ကင်ဆာရောဂါကုသနေစဉ်အတွင်းမှာ စိတ်ပူပန်မှုတွေကို ဘယ်လိုဖြေရှင်းရမလဲ?
#ကင်ဆာရောဂါ #ကင်ဆာရောဂါနှင့်စိတ်ကျန်းမာရေး #ကင်ဆာရောကုသနည်း #မြင့်မြတ်ပါရမီအထူးကုဆေးခန်း
KMTK Medical Centre
သူနာပြုအကူနှင့် ဆေး၀ါးကျွမ်းကျင်အကူသင်တန်း
03/11/2024
လူနာအိမ်က ပေးပို့သော မေတ္တာစာများနှင့်
စေတနာဆိုတာ အလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတယ် ။ KMTK Medical Center ရဲ့ စေတနာ။
Cancer ရောဂါအတွက်ဘယ်လိုအစားအစာတွေကိုစားသင့်လဲ
#ကင်ဆာရောဂါ #ကင်ဆာရောဂါကိုကာကွယ်နည်း
01/11/2024
ကင်ဆာအားကြိုတင်ကာကွယ်ခြင်းနှင့် စောစီးစွာသိရှိနိုင်ခြင်း
ကင်ဆာအားကြိုတင်ကာကွယ်ခြင်းနှင့် စောစီးစွာ ရှာဖွေသိရှိနိုင်ခြင်း တို့ဟာဆိုရင် ရောဂါအား ကုသရန် ခက်ခဲလွန်းခြင်း မဖြစ်အောင် ကင်ဆာအားတိုက်ဖျက်နိုင်ခြင်းပင်ဖြစ်သည်။
ကင်ဆာအားစောစီးစွာသိရှိနိုင်ခြင်းသည် လူနာ၏ရလဒ်နှင့် အသက်ရှင်နိုင်မှုအပေါ် များစွာအထောက်အကူပေးနိုင်သည်။ (ဥပမာအားဖြင့် အဆုတ်ကင်ဆာဟု သတ်မှတ်ခံရသော လူနာများအတွက် ကင်ဆာအဆင့် (၁) တွင် ရှာဖွေတွေ့ရှိပါက အသက်ရှင်နိုင်နှုန်း ၈၃%အထိ ရှိနိုင်ပြီး အဆင့် (၄) တွင် ရှာဖွေတွေ့ ရှိပါက အသက်ရှင်နိုင်နှုန်း ၁၇% သာရှိနိုင်သည်။
ထို့ကြောင့် ကင်ဆာရောဂါကို စောစီးစွာသိရှိဖို့အတွက်အရေးကြီးပါတယ်။ ကင်ဆာရောဂါလူနာတွေမှာ အဖိတ်အစင်များတယ်ဆိုတာ တကယ်တော့နောက်ကျမှ သိခဲ့ရတာတွေကြောင့်ဖြစ်ပြီး ကင်ဆာရဲ့သဘာဝမှာလည်း ရောဂါရင့်လာမှ လက္ခဏာ ပြတာဖြစ်တာဖြစ်ပြီး တကယ်တမ်းကုသချိန်မှာ အရမ်းနောက်ကျသွားခဲ့တာပဲဖြစ်ပါသည်။
ထို့ကြောင့်ရောဂါကိုစောစီးစွာသိရှိနိုင်ဖို့ ပုံမှန်စစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်ပါသည်။ စစ်ဆေးမှုပြုလုပ်သည့်အခါမှာလည်း ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အချိန်တစ်ခုကြာတိုင်းမှာ စစ်ဆေးဖို့လိုအပ်ပြီး စစ်ဆေးသည့်အခါမှာလည်း ပုံမှန် Medical Check Up လုပ်ပြီးစစ်၍ရသလို ကင်ဆာအမျိုးအစားအလိုက် လိုအပ်တာတွေစစ်ကြတာလည်း ရှိကြပါသည်။
ကင်ဆာရောဂါစစ်ဆေးသည့်အခါမှာလည်း ကျား/မ အသက်အရွယ်မရွေးစစ်ဆေးသင့်ပါသည်။ ဘာကြောင့်လည်းဆိုရင် ကင်ဆာဆိုသည်မှာ လူတိုင်း အသက်အရွယ်မရွေးဖြစ်တတ်ပြီး အထူးသဖြင့် မျိုးရိုးထဲကင်ဆာဖြစ်ဖူးတဲ့သူများ၊ အန္တာရာယ်များသော အစားအသောက်သော စားသောသူများ(ဥပမာ-ဆေးလိပ်သောက်သုံးခြင်း)တွင် အဓိကစစ်ဆေးသင့်ပြီး ထိုစစ်ဆေးခြင်းကို Screening Test လုပ်တယ်ဟုခေါ်ပါသည်။
ကြိုတင်ကာကွယ်ခြင်းဟာဆိုရင် ကင်ဆာဖြစ်စေသော အကြောင်းအရာများအား နားလည်ခြင်း ၊ ကင်ဆာဖြစ်နိုင်ခြေရှိသော အန္တရာယ်လက္ခဏာများအား အကဲခတ်နိုင်ခြင်း နှင့် ထိုအန္တရာယ်များကို လျော့ချနိုင်ခြင်းတို့ပင်ဖြစ်သည်။ ပတ်ဝန်းကျင်အနေအထား အစားအသောက်များကြောင့် ကင်ဆာဖြစ်ပေါ်မှုများမျာ တစ်နေ့ထက်တစ်နေ့ပိုမိုများလာပြီး ကုသခြင်းထက်ကာကွယ်ခြင်းက ပိုကောင်းသည်ဆိုသည့် အတိုင်း ရောဂါဖြစ်မှ ကုသနေခြင်းထက် ရောဂါမဖြစ်ခင် ကာကွယ်ထားခြင်းက ပိုပြီးအထောက်ကူဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အောက်ပါအချက်အလက်များဖြင့် ကင်ဆာမဖြစ်အောင် ကာကွယ်လိုက်ကြရအောင်-
၁။ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။
(ဆေးလိပ်သောက်ခြင်းဟာဆိုရင် အဆုတ်ကင်ဆာ၊ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ စသည့် ကင်ဆာအမျိုးမျိးကိုဖြစ်စေသည့်အတွက် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားသင့်ပါသည်။)
၂။အရက်၊ဘီယာသောက်သုံးခြင်းကိုလည်း ရှောင်ပါ။
၃။အသင့်စား၍ရသောအစားစာများစားသောက်ခြင်းကိုရှောင်ပါ။
၄။ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပေးပါ။
၅။ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။
၆။ဟင်းသီးဟင်းရွက်၊သစ်သီး၊ ပဲနှင့်အစေ့အဆံများကို စားသုံးပေးပါ။
၇။လက်ဖက်စိမ်းရေနွေးကြမ်းသောက်သုံးပေးပါ။
၈။နေရောင်ခြည်ကောင်းမွန်စွာရရှိအောင်နေပါ။
၉။၊အိပ်ရေးဝဝအိပ်ပါ။
၁၀။အချိုလွန်ကဲသော အစားအစာများစားသုံးခြင်းကိုရှောင်ကျဥ်ပါ။
17/03/2024
Eurocid (Omeprazole delay released tablet 20mg)
Eurocid ကို အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကုသဖို့အတွက် အသုံးပြုပါသည်။
Omeprazole သည် အစာအိမ်အတွင်းရှိ အက်ဆစ်ထုတ်လွှတ်မှုကို လျှော့ချပေးသည့် Proton Pump Inhibitor (PPI) တစ်မျိုးဖြစ်သည်။
ကုသနိုင်သောရောဂါများ
အစာအိမ်ရောဂါ၊ အစာရေမြိုပြွန် ပြန်တက်သည့်ရောဂါ (GERD)၊ အစာအိမ်နာ (Duodenal and gastric ulcer) နှင့် Erosive Esophagitis ကဲ့သို့ အစာရေမြိုပြွန် ရောင်ရမ်းသောရောဂါများအတွက် အဓိက အသုံးပြုသည်။
လုပ်ဆောင်မှုပုံစံ
Omeprazole သည် အက်ဆစ်ထုတ်လွှတ်သော အစာအိမ်နံရံရှိ အင်ဇိုင်းများ ကိုပိတ်ဆို့ပေးသည်။ဤအက်ဆစ်ပမာဏကိုလျှော့ချခြင်းဖြင့် အစာပြွန်၊ အစာအိမ်နှင့် အူလမ်းကြောင်းများ ပျက်စီးစေခြင်းမှ ကာကွယ်ပေးသည်။
Delay released formula
Delay released (ဖြည်းဖြည်းထုတ်လွှတ်ပေးခြင်း)၊ ဆေးများကို ထုတ်လွှတ်ရာတွင် အစာအိမ်အတွင်းထက် အူများအတွင်းရောက်မှသာ ထုတ်လွှတ်ရန် စီစဥ်ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။
ဆေးအာနိသင် အချိန်ပိုမိုရရှိစေရန်ဖြစ်သည်။
သောက်သုံးရန်
Eurocid ကို အများအားဖြင့် တစ်နေ့လျှင်တစ်ကြိမ်
အစာမစားမီသောက်သုံးကြပါသည်။
#သူနာပြုအကူသင်တန်း
08/03/2024
Gynomix ကို ဘက်တီးရီးယား vaginosis (BV) နှင့် yeast (Candida) ပိုးဝင်ခြင်းကဲ့သို့သော မှိုပိုးဝင်ခြင်းအပါအဝင် မိန်းမကိုယ်ပိုးဝင်ခြင်းအတွက် အသုံးပြုပါတယ်။
Gynomix တွင် ပဋိဇီဝဆေးများနှင့် မှိုသတ်ဆေးများ ပေါင်းစပ်ပါဝင်ပါတယ်
metronidazole (anaerobic ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သော ပဋိဇီဝဆေး)
Neomycin (ပဋိဇီဝဆေး)
Nystatin (မှိုသတ်ဆေး) နှင့်
Polymycin B sulphate (ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်အသုံးများသောပိုးသတ်ဆေး) တို့ဖြစ်ပါတယ်။
နူးညံ့သော soft gel ဖော်မြူလာဖြစ်တဲ့အတွက်
ဆေးကို မိန်းမကိုယ်နံရံတွင် ကပ်စေပြီး လိုအပ်သော အာနိသင် ပေးစွမ်းရန် လွယ်ကူစေပါတယ်။
6လုံးတစ်ကဒ်ပါဝင်သော Soft gel capsule ပုံစံလာပြီး တစ်နေ့ (သို့) တစ်ည တစ်လုံး မိန်းမကိုယ်ထဲထည့်ပေးခြင်းဖြင့် မိန်းမကိုယ် အဖြူဆင်းခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။
ကိုယ်ဝန်ဆောင်များအတွက် Gynomix က Category D
(Evidence of risk) အန္တရာယ်ရှိနိုင်သောအမျိုးအစားထဲပါဝင်သောကြောင့် နားလည်တတ်ကျွမ်းသောဆရာဝန်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုသင့်ပါတယ်။
Gynomix ကတော့ စနစ်တကျသုံးရင် Machine gun သဖွယ် မိန်းမကိုယ်တွင်း ဘာပိုးလာလာပျောက်စေတဲ့အတွက် စျေးကွက်အတွင်း အသုံးများပြီး တခြားသောဆေးများထက် စျေးအတန်အသင့်များပါတယ်။
Dr May Oo
(M.B.,B.S Ygn)
#ဆေးဝါး
#ဆေးဝါးကျွမ်းကျင်အကူ
07/03/2024
ဆရာဝန်မှတ်စုကြမ်း
ဟိုနေ့က လူနာတစ်ဦး လာတိုင်ပင်တယ်။
မကြီး Syndopa တစ်ဗူး တစ်သိန်းကျော်သွားပြီတဲ့။
(လူနာရှင်က ကိုယ့်ကိုအရမ်းခင်တော့ ဆရာတပ်မခေါ်ဘူး မကြီးပဲအမြဲခေါ်တာ)
ဗုဒ္ဓေါ။
အသက်ကြီးရင်ဖြစ်တတ်တဲ့ Parkinson's လို့ခေါ်တဲ့ရောဂါမှာ ပုံမှန်စွဲသောက်ရတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။
ပုံမှန်သုံးစွဲနေရတဲ့ဆေးတွေ ပြတ်စျေးတက်စျေးဖြစ်နေတာ မတတ်နိုင်တဲ့လူနာတွေအတွက် ဘယ်လိုတွေးတွေးအဆင်ပြေစရာအကြောင်းမရှိပါဘူး။
ဒါတောင်ဝယ်မရဘူး မကြီး။ ကျွန်တော် Syndopa CR တိုက်လို့ရလားတဲ့။
အဲ့တော့ သူ့ကိုရှင်းပြရင်း Syndopa နဲ့ Syndopa CR နာမည်တူ company တူ ဗူးပုံစံမတိမ်းမရိမ်းဖြစ်ပေမဲ့ ဘာတွေကွာလဲဆိုတာ ရှင်းပြချင်တယ်။
Levodopa နှင့် Carbidopa ပါဝင်ပစ္စည်းနှစ်မျိုးပါပါတယ်။
Levodopa က ဦးနှောက်ရှိ ဒိုပါမင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပါကင်ဆန်ရောဂါတွင် ချို့တဲ့နေသော dopamine ကို အစားထိုးရန် ကူညီပေးပါတယ်။
Carbidopa သည် ဦးနှောက်သို့မရောက်ရှိမီ levodopa ၏ပြိုကွဲမှုကို ဟန့်တားပေးကာ levodopa သည် ဦးနှောက်သို့ပိုမိုရောက်ရှိပြီး dopamine အဖြစ်သို့ပြောင်းလဲသွားစေရန်ကူညီပေးပါတယ်။
ပါဝင်တဲ့ ပမာဏတွေကတော့ Levodopa 250mg နဲ့ Carbidopa 25 mg ဖြစ်ပါတယ်။
Syndopaကို ပုံမှန်အားဖြင့် အစာနှင့်ဝေးဝေး
သောက်လေ့ရှိပါတယ်၊ အကြောင်းမှာ ပရိုတင်းဓာတ်က Syndopa ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဖြစ်ပါတယ်
CR
ဒီနေရာမှာပြောချင်တာက အပိုပါလာတဲ့ CR ဆိုတာလေးပါ။
CR ဆိုတာ Controlled Release (ထိန်းချုပ်ထုတ်လွှတ်မှု) ကို ကိုယ်စားပြုပါတယ်။
Controlled Release ဆိုတာ Syndopa ရိုးရိုးနဲ့ ယှဥ်ရင် တစ်နေ့တာလုံး ဆေးရဲ့ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကိုပေးဖို့ တဖြည်းတဖြည်းချင်း ထုတ်လွှတ်ပေးဖို့ ဒီဇိုင်းထုတ်ထားတာပဲ ဖြစ်ပါတယ်။
အခုအဖွားသောက်နေတာ Syndopa ကို တနေ့လေးကြိမ် တစ်ခါသောက်တစ်ခြမ်းသောက်နေတာဖြစ်တယ်။ Syndopa CR က တစ်ခြမ်းခြမ်းလို့အဆင်ပြေတဲ့ Formula မဟုတ်တဲ့အတွက် မသောက်သင့်ပါ လို့ပဲ အဖြေထွက်ပါတယ်။
စျေးကွက်ထဲ Syndopa အလားတူဆေးများရှိတာဖြစ်လို့ ဝယ်ပြီး သောက်ပါ။ ဆေးတူမတူ စစ်ပေးပါမယ်ပဲပြောလိုက်ပါတယ်။
အဲ့တာပါပဲ။ ဆေးတွေပြတ်ပြီ စျေးတွေတက်ပြီဆို ကိုယ့်သဘောနဲ့ကိုယ်ပြောင်းသောက်တာမျိုး မလုပ်သင့်ဘဲ ကိုယ့်သဘောနဲ့ကိုယ်မရပ်သင့်ဘဲ ကျွမ်းကျင်သောပညာရှင်တွေနဲ့ မထိန်ချန်ပဲ ဆွေးနွေးသင့်ပါတယ်။
05/03/2024
ပုံမှန်အစာကြေဆေးတွေမှာAluminium Hydroxide+ Magnesium Hydroxide က 200mg ခန့်သာ ပါဝင်ပေမဲ့ Entacyd plus မှာတော့ plus* ဆိုတဲ့အတိုင်း
Aluminium Hydroxide 400mg+Magnesium Hydroxide 400mg ပါဝင်ပါတယ်။
Simethiconeလဲပါဝင်တာဖြစ်လို့ လေထိုးလေအောင့်လေနာရောဂါများအတွက် အဆင်ပြေပါတယ်။
Magnesium Hydroxide က ဘယ်လိုရောဂါအတွက်ကောင်းလဲ။
Antacid - အစာအိမ်ဆေးအနေနဲ့အသုံးပြုပါတယ်။
အစာအိမ် အက်ဆစ်ကိုချေဖျက်ပေးခြင်း၊ ရင်ပူခြင်း၊အစာမကြေခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောတို့ကို သက်သာစေတယ်။ GERD (Gastroesphageal reflux disease)ကဲ့သို့သော ရောဂါများကို ကုသရာတွင် အသုံးပြုပါတယ်။
သောက်သုံးလိုက်သော Magnesium Hydroxide ဟာ အူထဲသို့ရေများကို ဆွဲယူပြီး ဝမ်းပျော့ကာ အူလှုပ်ရှားမှုကောင်းစေပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေဖို့လဲအသုံးပြုတယ်။
ဝါးစားမှ အာနိသင်အပြည့်ရသော Chewable Tablet အမျိုးအစားဖြစ်ပြီး ကဒ် ၂၀ပါဝင်သော ဗူးဖြင့် မြန်မာပြည်တွင်းသို့ဖြန့်ချီပါတယ်။
ဖြန့်ဝေသော company မှာ Olive Pharma (Square Pharmaceuticals)မှဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီကြီး
ဖြစ်ပါတယ်။
အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်နေ့ကို သုံးလုံးမှ လေးသုံးအထိသောက်သုံးနိုင်ပါတယ်။
ယေဘုယျအားဖြင့် ဘေးကင်းသော်လည်း အလွန်အကျွံသုံးစွဲခြင်းဖြင့် ရေဓာတ်ခန်းခြောက်ခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်နေချိန်များတွင် အသုံးပြုရန် ဘေးကင်းသည်ဟု ယူဆရသောဆေးလဲဖြစ်ပါတယ်။
သတိပြုရမှာကတော့
အခြားဆေးဝါးများနှင့် ဓါတ်ပြုနိုင်သောကြောင့် အခြားဆေးဝါးများသောက်သုံးနေပါက မဂ္ဂနီဆီယမ်ဟိုက်ဒရောဆိုဒ်ကို သတိထားရန် အရေးကြီးပါတယ်။ အခြားဆေးများသောက်နေပါက ဆေးဝါးကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
#ဆေးဝါး
#ဆေးဝါးမိတ်ဆက်
31/12/2022
ပျော်ရွှင်စရာ နှစ်သစ်ကူးနေ့လေးမှာ မေးခွန်းလေးတွေဖြေပြီး ဖုန်းဘေယူကြမယ်နော်။ 🌠🌠
ပိုးသတ်ဆေးဆိုတာ ပိုးအားလုံးကိုနိုင်လား။ နိုင်တယ်ဆို ဘာကြောင့်လဲ။ မနိုင်ဘူးဆိုလဲ ဘာကြောင့်လဲ ။
တီချယ်တို့ တပည့်တွေတော့ကောင်းကောင်းဖြေနိုင်မယ်ထင်ပါတယ်။
အဖြေမှန်တွေထဲက အသင့်တော်ဆုံးကိုရွေးပြီး ဖုန်းဘေဖြည့်ပေးမှာဆိုတော့ ဖြေကြည့်ရအောင်နော်။
#ကျန်းမာသုခ
30/12/2022
ဂျင်းမစားနဲ့ 😊 ကြက်သွန်စား
လူလိမ်ခံရတာ ပစ္စည်းအလိမ်ခံရတာကို ဂျင်းမိတယ် ဂျင်းစားတယ်ဆိုပြီး သုံးလေ့ရှိပါတယ်။
မိတ်ဆွေ ခဏခဏ ဂျင်းမိနေတာလား။ 😁
ဂျင်းထက် ကြက်သွန်ဖြူစားတာ ကျန်းမာရေးအတွက်ကောင်းပါတယ်။
ရာသီအကူးအပြောင်း တုတ်ကွေးလေးတွေပြန်ဖြစ်နေတော့ ဂျင်းမစားနဲ့ ကိုယ်ခံအားကောင်းဖို့ ကြက်သွန်ပဲစား။
#ကြက်သွန်ဖြူ
29/12/2022
ကိုယ်တွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆုတ်ကလေးအကြောင်း ဘယ်လောက်သိကြလဲ။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon
11011