သင်္ဃန်းကျွန်းမြို့နယ်တွင်ဖွင့်လှစ်ထားသော မိုးသောက်ပန်းမူကြိုအား မူလနေရာမှ အမှတ်၄၉၈၊(၉)လမ်း၊(၁၁)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်သို့ဇွန်လ(၁)ရက်နေ့မှစ၍ ပြောင်း ရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
Moe Thauk Pan Preschool and Learning Center -Yankin Branch
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moe Thauk Pan Preschool and Learning Center -Yankin Branch, Nursery, Yangon.
28/11/2025
Little artists bringing the Queen to life with their colors🎨👑👑✨
27/11/2025
Today's happy moments from our little learners 💖🌟✨💫
28/09/2025
သားသားမီးမီးလေးတို့ရဲ့ နေ့လည်စာ စားသုံးတဲ့ထမင်းဘူးလေးတွေကို ပြင်ဆင်ပေးတဲ့အခါမှာ အစာအုပ်စု၃စုကို မျှတစွာပါဝင်ဖို့ အင်မတန်မှအရေးကြီးပါတယ်။ကျောင်းစတက်ကာစတုန်းက အသီးအနှံအရွက် ကျွေးရခက်တဲ့ သားသား မီးမီးလေးတို့ဟာ တဖြေးဖြေးနဲ့ စားသုံးတဲ့ပုံစံလေးတွေတိုးတက် ပြောင်းလဲခဲ့ပါပြီ။
အောက်မှာတွက်ချက်ပေးထားတဲ့ ပုံစံလေးကိုနမူနာယူလို့ရပါတယ်ရှင့်......
17/08/2025
သားသားမီးမီးတို့ကိုပြချင်လွန်းလို့ ကျောင်းဝန်းထဲကငှက်ပျောပင် မြန်မြန်သီးပါလို့ ဆုတောင်းရတာအမောပေါ့......
ခု ငှက်ပျောသီးကမှည့်တောင်နေပြီကွယ်......
တနင်္လာနေ့ သင်ခန်းစာလေးကတော့ ငှက်ပျောပင်အောက်သွားပြီးငှက်ပျောသီးခူးမယ် ကလေးတို့နဲ့အတူတူ ငှက်ပျောသီးကို သုတေသန လုပ်ကြမယ်ပေါ့ကွယ်........
25/03/2025
ကျောင်းချိန်မနက် 9နာရီကို မနက်8နာရီလောက်ဆို ကျောင်းတံခါးကမဖွင့်ရသေးဘူး.....ကလေးတသိုက် ရောက်နေကြပြီ.....
ဒီတနွေလုံး ဆော့ကစားရင်းနဲ့ ပဲသင်ယူကြမယ်နော်..
Moe Thauk Pan premium preschool
Pre& Primary School
12/02/2025
မင်္ဂလာပါ ဖေဖေ မေမေ တို့ရှင် 🤗
လာမယ့် နွေရာသီ အစီအစဉ် အသစ်လေးတွေကို
ကျောင်းနေရာအသစ် မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်ရှင့်...
မိုးသောက်ပန်းမှ နွေရာသီ အစီအစဉ်အသစ်လေးတွေကတော့...
မူကြိုအရွယ် မှ အသက် ၈နှစ်အထိ သားသားမီးမီးတို့အတွက်
✅ အသက်အရွယ်အလိုက် လှုပ်ရှားမှု အစီအစဉ်များ (Age-appropriate Activities)
✅ ဖွံ့ဖြိုးမှု နယ်ပယ်အလိုက် လှုပ်ရှားမှု အစီအစဉ်များ (Action plans for Developmental Areas)
✅ ကလေးများအတွက် ပျော်ရွှင်စိတ်လှုပ်ရှားခြင်းဖြင့် သင်ယူစရာ အစီအစဉ်များ (Fun Learning Activities)
စသည့်ဖြင့် ပါဝင်ပါတယ်ရှင့်။
Program အသစ်၊ ကျယ်ဝန်းလွတ်လပ်တဲ့ ကျောင်းနေရာအသစ်လေးမှာ သားသားမီးမီးတို့ ရဲ့ ပျော်စရာ နွေရာသီလေးကို အတူတူ ဖန်တီးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်
🤗❤️🤗
Summer program
Starting Date - March 6, 2025 (Thursday)
ကျောင်းနေရာအသစ် လိပ်စာ-
အမှတ် (၁၁)၊ ကျောင်းလမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်
06/02/2025
စိတ်လှုပ်ရှားပျော်ရွှင်စရာ မှတ်ဉာဏ်လေးတွေ စုစည်းရာ ငယ်ဘဝရဲ့မှတ်တိုင်များ
Preschool #
22/01/2025
မူကြိုအရွယ်ကလေးတွေသင်ယူဖို့ Problem solving skills ဟာလည်း အဓိကသင်ယူဖို့လိုတဲ့အထဲပါပါတယ်။
မနက်က ကျောင်း ထမင်းစားခန်းမှာ ကလေးကခြင်းတောင်းလာထားတာ မှာ ခြင်းတောင်းထဲက သူ့ရေဘူးလေးကပြုတ်ကျပြီး ကွဲသွားပါတယ်။ဖန်ရေပုလင်းဘူးလေးပါ....ဒီပုလင်းလေးကွဲကျသွားတဲ့
ခလွမ်း....ဆိုတဲ့ အသံအကြားမှာ မူကြိုဆရာမတယောက်ဟာ လွှားခနဲကလေးနားကို အရောက်သွားနိုင်တာဟာလည်း ဆရာမရဲ့ skill တခုပါပဲ.....ကလေးက မလှုပ်ပဲငြိမ်နေတဲ့ အနေအထားနဲ့နေပေးတာဟာလည်း သူသင်ယူထားတဲ့ problem solving skills ထဲကတခုပါပဲ......တခါတရံမှာ ပြသနာဖြေရှင်းတတ်တဲ့ နည်းလမ်းကြောင့် အခြားကလေးတွေအတွက် ခက်ခဲပါ တယ် ဆိုတဲ့အရာတွေကို ကိုယ့်ကလေးတွေပေါ့ပေါ့ပါးပါးကျော်ဖြတ်နိုင်တာတွေ့ရတာလည်း သင်ယူထားတဲ့အလေ့အကျင့်ကောင်းတွေကြောင့်ဖြစ်ပါတယ်။
မိုးသောက်ပန်း #ရန်ကင်း #မူကြို
12/12/2024
ပန်းချီဆရာကြီး ဦးမင်းမင်းဦးနှင့် တပည့်ကျော် ပန်းချီပညာရှင်လေးများ အမှတ်တယ
၂၀၂၄/၂၅
********************************************
အနုပညာဆိုတာ ငယ်ငယ်ကသင်ရတာ။ကြီးလေ တန်ဘိုးကတက်လေပါ.......
ပန်းချီဘာသာရပ်ကိုသင်ရတဲ့ ရလဒ်အကျိုးတွေကအများကြီးပါ ၊ကျောင်းသင်ရိုးဘာသာရပ်တွေအတွက်မှာလည်း အများကြီးအသုံးတည့်ပါတယ်။ ငယ်စဉ်ကတည်းက ကလေးတို့အတွက်ပန်းချီဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ဝင်စားအောင် သင်ခွင့်ရတာလည်း တန်ဘိုးကြီးပါတယ်။
26/07/2024
ငိုနေတဲ့ကလေးလေး......ဘာကြောင့်ငို😭
မီးမီး ကျောင်းအကျီ မဝတ်ခဲ့ရလို့....😭ငို
ငိုနေတဲ့ကလေးလေး......ဘာကြောင့်ပျော်
မီးမီးချစ်တဲ့ သူငယ်ချင်းတွေကြောင့်ပါနော်🥰
Moethaukpan Moe Thauk Pan Preschool and Learning Center -Yankin Branch
Emotional development &Social development skills
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |