှော်စရာလေး‌ရှိသွားပြီပေါ့နော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Alternative Paces Book Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Alternative Paces Book Club:

Shortcuts

Share