ထိုင်းမှာအလုပ်ရလောက်တဲ့ Quality မျိုး
ဘယ်လိုသင်ယူရမလဲတဲ့။
ဒီဇိုင်းနာတစ်ယောက်တက်သင့်တာတက်လျင်ရပါပြီလို့။
မြန်မာနဲ့ထိုင်းအရမ်းလည်းမကွာလှပါဘူးလို့။
2D Motion Graphic တော့ ဒီမှာထက်စာလျင်
ပိုအသေးစိတ်၊ ပိုလုပ်ရတဲ့ဟာမျိုးသုံးတာမြင်တယ်လို့ပြောလိုက်တယ်။
သူက သင်တန်းတွေပတ်တက်ပြီး
ကြာနေတာကို မကြိုက်တာ။
သင်တန်းဆင်းပြီးအတွေ့အကြုံမရှိလျင်
အလုပ်ဘယ်လိုရမလဲတွေးပူတယ်။
အချိန်ကုန်ပြီး ရှေ့မရောက်သလို ခံစားရတယ်တဲ့။
အာ့နဲ့ သင်တန်းကသင်တဲ့ပုံ Screen Shot တောင်းကြည့်တယ်။
သင်တန်းကပုံနဲ့ မြန်မာပြည်ထဲက ပုံပဲ ယှဉ်ပြလိုက်တယ်။
သူမြင်သွားတယ်။ တော်တော်ကွာတာပဲနော်တဲ့။
ပြည်တွင်းကပုံတောင် လိုက်မမှီလျင်၊
နိုင်ငံခြားဘာညာ ဘယ်လိုအဆင်ပြေမလဲ။
အာ့ကြောင့် သင်တန်းတက်မယ်ဆိုလည်း
သင်တန်းဆရာလက်ရာနဲ့ ဈေးကွက်ထဲမှာ
တစ်ကယ်သုံးတဲ့ပုံတွေနဲ့
ယှဉ်ကြည့်။
ငါဒီသင်တန်းတက်လျင် ဒီလိုပုံအရည်အသွေးမျိုး
လုပ်နိုင်မှာလားဆိုတာ အဲ့မှာတင်အဖြေပေါ်တယ်။
စကားလုံးအကြီးကြီးတွေနဲ့ရှင်းပြစရာမလိုဘူး။
ပုံကို ယှဉ်ကြည့်လိုက်ရုံပဲ။
လုပ်ငန်းခွင်မှာသုံးနေတဲ့ပုံကို
ကိုယ်လုပ်ပြနိုင်လျင် Experience ဘယ်လောက်ရှိရမည်ဆိုတာမျိုးက
သိပ်အရေးမကြီးတော့ဘူး။
ဒီဇိုင်းနာတစ်ယောက် အဲ့လိုမျိုးယုံကြည်ချက်ပျောက်နေလို့
လုပ်ငန်းက လိုတာ မင်းဆွဲပြနိုင်လျင်ရပြီလို့ ပြောလိုက်တယ်။
အင်တာဗျူးနေ့မှာ ပုံလိုနေလို့ဝင်ဆွဲပေးခဲ့တယ်တဲ့။
နောက်နေ့ အလုပ်တန်းရတာပဲ။
လစာလည်း များများရတယ်။
သုံးသိန်းလောက်နဲ့ အောင့်အီးလုပ်စရာမလိုတော့ဘူး။
သင်တန်းဆင်းပြီးတာ ဆယ်ရက်ပဲ ရှိလို့
ဂျူနီယာ ဘာညာတွေလည်းမရှိတော့ဘူး။
အလုပ်ရှင်လိုချင်တာ သူဆွဲပေးနိုင်လျင်ရပြီ။
အဲ့ဒါကြောင့် သင်တန်းတက်မယ်ဆို
သတိထား။ စကားလုံးအကြီးကြီးတွေ
လူနားမလည်တာတွေပြောပြီး
ချိုမိုင်မိုင်ဒီဇိုင်းတွေဆွဲနည်း သင်ပေးတဲ့ သင်တန်းကို
သွားမတက်မိစေနဲ့။
အလွယ်ဆုံး၊ အမြန်ဆုံး၊ အရိုးရှင်းဆုံး၊
လုပ်ငန်းခွင်မှာ သုံးမဲ့ ကွာလတီမျိုး
လုပ်ငန်းခွင်မှာ ကြုံတွေ့ရမဲ့ အရာတွေအားလုံး
လေ့ကျင့်ပေးနိုင်မဲ့ သင်တန်းသွားတက်။
Low Quality ပုံ အများကြီးထိုင်လေ့ကျင့်ရင်း
အချိန်မကုန်စေအောင် ရေးပြတာ။
အချိန်က အရေးကြီးတယ်။
ဘယ်အချိန်ပေါ်တာဆွဲခံရမလဲ ထိုင်စောင့်နေရတာမို့။
ဦးစိတ်တို
tutorial တွေတင်မဲ့ပေ့
3D softwares တွေသင်တဲ့အခါ အကုန်လုံးသင်ယူလို့ မလွယ်ဘူး။ သင်လို့တက်သွားသည်ထား၊ လက်တွေ့အလုပ်မှာ အစုံသာ ကိုယ်တစ်ယောက်တည်း လုပ်ရလျင် ခရီးလုံးဝ မတွင်ဘူး။
အဲ့တော့ Specialize လုပ်ရတယ်။ Modeling သမား၊ Texturing, Simulation, Rigging (yes rigging), animation, စသဖြင့်ပေါ့။
အလုပ်လုပ်တဲ့အခါလည်း
Product Visualization,
3D Motion Graphic,
Character Animation အဲ့လိုမျိုး အပိုင်းတွေ ကွဲတယ်။
အဓိက ပြောချင်တာက 3D က ကျယ်ပြန့်လို့
တစ်ခြားဆော့ဝဲတွေလို
ဆော့ဝဲတစ်ခုထဲ အစအဆုံးထိုင်သင်ပြီးလျင်
ရပြီဆိုတာမျိုးမဟုက်။
ဆော့ဝဲ ပေါင်းစုံ သုံးရနိုင်တယ်။
အနည်းဆုံး Compositor တစ်ခုခု၊ Material authoring software တစ်ခုခု၊
3D software တစ်ခုခု၊ အဲ့လို သုံးရနိုင်ချေတွေ ရှိတာကြောင့်
ဒါကတော့ Beginner ၊
ဒါကတော့ Advanced ၊
ဒါတွေ အကုန်တက်ပြီးလျင် မသိတာမရှိ၊
အကုန်တက်မြောက်ဆိုတာမျိုးက မလွယ်ဘူး။
ကိုယ် Specialized လုပ်ထားတဲ့ နယ်ပယ်မှာ
ဝမ်းစာရှာရတာမို့ အကုန်လေ့လာမယ်ဆို အချိန်နဲ့ငွေ နှစ်နဲ့ချီကုန်ပြီး
တစ်ကယ်တမ်းမှာ ကိုယ်တစ်ယောက်တည်းလဲ အကုန်လုပ်ဖို့မလွယ်တာကြောင့်
နယ်ပယ်တစ်ခုခုကိုပဲ Specialized လုပ်ရပါကြောင်း....
06/01/2024
သစ်ပင်ပုံလိုချင်လို့လိုက်ရှာတာ၊ ကောင်းတာမတွေ့။
နဲနဲကောင်းတဲ့ဟာက $900 တဲ့၊ အာ့လည်းအရမ်းမကောင်း။
အာ့နဲ့ သစ်ပင်ပုံကို လက်နဲ့ခဏခဏ မဆွဲရအောင်
Geometry Node နဲ့လုပ်တာ။ ၄ ရက်ကြာတယ်။
သစ်ပင်တွေကို လိုက်လေ့လာ၊ လိုက်စမ်း။
သစ်ပင်တွေက ခပ်ရှုပ်ရှုပ်ရယ်။
အခုတော့ Node Setup လေးတစ်ခုရပြီ။
သစ်ပင်အကြီးအမျိုးအစားအားလုံး လိုလို Generate လို့ရတယ်။
ထန်းပင်၊ အုန်းပင်၊ ထင်းရှုးပင်တို့လို ဟာမျိုးက မျိုးကွဲ ထပ်လုပ်မှရမယ်။
အခြေခံ Nodes တွေ ရသွားပြီဆိုတော့ လွယ်သွားပြီ။
အောက်က ပုံထဲက သစ်ပင်က Generate လုပ်ထားတာ၊
လက်နဲ့မဆွဲထားဘူး။
Typical Life of a Graphic Designer.
18/12/2023
Blender Basic မြန်မာလိုသင်ပေးထားတာ။ ဘုန်းကြီးသံလေးနဲ့။ Texture file တွေတော့ မပါဘူး။ ကွကိုယ်ရှာ၊ ဒါမှမဟုက် လာတောင်း။ Tutorial ကြည့်ချင်လျင် ပေ့ ဖော်လို ထား။
( သုံးရက်မှာ Share 100 မရလျင် ဖြတ်မယ်လို့ ပြောထားတာ။
74 ရတယ်။ ဖြတ်မလို့ပဲ၊ အခု...။ ဒါပေမဲ့ တစ်ကယ်ကြီး စိတ်ဝင်တစား လိုက်လုပ်နေကြတဲ့လူတွေ ရှိတာမြင်ရတော့ စိတ်လျှော့လိုက်တယ်။
လိုတိုရှင်း Course မို့ လွယ်လွယ် မြန်မြန်တက်ကြမယ်လို့ မျှော်လင့်ပါတယ်။
သိချင်တာရှိ လာမေးပေါ့။ အားတဲ့အခါ ဖြေပေးမယ်။
တက်သွားလျင်လည်း ဈေးပေါပေါ လစာတွေနဲ့ အလုပ်တွေ လျှောက်မလုပ်ကြနဲ့ဦး။ )
tutorial တင်မဲ့ပေ့
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon