02/08/2026
🚨🚨🚨နောက်နှစ် ၄လပိုင်း Language School နဲ့ လာမယ့် သူတွေ ကျောင်းဝင်ခွင့် အင်တာဗျူးအချိန်ရောက်ပြီမို့ ထပ်ပြီး သတိပေးချင်ပါတယ်နော်။
အခု share ထားတဲ့ Post မှာ ရေးထားသလိုပဲ ကျောင်းသားက အလုပ် ၂၈ နာရီ အပြည့်နီးပါး အချိန်ပိုင်း အလုပ် လုပ်လို့ရနိုင်မယ်။ ငွေကို အပိုမသုံးပဲ သေချာ စီမံခန့်ခွဲနိုင်မယ် ၊ သွားလာနေထိုင်စားသောက်စရိတ်ကို အပိုမကုန်စေပဲ သုံးနိုင် စုနိုင်မှ … မိဘက နောက်ထပ် ကျောင်းလခတွေ ၊ နေ့စဉ်သုံးစရိတ်တွေ အတွက် ငွေထပ်ပြီး ပို့စရာမလိုမှာပါနော်။ အဲ့လိုမှ မဟုတ်ရင် မိဘက နောက်က ငွေပို့ပေးဖို့ လိုပါလိမ့်မယ်။
ခုကာလက Language School ၂ နှစ်တက်မယ့် သူတွေ နောက်ဆုံး ၆လစာ ကျောင်းလခ သွင်းချိန် ၊ JLPT စာမေးပွဲကြေးသွင်းချိန် ၊ 専門学校 ဒါမှမဟုတ် 大学 သွားမယ့်သူတွေက Open Campus တွေ သွားရချိန် ၊ 専門学校 / 大学 အတွက် လိုအပ်မယ့် စာမေးပွဲ ဖြေရ ၊ ကျောင်းလျှောက်ရ ၊ ကျောင်း Entrance စာမေးပွဲကြေး စတာတွေ အတွက် စုဆောင်းပြင်ဆင်ရတဲ့ ကာလဖြစ်လို့ … သူတို့တွေအတွက်ကတော့ ပိုပြီးပင်ပန်းပါလိမ့်မယ်။
ဒါကြောင့် … သူများ Language School တိုင်း ၊ ကိုယ်အစဉ်ပြေမယ် မထင်ကြပါနဲ့နော်။ 👉 သူများနည်းတူ အချိန်ပိုင်းအလုပ် အပြည့်ရနိုင်ရင် ၊ လုပ်နိုင်ရင် ၊ ချွေတာ စုဆောင်းနိုင်ရင် ၊ အပျော်အပါးလျော့နိုင်ရင်တော့ … သက်သာကောင်း သက်သာပါလိမ့်မယ်။
တကယ်လဲ အလုပ်သေချာလုပ် ၊ စနစ်တကျ နေထိုင်နေတဲ့သူတွေလဲ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အိမ်က လုံးဝ မပို့ရတဲ့ သူကတော့ အတော်နည်းပါတယ်။
မိမိ ရွေးချယ်ရာလမ်း မိမိလျှောက်ရမှာမို့ သေချာရွေးချယ် ဆုံးဖြတ်နိုင်ကြပါစေ။
School ကလေးတွေ #အချိန်ပိုင်းအလုပ်ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ?
Language School အများစုက ကျောင်းလခသွင်းရပြီဆိုရင် အဆောင်ခ အနည်းဆုံး ၃~၆လ ထိပါ တစ်ခါတည်းပါပြီးသား ဖြစ်တတ်ပါတယ်။ ဆွေမျိုး နီးစပ်မရှိပဲ ရောက်လာမယ့် ကလေးတွေ ရောက်ရောက်ချင်း နေဖို့ကို ကိုယ်တက်မယ့်ကျောင်းက အဆောင်ပါစီစဉ်ပေးထားတာမို့ ရောက်ရောက်ချင်း နေစရာမပူရပါဘူး။
📌 ဒီ Post မှာ ပြောပြပေးမှာက Language School ကလေးတွေ အချိန်ပိုင်းအလုပ်ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာပါ။
ဂျပန်ရောက်စ အဆောင်ခပေးပြီးသားမို့ ပေးစရာမလိုတာကို ခဏ အသာထားပြီး စဉ်းစားကြည့်ရအောင်ပါ။
ဂျပန်မှာ Language School ကျောင်သားတစ်ယောက် တစ်လ နေစရိတ်စားစရိတ်ချည်းပဲ က အနည်းဆုံး ၈ သောင်းကနေ ၆သောင်းလောက်ထိ သွားပါတယ်။ (ကိုယ်နေတဲ့ မြို့ ကြီး/ငယ် ပေါ်မူတည်ပါတယ်။)
က ပို့ပေးတဲ့ မြို့ကို အခြေတည်ပြီး တွက်ကြည့်ကြရအောင်။
တစ်လစရိတ် (အနည်းဆုံး ပျှမ်းမျှ)
နေစရိတ် - ¥၃,၀၀၀၀
စားစရိတ်။ - ¥၂,၀၀၀၀~၃,၀၀၀၀
ရေဖိုး မီးဖိုး ဖုန်း - ¥ ၁,၀၀၀၀
ကျောင်းအထွေထွေ - ¥ ၅၀၀၀ (optional)
မိမိအသုံးအဆောင် - ¥ ၁,၀၀၀၀
စရိတ် စုစုပေါင်း - ¥ ၇,၅၀၀၀ ~ ၈,၅၀၀၀ 👈 (အနည်းဆုံး)
📌 စုစုပေါင်း ခန့်မှန်းခြေ တစ်လကို ¥ ၁၀,၀၀၀၀ အထက်ဝင်ငွေရှိရင် အစဉ်ပြေပြေလည်ပတ်နိုင်ပါမယ်။ 🚨(ကျောင်းလခကို မိဘက ၆လစာ ဖြစ်စေ ၁နှစ်စာဖြစ်စေ သွင်းပေးထားပြီးလို့ ယူစလို့ပါ။)🚨
Wakayama ရဲ့ တစ်နာရီ အချိန်ပိုင်းလုပ်ခ - ¥ ၁၀၄၅/- (As of November 1, #2025)
ကျောင်းသားတစ်ယောက် အချိန်ပိုင်း အလုပ်လုပ်ခွင့်ရချိန် - #တစ်ပတ် #၂၈ နာရီ ( #ကျောင်းပိတ်ရက်ရှည် - တစ်ပတ် #၄၀ နာရီ)
တစ်ပတ် ၂၈ နာရီနဲ့ပဲ တွက်ကြည့်ရအောင်။ တစ်လကို ၄ပတ်ဖြစ်တဲ့ အတွက် … ၂၈ နာရီ x ၄ပတ် = #၁၁၂ နာရီ
📌 ၁၁၂ နာရီ x တစ်နာရီ လုပ်ခ ¥ ၁၀၄၅/- = ¥၁၁,၇၀၄၀/-
အဲ့တော့ အပေါ်မှာ တွက်ပြထားသလို …
၁။ အနည်းဆုံး #အသုံးစရိတ်အတိုင်းသုံးနိုင်လျှင်
၂။ တစ်ပတ်ကို ၂၈ #နာရီအပြည့် အလုပ်လုပ်နိုင်လျှင်
၃။ ပိုငွေကို #နောက်ကျောင်းလခ အဖြစ်စုဆောင်းနိုင်ပါမယ်။
၄။ ကျောင်းပိတ်ရက်ရှည်မှာ နာရီ ၄၀ လုပ်နိုင်လျှင် ပိုပြီး #အချိန်ပိုငွေထွက်နိုင်ပါမယ်။
ဒါပေမယ့် ဒီတွက်ချက်ပြမှုမှာ …
- အနောက်မှာ #အကြွေးကျန်ခဲ့သူ
- မိဘကို #ငွေထောက်ရသူ
- #အသုံးမချွေတာနိုင်သူ
- အချိန်ပိုင်း တစ်ပတ်ကို ၂၈ နာရီ အပြည့် #မရသူတွေအတွက် အစဉ်မပြေပါဘူး။
အဲ့တော့ ကိုယ့်ရဲ့ တစ်လအသုံးစရိတ်လိုအပ်ချက်ကနေ နောက်ကြောင်းပြန်တွက်ပြီး … ငါ တစ်လ #ဘယ်နှနာရီ အလုပ်ရှိမှ ငါ့ရဲ့ နေစားစရိတ် ကာမိနိုင်မယ်ဆိုတာကို သိရပါမယ်။ ကျောင်းလခသွင်းဖို့လိုအပ်သူလဲ အဲ့လိုပါပဲ။ ကျောင်းလခ ဘယ်လောက်အတွက်တော့ ငါတစ်လဘယ်လောက်စုမှ ၊ အဲ့လောက်စုဖို့ တစ်လ အချိန်ပိုင်းအလုပ်အချိန် ဘယ်လောက်ရမှဆိုတာ ချင့်ချိန်နိုင်ရပါတယ်။
📌 အဓိကက ၂၈ နာရီပြည့်အောင် အချိန်ပိုင်း အလုပ်ကို #ရှာစေချင်တာပါ။ ၂၈ နာရီအပြည့် ကြိုးစားပြီး အလုပ်လုပ်နိုင်တဲ့ ကလေးဟာ အကြမ်းဖျဉ်းတော့ နေစရိတ် စားစရိတ် ကျောင်းစရိတ် (တချို့တဝက်) #လုံလောက်နိုင်ပါတယ်။ မိဘကို ပြန်မပို့နိုင်ပေအုန်းတော့ ကိုယ့်စရိတ်ကိုယ်လုံလောက်နိုင်ပါမယ်။ မိဘက ကိုယ့်နေစားစရိတ်အတွက် #ထပ်ပို့ပေးစရာမလိုဘူးပေါ့။
မှတ်ချက် ။ Cost အနေ နဲ့ အဆောင်အပြောင်းအရွှေ့မှာ စပေါ်ပေးရတာ - လျော်ရတာတွေ ရှိနိုင်ပါတယ် (Move in Fees - Move out Fees)။
❌ တချို့ကလေးတွေက “ #လက်ပေး” ဆိုပြီး တစ်ပတ်ကို ၂၈ နာရီထက်ကျော်ပြီး တရားမဝင် အချိန်ပို အလုပ်လုပ်ကြပါတယ်။ (ဗီဇာ သက်တမ်းတိုးရာမှာ ပြသနာရှိနိုင်တာမို့ အားတော့မပေးပါဘူး။)
Japanese Language Academy
Kaigo Academy
📍သင်တန်းကျောင်းလိပ်စာ - အမှတ် ၅၄၆၊
ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။
📞 09945543274