05/10/2021
၂၀၂၁ခုနှစ်အောက်တိုဘာလ ၅ ရက် နေ့
ယနေ့ကျရောက်သည့်
ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
မှတ်သားဖွယ်ရာ ဆရာ့အကြောင်းများကို စုစည်းဖော်ပြပေးလိုက်ပါသည်
ကမ္ဘာပေါ်ရှိ ဆရာ/မများအားလုံး
ကိုယ်ကျန်းမာ၍စိတ်ချမ်းသာကြပါစေ 🙏🙏🙏
* #ဆရာ့အကြောင်း*
* ကမ္ဘာ့ ဆရာများနေ့ - အောက်တိုဘာ ၅ ရက် (၁၉၉၆ တွင် UNESCO ကသတ်မှတ်ပေးခဲ့သည်||
* ဆရာအတက်ပညာရေးဆိုသည်မှာ ဆရာအသက်မွေးဝမ်းကြောင်း ပညာများမြှင့်လုပ်ငန်းခွင် စတင်ဝင်ရောက် ဆောင်ရွက်နိုင်စေရန် လိုအပ်သော အသိပညာ | ကျွမ်းကျင်မူ| သဘောထားနှင့် အတွေ့အကြုံ များရရှိစေသည့် နည်းစဉ် ( Process) ကိုဆိုလိုသည်| ဆရာအတက်ပညာရေးမျှော်မှန်းချက်ဆိုသည်မှာ ဆရာအတက်ပညာအရည်အချင်းပြည့်ဝပြီး အစဉ်လေ့လာသင်ယူနေသော ဆရာ/ မ များဖြစ်ထွန်းလာစေရန်ဖြစ်သည်||
* ဆရာအတက်ပညာမျှော်မှန်ချက် ဆိုသည်မှာ - ဆရာအတက်ပညာအရည်အချင်းပြည့်ဝပြီး အစဉ်ပြည့်ဝပြီး အစဉ်လေ့လာသင်ယူနေသော ဆရာ/မများ ဖြစ်ထွန်လာစေရန်အတွက် သင်ယူမှုအခွင့်အလမ်းအမျိူ းမျိူ းအကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်သည်||
* ဆရာဆိုသည်မှာ - ပညာရေးအဆင့်တခုခုတွင် သင်ကြားရေးတာဝန်ထမ်းဆောင်သောသတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် သင်ကြားပို့ချသူကို ဆိုလိုပါသည်|| (နေမင်းစကြာ်သင်တန်းမှတင်ပြသည် )ကျောင်းပညာရေး| ကျောင်းပြင်ပ ပညာရေးနှင့် ကိုယ်တိုင်သင်ယူပညာရေး အစီအစဉ် (၃) ရပ်လုံးတွင် အသိပညာ| ကျွမ်းကျင်မူ နှင့်သဘောထားအမြင် အယူအဆ များဖွံ့ဖြို းတိုးတက်လာအောင် စီစဉ်ပံ့ပိုးသူ | သင်ကြားပို့ချပေးသူများကိုဆိုလိုသည်||
* အာစရိယ ဆရာဆိုသည်မှာ အတက်ပညာသင်ကြား ပေးသည့် ဆရာဖြစ်ပြီး ဥပဇ္ဈာယ် ဆရာဆိုသည်မှာ တပည့်တို့ကို လိမ္မာအောင် ပဲ့ပြင်သွန်သင်ဆုံးမပေးသည့် ဆရာဖြစ်သည်||
* ဆရာဝတ်တရား(၅) ပါး
၁ .အတတ်လည်းသင်
၂. ပဲ့ပြင်ဆုံးမ
၃ . သိပ္ပံမချန်
၄. ဘေးရန်ဆီးကာ
၅. သင့်ရာအပ်ပို့
ဆရာတို့ကျင့်ဖို့ဝတ်ငါးဖြာ။
Crd
#ရင်ခတ်ဆူး