စာပန်းအိမ်

စာပန်းအိမ်

Share

SAR PAN EAIN (Home Teaching and Guide) was established in 2009 and has been taught by experienced teachers for 12 years.

It has survived to this day with good results.

18/09/2022

Page Admin ထဲမှာပါတဲ့ Thett Htar Khin အ​ကောင့်နဲ့ညီမကကျွန်​တော်ကိုဒီ​ Page admin ​နေရာ​ပေးပြီး Page ကို​ရောင်းထားပါတယ်။

02/09/2022

ကမာရွတ်မြို့နယ်အတွင်းသင်ကြားရန်Chinese
ဆရာမလျှောက်ထားနိုင်ပါတယ်ရှင့်

17/08/2022

တစ်လ = ၁၅၀၀၀ ကျပ်သာကျသင့်မည့် English 4skils Online Class💥💥💥
English 4skills သီးသန့်👨‍🏫👨‍🏫👨‍🏫 Online Class September တန်းခွဲအတွက်ကြိုတင်စာရင်းပေးအပ်နှံနိုင်ပါပြီ💦

စနေ / တနင်္ဂနွေ တန်းခွဲအသစ်စောင့်မျှော်နေသူများအတွက် ဖွင့်ပေးလိုက်ပြီနော်

ပထမဆုံးအပ်နှံသူ အယောက် ၅၀ ကို 💥💥💥
တစ်လလုံးမှ ၁၅၀၀၀ ကျပ်သာကျသင့်မယ့် Special Discount ကို "စာပန်းအိမ်" မှပေးအပ်သွားမှာပါ 💁‍♀️💁‍♀️💁‍♀️

မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို ကျောင်းပိတ်ရက်နွေရာသီမှာ 🌈

👉သင်တန်းတခုခုအပ်နှံချင်တယ်
👉ကျောင်းပို့ကျောင်းကြိုဖို့ကလဲ အဆင်မပြေ
👉ကုန်ကျစာရိတ်လဲသက်သာချင်တယ်ဆိုရင်တော့

စာပန်းအိမ်" ရဲ့ Special Discount ပေးနေတဲ့ Summer Online Class လေးကို အခုပဲ ❗join ထားလိုက်နော်

ဘာသာစကားတွေထဲမှာ International Language တစ်ခုဖြစ်တဲ့ English ဘာသာစကားကို

သွက်လက်စွာပြောဆိုရေးဖတ်နိုင်ဖို့ 💁‍♀️Grammar ပိုင်နိုင်စေဖို့ အတွက် 💁‍♀️ရည်ရွယ်ပြီး ကျွမ်းကျင်ဆရာမများနှင့် ပူးပေါင်းကာ ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်

သင်တန်းကာလ ၃လ ဖြစ်ပြီး 🎉

👉4နှစ်7နှစ်
👉8နှစ်11နှစ်
👉12နှစ်14နှစ်
Section ၃ခုခွဲထားပေးပါတယ်နော်

ဒါ့အပြင် ပထမဆုံး အပ်နှံသူ အယောက်၅၀ ကို
တစ်လ ၁၅၀၀၀ ကျပ်တည်းဖြင့် အပ်နှံခွင့်ရမှာပါနော်❗❗❗

အယောက် ၁၀၀ ပြည့်သွားရင်တော့ တစ်လ ကို ၂၅၀၀၀ ကျသင့်မှာဖြစ်ပါတယ်ရှင့် 💁‍♀️

Special Discount လေးကို 👍အမှီရဖို့ အခုပဲ စာပန်းအိမ်ရဲ့ Page Cb မှာ အခုပဲ join ထားလိုက်နော် 👍

အတန်းချိန်များကို ညှိနှိုင်းသင်ကြားပေးမှာဖြစ်လို့
အသေးစိတ်ကို Page Cb မှာ ဆက်သွယ်စုံးစမ်းနိုင်ပါတယ်ရှင် 🤗🤗

ဖုန်း - 09782736518
စက်တင်ဘာလ ပထမပတ် စတင်ပါမည်

08/08/2022

ဖတ် ဖြစ်​အောင် ဖတ် ကြပါ ကိုယ့်နိုင်ငံရဲ့ အ​ေကြာင်း ကိုယ်မသိရင် လူအ​​တွေ ဖြစ်မှာစိုးလို့ပါ ..

ဒီတစ်ခါ မဖတ်မိရင် နောင်တရမှာနော်။
==============================

မြန်မာနိင်ငံသည် အာရှတိုက်၏ အရှေ့တောင်ဖက် ဒေသတွင် တည်ရှိသည်။ ဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) ကျယ်ဝန်းပြီးအရှေ့တောင် အာရှဒေသတွင် ၊ ဒုတိယဧရိယာ အကြီးဆုံး နှင့် ၊ ကမ္ဘာပေါ်ရှိနိင်ငံများထဲတွင် ဧရိယာ အကျယ်ဆုံး အဆင့် ၄၀ - မြောက် နိင်ငံဖြစ်သည်။

မြန်မာနိင်ငံ၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်ကြားတွင် တည်ရှိသည်။

နိင်ငံဧရိယာ၏ ၉၆.၉၄% မှာ ကုန်းမြေများဖြစ်ပြီး ၊ မြစ်ချောင်း အင်းအိုင် ထဲမှ ရေပြင်ဧရိယာ များမှာ နိင်ငံဧရိယာ၏ ၃.၀၆% သာ ရှိသည်။

နယ်နမိတ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ နှင့် အိမ်နီးချင်းနိင်ငံများ ထိစပ်နေသည့် နယ်နမိတ် ကုန်းမြေများမှ အရှည်မိုင် ၄၀၅၃ - မိုင် အထိရှိသည်။

ထို အထဲတွင် ဘင်္ဂလားဒေရှ် နိင်ငံ နှင့် ၁၆၈ -မိုင်၊ အိန္ဒိယ နိင်ငံ နှင့် ၉၁၂ - မိုင် ၊ တရုတ်နိင်ငံ နှင့် ၁၃၂၃ -မိုင် ၊ လာအိုနိင်ငံ နှင့် ၁၄၈ - မိုင် ၊ ထိုင်းနိင်ငံ နှင့် ၁၅၀၁ - မိုင် တည်ရှိသည်။

ကမ်းရိုးတမ်း အရှည်မိုင် ၁၂၀၀ ရှိပြီး အိန္ဒိယ သမုဒ္ဒရာ၏ ဆက်စပ်ပင်လယ်များဖြစ်သည့် ဘင်္ဂလားပင်လယ် ၊ ကပ္ပလီပင်လယ် (Adaman sea ) တို့သည် မြန်မာနိင်ငံ၏ ဆက်စပ်ပင်လယ်များ ဖြစ်သည်။

တောင်တန်းများ.
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ၏ အလယ်ပိုင်းဒေသ အများစု သည် မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး ၊ ထိုမြေပြန့်လွင်ပြင် များကို
တောင်တန်းများမှ ကာဆီးထားသည်။

အနောက်ဖက် ရခိုင်ရိုးမတောင်တန်း
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ အနောက်ဖက်ရှိ ရခိုင်ရိုးမ တောင်တန်းသည်အိန္ဒိယနိင်ငံ မဏိပူရ ပြည်နယ်မှ စတင်ကာ ၊ မော်တင်စွန်း အငူနားအထိ တည်ရှိသည် ။

ရခိုင်ရိုးမ ထဲတွင် ရခိုင်ရိုးမတောင်တန်း နှင့်အတူ နာဂ တောင်တန်းများ ၊ ချင်းတောင်တန်းများလဲ ပါဝင်သည် ။

မြောက်ဖက်ရှိ တောင်တန်းများ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံမြောက်ဖက် ကချင်ပြည်နယ်တွင် မြန်မာနိင်ငံ၏ အမြင့်မားဆုံး တောင်တန်းများ တည်ရှိသည် ။

ဟိမ၀န္တာတောင်တန်း၏ ဆက်စပ်တောင်တန်းများ ၊ Kumon range ( ကချင်တောင်တန်း ) နှင့် တရုတ်နိင်ငံ တိဘက်ကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့် Hengduan တောင်တန်းများသည် ကချင်ပြည်နယ်ထဲတွင်တည်ရှိသည်။

အလယ်ပိုင်းရှိ တောင်တန်း
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံအလယ်ပိုင်း ချင်းတွင်းမြစ်ဝှမ်း နှင့် စစ်တောင်းမြစ်ဝှမ်း ဒေသများတွင် ဇီးဖြူတောင်တန်း ၊ မင်းဝံတောင်တန်း ၊ မှန်ကင်းတောင်တန်း နှင့် ဂန့်ဂေါတောင်တန်း စသည့် တောင်တန်းငယ်များ တည်ရှိသည်။

မြန်မာနိင်ငံ အလယ်ပိုင်းရှိ ပဲခူးရိုးမတောင်တန်းသည် ဧရာဝတီမြစ် နှင့် စစ်တောင်းမြစ်ကြားရှိ တောင်တန်းနိမ့်ဖြစ်ကာ မြောက်မှ တောင်သို့မိုင် ၂၀၀ - ကျော် ရှည်လျှားသည်။

ပုပွားတောင်သည် ပဲခူးရိုးမတောင်တန်း၏ မြောက်ဖက် အစွန်ဆုံးဒေသမှ တောင်ထွတ်ဖြစ်ပြီး တောင်ဘက် အစွန်ဆုံးသည် ရန်ကုန်မြို့မြောက်ဖက်အနီးထိ တည်ရှိကာ ရန်ကုန်မြို့တွင် တောင်ပူစာကလေးများအဖြစ် ဖြာဆင်းလာခဲ့သည်။

အရှေ့ဖက်ရှိ ရှမ်းကုန်းမြေမြင့်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံအရှေ့ဖက်တွင် ရှမ်းကုန်းမြေမြင့်တည်ရှိသည်။ ရှမ်းကုန်းမြေမြင့် ဒေသတွင် တရုတ် ယူနန်ဒေသ ၊ မြန်မာနိင်ငံ အရှေ့ဖျားဒေသ နှင့် ထိုင်းနိင်ငံ အနောက်မြောက်ဒေသများ ပါဝင်သည်။

ရှမ်းကုန်းမြေမြင့်သည် ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၃၀၀၀ မှ ၄၀၀၀ အတွင်း တည်ရှိသည်။

ရှမ်းကုန်းမြေမြင့်ဒေသတွင် တောင်တန်း ၊ တောင်စွယ်များစွာ နှင့် ကျဉ်းမြောင်းသည့် တောင်ကြား Valleys ဒေသများစွာ တည်ရှိသည်။

ဧရာဝတီ ၊ စစ်တောင်း ၊ သံလွင် နှင့် Chao Phraya မြစ်များ၏ မြစ်သွယ် ၊ မြစ်လက်တက်များသည် ရှမ်းကုန်းမြေမြင့် အား ဖြတ်ကျော်စီးဆင်းသွားကြသဖြင့် နေရာအနှံ့တွင် တောင်ကြား ဒေသများကို တွေ့ရှိနိင်သည် ။

တောင်ဖက်ရှိ တောင်တန်းများ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံတောင်ဖက်ဒေသများတွင် ရှမ်းကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့် ကရင်တောင်တန်း ၊ ဒေါနတောင်တန်း နှင့် တနင်္သာရီ တောင်တန်းများတည်ရှိသည် ။

#ထင်ရှားသည့် တောင်ထိပ်များ
⛰⛰⛰⛰⛰⛰⛰⛰⛰⛰

ခါကာဘိုရာဇီ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည် ။ ပေပေါင်း (၁၉၂၉၆) - ပေ ရှိပြီး မြန်မာနိင်ငံမြောက်ဖက် ဟိမ၀န္တာတောင်တန်း၏ ဆက်စပ်တောင်တန်းပေါ်တွင် တည်ရှိသည် ။

ဂန်လန်ရာဇီ
᪥᪥᪥᪥᪥᪥
ဒုတိယ အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ (၁၉၂၆၀) ရှိကာ မြန်မာနိင်ငံမြောက်ဖက် ဟိမ၀န္တာတောင်တန်း၏ ဆက်စပ် တောင်တန်းပေါ်တွင် တည်ရှိသည်။

စာရာမေတိတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့် (၁၂၅၅၂) - ပေ ရှိပြီး နာဂ တောင်တန်းပေါ်တွင် တည်ရှိသည် ။

နတ်မတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၁၀၀၇၀) ရှိပြီး ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးတွင်တည်ရှိသည်။ ထိုတောင်အား တချိန်က ဝိတိုရိယတောင်ဟုခေါ်သည် ။

နတ်တောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၈၆၀၆) ရှိပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တည်ရှိသည် ။

မယ်လတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၆၈၂၀) ရှိပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင်တည်ရှိသည် ။


မြင့်မိုလက်ခတ်တောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၆၇၉၈) ရှိပြီး တနင်္သာရီ တောင်တန်းပေါ်တွင် တည်ရှိသည် ။

ပုပွါးတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ ၄၉၈၀ ရှိပြီး မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည်။ ထိုတောင်သည် ပဲခူးရိုးမ၏ မြောက်ဖက်အစွန်းတွင်သီးခြားထိုးထွက်နေသည့် မီးတောင်ဟောင်း ဖြစ်သည် ။

#မြစ်များ

ဧရာဝတီမြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ဧရာဝတီမြစ်သည် (၁၃၇၃) မိုင်ရှည်လျှားပြီး မြန်မာနိင်ငံ၏ အဓိကမြစ်ကြီးတစင်းဖြစ်ပြီး ၊ မြန်မာနိင်ငံမြောက်ဖက်မှ စတင်စီးဆင်းကာ ၊ အလယ်ပိုင်း ဒေသကိုဖြတ်ကျော်ပြီး မုတ္တမ ပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။

ချင်းတွင်းမြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ချင်းတွင်းမြစ်သည် အရှည်မိုင် (၇၅၀) အထိရှိပြီး မြန်မာနိင်ငံမြောက်ပိုင်း ဟူးကောင်းတောင်တန်း ပေါ်တွင် မြစ်ဖျားခံကာ ၊ ဟူးကောင်းတောင်ကြားကို ဖြတ်ကျော်ပြီး မြန်မာနိင်ငံ အလယ်ပိုင်း မြင်းခြံမြို့ အနီးတွင် ဧရာဝတီမြစ်နှင့် လာရောက် ပေါင်းဆုံသည့် အကြီးဆုံးမြစ်လက်တက် ဖြစ်သည် ။

မူးမြစ် ၊ မြစ်ငယ်မြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မူးမြစ် ၊ မြစ်ငယ်မြစ်များသည် ဧရာဝတီမြစ်နှင့် လာဆုံသည့် မြန်မာနိင်ငံ အလယ်ပိုင်းဒေသမှ မြစ်ငယ် များ ဖြစ်ကြသည်။

သံလွင်မြစ်
᪥᪥᪥᪥᪥᪥
သံလွင်မြစ်သည် တရုတ်နိင်ငံ တိဖက်ကုန်းမြေမြင့်မှ မြစ်ဖြားခံကာ ရှမ်းကုန်းမြေမြင့် ဒေသကို ဖြတ်ကျော်ပြီး မုတ္တမပင်လယ်ကွေ့ သို့ စီးဝင်သည်။

မဲခေါင်မြစ်
᪥᪥᪥᪥᪥᪥
မဲခေါင်မြစ်သည် မြန်မာနိင်ငံနှင့် လာအိုနိင်ငံအကြား နယ်နမိတ်အဖြစ် တည်ရှိသည်။

စစ်တောင်းမြစ်
᪥᪥᪥᪥᪥᪥᪥᪥
စစ်တောင်းမြစ်သည် အရှည် (၂၆၁) မိုင်ရှိပြီး ရှမ်းကုန်းမြေမြင့်တော်ဖက် အစွန်ဒေသမှ မြစ်ဖျားခံကာပဲခူးတိုင်းကိုဖြတ်ကျော်ပြီး မုတ္တမ ပင်လယ် ကွေ့ထဲသို့စီးဝင်သည်။

တောင်ဖက်ဒေသရှိမြစ်များ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ရေးမြစ် ၊ Heinze မြစ် ၊ ထားဝယ်မြစ် ၊ တနင်္သာရီမြစ် နှင့် လေညာမြစ်များသည် မြန်မာနိင်ငံ၏ တောင်ဖက်ပိုင်းတွင် တည်ရှိပြီး တောင်တန်းများမှ မြစ်ဖျားခံကာ ကပ္ပလီပင်လယ်ထဲသို့ စီးဝင်သည်။

Kraburi မြစ်သည် ထိုင်း နှင့် မြန်မာနိင်ငံအကြား နယ်နမိတ်အဖြစ်စတင်စီးဆင်းသည်။

#ရေအိုင်များ

အင်းတော်ကြီးအိုင်
᪥᪥᪥᪥᪥᪥᪥᪥
အင်းတော်ကြီး ရေအိုင်သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာ စတုရန်းမိုင် (၃၁၄ .၆၇) အထိ ကျယ်ဝန်းကာ မြန်မာနိင်ငံရှိ အကြီးဆုံးရေကန်ဖြစ်သည်။

အင်းလေးကန်
᪥᪥᪥᪥᪥᪥᪥᪥
အင်းလေးကန်သည် ရှမ်းကုန်းမြေမြင့်ဒေသတွင်တည်ရှိသည့် မြန်မာနိင်ငံ၏ ထင်ရှားသည့် ရေကန်တခုဖြစ်သည်။ ဤရေကန်သည် တဖြည်းဖြည်းတိမ်ကောလာနေသည့် ရေကန်ဟု မှတ်တမ်းများမှဆိုသည်။

#ကျွန်းများ

ရမ်းဗြဲကျွန်း
🏝🏝🏝🏝🏝
ရမ်းဗြဲကျွန်းသည် မြန်မာနိင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည်။ ရခိုင်ကမ်းရိုးတမ်း၏ အလယ်ခန့်တွင် တည်ရှိကာ အရှည် မိုင် (၅၀) ၊ အနံ မိုင် (၂၀) ခန့်ရှိကာ ဧရိယာစတုရန်းမိုင် (၅၂၀)ခန့် ကျယ်ဝန်းသည်။

ကျောက်ဖြူမြို့ ၊ ရမ်းဗြဲမြို့ ၊ စနဲ့မြို့များသည် ထိုကျွန်းပေါ်တွင်တည်ရှိသည်။

မာန်အောင်ကျွန်း
🏝🏝🏝🏝🏝
မာန်အောင်ကျွန်းသည် ရမ်းဗြဲကျွန်းနှင့် ၆.၂ မိုင်ခန့်သာ ကွာဝေးပြီး နီးကပ်စွာတည်ရှိသည့် ရခိုင်ကမ်းရိုးတမ်းဒေသမှ ထင်ရှားသည့် ကျွန်းတကျွန်းဖြစ်သည်။

မာန်အောင်ကျွန်းသည် စတုရန်းမိုင် ၂၅၀ - ခန့်သာ ကျယ်ဝန်းကာ အနောက်မြောက် မှ အရှေ့တောင် ဖက်သို့ အရှည် ၁၇ -မိုင် ခန့် သွယ်တန်းနေသည် ။ မာန်အောင်မြို့သည် မာန်အောင်ကျွန်းပေါ်တွင်တည်ရှိသည် ။

ကိုကိုးကျွန်းစု
🏝🏝🏝🏝🏝
ကိုကိုးကျွန်းစုသည် ကျွန်းငယ်ပေါင်း ၁၂ - ကျွန်းရှိပြီး ဘင်္ဂလားပင်လယ် နှင့် ကပ္ပလီပင်လယ်အကြားတည်ရှိသည့် မြန်မာအပိုင် ကျွန်းအစုအဝေးဖြစ်သည် ။

ကိုကိုးကျွန်းသည် ရန်ကုန်မြို့မှ မိုင် ၂၂၀ ခန့် အကွာတွင် တည်ရှိပြီး ၊ ရန်ကုန်တိုင်း၏ မြို့နယ် တခုဖြစ်သည် ။

မြိတ်ကျွန်းစု
🏝🏝🏝🏝🏝
မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်းဒေသကြီးတွင်ပါဝင်ကာ မြန်မာနိင်ငံ၏တောင်ဖက် ဘင်္ဂလားပင်လယ်ထဲမှ ကျွန်းအစုအဝေးဖြစ်သည် ။

အရွယ်အစား အမျိုးမျိုးရှိသည့် ကျွန်းငယ်ပေါင်း ၈၀၀ - ကျော်ရှိပြီး ထိုအထဲတွင် ကတန်းကျွန်းမှာ အကြီးဆုံးဖြစ်သည် ။

:
Source . .. Internet

03/08/2022

"စာပန်းအိမ်"ရဲ့ အရမ်းတော်အရမ်းသွက်သောပင်တိုင်မီးမီးလေးပါရှင့်

"စာပန်းအိမ်" မှာ အိမ်တိုင်ရာရောက် အနီးကပ်စနစ် သင်ကြားလိုပါက အပ်နှံနိုင်ပါပြီရှင့်

09782736518 သို့ဆက်သွယ်နိုင်ပါပြီနော် 🥰

20/07/2022

ဖုန်းလေးတစ်လုံးရှိရုံဖြင့် English ဘာသာစကားလေ့လာနိုင်ပြီလေ 📲

ဖေဖေမေမေတို့ရေ...📣
ဖေဖေမေမေတို့ရဲ့ ရင်သွေးလေးတွေကို အရွယ်ရောက်မှ Speaking သင်တန်းတွေတတ်ရင်း အချိန်ကုန်မခံပါနဲ့❌

❗ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်

✅သားသားမီးမီးလေးတို့ကို ငယ်စဉ်ကတည်းက English Skill ကို ကျွမ်းကျင်စေဖို့

✅အခြေခံကအစပိုင်နိုင်စေဖို့အတွက်

"စာပန်းအိမ်" ရဲ့ English စာအရေး/အဖတ်/အပြော
သင်တန်းလေးကို အခုပဲ Join လိုက်ပါ👩‍🏫

💢နိုင်ငံတကာသင်ရိုးများနှင့်အညီ English 4 skills သင်တန်းကို August လတွင်စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်

💢အသက် ၇ နှစ်မှ လုပ်ငန်းခွင် ဝင်သည်အထိ တတ်ရောက်နိုင်ပြီး
ကျွမ်းကျင် International School မှဆရာမ များ 👩‍🏫ကိုယ်တိုင် သင်ကြားပြသပေးတော့မှာဖြစ်ပါတယ်

​💢လူကြိုက်များရေပန်းစားနေတဲ့International Cambridge သင်ရိုးအတိုင်းသင်ကြားပြသ ပေးမှာဖြစ်ပါတယ်

🤗1Month - 15000 ကျပ်
🤗3လစာ တစ်ခါတည်းပေးသွင်းပါက 40000 ကျပ်သာ ကျသင့်ပါမည်

ကျောင်းချိန်လွတ်/ရုံးချိန်လွတ်တန်းခွဲများ ဖြစ်ပါတယ်ရှင့်

👉တစ်တန်းမှာ ၁၅ယောက်သာ ကန့်သတ်ထားလို့အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါ

👉အသေးစိတ်ကို Chat Box သို့ 09 782736518 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

19/07/2022

"ကလေးတွေက မလုပ်နဲ့ဆို ပိုလုပ်တတ်ကြတယ်"

မလုပ်ရဘူး ဆိုတာက သူတို့ရဲ့ စူးစမ်းလုပ်ကိုင်လိုစိတ်ကို ပိုတွန်းအားပေးတယ်... ဘာလို့ လုပ်လို့မရတာလဲ...ခုလုပ်နေတာရသားပဲ... စတာတွေကို နှုတ်ကသာ မမေးတတ်ရင် နေမယ် သူတို့စိတ်မှာတော့ ဖြစ်ပေါ်နေတတ်တယ်... လုပ်လိုက်လို့ ဖြစ်ပေါ်လာမယ့် ကောင်းကျိုး ဆိုးကျိုးကို သူတို့မတွေးတတ်သလို ပြောပြလဲ နားမလည်တဲ့ အခါတွေရှိကြတယ်... ဒါပေမယ့် ဆက်လုပ်ရင် ဘာဖြစ်မှာလဲဆိုတာ သိချင်တဲ့စိတ်က ရှိတာကြောင့် ပိုလုပ်ကြတယ်...

ဒါကြောင့် သူတို့ကို စကားပြောတဲ့အခါ တတ်နိုင်သလောက် positive way ကို သုံးဖို့ လိုအပ်တယ်... ဒါဆို ဘယ်လိုပြောရမလဲဆိုရင်....

'မပြေးစေချင်ရင် မပြေးနဲ့လို့ မပြောပဲ လမ်းလျှောက်ပါလား သားရယ်.. / သမီးရယ်... ' အဲလိုလေး ပြောပေးသင့်တယ်...

ခုန်မချနဲ့ ဖြည်းဖြည်းလေးဆင်းနော်
မအော်နဲ့ တိုးတိုးပြောနော်
မရိုက်နဲ့ ညင်ညင်သာသာလေးပဲ ပုတ်နော်
စက်ဘီးကို မြန်မြန် မစီးနဲ့ ဖြည်းဖြည်းပဲ စီးလေ
အရုပ်တွေ ပစ်မပေါက်ရဘူး အရုပ်တွေကို ဖြည်းဖြည်းပဲ အောက်ချရတယ်
သူများလက်ထဲက အရုပ်ကို မလုနဲ့လေ သူများလက်ထဲက အရုပ်ကို လိုချင်ရင် သူ့ကိုတောင်းရမယ်နော် သား/သမီးရဲ့
အိမ်ထဲမှာ ဘောလုံးမကန်ရဘူး ဘောလုံးဆိုတာ အိမ်အပြင်ဘက်မှာပဲ ကန်ကစားရတာ
မေမေ့ကို မနှောင့်ယှက်နဲ့ မေမေ အလုပ်ပြီးတဲ့ထိ ခဏစောင့်နော်
မဆော့နဲ့တော့ .. တော်ပြီ.. ရပ်တော့ ခဏနားလိုက်ပါအုံးသား/သမီးရေ...
စိတ်ဆိုးရင် မအော်ရဘူး စိတ်ဆိုးရင် ဘာဖြစ်လဲ ပြောပြရမယ်... ဒါမှ မေမေသိမှာလေ ...

စသဖြင့် positive way နဲ့ပဲ ပြောပေးတာက သူတို့ကို ပြောရတာ ပိုအဆင်ပြေပါတယ်... ဒါပေမယ့် ကလေးဆိုတာ တစ်ခါတည်းပြောရုံနဲ့တော့ မှတ်မသွားတတ်ပါဘူး... ထပ်ခါထပ်ခါပြောပေးရင် positive way နဲ့ ပြောတာက သူတို့ကို နားထောင်စေပါတယ်... အမြဲ မလုပ်နဲ့ဆိုတဲ့ negative way ကတော့ သူတို့ကို ပြင်ပေးဖို့ ပိုခက်တဲ့ စကားလုံးပါ...

ကိုယ့်ကလေးက စကားစပြောနေတဲ့ ကလေးဆို positive way ကိုပဲ သတိထားပြောကြည့်ပါ... ပြောရဆိုရ လွယ်ကူတာ တွေ့ရပါလိမ့်မယ်.. ဒါပေမယ့် အမြဲ negative way နဲ့ ပြောခံနေရတဲ့ကလေးဆိုရင်တော့ positive way ပြောင်းသုံးတဲ့အခါ စိတ်ရှည်စွာ ထပ်ခါထပ်ခါ ပြောပေးပါ... နားလည်သိတတ်လာတဲ့အမျှ ပြင်သွားပါလိမ့်မယ်...

Crd
Yadanar Phome Thwal





#ကလေးစိတ်ပညာ

19/07/2022

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့အား "စာပန်းအိမ်" မှပြည်သူများနှင့်အတူလေးစားစွာဂုဏ်ပြုအပ်ပါတယ်ရှင်. . . . .

15/07/2022

💥အစမ်း(၃)ရက်သင်ကြားခွင့်ရရှိမည့် "စာပန်းအိမ်" အိမ်အရောက်သင်ကြားမှု One By One စနစ်💥

​🤷‍♀️Teacher ရေ သားသားမီးမီးလေးက ငယ်သေးတော့ Online Class သင်ဖို့မလိုက်နိုင်ဘူး

🤷‍♀️မီးကလဲခဏခဏပျက်နေတော့ Online Class အဆင်မပြေဘူး

🤷‍♀️Online Class တတ်ရင်စာကိုသေချာစိတ်မဝင်စာဘဲ လုပ်ချင်ရာလုပ်နေတယ် တီချယ်ရေ ....

စသဖြင့် မေမေတို့ရဲ့ Complain လေးတွေ ကြားရပါတယ်နော် 🥰🥰🥰

ဒါ့ကြောင့် Online Class Join ဖို့အဆင်မပြေဖြစ်နေသူများအတွက် "စာပန်းအိမ်"ရဲ့
❗အိမ်အရောက်သင်ကြားမှုလေးကို စီစဉ်ပေးထားပါတယ် နော်

🔶ဆရာမနှင့်တပည်​့ တစ်ဦးချင်း One By One စနစ်လေး ပါရှင့် 🔶

🔶သားသားမီးမီးတို့လဲ အဆင်ပြေ မေမေတို့လဲစိတ်ချမ်းသာ စာကိုဖိဖိစီးစီးလုပ်နိုင်ဖို့အတွက် အိမ်အရောက်သင်တန်းလေးက ပိုအဆင်ပြေတယ်နော် 🔶

ဒါ့အပြင် သားသားမီးမီးနဲ့ ဆရာမ အဆင်ပြေမပြေသိရှိစေနိုင်ဖို့အတွက် သင်တန်းအပ်နှံတာနဲ့ ၃ရက် (free) ❗❗❗သင်ကြားပေးတဲ့ စနစ်လေးလဲရှိပါသေးတယ်

ဈေးနူန်းလေးကလဲ အခုကာလနဲ့အဆင်ပြေတဲ့ဈေးနူန်းလေးတွေပါရှင့်👇

📚အစိုးရသင်ရိုး
kgမှG4ထိ (တပတ်လေးရက်) ၁လ - 60000 ကျပ်

📚International cambridge သင်ရိုး
Pre kg,kg, year 1,2,3,4(တပတ်လေးရက်) ၁လ - 100000ကျပ်

📚အစိုးရသင်ရိုး
G5,G6,G7,G8(တပတ်လေးရက်) ၁လ -70000ကျပ်

📚International cambridge သင်ရိုး
Secondary 1,2 (တစ်ပတ်လေးရက်)
၁လ -150000ကျပ်
ဖြင့်တတ်ရောက်နိုင်ပါတယ်

❗G9,G10သင်ရိုးသစ်
သင်ရိုးဟောင်းကျောင်းသားများအတွက်လည်းအထူးစာသင်ဝိုင်းနဲ့guideများကိုစီစဉ်ပေးပါတယ်ရှင့်❗

အခုဖော်ပြထားတဲ့ဈေးနူန်းလေးတွေက "ဘာသာစုံ"ဈေးနူန်းလေးတွေဖြစ်ပါတယ်ရှင်

အသေးစိတ်သိရှိမေးမြန်းလိုပါက Page Cb မှ ဆက်သွယ်မေးမြန်းနိုင်သလို

☎️ဖုန်းနံပါတ် 09782736518 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

အချိန်ညှိနှိုင်းပေးပါတယ် 🥰

12/07/2022
02/07/2022

၇နှစ်မှ လုပ်ငန်းခွင်ဝင်သည်အထိ 👩‍💻တတ်ရောက်နိုင်မည့်
"စာပန်းအိမ်" 🧑‍🏫​၏ English 4skills Class
July လတွင်စတင်ဖွင့်လှစ်ပေးတော့မှာနော်

💁‍♀️ငယ်စဉ်ကတည်းက English စာအခြေခံပိုင်နိုင်လိုသူများ

💁‍♀️လုပ်ငန်းခွင်မှာ English စကားကို သွက်သွက်လက်လက် ပြောဆိုလိုသူများ အတွက်

အသက်အရွယ်အလိုက် Level အလိုက်သင်ကြားပေးမည့် English 4 Skills ကို အခုပဲ Join ❗လိုက်ပါ

✅International Cambridge ✅သင်ရိုးအတိုင်းသင်ကြားပေးမှာဖြစ်ပြီး International School မှ ကျွမ်းကျင်ဆရာမများကိုယ်တိုင်👩‍🏫 သင်ကြားပြသပေးသွားမှာပါ

🔶Grammar ပိုင်နိုင်စေဖို့
🔶အသံထွက်မှန်ကန်စေဖို့
🔶Speaking သွက်လက်စွာပြောဆိုနိုင်ဖို့အထိ သေချာ Training ပေးသွားမှာပါ

🔸အသက် ၇ နှစ်မှ ၉နှစ်
🔸အသက် ၁၀ နှစ်မှ ၁၄ နှစ်
🔸အသက် ၁၅ နှစ်မှ လုပ်ငန်းခွင်ဝင်သူများထိ
Section များ ခွဲထားပါတယ်

💁‍♀️Online Zoom Class ဖြစ်ပြီး ရုံးချိန်လွတ်/ကျောင်းချိန်လွတ် Sat /Sun Class များဖြစ်ပါတယ်

💁‍♀️အချိန်မရွေးပြန်လည်လေ့လာလိုသူများအတွက် Video File များလဲချပေးသွားမှာဖြစ်ပါတယ်

💥3 လ ပြတ် 50000 ကျပ် (၂ ရစ်ခွဲသွင်းနိုင်) ပါတယ်ရှင့် 💥

International Cambridge သင်ရိုးတိုင်း သင်ကြားပြသသွားမှာဖြစ်လို့ အမြန်ဆုံးအပ်နှံလိုက်ပါ

page messenger မှ စာရင်းပေးသွင်းနိုင်ပါပြီရှင့်

အသေးစိတ်သိလိုပါက ☎️09782736518 သို့ဆက်သွယ်နိုင်ပါပြီ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. (128), 3rd Floor, Yankin 12 Lonetan Bus Stop, Yankin Township
Yangon
11081