𝐇𝐑 𝐅𝐨𝐫 𝐘𝐨𝐮

𝐇𝐑 𝐅𝐨𝐫 𝐘𝐨𝐮

Share

HR Knowledge Sharing and Job Information Sharing

19/10/2024

📌BARMASO Branch တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။

1. Finance Manager-1
2. Wholesales Manager-1
3. Assistant Shop Supervisor-3( For Latha, Kyaukmyaung, Terminal M) 4. Shop Sale - 4
5. Content Writer-1 6. Video Editor-1

📆 Days Off : We operate six days a week from 8:30 AM to 6:00 PM, with Sundays off.
Work on public holidays is required, but all extra hours and days exceeding governmental regulations will be counted and calculated as overtime (OT).
🗺️ Address : Corner of Kyauk Yal Twin St., and Thida St., Tamwe Tsp., Yangon. (Note: Kindly Look for a big yellow billboard that says "BARMASO" around the corner or ask people nearby for it.)

လျှောက်ထားလိုသူများအနေဖြင့် မိမိ၏ CV အပြည့်အစုံကို အောက်ပါ Mail, Viber များသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

📧 Mail : [email protected]
📱 Viber : 09 972111638, 09 409944399

*** တစ်ပတ်အတွင်း အင်တာဗျူးရှိပါမည်။ ***

(အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကိုသာ ပြန်လည်ဆက်သွယ်ပေးပါမည်။)



#ကုမ္ပဏီတိုက်ရိုက်ခေါ်ဆိုခြင်း

09/10/2024

📌ကျနော်တို့ရဲ့ အသစ်ထပ်မံဖွင့်လှစ်မည့် Distribution Company တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

1. Sales Manager - 1 ဦး
2. Area Sales executive - 1 ဦး
3. Marketing & Business Development Manager - 1 ဦး
4. Marketing Executive - 1 ဦး
5. Merchandiser - 1 ဦး
6. Admin Manager - 1 ဦး
7. Administrative Officer - 1 ဦး
8. Internal Audit Officer - 1 ဦး
9. Accountant -2 ဦး
10. Stock Control Officer - 1 ဦး
11. Stock Controller - 1 ဦး
12. Helper - 2 ဦး
13. Driver - 4 ဦး

📆 Days Off : Sunday, Monday and Public holidays
🗺️ Address : (၃၆)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

💎 Benefits
Lunch and Ferry provided for our employees.

လျှောက်ထားလိုသူများအနေဖြင့် မိမိ၏ CV အပြည့်အစုံကို အောက်ပါ Mail, Viber များသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

📧 Mail : [email protected]
📱 Viber : 09 972111638, 09 409944399

*** တစ်ပတ်အတွင်း အင်တာဗျူးရှိပါမည်။ ***

(အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကိုသာ ပြန်လည်ဆက်သွယ်ပေးပါမည်။)



#ကုမ္ပဏီတိုက်ရိုက်ခေါ်ဆိုခြင်း

12/12/2023

မြန်ဆန်ပြီး တိကျ မှု တွေ နဲ့ ယုံ ကြည်စိတ်ချစွာ ကျနော် အတူတူ လက်တွဲ လိုက်ပါ

မိတ် ဆွေ တို့အခက်‌တွေ့ နေ‌သည့် အောက် ပါ ဝန်ဆောင်မှုများကို စတင်လုပ်ကိုင်ပေးနေပါသည် ။

👍 သင်တန်း online booking ယူခြင်း

👍 သက်တမ်းတိုး Online booking ယူခြင်း

👍 ခ/ဃ/င ရေးဖြေ online booking ယူခြင်းများ ဆောင်ရွက်ပေးပါတယ်

မိတ်ဆွေတို့ ကား နဲ့ပတ် သည့် အရေးပါ တဲ့ ကိစ္စ လေး ကို ယုံကြည်စိတ်ချ စွာ အပ်နှံလိုက်ပါ ခင်ဗျ 🙏🙏

viber - 09768912378
chat box စသည့် Social Media များမှ မေးမြန်းလိုသည် များကို လာရောက်မေးမြန်းလို့ရပါတယ် ခင်ဗျ။

.

30/12/2021

သူကနည်းနည်း​တော့ချေတယ်

ချေတယ်ဆိုတာ တကယ်တော့ ဘောင်ထဲက
ignore လုပ်ခြင်းတစ်မျိုးပါပဲ။ဒါကိုလွဲမှားစွာသုံးနေကြတာတွေအများကြီးပါပဲ။

ဖြစ်လေ့​ဖြစ်ထရှိတဲ့အမှားတစ်ခုက

ရာထူးကြီးပြီး ချေတယ်လို့နာမည်​ကြီးနေတဲ့
လူတစ်ယောက်ကို ဝန်ထမ်းတစ်ဦးက အလုပ်နဲ့ပတ်သက်ပြီး
လာပြောတယ်၊ သူ့မှာ ပြန်ပြောရမယ့်တာဝန်ရှိတယ်၊ ဒါကိုပြန်မပြော၊ အဖက်မလုပ်ဘဲ မအားသေးဘူး
ငါကတော့ ခပ်ချေချေပဲဆိုပြီးနေလိုက်ရင် အလုပ်
တွေဟာ မလိုအပ်ဘဲကြန့်ကြာ၊ အလုပ်ပိုရှုပ်လို့ စိတ်ညစ်ရမှာအမှန်ပေါ့.....

ဒီလိုလူမျိုးကို ချေတဲ့သူလို့ သတ်မှတ်လို့မရပါဘူး၊ လူပါးဝသူ၊ ပေါင်းရခက်သူလို့သာသတ်မှတ်ရမှာပါ။

ရာထူးကြီးနေလို့သာ အောက်ကလူတွေကဆက်ဆံနေရတာ နောက်ကွယ်မှတော့ မစင်တုန်းလိုသဘောထားတာ သိလိုက်မှာတောင်မဟုတ်ပါဘူး။ မစင် အဖြစ်မခံကြပါနှင့်။

တကယ်တော့ချေတယ်ဆိုတာ အလုပ်ချိန်ပြီးလို့
ကိုယ့်ကိုယ်ပိုင်အချိန်တွေမှာ အပျော်အပါးအတွက်လာခေါ်ရင် အလွယ်မလိုက်ဘဲ Ignore လုပ်တာ၊
ကိုယ့်ကိုအခွင့်အရေး ပေးလာရင် လွယ်လွယ်မယူတာ၊

သူတစ်ပါးကျေးဇူးကို အလွယ်အတင်မခံဘဲ နေတာ၊ ကိုယ်ကပဲ တက်နိုင်သ​လောက် ကူညီဆောင်ရွက်ပေးနေတယ်ဆိုတာတွေကတော့ အဆင့်အတန်းမြင့်မြင့်နှင့်ချေနေတာပဲဖြစ်ပါတယ်။

သင်ကကော ချေသူတစ်ယောက်ပဲလား.......

03/09/2019

လူတွေက အဖွဲ့အစည်းတစ်ခုကိုဝင်လာတယ်ဆိုတာ
လစာလိုချင်လို့ပဲမဟုတ်ဘူး။

သူတို့ရဲ့အနာဂတ်ကို ပါလိုက်ရှာနေကြတာ။

(ဦးဇော်ဇော်)

16/07/2019

ပိုပြီးကောင်းအောင်လုပ်နိုင်မည့်
နည်းလမ်းတော့ရှိမှာပဲ။
အဲဒါကိုတွေ့အောင်ရှာပါ။

(Thomas Alva Edison)


12/07/2019

Today Quote

03/06/2019

Staffing Process = Recruitment + Selection + Placement + Orientation


31/05/2019

Over Time အကြောင်း သိကောင်းစရာ (မြန်မာတည်ဆဲဥပဒေများအရ)
***************************************
| ရေသားသူ - ဆရာမ မမော်မော်ထွန်း |
၁။ ပထမဆုံး အမျိုးအစားက Working Day Overtime ပါ။
သတ်မှတ်အလုပ်ချိန်ထက် ပိုပြီး လုပ်ရတဲ့ အချိန်ကို အချိန်ပို လို့ခေါ်ပါတယ်။
ဥပမာ ၈နာရီ အလုပ်ချိန်ထက် ကျော်လွန်လုပ်ကိုင်ရလျင် အဲဒါ Over Time ဖြစ်ပါတယ်။ အချိန်ပိုဖြစ်ပါတယ်။

အဲသည် အတွက် အချိန်ပို လုပ်ခ သတ်မှတ်ရာမှာ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေပြဌာန်းချက်များအရ တွက်နည်း သတ်မှတ်ပေးထားပါတယ်။
တစ်နာရီ လုပ်ခရဲ့ (၂) ဆပေးရတာပါ။ (3) ဆဖြစ်တယ် ဘာညာ တွေ မေးကြတာ တွေ့လို့ပါ။

အဲသည် (၂)ဆ ဆိုသည်မှာ Purely(၂) ဆ ပါပဲ။ (၃) ဆ ဘယ်လို မှ မဖြစ်ပါ။
ကြည့်ကြရအောင်...

လစာ*၁၂ X ၂ဆ
--------------
၄၄/၄၈နာရီ X ၅၂ပတ်

အထက်ပါ သတ်မှတ်ပုံသေနည်းနဲ့ တွက်လိုက်ရင် (၁) နာရီအချိန်ပို နှုန်းထား ထွက်ပါတယ်။ အဲသည် ၁ နာရီအချိန်ပို နှုန်းထားကို အမှန်တကယ် အလုပ်ဆင်းထားတဲ့ အချိန်ပို နာရီ နဲ့သာ မြှောက်ပါတယ်။ ဒါကြောင့် ၂ ဆပဲ ဖြစ်ပါတယ်။ ပင်မ အလုပ်ချိန် ၈နာရီ ထည့်မမြှောက်တာကြောင့် ၃ဆ မဖြစ်ပါ။

မူလ သတ်မှတ်ထားတဲ့ လုပ်ခသည် ၈နာရီ အလုပ်ချိန်အတွက်ကို သတ်မှတ်ပေးထားတာ ဖြစ်တဲ့ အတွက် အဲသည် သတ်မှတ် အလုပ်ချိန် ၈နာရီ ကျော်သွားတဲ့ အလုပ်ချိန်လေးကိုသာ (၂) ဆ တွက်ပေးတာသည် (၃) ဆ ဖြစ်သွားတယ်လို့ ယူဆဖွယ် မရှိပါ။

နောက်ထပ် အချိန်ပို အဖြစ် နားထွေးနေကြတဲ့ အကြောင်းအရာ (၂) ခုရှိပါတယ်။
နားရက် မှာ အလုပ်ဆင်းရတဲ့ အတွက် ပေးရတဲ့ လုပ်ခ ရယ်၊ အများပြည်သူအလုပ်ပိတ်ရက်မှာ အလုပ်ဆင်းရတဲ့အတွက် ပေးရတဲ့ လုပ်ခရယ်ပါ။

၂။ အပတ်စဉ် အလုပ်ပိတ်ရက်
တည်ဆဲ အလုပ်သမား ဥပဒေအရ တစ်ပတ်လျင် နားရက် တစ်ရက် ပေးရပါတယ်။
အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ အပတ်စဉ်အလုပ်ပိတ်ရက်/နားရက် မှာ အလုပ်ဆင်းရပါက ယင်းနေ့ မတိုင်မီ (၃) ရက် သို့မဟုတ် ယင်းနေ့ပြီး (၃) ရက်အတွင်း အစားထိုးနားရက် ပေးရမယ် လို့ ဆိုထားပါတယ်။ အဲသည် အပတ်စဉ် နားရက်ကို အလုပ်ဆင်းရတာကို ငွေသားဖြင့် ၂ဆ အချိန်ပိုလုပ်ခပေးချေရန် ဆိုတာမျိုး မဟုတ်ပါ။ အလုပ်သမားတစ်ယောက်ဟာ ၆ရက် လုပ်ပြီးတိုင်း ၁ရက်နားထိုက် တဲ့ အတွက် အပတ်စဉ်နားရမယ့် ရက်မှာ အလုပ်ဆင်းလိုက်ရရင်၊ နောက်ပြီး ဒါကို ငွေသားနဲ့ ပေးချေလိုက်ပြီး နောက်ထပ် ၆ရက်ဆက်တိုက် အလုပ်ဆင်းရလျင် သူဟာ ၁၃ရက်ဆက်တိုက် နားရက်မရှိ အလုပ်ဆင်းရတဲ့ သဘော သက်ရောက်ပါတယ်။ ဒါ့ကြောင့် အပတ်စဉ် အလုပ်ပိတ်ရက်/နားရက်မျာ အလုပ်လုပ်လိုက်ရလျင် ရှေ့ ၃ ရက်မှာ ဖြစ်စေ၊ နောက် ၃ရက်မှာ ဖြစ်စေ အစားထိုး နားရက် ပေးရမယ် လို့ ဆိုပါတယ်။

၃။ အများပြည်သူအလုပ်ပိတ်ရက်
အများပြည်သူအလုပ်ပိတ်ရက်ဆိုတာဟာ နိုင်ငံတော်ပြန်တမ်းထုတ်ပြန်သတ်မှတ်တဲ့ ပိတ်ရက်များကို ဆိုလိုပါတယ်။ အဲသည် အခါကြီးရက်ကြီးများကို နားရက် အဖြစ်သတ်မှတ်ပေးထားတာ ဖြစ်တဲ့အတွက် တနိုင်ငံလုံးက အလုပ်သမားများ ရထိုက်သော နားရက် ဖြစ်ပါတယ်။ တစ်ပတ် (၁)ရက် အပတ်စဉ် ပိတ်ရက်အပြင် ထပ်ဆောင်းရရှိသော နားရက် ဖြစ်ပါတယ်။
အဲသည် အများပြည်သူ အလုပ်ပိတ်ရက်မှာ လုပ်ငန်း လိုအပ်ချက်အရ အလုပ်ဆင်းရပါက "လုပ်ခ ၂ဆ ပေးရမည်" လို့ဆိုထားပါတယ်။
အများပြည်သူ အလုပ်ပိတ်ရက်မှာ အလုပ်ဆင်းစရာမလိုဘဲ ပိတ်ထားရင် ဒါဟာ With Pay နဲ့ ပိတ်ပေးထားတဲ့ နားရက် ဖြစ်တာမို့ အဲသည် နေ့အတွက် လုပ်ခတစ်ဆဟာ ပေးပြီးဖြစ်ပါတယ်။
ဒါကြောင့် အများပြည်သူ အလုပ်ပိတ်ရက်မှာ အလုပ်ဆင်းရလျင် ပေးရမှာက နောက် ထပ် ထပ်ဆောင်း ၁ဆ သာလျင် ဖြစ်ပါတယ်။
တွက်နည်း ကတော့ လစာကို ၃၀ရက် နဲ့ စားပြီး ၁ ရက်လုပ်ခထွက်လာပါတယ်။
အဲသည် တစ်ရက် လုပ်ခ တစ်ဆကိုသာ ထပ်ဆောင်းပေးရမှာ ဖြစ်ပါတယ်။

HR အများစု ရှုပ်ထွေးတတ်ကြတာက အဲသည် အများပြည်သူ အလုပ်ပိတ်ရက် ကို အလုပ်ဆင်းရတဲ့ နာရီကို ဟိုး အထက်က အချိန်ပိုတွက်နည်း အတိုင်း တွက်ပြီး မြှောက်ပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် (၃) ဆဖြစ်သွားတာ ဖြစ်ပါတယ်။

အမှန်တကယ်က အများပြည်သူ အလုပ်ပိတ်ရက် အတွက် လစာသည် မူလသတ်မှတ်လစာ မှာ ပါပြီးဖြစ်တဲ့အတွက် တစ်ဆသာလျင် ထပ်ပေါင်းပေးရမှာ ဖြစ်ပါတယ်။ နေ့ဝက်ဆိုလျင် ၁ရက်လုပ်ခရဲ့ ၁၀က်ကိုသာထပ်ဆောင်း ပေးရမှာ ဖြစ်ပါတယ်။ အချိန်ပိုတွက်နည်းနဲ့ နေ့ဝက်လုပ်ခ ၄နာရီ စာကို တွက်ပေးလိုက်ရင် ၃ဆ သဘော သက်ရောက်သွားမှာပါ။

ချွင်းချက်ကတော့ အဲသည် အများပြည်သူ အလုပ်ပိတ်ရက်မှာ ၈နာရီထက် ကျော်လွန် လုပ်လိုက်ရပြီ ဆိုရင်တော့ မူလ အလုပ်ချိန် ၈နာရီ အတွက် ၁ရက်လုပ်ခရဲ့ ၁ ဆ ထပ်ဆောင်း တွက်ပေးရမှာ ဖြစ်ပြီး ၈နာရီ ထက် ကျော်လွန်သွားတဲ့ အချိန်ပို နာရီကိုတော့ အထက်က ၁။ မှာ ဖော်ပြထားတဲ့ အချိန်ပို လုပ်ခ တွက်နည်းနဲ့သာ တွက်ချက်ရမှာ ဖြစ်ပါတယ်။

ဒီ အများပြည်သူအလုပ်ပိတ်ရက် OTကိစ္စကို ကျန်ခဲ့တဲ့လက ၈မိုင်က ရန်ကုန်တိုင်းဦးစီးရုံးမှာ ကျင်းပခဲ့တဲ့ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် နည်းဥပဒေ မူကြမ်းဆွေးနွေးပွဲမှာ HR များ၊ အလုပ်ရှင်များ၊ အလုပ်သမားကိုယ်စားလှယ်များ နဲ့ ဆွေးနွေးခဲ့ကြပြီး DG ဦးဝင်းရှိန်က အတည်ပြုပေးထားပါတယ်။ နည်းဥပဒေ မူကြမ်းမှာ ပါလာမှာ ဖြစ်ပါတယ်။

အယူအကောက် ရှုပ်ထွေးမှုများ ကင်းကြပါစေ.



26/05/2019

တစ်ချို့သောဝန်ထမ်းတွေဟာ အလုပ်တွေကိုကျောခိုင်းတာမဟုတ်ဘူး။
အဆိပ်ဓာတ်ငွေ့တွေပြန့်နှံ့ သလိုဖြစ်နေတဲ့ လုပ်ငန်းခွင်
ဓလေ့ထုံးစံများကို ကျောခိုင်းခြင်းသာဖြစ်ကြတယ်။

Amina Aitsi-Selmi

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 69 (A) Second Floor Diamond Dragon House. , Yangon/Insein Road Hlaing Township
Yangon