Adobe After Effect တွင် Walk Cycle လမ်းလျှောက်ခြင်း နည်းမျိူးစုံရှိသည့်အနက်
Duik Angela ဖြင့် လမ်းလျှောက်ပုံအဆင့်ဆင့် သင်ခန်းစာဗီဒီယို
ကြာမြင့်ချိန် - ၁၉ မိနစ် ၂၂ စက္ကန့်
MEDU Myanmar
Dream it, Learn it, Live it!
Ref: Jake In Motion(DUIK Angela Jumpstart \\ Complete Beginner's Guide)
Artwork: Freepik
MEDU-Myanmar
Dream it, learn it, live it! MEDU-Myanmar is a program under Peacock Media Production (PMP) Company Limited.
MEDU aims to empower Myanmar's youth with the skills and knowledge needed to thrive in the media and creative industries. Through high-quality training programs, industry connections, and community building, we will bridge the gap between education and employment, contributing to Myanmar's cultural growth and economic development.
02/02/2024
📌အန်နီမေးရှင်း ၊ မိုးရှင်းဒီဇိုင်းအတွက် မရှိမဖြစ်ဆော့ဝဲလ်များ 💻‼️
အန်နီမေးရှင်းလား (ဒါမှမဟုတ်) မိုးရှင်းဒီဇိုင်းလား? အဲ့ဒါတွေ ဘယ်လိုလုပ်တာလဲ စိတ်ဝင်စားတာလား? ဒါတွေကို စိတ်ဝင်စားလာပြီဆိုရင်တော့ ဒါတွေပတ်သတ်တဲ့ ဆော့ဝဲလ်တွေကိုသိထားသင့်နေပါပြီ။ နယ်ပယ်အသစ်ကို ခုမှစိတ်ဝင်တစား ဝင်ရောက်မဲ့သူတွေအတွက် သင်ယူရွေးချယ်စရာ ဆော့ဝဲလ်တွေအများကြီးထဲမှာမှ လူသုံးအများဆုံးဆော့ဝဲလ်တွေကိုဖော်ပြလိုက်ပါတယ်။
⭕️
ဆိုတာနဲ့ ဒီဇိုင်းနာ ဆရာများရဲ့မယားတစ်ယောက်လို့တောင်ပြောလို့ရပါတယ်။ အန်နီမေးရှင်း ၊ မိုးရှင်းဒီဇိုင်း စတင်လေ့လာမယ့်သူများဟာ Photoshop ကိုမရှိမဖြစ်လေ့လာထားသင့်ပါတယ်။ ပုံများကို အလွယ်တစ်ကူပြင်နိုင်ဖြတ်နိုင်ခြင်း ၊ အရောင်များ အလွယ်တစ်ကူချိန်နိုင်ပြောင်းနိုင်ခြင်း စတဲ့မျိုးစုံသော လုပ်ဆောင်ချက်များပါဝင်သလို ၊ Frame by Frame (ပုံတစ်ပုံခြင်းရေးဆွဲ) ပြီးလည်း လှုပ်ရှားမှု့များကိုလုပ်ဆောင်နိုင်ခြင်း စတဲ့များပြားလှသောလုပ်ဆောင်ချက်များပါဝင်သဖြင့် စတင်လေ့လာထားသင့် ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။
⭕️
ဟာလည်း Photoshop နည်းတူ အန်နီမေးရှင်း ၊ မိုးရှင်းဒီဇိုင်း စတင်လေ့လာမယ့်သူများအတွက်သင်ယူထားရမယ့် ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ Photoshopနဲမတူတာက Vector-based program ဖြစ်တာကြောင့် အရုပ်များကို စိတ်ကြိုက် လိုသလောက် ချဲ့နိုင်ပါတယ်။ ဒါကြောင့် Illustrator မှာပုံများဆွဲခြင်း၊ လိုဂိုများဆွဲခြင်းစတဲ့ လုပ်ဆောင်မှု့များစွာကို အရုပ်အရည်အသွေးကျသွားမှာစိုးရိမ်စရာမလိုပဲ လုပ်ဆောင်နိုင်သလို After Effect နဲ့တွဲဖက်ပြီး Layer အလိုက် Vector ကိုပြောင်းလဲနိုင်ခြင်း စတဲ့များပြားလှတဲ့ လုပ်ဆောင်မှု့များကို လုပ်ဆောင်နိုင်ပါတယ်။
⭕️
After Effect ဟာ အန်နီမေးရှင်း ၊ မိုးရှင်းဒီဇိုင်းစတင်လေ့လာသူများ သင်ကိုသင်ယူရမယ့် အရုပ်များကို လှုပ်ရှားမှု့ဖြစ်အောင်လုပ်ဆောင်ပေးတဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်။ ဒါ့အပြင် After Effect ဟာသူ့ရဲ့အုပ်စုဝင်များဖြစ်တဲ့ Photoshop ၊ Illustrator တို့နဲ့တွဲဖက်အသုံးပြုရတာအဆင်ပြေဆုံးဖြစ်ပါတယ်။ After Effect မှာအရုပ်များ ကာတွန်းများကို လှုပ်ရှားများအဖြစ်ပြောင်းနိုင်သလို၊ လိုဂို၊ စာသားများကိုလည်း စိတ်ကြိုက်လှုပ်ရှားမှု့များအဖြစ်ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ချက်များဖြစ်တဲ့ နောက်ခံအစိမ်းရောင်ဖယ်ရှားခြင်း (Chroma Key) ၊ 3D ဆော့ဝဲလ်များနဲ့ပေါင်းဖတ်ပြီး စိတ်ဝင်စားစရာ ပုံရိပ်များဖန်တီးခြင်း စတဲ့လုပ်ဆောင်မှု့များလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဗီဒီယို တည်းဖြတ်ဆော့ဝဲလ်ဖြစ်တဲ့ Premiere Pro နဲ့တွဲဖက်အသုံးပြုရာမှာအဆင်ပြေဆုံးဆော့ဝဲလ်တစ်ခုဖြစ်တဲ့အတွက် သင်ကိုသင်ယူထားရမယ့် ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။
⭕️
ဟာ တည်းဖြတ်ဆရာများအဓိကအသုံးပြုတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပြီး အန်နီမေးရှင်း ၊ မိုးရှင်းဒီဇိုင်း စတင်လေ့လာမယ့်သူများအတွက်လည်း သိထားသင့်တဲ့ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ After Effect နဲ့တွဲဖက်အသုံးပြုရာမှာအဆင်ပြေပြီး၊ လှုပ်ရှားမှု့အရုပ်များကိုလိုသလို တည်းဖြတ်ခြင်း၊ အရောင်ချိန်ညှိခြင်း ၊ နောက်ခံအသံများတီးလုံးများ ထည့်ခြင်း၊ စာသားများထည့်နိုင်ခြင်း စတဲ့များပြားလှတဲ့လုပ်ဆောင်မှု့များ လုပ်ဆောင်နိုင်သဖြင့် သင်ယူလေ့လာထားသင့်ပါတယ်။
အထက်ဖော်ပြပါဆော့ဝဲလ်များရဲ့ လုပ်ဆောင်ချက်များဟာ ဒီထက်မက အလွန်များပြားလှသောကြောင့် နည်းစနစ်တကျ သေချာလေ့လာ သင်ယူထားသင့်ပါတယ်။ ထပ်မံ လေ့လာခြင်သူများအတွက်တော့အခြားဆော့ဝဲလ်များဖြစ်တဲ့ , , စတဲ့ဆော့ဝဲလ်များအပြင် 3D ဆော့ဝဲလ်များဖြစ်တဲ့ ၊ ၊ စတဲ့ဆော့ဝဲလ်များကို နောက်တစ်ဆင့်အနေနဲ့ လေ့လာသင်ယူနိုင်ပါတယ်။ 📖📖📖
©️MEDU Myanmar
Dream it, Learn it, Live it!
📌Adobe After Effect တွင် အသုံးပြုပုံ
©️MEDU Myanmar
Dream it, Learn it, Live it!
🎯အောင်မြင်မှု့ပန်းတိုင်သွားရာလမ်း 🏃♀️🏃
မျှော်မှန်းချက်😀 လက်တွေ့ဘဝ 🥵
&
MEDU Myanmar
Dream it, Learn it, Live it!
25/01/2024
Art Movements
၁၄ရာစုမှ ၂၀ရာစုထိ ခေတ်အဆက်ဆက်ရွေ့လျားပြောင်းလဲခဲ့သော ကမ္ဘာကျော်အနုပညာလက်ရာများ 👨🏭👨🏭👨🏭
▶️ ▶️ ▶️ ▶️ ▶️ Expressionism
©️MEDU Myanmar
Dream it, Learn it, Live it!
How to transfer Shape Morph_BTS
Adobe After Effect တွင် 🔵🔹🟦 ပြောင်းလဲပုံ
MEDU Myanmar
Dream it, Learn it, Live it!
🎥သိထားသင့်သော Frame Rate များအကြောင်း
Understanding Frame Rate
🎞Frame Rate ဆိုတာ ရုပ်ရှင်ဖလင်၊ အန်နီမေးရှင်းတစ်ခုမှာ (၁) စက္ကန့်လျှင်ပြသသည့် ပုံတစ်ပုံခြင်းစီကိုရေတွက်ထားတာဖြစ်ပါတယ်။ ဥပမာ 24 Frame Rate ဆိုလျှင် (၁) စက္ကန့်မှာ ပုံ (၂၄)ပုံပါဝင်သည်ဟု မှတ်ယူရမည်။ (8) FPS to (120) FPS ကွာခြားပုံကို အောက်ကဗီဒီယိုတွင်ရှင်းလင်းစွာ မြင်တွေ့ရမည်။
🔴 ▶️ 1 Frame Per Second
🔴🔴🔴🔴🔴🔴🔴🔴 ▶️ 8 Frame Per Second
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴 ▶️ 24 Frame Per Second
©️MEDU Myanmar
Dream it, Learn it, Live it!
Weekday🐌🐌🐌 & Weekend🐰🐰🐰
ဟင်! မနက်ဖြန်ရုံးပြန်ဖွင့်ပြီ 😤
19/01/2024
📢Motion Graphic Designer နယ်ပယ်ကိုစတင်မည့်သူများအတွက် အကြံပြုချက်
📌 Adobe Software များကိုကျွမ်းကျင်အောင်လုပ်ခြင်း
- Motion Graphic Designer အများစုဟာ Adobeရဲ့ဆော့ဖ်ဝဲလ်ပရိုဂရမ်များကို အများဆုံးအသုံးပြုလေ့ရှိသည်။ Photoshop နှင့် Illustrator ကိုဖန်တီးရေးဆွဲရန် အသုံးပြုရပြီး အရုပ်မလှုပ်ရှားမှု့များနှင့်တည်းဖြတ်ရန်အတွက် After Effects, Premiere Pro ကဲ့သို့သော Software များကို ကျွမ်းကျင်ပိုင်နိုင်ရန် အရေးကြီးပါသည်။
📌 လှပသော Portfolio တစ်ခုဖန်တီးခြင်း
- အလုပ်တစ်ခုလျှောက်မယ့် Motion Graphic Desiger များအတွက် ကိုယ်ဖန်တီးထားတဲ့ Portfolio များဟာ အင်မတန်အရေးကြီးပါတယ်။ နယ်ပယ်အသစ်မှာအခုမှစမည့်သူများအတွက် သင်တန်းကျောင်းမှ Project များကိုပြန်လည်အသုံးချနိုင်သလို ၊ ကိုယ်တိုင်ဖန်တီးထားလေ့ကျင့်ထားတဲ့ Project များဖြင့် Behance, Dribbble, or Adobe Portfolio စသည့်ဝက်ဆိုက်များတွင်ကိုယ်ပိုင် Portfolio တစ်ခုတည်ဆောက်နိုင်ပါတယ်။
📌 အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ခြင်း
- ကွန်ဖရင့်များနှင့် အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ခြင်းဖြင့် နယ်ပယ်အသစ်ရှာဖွေနိုင်သလို ရှေ့မှကျွမ်းကျင်သူများမှ လုပ်ငန်းအတွေ့အကြုံများကို အချိန်တိုအတွင်း သင်ယူနိုင်ပါတယ်။
📌 အွန်လိုင်းသင်ခန်းစာများလေ့လာခြင်း
- ယနေ့ခတ်အွန်လိုင်းမှ သင်ခန်းစာများကို အိမ်မှအလွယ်တကူသင်ယူနိုင်ပြီဖြစ်သလို ဝါသနာပါရာ အွန်လိုင်း သင်ခန်းစားများကို Youtube တွင်အခမဲ့လေ့လာခြင်း Lynda၊ Skillshare နှင့် Udemy ကဲ့သို့သော ဝဘ်ဆိုက်များမှ အခပေးသင်ယူခြင်းအပြင် ပြည်တွင်း သင်တန်းများမှလည်း တိုက်ရိုက်သင်ယူနိုင်ပါတယ်။
📌 ကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းခြင်း
- မိမိတို့နယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းကာ Project များဖန်တီးခြင်းဖြင့် အတွေ့အကြုံအသစ်များရရှိနိုင်ပါတယ် LinkedIn၊ Instragm နှင့် Facebook ကဲ့သို့သော လူမှုမီဒီယာပလပ်ဖောင်းများတွင် ပူးပေါင်းဆောင်ရွက်သူများကို ရှာဖွေနိုင်ပါသည်။
©️MEDU Myanmar
Dream it, Learn it, Live it!
Career and Professional Development
18/01/2024
စမ်းချောင်းလေး Adobe မှာစီးမြောခြင်း 🏞
A Look at Adobe's History
🌟Adobe ကို Xerox ၏ ၀န်ထမ်းဟောင်း John Warnock နှင့် Charles Geschke တို့မှ ၁၉၈၂ ခုနှစ်မှ တည်ထောင်ခဲ့ပါတယ်။ Adobe ရဲ့နာမည်ဟာ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Los Altos မြို့ John Warnock ၏အိမ်နောက်ဖက်တွင်စီးဆင်းနေတယ့် Adobe Creek မှမှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။
👩🎨Adobe ၏ ပထမဆုံး လိုဂိုကို John Warnock ၏ဇနီး ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးလည်းဖြစ်သည့်Marva Warnock မှ ဒီဇိုင်းထုတ်ခဲ့ပါတယ်။
🖌၁၉၈၇ ခုနှစ်မှာ Adobe illustrator ကို စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် နောက်(၂)နှစ်အကြာ ၁၉၈၉ မှာ ကမ္ဘာ့တစ်ဝှမ်းအအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်လာမယ့် 📸Adobe Photoshop ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။
🎞၁၉၉၁ မှာ ဗီဒီယိုအယ်ဒီတာတွေရဲ့အသည်းစွဲ Adobe Premiere ကိုထုတ်လုပ်ခဲ့ပြီး Non-linear editing လောကကိုဝင်ရောက်ခဲ့ပါတယ်။ မတူညီတဲ့ကွန်ပျူတာများတွင် ဖိုင်များဖြန့်ဝေကြည့်ရှု့ရန် Adobe Acrobat(PDF) ကို ၁၉၉၃ ခုနှစ်တွင်မိတ်ဆက်ခဲ့ပါတယ်။
📢၁၉၉၄ ခုနှစ်တွင် Adobe သည် Aldus ကော်ပိုရေးရှင်းကို ဝယ်ယူခဲ့ပြီး Adobe InDesign ဖြစ်လာမဲ့ PageMaker နှင့် Motion တို့ဆရာကြီး After Effects တို့ကို Adobe အောက်ထည့်သွင်းခဲ့ပါတယ်။
📣၂၀၀၃ ခုနှစ်တွင် Adobe ထုတ်ကုန်များဖြစ်တဲ့ Illustrator, InDesign, After Effects, and Premiere Pro အစရှိသည်များကိုပေါင်းစပ်ထားတဲ့ Adobe Creative Suite (CS) ကို မိတ်ဆက်ခဲ့ပါတယ်။
📢Adobe Creative Cloud ကို 2011 ခုနှစ် အောက်တိုဘာလတွင် ပထမဆုံးကြေငြာခဲ့ပြီး 2013 တွင် Adobe သည် Creative Suite ၏ ဗားရှင်းအသစ်များကို Creative Cloud မှတဆင့်သာရရှိနိုင်မည်ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
ယနေ့မှာတော့ Adobe ဟာ ဝန်ထမ်းပေါင်း ၂၉၀၀၀ ကျော် ဖြင့် Creative လောကရဲ့ဆော့ဝဲဆရာကြီးတစ်ဆူအဖြစ်ရပ်တည်နေပြီး အနာဂတ် ဥာဏ်ရည်တု နည်းပညာများ ဆက်လက်ပုံဖော်ရန် ခရီးဆက်လျက်ရှိပါတယ်။
©️MEDU-Myanmar
Dream it, Learn it, Live it!
01/01/2024
What is "MEDU-Myanmar"?
Click here to claim your Sponsored Listing.
Location
Category
Contact the school
Address
Yangon
11011