18/04/2025
ခေတ်နှစ်ခုကြားက မိဘတွေ
ခုတလော အကြားများနေရတဲ့ ညည်းသံလေးတစ်ခုက
"အမေတို့နဲ့ သားလေးနဲ့ကြား အရမ်းစိတ်ညစ်ရတယ်" တဲ့
ဟုတ်ပါတယ်။ ဒါဟာ ခေတ်နှစ်ခုကြားက မိဘတွေရဲ့ စိတ်သောကတစ်ခုပေါ့။
အဘိုး အဘွားအရွယ်တွေနဲ့ အခု မြေးအရွယ်တွေရဲ့ generation gab ဟာ အရမ်းကြီးလွန်းပါတယ်။ တကယ့်အကြီးကြီးပါ။
အဘိုးတို့ခေတ်က ကိုယ်ကာယကိုအားကိုးတဲ့ခေတ်။ စကားဆိုပီပီသသလေးလေးနက်နက်ပြောရတဲ့ခေတ်။ digital တွေမရှိသေးပဲ စာအုပ်ကြီးတွေနဲ့ စာရှည်ကြီးတွေ ဖတ်တဲ့ခေတ်။ ကိုယ့်ပတ်ဝန်းကျင်လေးထဲမှာ လူဝင်ဆံ့လေးစားအောင်နေရတဲ့ခေတ်။ စောစောအိပ်လို့စောစောထရတဲ့ခေတ်။ ယဉ်ကျေးမှုကိုဦးစားပေးတဲ့ခေတ်။
မြေးတို့က digital နဲ့ရှေ့ဆက်နေရတဲ့ခေတ်။ မြန်မြန်ပြောပြီးမြန်မြန်လစ်နေရတဲ့ခေတ်။ စာအုပ်တွေက နားကျပ်တပ်ပြီး main point ကိုယူလို့ရတဲ့ခေတ်၊ ကမ္ဘာကြီးနဲ့မျက်ခြေမပျက်တန်းနေမှ လူဝင်ဆံ့တဲ့ခေတ်၊ နောက်ကျအိပ်လို့နောက်ကျထတဲ့ခေတ်။ လူ့အခွင့်အရေးကို အလေးထားတဲ့ခေတ်။
ဒီေခတ်နှစ်ခုဟာ အရှေ့နဲ့အနောက်လို လားလားမှမအပ်စပ်။ အဘိုးပြောသမျှ မြေးနားထဲတစ်လုံးမှမရောက် ၊ မြေးလုပ်သမျှ အဘိုး တစ်ခုမှစိတ်တိုင်းမကျ။
ဒီကြားထဲမှာ အလယ်က generation တစ်ခုဟာ
မိဘတွေအပေါ်အားနာတဲ့စိတ် အပစ်ရှိသလိုခံစားရတဲ့စိတ်
ကလေးတွေအပေါ် တာဝန်မကျေ မဖြည့်ဆည်းပေးနိုင်လို့ အားနာရတဲ့စိတ် ဒီစိတ်တွေကြား ပင်ပန်းရတာတွေဒုနဲ့ ဒေးပါပဲတဲ့။
You တို့ရော တွေ့ဖူး ကြုံဖူးကြသလား???
အတွေ့အကြုံလေးရှိရင် ရင်ဖွင့်ကြရအောင်ပါ။??
#မကြူ