Translation and Myanmar Language Development Research Organization

  • Home
  • Myanmar
  • Yangon
  • Translation and Myanmar Language Development Research Organization

Translation and Myanmar Language Development Research Organization အထွေထွေခေတ်မီနည်းပညာတို့ကို အခြေခံလူတန်းစား လုပ်သားပြည်သူတိုင်း နားလည်နိုင်ရမည်။

03/06/2020

"ခေတ်သစ်မြန်မာစာ ငါတို့မြန်မာစာ"

စာရေးသူဟာ ဂျပန် - မြန်မာပြန် ဘာသာပြန်တစ်ဦးပါ။ နည်းပညာဆိုင်ရာ စာအုပ်အတော်များများကို အချိန်ယူပြန်ဆိုခဲ့ဖူးပါတယ်။ ဂျပန်နိုင်ငံရဲ့ ဘာသာပြန်ဟာ ကမ္ဘာမှာ ထိပ်ဆုံးကရှိနေပါတယ်။ ဂျပန်ရဲ့ ဘာသာပြန်လောကဟာ အစဥ်သဖြင့် သက်ဝင်လှုပ်ရှားမှု တီထွင်ဆန်းသစ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဂျပန်ဘာသာပြန်တွေဟာ တီထွင်မှုနဲ့ အသစ်ဆိုတာတွေကို ရင်ဆိုင်ရဲကြပါတယ်။ စိန်ခေါ်ရဲကြပါတယ်။ ဒါကြောင့်လည်း ၄င်းတို့ရဲ့နည်းပညာဟာ ကမ္ဘာမှထိပ်ဆုံးကရှိနေခြင်းဖြစ်ပါတယ်။

ဘာသာပြန်အဖွဲ့တွေထဲမှာ အပတ်စဥ် ခေတ်သစ်မြန်မာစာ စာပို့ချမယ်လုပ်တော့ ခင်မင်ရသူ မိတ်ဆွေဘာသာပြန်ကျွမ်းကျင်သူတစ်ဦးမှ ဆက်သွယ်လာပါတယ်။ သူကတော့ ကျွမ်းကျင်ဘာသာပြန်တစ်ဦးပါ။ သူက ကိုယ့်ကိုဒီခေတ်သစ်မြန်မာစာကို မပို့ချဖို့ နားချပါတယ်။ သူပြောတာကတော့

"အမရယ် ... ဘာသာပြန်တွေ လမ်းလွဲရောက်ကုန်ပါ့မယ်"

"ဘာသာပြန်နည်းလမ်းကောင်းတွေရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို ပြန်ဆိုကြည့်ကြရင် မကောင်းဘူးလားအမ။

ကိုယ်က ပြန်ပြောပါတယ်။

"ဘာသာပြန်နည်းစာအုပ်ကောင်းတွေ ပေါမှပေါ။ ဒို့နည်းပညာဘယ်မှ ရှေ့ရောက်လို့တုန်း တီထွင်ဆန်းသစ်ဖို့လိုနေတာ"

"အမ အဲဒီစာအုပ်ကို အချိန်ယူပြန်ဆိုပြီးရင် သတင်းနှင့် ပြန်ကြားရေးကို လှူကြမယ်လေ။"

"မောင်လေး နင်ပြောချင်တာ ငါ့ကို ခေတ်သစ်မြန်မာစာ မသင်ပါနဲ့ဦး လို့လား။

ဒို့မြန်မာစာမှာ နည်းပညာမရှိတော့ အတောင်အလက်တွေ မဲ့နေပြီ။ နှစ်လည်းကြာလှပြီ။ အသစ်တီထွင်ဖို့လိုနေတယ်။ အသစ်တီထွင်ပြီး အထပ်ထပ်သုတေသနပြုရမယ်။"

သူလက်မခံပါဘူး။ ဆက်ပြောပြန်တယ်။

"ဘေးလူတွေက ပြောလိမ့်မယ်အမ။ ကျွန်တော် သတိမပေးဘူးလားလို့။"

"ဒီလိုလုပ်ပါလား.. အမကို (၃) လလောက်အချိန်ပေးပြီး စာပို့ချမှုကို‌လေ့လာကြည့်ပါလား။ ရေးထားတဲ့စာတွေကို ဖတ်ရုံတင်မဟုတ်ဘဲ လေ့ကျင့်ခန်းတွေပါ လိုက်လုပ်ကြည့်ပေးဖို့ပါ။"

သူစဥ်းစားပါတယ်။ ဆက်ပြောတယ်။

"အမ စာတွေ ကျွန်တော်ဖတ်ကြည့်ပါတယ်။ ကျွန်တော် လက်မခံဘူးအမ။"

"အမ လည်း လက်ခံပါလို့မပြောပါဘူး။ ပြစ်တင်ရမယ်။ ဝေဖန်ရမယ်။ ပြီးရင် ပိုကောင်းအောင် ပြုပြင်ရမယ်။ ဒါမှ ခေတ်မီလာမှာပေါ့။ ဘယ်နေရာကိုတော့ ဘာကြောင့်မကြိုက်ဘူးလို့ ပြတ်ပြတ်သားသား ဝေဖန်ပါ။ လက်ခံပါတယ်။ ဝေဖန်စရာမရှိရင် လက်တွေ့ကျင့်သုံးရမယ်ပေါ့။"

"အချိန်အနည်းငယ်သူစဥ်းစားကာ ကျွန်တော် အပြုသဘောဆောင်တဲ့ ဝေဖန်မှုတော့ လုပ်ပါမယ်"

ဒီလိုနဲ့သဘောတူညီချက်ရသွားပါတယ်။

ခေတ်သစ်မြန်မာစာဟာ သုတေသနပြုဆဲဖြစ်ပါတယ်။ ဒါကြောင့် ဘာသာပြန်များအနေဖြင့် သုတေသနပြုနိုင်လေ အနာဂတ်မှာ အကျိုးကျေးဇူးများစေမည်ဖြစ်ကြောင်း အခိုင်အမာပြောလိုပါတယ်။ အပတ်စဥ်ပို့ချမှုများမှာ ဘာသာစကားသုတေသန ပြုနည်းကို အဓိကပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

ခေတ်သစ်မြန်မာစာဟာ အနာဂတ်မှာ ဘာသာပြန်တို့ရဲ့စာ၊ နည်းပညာရှင်၊ အတတ်ပညာရှင်တို့ရဲ့စာ၊ သာမာန်လုပ်သားပြည်သူတိုင်းရဲ့ စာဖြစ်လာမှာ မလွဲဧကန်ဖြစ်ပါတယ်။

နည်းပညာမဲ့သည့် ခေတ်မှ နည်းပညာများဖြင့်ပြည့်စုံသောခေတ်၊ အမှောင်ခေတ်မှ အလင်းခေတ်သို့ ခေတ်သစ်မြန်မာစာ သုတေသနပြုမှုကနေ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ နေ့စဥ်ဘဝ အခြေခံလုပ်သားပြည်သူများကို နိမ့်ပါးသောဘဝမှ ဗဟုသုတ စာပေအဆင့်အတန်းမြင့်မားသော အသိပညာ ဥာဏ်ပညာမြင့်မားသော ခေတ်သို့ ရောက်လာမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ခေတ်သစ်မြန်မာစာ သုတေသနပြုရေးမှာ ဝိုင်းဝန်းပါဝင်ဆွေး‌နွေးကြဖို့ စာပေလေ့လာသူများ၊ ဘာသာစကားလေ့လာသူများ၊ ဘာသာပြန်ကျွမ်းကျင်သူများကို လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။

ဥက္ကဌ
ဒေါ်အေးကေခိုင်

ဘာသာပြန်နှင့် မြန်မာစာပေတိုးတက်ရေး သုတေသန
(၃ရက်၊ ၆လ၊ ၂၀၂၀ခု)

31/05/2020

ဘာသာပြန်ကို ကာကွယ်ခြင်းဖြင့် စာပေကိုစောင့်ရှောက်ပါ။

အစိုးရရုံးဖြစ်စေ၊ ပြင်ပလုပ်ငန်းများတွင်ဖြစ်စေ ဘာသာပြန်ဝန်ထမ်း Translator Position မဟုတ်ဘဲ အခမဲ့ဘာသာပြန်ခိုင်းစေခြင်းမျိုး မပြုအပ်ပါ။ မိမိလက်အောက်ငယ်သားပင်ဖြစ်လင့်ကစား ဘာသာပြန်ခိုင်းလိုပါက ကာလပေါက်စျေးအတိုင်း တိကျစွာ ညှိနှိုင်းပေးချေသင့်လှသည်။
-------------------------------------------------------------------------
ဘာသာပြန်နှင့်မြန်မာစာပေတိုးတက်ရေး သုတေသန

04/01/2020

(ပညာဒါနပြုလိုသူ ဆရာ/ ဆရာမများခေါ်ယူခြင်း)

TMLDR ဘာသာစကားသုတေသနဌာန၏ အွန်လိုင်းဘာသာပြန်သင်တန်းတွင် ဗဟုသုတဖြန့်ဝေ သင်ကြားပေးရန်အောက်ဖေါ်ပြပါ ဘာသာရပ်ကျွမ်းကျင် ဆရာ/ ဆရာမများအလိုရှိပါသည်။

၁. Trados, CAT Tools
၂. ဘာသာပြန်လုပ်ငန်းဆိုင်ရာ ဗဟုသုတ အထွေထွေ
၃. ဗီဒီယို စာတမ်းထိုး

ဆက်သွယ်ရန် - 080 6756 7241 (Viber/ Tokyo),
CV - [email protected],
Subject : Online Volunteer Teacher Application

မှတ်ချက် -
အမှန်တကယ် ပညာဒါနပြုလိုသူများသာ ဆက်သွယ်ပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်။

ဘာသာပြန်နှင့်မြန်မာစာပေတိုးတက်ရေးသုတေသနအဖွဲ့

27/09/2019

(၁၃ရက်၊ ၁၀လ၊ ၂၀၁၉ခုနှစ်) R.Text OETC6 အင်္ဂလိပ်၊ ဂျပန် ဘာသာပြန်သင်တန်းဆုံးစာမေးပွဲဖြေဆိုခြင်း အစီအစဉ် **အပြင်ဖြေများလည်း ဝင်ရောက်ဖြေဆိုနိုင်သည်။** ဂျပန်စာဖြစ်ပါကအနည်းဆုံး (N3) အဆင့်ရှိသူဖြစ်ရပါမည်။

ဘာသာပြန် အလုပ်သင်ဆရာ/ ဆရာမတို့ သင်တန်းပို့ချမှုများ ရယူခဲ့ကြသည်တွင် (၄) လကြာမြင့်ခဲ့ပါပြီ။ အပတ်စဉ် အွန်လိုင်းလေ့လာမှုဖြင့် ဘာသာပြန်ဆိုင်ရာ စာပေဗဟုသုတများ လေ့ကျင့်သင်ယူနေခဲ့ကြခြင်းဖြစ်သည်။ စတက်ခါစ နေ့များ၌ အခက်အခဲများရှိနေခဲ့သည့်အလျောက် တစ်နေ့ထက်တစ်နေ့ ဂျပန်စာအရည်အချင်းများ အင်္ဂလိပ်စာအရည်အချင်းများ၊ ဘာသာပြန်အရည်အသွေးများလည်း မြင့်တက်လာခဲ့ပြီဖြစ်သည်။ ယခု ပို့ချသည့် သင်တန်းသည် အခြေခံအဆင့်သာဖြစ်ပြီး ဘာသာပြန်ဆိုင်ရာလိုအပ်သော အခြေခံဗဟုသုတများကို စုံလင်အောင် သင်ယူနေခဲ့ကြခြင်းဖြစ်သည်။

ယခုဖြေဆိုမည့် ဘာသာပြန်စာမေးပွဲသည် ဘာသာပြန်အလေ့အကျင့်ရထားကြောင်း၊ ဘာသာပြန်ဆိုင်ရာဗဟုသုတ အခြေခံတို့ စုံလင်စွာ လေ့လာဖူးကြောင်း သက်သေပြုမည့် စာမေးပွဲလည်း ဖြစ်ပါသည်။ ဝင်ရောက်ဖြေဆိုလိုသည့် ဆရာ/ ဆရာမများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါပြီ။

***အလုပ်သင်ဘာသာပြန်စာမေးပွဲ အကြောင်းအရာ***

- စာမေးပွဲ အချိန်

နံနက် ၁၀ နာရီ မှ ၁၂ နာရီ

- စာမေးပွဲခန်းမနေရာ

R.Text ရုံး : အခန်း ၅၀၄၊ ကန်ရိပ်မွန်ကွန်ဒိုမီနီယမ်၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ဆင်ဖြူတော်ဟိုတယ်နှင့် မျက်စောင်းထိုး

(မှတ်တိုင်) :

၁။ အင်းစိန်လမ်းမ ဘူတာရုံလမ်း မှတ်တိုင်၊

၂။ ပြည်လမ်းမ တံတားဖြူ မှတ်တိုင်၊

ဆောင်ရွက်ရန်အဆင့် -

၁။ မှတ်ပုံတင် ယူဆောင်လာရန်

၂။ ။ စာမေးပွဲကြေး ၁၅၀၀၀ ကျပ်

(စာမေးပွဲခန်းမ အဝင်၌ ပေးသွင်းရန်)

၃။ အောင်လက်မှတ်တွင် ဖေါ်ပြလိုသောအမည်ကို စာမေးပွဲခန်းမအဝင်၌

(အင်္ဂလိပ်စာ၊ မြန်မာစာ (၂) မျိုးဖြင့် ရေးသားပေးရန်)

၎။ ဝေါဟာရများလေ့လာရန် အင်တာနက်၊ ဖုန်း electronic device များလွတ်လပ်စွာအသုံးပြုနိုင်

မှတ်ချက် - ကြိုတင်ငွေပေးသွင်းမှုလက်မခံပါ။ စာမေးပွဲခန်းမ၌သာ စာရင်းပေး၍ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ မှတ်ပုံတင်ကို မဖြစ်မနေ ယူဆောင်လာရန်လိုအပ်ပါသည်။

18/09/2019

ဘာသာပြန်နဲ့စကားပြန်ခွဲခန့်တဲ့ အကျိုးကျေးဇူး (အလုပ်အကိုင်အေဂျင်စီများနှင့် လုပ်ငန်းရှင်များသို့)

ဘာသာပြန်နဲ့စကားပြန်ခွဲခြားခန့်အပ်ခြင်းဟာ ပြည်တွင်းလုပ်ငန်းတွေအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ အောက်ပါအချက်တွေကို ကြည့်ရအောင်နော်...

၁။ ဘာသာပြန်မကျွမ်းကျင်ဘဲ အလုပ်ထဲမှာ မိမိတို့လုပ်ငန်းရဲ့ အရေးကြီးလှတဲ့ စာရွက်စာတမ်းတွေမှာ ဆိုလိုရင်းတွေသွေဖယ်ပြီးနိုင်ငံခြားလုပ်ငန်းနှင့်သဘောတူ လုပ်ကြရာမှာ အခက်အခဲကြီးတွေ မဖြစ်စေဘဲ အမှုရှင်းလင်းရန်ကိစ္စများ၌ စိတ်ချယုံကြည်စွာအောင်မြင်မှုရနိုင်ပါတယ်။

၂။ စကားပြန်မကျွမ်းကျင်ဘဲ အလုပ်ထဲမှာ မိမိတို့လုပ်ငန်းရဲ့အရေးကြီးလှတဲ့ ကိစ္စတွေမှာ စကားပြန်မကျွမ်းကျင်သူခန့်အပ်ခြင်း‌ကြောင့် လိုရင်းမရောက်ဘဲ နိုင်ငံခြားလုပ်ငန်းတွေရဲ့ စီမံခန့်ခွဲပုံ ထိန်းချုပ်ပုံစသည် အနှစ်သာရတွေကို အချိန်တိုအတွင်း ဖမ်းဆုပ်မရဘဲ စီးပွားရေးစစ်ပွဲနိုင်အောင် မတိုက်နိုင်ဖြစ်တတ်တာမို့ လုပ်ငန်းတကယ်အရေးကြီးတဲ့အခါမှာ စကားပြန်ကျွမ်းကျင်သူကောင်းကို ငှားဖို့ တိုက်တွန်းလိုပါတယ်.

(အမြဲတမ်း၀န်ထမ်း မခန့်အပ်နိုင်သည့် လုပ်ငန်းများက အချိန်ပိုင်း အလွတ်တမ်းတွေကို စုံစမ်းနိုင်ပါတယ်.)

၃။ အပြင်ကအချိန်ပိုင်းငှားရင် စျေးတွေကြီးတယ်။ အမြဲတမ်း၀န်ထမ်းကျပြန်တော့လည်း အမြဲလိုအပ်နေတာမဟုတ်ပြန်ဘူး၊ ဒီလိုဆိုပြီး စိတ်မညစ်ပါနဲ့၊ ဘာသာပြန်စကားပြန်ကို လွယ်လင့်တကူရှာနိုင်တဲ့ အဖွဲ့တွေရှိနေပါပြီ။ Facebook Group တွေမှာ Freelancer တွေကို ဘာသာပြန်အဖွဲ့တွေမှာ ရှာလို့ရနေပါပြီ။ သူတို့ထဲကမှာ မိမိလိုအပ်ချက်နဲ့ကိုက်ညီဖို့ရာ စိစစ်တတ်ဖို့တော့ လိုပါတယ်။ ဘာသာပြန် စကားပြန်အရည်အချင်းစ စ်ဆေးနည်း တွေကိုတော့ အွန်လိုင်းကနေရှာဖွေဖတ်ရှုထားရပါလိမ့်မယ်၊ Freelancer မိတ်ဆက်ပေးတဲ့လုပ်ငန်းတွေကတော့ စျေးအနည်းငယ်မြင့်နေတတ်ပေမယ့် စိတ်ချယုံကြည်ရတာများပါတယ်.

၄။ ဘာသာပြန်၊ စကားပြန်ခွဲခြားခန့်အပ်ခြင်းဖြင့် ဘာသာပြန်စာပေအသိုင်းအ၀ိုင်းကို လုပ်ငန်းရှင်လက်အောက်မှ ကင်းလွတ်သော မြင့်မားသောစာပေရပ်၀န်းကို တည်ထောင်နိုင်မှာဖြစ်ပါတယ်။ ဒီမြင့်မားသော လွှမ်းမိုးမှုများမှ ကင်းလွတ်သည့်စာပေရပ်၀န်းသည်သာလျှင် ပြည်တွင်းလုပ်ငန်းများကို အထူးအကျိုးထူးရစေမယ့်နည်းပညာမြင့်မားကာ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်မှာ အသေအချာဖြစ်ပါတယ်။ အလုပ်အကိုင်အေဂျင်စီဖြစ်က ပြင်ပကလက်၀ါးကြီးအုပ် အေဂျင်စီကြီးများကို ကျော်လွှားနိုင်မည်ဖြစ်ကာ အခြားသောပြည်တွင်းစက်မှုလက်မှုလုပ်ငန်းအထွေထွေသည်လည်း နိုင်ငံတကာလုပ်ငန်းများကို ရင်ဆိုင်နိုင်လာမှာဖြစ်ပါတယ်။

ဆက်ရန်
(၁၈ရက်၊ ၉လ၊ ၂၀၁၉ခုနှစ်)

ဘာသာပြန်နှင့်မြန်မာစာပေတိုးတက်ရေးသုတေသနအဖွဲ့အစည်း

30/06/2019

(၂၈ရက်၊ ၇လ၊ ၂၀၁၉ခုနှစ်) ဘာသာပြန်သင်တန်းဆုံးစာမေးပွဲဖြေဆိုခြင်း အစီအစဉ် **အပြင်ဖြေများလည်း ဝင်ရောက်ဖြေဆိုနိုင်သည်။** ဂျပန်စာဖြစ်ပါက အနည်းဆုံး (N3) အဆင့်ရှိသူဖြစ်ရပါမည်။

အရင်တစ်ခေါက် စာမေးပွဲဖြေဆိုမဖြေဆိုဖြစ်သေးသော ဘာသာပြန် အလုပ်သင် ဆရာ/ ဆရာများ အောက်ပါအတိုင်း ဆောင်ရွက်ကြရန်ဖြစ်ပါသည်။

ဘာသာပြန် အလုပ်သင်ဆရာ/ ဆရာမတို့ သင်တန်းပို့ချမှုများ ရယူခဲ့ကြသည်တွင် (၆) လကြာမြင့်ခဲ့ပါပြီ။ အပတ်စဉ် အွန်လိုင်းလေ့လာမှုဖြင့် ဘာသာပြန်ဆိုင်ရာ စာပေဗဟုသုတများ လေ့ကျင့်သင်ယူနေခဲ့ကြခြင်းဖြစ်သည်။ စတက်ခါစ နေ့များ၌ အခက်အခဲများရှိနေခဲ့သည့်အလျောက် တစ်နေ့ထက်တစ်နေ့ ဂျပန်စာအရည်အချင်းများ အင်္ဂလိပ်စာအရည်အချင်းများ၊ ဘာသာပြန်အရည်အသွေးများလည်း မြင့်တက်လာခဲ့ပြီဖြစ်သည်။ ယခု ပို့ချသည့် သင်တန်းသည် အခြေခံအဆင့်သာဖြစ်ပြီး ဘာသာပြန်ဆိုင်ရာလိုအပ်သော အခြေခံဗဟုသုတများကို စုံလင်အောင် သင်ယူနေခဲ့ကြခြင်းဖြစ်သည်။

ယခုဖြေဆိုမည့် ဘာသာပြန်စာမေးပွဲသည် ဘာသာပြန်အလေ့အကျင့်ရထားကြောင်း၊ ဘာသာပြန်ဆိုင်ရာဗဟုသုတ အခြေခံတို့ စုံလင်စွာ လေ့လာဖူးကြောင်း သက်သေပြုမည့် စာမေးပွဲလည်း ဖြစ်ပါသည်။ ဝင်ရောက်ဖြေဆိုလိုသည့် ဆရာ/ ဆရာမများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါပြီ။

***အလုပ်သင်ဘာသာပြန်စာမေးပွဲ အကြောင်းအရာ***

- စာမေးပွဲ အချိန်

ဂျပန် - မြန်မာ : နံနက် ၁၀ နာရီ မှ ၁၂ နာရီ

အင်္ဂလိပ် - မြန်မာ (ပ) : နေ့လည် ၁၂ နာရီ မှ ၂ နာရီ

အင်္ဂလိပ် - မြန်မာ (ဒု) : နေ့လည် ၃ နာရီ မှ ၅ နာရီ

- စာမေးပွဲခန်းမနေရာ

R.Text ရုံး : အခန်း ၅၀၄၊ ကန်ရိပ်မွန်ကွန်ဒိုမီနီယမ်၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ဆင်ဖြူတော်ဟိုတယ်နှင့် မျက်စောင်းထိုး

(မှတ်တိုင်) :

၁။ အင်းစိန်လမ်းမ ဘူတာရုံလမ်း မှတ်တိုင်၊

၂။ ပြည်လမ်းမ တံတားဖြူ မှတ်တိုင်၊

ဆောင်ရွက်ရန်အဆင့် -

၁။ မှတ်ပုံတင် ယူဆောင်လာရန်

၂။ ။ စာမေးပွဲကြေး ၁၅၀၀၀ ကျပ်

(စာမေးပွဲခန်းမ အဝင်၌ ပေးသွင်းရန်)

၃။ အောင်လက်မှတ်တွင် ဖေါ်ပြလိုသောအမည်ကို စာမေးပွဲခန်းမအဝင်၌

(အင်္ဂလိပ်စာ၊ မြန်မာစာ (၂) မျိုးဖြင့် ရေးသားပေးရန်)

၎။ ဝေါဟာရများလေ့လာရန် အင်တာနက်၊ ဖုန်း electronic device များလွတ်လပ်စွာအသုံးပြုနိုင်

မှတ်ချက် - ကြိုတင်ငွေပေးသွင်းမှုလက်မခံပါ။ စာမေးပွဲခန်းမ၌သာ စာရင်းပေး၍ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ မှတ်ပုံတင်ကို မဖြစ်မနေ ယူဆောင်လာရန်လိုအပ်ပါသည်။

ဆက်သွယ်ရန် မေးမြန်းရန် ဖုန်း

- ဆရာ ဦးအောင်သူရ

၀၉ - ၄၂၁၁- ၇၇၇- ၀၀

- ဆရာမ ဒေါ်ယွန်းစန္ဒီနန်းမွန်

၀၉ - ၉၆၁- ၆၀၁ -၉၂၉

- ဆရာမ ဒေါ်သင်းသင်းဆွေ

၀၉ - ၇၉၉-၃၅၀ -၀၈၆

- ဆရာမ ဒေါ်သင်းဌေးနွယ်

၀၉ - ၄၂၁ - ၀၄၆ - ၈၀၂

- ဆရာမ ဒေါ်ကျုံးခင်ဒိမ်း

၀၉ - ၄၄၃ -၁၀၂ - ၇၄၄


22/06/2019

"ဘာသာပြန် နှင့် နိုင်ငံရေး၊ စီးပွားရေး"

ပြည်တွင်းမိခင်ဘာသာစကား တိုးတက်ခြင်း၊ ဘာသာပြန်ကဏ္ဍတိုးတက်ခြင်း၊ တိုင်းပြည်စီးပွားရေးတိုးတက်ခြင်း၊ နိုင်ငံရေး အဆင့်အတန်းမြင့်မားခြင်းတို့ ဒွန်တွဲလျှက်ရှိပါတယ်။ ဒါကြောင့် ဤသင်တန်းတက်ရောက်သူ ဆရာ/ ဆရာမများအနေနဲ့ အနာဂတ်မှာ နှစ်ရှည်ဆိုသလို ဘာသာပြန်စာပေရပ်ဝန်းမှာ အောင်မြင်စွာ ရပ်တည်သွားရန် ဆန္ဒပြင်းပြသည်ဆိုပါက မြန်မာပြည်နှင့် ဆက်ဆံပေါင်းသင်းမှု၊ စီးပွားရေးအရ အပြန်အလှန်အပေးအယူရှိသော ဂျပန်၊ ရုရှား၊ တရုတ် နိုင်ငံတို့၏ နောက်ဆုံးဖြစ်ပေါ်လျက်ရှိသော စီးပွားရေး၊ နိုင်ငံရေး သတင်း၊ နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုများကို အမြဲမပျက် နားစွံ့လို့ လေ့လာနေကြရမှာပဲဖြစ်ပါတယ်။ ကျွမ်းကျင်လာသူ အဆင့်မှာတော့..သင်တန်းချိန်မှာ ဆရာ/ ဆရာမတို့လေ့လာနေသလိုမျိုး ဆရာက ပို့ချလို့ လေ့လာနေရခြင်းမဟုတ်ပဲ မိမိတို့ အသိစိတ်ဓာတ်နဲ့ အမြဲလို နားစွံ့လို့ လေ့လာနေကြရမှာပဲဖြစ်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်သူများအနေနဲ့ ပြည်တွင်းပြည်ပ နည်းပညာတိုးတက်နေမှုတွေကို တစ်ကိုယ်ရည် မှတ်တမ်းပြုစုလို့ စာပေရေးသား ဝါသနာပါသူက စာပေရေးသားလို့ ပြန်လည်ဝေမျှ လက်ဆင့်ကမ်းကြရမှာပါ။

ဒီ ရုရှား၊ ဂျပန်၊ တရုတ် စီးပွားရေး နိုင်ငံရေး ပို့ချမှုများကိုလည်း အထူးအလေးထားလေ့လာသွားကြပါလို့ တိုက်တွန်းအပ်ပါတယ်။

TMLDR

16/05/2019

(၂ရက်၊ ၆လ၊ ၂၀၁၉ခုနှစ်) ဘာသာပြန်သင်တန်းဆုံးစာမေးပွဲဖြေဆိုခြင်း အစီအစဉ် **အပြင်ဖြေများလည်း ဝင်ရောက်ဖြေဆိုနိုင်သည်။**

စာမေးပွဲဖြေဆိုမည့် ဘာသာပြန် အလုပ်သင် ဆရာ/ ဆရာများ အောက်ပါအတိုင်း ဆောင်ရွက်ကြရန်ဖြစ်ပါသည်။

ဘာသာပြန် အလုပ်သင်ဆရာ/ ဆရာမတို့ သင်တန်းပို့ချမှုများ ရယူခဲ့ကြသည်တွင် (၆) လကြာမြင့်ခဲ့ပါပြီ။ အပတ်စဉ် အွန်လိုင်းလေ့လာမှုဖြင့် ဘာသာပြန်ဆိုင်ရာ စာပေဗဟုသုတများ လေ့ကျင့်သင်ယူနေခဲ့ကြခြင်းဖြစ်သည်။ စတက်ခါစ နေ့များ၌ အခက်အခဲများရှိနေခဲ့သည့်အလျောက် တစ်နေ့ထက်တစ်နေ့ ဂျပန်စာအရည်အချင်းများ အင်္ဂလိပ်စာအရည်အချင်းများ၊ ဘာသာပြန်အရည်အသွေးများလည်း မြင့်တက်လာခဲ့ပြီဖြစ်သည်။ ယခု ပို့ချသည့် သင်တန်းသည် အခြေခံအဆင့်သာဖြစ်ပြီး ဘာသာပြန်ဆိုင်ရာလိုအပ်သော အခြေခံဗဟုသုတများကို စုံလင်အောင် သင်ယူနေခဲ့ကြခြင်းဖြစ်သည်။

Assignment မပြည့်စုံသော ဘာသာပြန်အလုပ်သင်ဆရာ/ ဆရာမတို့အနေဖြင့် အပြင်ဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။

ယခုဖြေဆိုမည့် ဘာသာပြန်စာမေးပွဲသည် ဘာသာပြန်အလေ့အကျင့်ရထားကြောင်း၊ ဘာသာပြန်ဆိုင်ရာဗဟုသုတ အခြေခံတို့ စုံလင်စွာ လေ့လာဖူးကြောင်း သက်သေပြုမည့် စာမေးပွဲလည်း ဖြစ်ပါသည်။ ဝင်ရောက်ဖြေဆိုလိုသည့် ဆရာ/ ဆရာမများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါပြီ။

***အလုပ်သင်ဘာသာပြန်စာမေးပွဲ အကြောင်းအရာ***

- စာမေးပွဲ အချိန်

ဂျပန် - မြန်မာ : နံနက် ၁၀ နာရီ မှ ၁၂ နာရီ
အင်္ဂလိပ် - မြန်မာ (ပ) : နေ့လည် ၁၂ နာရီ မှ ၂ နာရီ
အင်္ဂလိပ် - မြန်မာ (ဒု) : နေ့လည် ၃ နာရီ မှ ၅ နာရီ

- စာမေးပွဲခန်းမနေရာ

R.Text ရုံး : အခန်း ၅၀၄၊ ကန်ရိပ်မွန်ကွန်ဒိုမီနီယမ်၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ဆင်ဖြူတော်ဟိုတယ်နှင့် မျက်စောင်းထိုး

(မှတ်တိုင်) :
၁။ အင်းစိန်လမ်းမ ဘူတာရုံလမ်း မှတ်တိုင်၊
၂။ ပြည်လမ်းမ တံတားဖြူ မှတ်တိုင်၊

ဆောင်ရွက်ရန်အဆင့် -

၁။ အောက်ပါဖုန်းနံပါတ်သို့ ဖြေဆိုလိုကြောင်း ကြိုတင်ဆက်သွယ်စာရင်းပေးရန်

၂။ စာမေးပွဲကြေး ၁၅၀၀၀ ကျပ်
(စာမေးပွဲခန်းမ အဝင်၌ ပေးသွင်းရန်)

၃။ မှတ်ပုံတင် ယူဆောင်လာရန်

၎။ အောင်လက်မှတ်တွင် ဖေါ်ပြလိုသောအမည်ကို စာမေးပွဲခန်းမအဝင်၌
(အင်္ဂလိပ်စာ၊ မြန်မာစာ (၂) မျိုးဖြင့် ရေးသားပေးရန်)

၅။ ဝေါဟာရများလေ့လာရန် အင်တာနက်၊ ဖုန်း electronic device များလွတ်လပ်စွာအသုံးပြုနိုင်

ဆက်သွယ်စာရင်းပေးရန် ဖုန်းနံပါတ်များ

- ဆရာ ဦးအောင်သူရ
၀၉ - ၄၂၁၁- ၇၇၇- ၀၀

- ဆရာမ ဒေါ်ယွန်းစန္ဒီနန်းမွန်
၀၉ - ၉၆၁- ၆၀၁ -၉၂၉

- ဆရာမ ဒေါ်သင်းသင်းဆွေ
၀၉ - ၇၉၉-၃၅၀ -၀၈၆

- ဆရာမ ဒေါ်သင်းဌေးနွယ်
၀၉ - ၄၂၁ - ၀၄၆ - ၈၀၂

- ဆရာမ ဒေါ်ကျုံးခင်ဒိမ်း
၀၉ - ၄၄၃ -၁၀၂ - ၇၄၄

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Translation and Myanmar Language Development Research Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Translation and Myanmar Language Development Research Organization:

Shortcuts

Share