Youth Tech & Science Club

Youth Tech & Science Club

Share

LEARN.THINK.INVENT

25/08/2026

🤖 𝐑𝐨𝐛𝐨𝐭𝐢𝐜𝐬 ကို ကျောင်သားတွေ၊လူငယ်လေးတွေဘယ်လိုနားလည်ထားကြလဲ?

Robot လို့ပြောလိုက်ရင် လူပုံစံလက်နှစ်ဖက်၊ ခြေနှစ်ဖက်ပါတဲ့ robot ကိုပဲမြင်ယောင်တတ်ကြပါတယ်။

တကယ်တော့ Robot အမျိုးအစားတွေအများကြီးရှိတယ်။

💢Factory မှာ ပစ္စည်းတွေတပ်ဆင်တဲ့ Industrial Robot

💢ကိုယ်တိုင်မောင်းနိုင်တဲ့ Autonomous Vehicle

💢ခွဲစိတ်မှုမှာ ဆရာဝန်တွေကိုကူညီတဲ့ Medical Robot

💢ပျံသန်းနိုင်တဲ့ Drone တွေ

💢သန့်ရှင်းရေးလုပ်ပေးနိုင်တဲ့ Service Robot တွေ

စသဖြင့် robot တိုင်းက လူပုံစံဖြစ်စရာမလိုပါဘူး။

ဒါဆို Humanoid Robot ဆိုတာဘာလဲ?

𝐇𝐮𝐦𝐚𝐧𝐨𝐢𝐝 𝐑𝐨𝐛𝐨𝐭 ဆိုတာ -

လူတွေရဲ့ 𝐛𝐨𝐝𝐲 𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 နဲ့ လှုပ်ရှားပုံကို အတုယူပြီး 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 လုပ်ထားတဲ့ 𝐇𝐮𝐦𝐚𝐧-𝐥𝐢𝐤𝐞 𝐦𝐚𝐜𝐡𝐢𝐧𝐞 ဖြစ်ပါတယ်။

ဦးခေါင်း၊ ကိုယ်ထည်၊ လက်၊ ခြေ စတဲ့ human-like structure တွေရှိနိုင်ပြီး လမ်းလျှောက်တာ၊ ပစ္စည်းကိုင်တာ၊ လူတွေနဲ့ interaction လုပ်တာမျိုးတွေ လုပ်နိုင်အောင် တည်ဆောက်ကြပါတယ်။

⚠️ဒါပေမယ့် Humanoid Robot မှာလက်ခြေတွေရှိရုံနဲ့ မလုံလောက်ပါဘူး။

ပတ်ဝန်းကျင်ကို သိဖို့ Sensor တွေလိုတယ်။

လူတွေမှာ မျက်လုံး၊ နား၊ ထိတွေ့ခံစားမှုရှိသလို Robot တွေမှာလည်း ထိုနည်းတူလိုအပ်ပါတယ်။

Camera / Vision Sensor → ပတ်ဝန်းကျင်ကို မြင်ဖို့
Sound Sensor / Microphone → အသံကို ဖမ်းယူဖို့
Touch / Force Sensor → ထိတွေ့မှု၊ ဖိအားကို သိဖို့
Ultrasonic / LiDAR / Distance Sensor → အရာဝတ္ထု ဘယ်လောက်ဝေးလဲသိဖို့
Temperature Sensor → အပူချိန်ဖမ်းနိုင်ဖို့
IMU (Accelerometer + Gyroscope) → လှုပ်ရှားမှု၊ အနေအထားနဲ့ balance ကိုသိဖို့

စတာတွေ လိုအပ်ပါတယ်။

ဒါပေမယ့် Sensor တွေက data ကိုခံယူပေးတာပဲရှိသေးတယ်။

ဥပမာ Camera က လူတစ်ယောက်ကို ရိုက်ယူနိုင်ပေမယ့်

“ဒါသည် လူတစ်ယောက်” လို့ Robot က ဘယ်လိုသိမလဲ? ဆိုတဲ့ Intelligence လို့ခေါ်တဲ့ ဦးနှောက်လဲလိုပါတယ်။

ဒီနေရာမှာ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐕𝐢𝐬𝐢𝐨𝐧, 𝐀𝐈 နဲ့ 𝐌𝐚𝐜𝐡𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 တွေပါဝင်လာတယ်။

အလွယ်ဆုံး flow နဲ့ကြည့်ရင်

→ Camera က ပုံရယူမယ်
→ Computer Vision က ပုံကို analyse လုပ်မယ်
→ System က ဘာလုပ်ရမလဲဆုံးဖြတ်မယ်
→ Motors/Actuators တွေက Robot ကို လှုပ်ရှားစေမယ်။

ဒါကြောင့် Robotics သင်တယ်ဆိုတာ Robot တစ်ရုပ် assemble လုပ်တတ်ဖို့မဟုတ်ပါဘူး။

𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 တွေဟာ

Electronics + Sensors + Programming + Mechanics + Mathematics + AI + Problem Solving တွေ

ဘယ်လိုအတူတကွ အလုပ်လုပ်သလဲဆိုတာ တဖြည်းဖြည်း နားလည်ခြင်းကသာ Robotics ကိုသင်ယူခြင်းရဲ့တကယ့်တန်ဖိုးပါ။

ဒီ concept တွေကို အခြေခံကျကျနားလည်ဖို့ YTSC ရဲ့ Y10 အောက်အရွယ် ICT အတန်းတွေမှာကတည်းကသေချာသဘောပေါက်အောင် coach တွေကရှင်းပြပေးပါတယ်။

⚠️သို့သော် Professional training အတန်းတွေမှာ လာ join ကြတဲ့ တချို့လူငယ်တွေထိ Robotics ကို AI Fundamentals တွေနဲ့ ရောထွေးနေဆဲ၊ Machine learning နဲ့ AI ကိုအတူတူထင်နေဆဲပါ။

************************************
YOUTH Tech & Science Club - YTSC
************************************
Address- Room No.(104) , Building 15 , Ground Floor, MICT Park , Hlaing Township, Yangon, Myanmar.

⏰သင်တန်းဖွင့်ချိန်-
▪️Mon/Tue 12:00-6:30pm
▪️Thu/Fri 12:00-6:30pm
▪️Sat/Sun 9:00-6:30pm
▪️Wednesday , public holiday off
☎️09968267938, Viber +959971466905

25/08/2026

အခုနောက်ပိုင်း Technology ကိုစလေ့လာချင်တဲ့ လူငယ်တွေ၊ မိဘတွေဘက်က “Python သင်ချင်တယ်” ဆိုတာအရမ်းကြားရပါတယ်။

Python က က တကယ်တော့ Beginner-friendly ဖြစ်ပြီး Programming Fundamentals, Data Science, AI/ML, Automation, Backend Development စတဲ့နေရာတွေမှာ အလွန်အသုံးဝင်တဲ့ language တစ်ခုပါ။

⚠️ဒါပေမယ့် “Coding သင်မယ် = Python သင်ရမယ်” ဆိုတဲ့အမြင်ကတော့ မမှန်ပါဘူး။

ဥပမာ Website / Web Application ရဲ့ User Interface (UI) တွေကို တည်ဆောက်ချင်တယ်၊ user တွေသုံးတဲ့ Form, Dashboard, Portal တွေ ဖန်တီးချင်တယ်ဆိုရင် JavaScript / TypeScript + React ဘက်က ပိုသက်ဆိုင်ပါတယ်။

ဥပမာ Online Registration Form တစ်ခုကိုကြည့်ရင်
User မြင်ပြီး အသုံးပြုနေတဲ့—

Name → Email → Dropdown → Upload → Submit

စတဲ့ UI ကို React နဲ့ တည်ဆောက်နိုင်ပါတယ်။

Submit လုပ်လိုက်တဲ့နောက် data ကို validate/process လုပ်တာ၊ database နဲ့ချိတ်တာ၊ business logic run တာမျိုးကိုတော့ Backend မှာ Python အပါအဝင် တခြား technologies တွေသုံးနိုင်ပါတယ်။

ဒါကြောင့် သူများသင်လို့ Python လိုက်သင်တာထက်

👉 “ကိုယ် ဘာတည်ဆောက်ချင်တာလဲ?”
👉 “ဘယ် career path ကို သွားချင်တာလဲ?”

ဆိုတာ အရင်သိသင့်ပါတယ်။

ကလေးတွေ၊ လူငယ်တွေကို Tech သင်ပေးတဲ့အခါ နာမည်ကြီးနေတဲ့ language တစ်ခုကိုပဲ လိုက်သင်ပေးတာထက် Programming fundamentals ကိုနားလည်အောင်သင်ပြီး၊ နောက်ပိုင်းမှာ ကိုယ်တည်ဆောက်ချင်တဲ့အရာနဲ့ career direction ပေါ်မူတည်ပြီး Technology ကို ရွေးတတ်အောင် သင်ပေးတာက ပိုအရေးကြီးပါတယ်။

YOUTH Tech & Science Club - YTSC

Address- Room No.(104) , Building 15 , Ground Floor, MICT Park , Hlaing Township, Yangon, Myanmar.

⏰သင်တန်းဖွင့်ချိန်-
▪️Mon/Tue 12:00-6:30pm
▪️Thu/Fri 12:00-6:30pm
▪️Sat/Sun 9:00-6:30pm
▪️Wednesday , public holiday off
☎️09968267938, Viber +959971466905

16/08/2026

💢STEM ဆိုတာဘာလဲ?

STEM ဆိုတာ Science, Technology, Engineering & Mathematics စတဲ့ ကျောင်းသားတွေကို စဉ်းစားတတ်ဖို့၊ ပြဿနာဖြေရှင်းတတ်ဖို့၊ ကိုယ်တိုင်စမ်းသပ်တည်ဆောက်တတ်ဖို့ လေ့ကျင့်ပေးတဲ့ Subjects တွေပါ။

🔬 Science – ကိုယ့်ပတ်ဝန်းကျင်က သဘာဝဖြစ်စဉ်တွေ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲ ဆိုတာကို မေးခွန်းထုတ်၊ လေ့လာ၊ စမ်းသပ်ပြီး အကြောင်းရင်းနဲ့ အဖြေကို ကိုယ်တိုင်ရှာဖွေတတ်စေပါတယ်။

💻 Technology – Coding, Computing, Digital Technology စတာတွေကနေ နည်းပညာကို သုံးတတ်ရုံမဟုတ်ဘဲ ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လိုဖန်တီးနိုင်သလဲ ဆိုတာနားလည်လာစေတယ်။

⚙️ Engineering – ပြဿနာတစ်ခုအတွက် ဖြေရှင်းနည်းကို စဉ်းစား၊ ပုံစံထုတ်၊ တည်ဆောက်၊ စမ်းသပ်ပြီး လိုအပ်သလို ပြန်လည်ပြင်ဆင်တိုးတက်အောင်လုပ်ခြင်း ကနေ လက်တွေ့အသုံးချနိုင်တဲ့ problem-solving mindset ကို လေ့ကျင့်ပေးပါတယ်။

📐 Mathematics – STEM အားလုံးရဲ့အခြေခံပါ။ Calculation တင်မဟုတ်ဘဲ Logic, Pattern Recognition, Reasoning, Data နဲ့ Problem Solving ကို တည်ဆောက်ပေးပါတယ်။

💢ဒါကြောင့် STEM Subjects တွေကို သင်တဲ့အခါ

🚫အဖြေမှန်ဖို့
🚫အမှတ်ကောင်းဖို့
🚫ဆုတွေရဖို့ ဦးမတည်သင့်ပါဘူး။

အမှတ်တွေ၊ ဆုတံဆိပ်တွေနဲ့ကျောင်းသား(အထူးသဖြင့်ကလေးငယ်တွေ) ရဲ့လုပ်နိုင်စွမ်းကိုမတိုင်းတာမိဖို့၊ ဘောင်မခတ်မိဖို့သိပ်ကိုမှအရေးကြီးပါတယ်။

STEM subjects တွေရဲ့ရည်ရွယ်ချက်ကိုက -

“ဘာကြောင့်လဲ?”, “တခြားနည်းလမ်းရှိသေးလား?”, “ကိုယ်တိုင်စမ်းသပ်ကြည့်ရင်ဘာဖြစ်မလဲ?” ဆိုတဲ့ မေးခွန်းတွေမေးတတ်လာဖို့၊ စူးစမ်းရှာဖွေလိုစိတ်ကိုပျိူးထောင်ပေးဖို့ဖြစ်ပါတယ်။

Youth Tech & Science Club မှာတော့
🔬 Science & Experiments
💻 Coding & Technology
⚙️ Engineering / STEM Projects
🤖 Digital & Emerging Technology
🌏 Real-world Science & Technology Challenges
တွေကို ကျောင်းသားတွေကိုယ်တိုင် explore, experiment, build and present လုပ်နိုင်အောင် ဦးတည်ပါတယ်။

YOUTH ရဲ့ Math သင်တန်းခွဲဖြစ်တဲ့ Extremely Math မှာတော့
📐 Mathematics
🧠 Mathematical Reasoning & Logic
🔢 Problem Solving
📊 Applied Mathematics
စတာတွေကနေ Mathematical Foundation ကို တည်ဆောက်ပေးပါတယ်။

STEM subjects တွေကိုမှန်ကန်စွာသင်ယူရင်း ကျောင်းသားတွေကို စာမေးပွဲအတွက်သာမဟုတ်ဘဲ မေးခွန်းထုတ်တတ်သူ၊ စမ်းသပ်ဖန်တီးနိုင်သူ၊ ပြဿနာကိုကိုယ်တိုင်ဖြေရှင်းတတ်သူတွေဖြစ်လာစေချင်ပါတယ်။

*********************************
𝐘𝐎𝐔𝐓𝐇 𝐓𝐞𝐜𝐡 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐂𝐥𝐮𝐛
Room No.(104), Building 15 ,Ground Floor, MICT Park , Hlaing Township, Yangon, Myanmar.
☎️09968267938, Viber 09971466905

သင်တန်းဖွင့်ချိန်-
▪️Mon/Tue 12:00-6:30pm
▪️Thu/Fri 12:00-6:30pm
▪️Sat/Sun 9:00-6:30pm
▪️Wednesday , public holiday off

Photos from NASA Space Apps Challenge Yangon Myanmar's post 08/08/2026

NASA Space Apps Challenge တွင်ပါဝင်လိုသူများ/အဖွဲ့အစည်းများ EOI တင်လို့ရပါပြီ။ လူဦးရေ၊ အချိန်အကနိ့သတ်ရှိပါ၍အမြန်တင်ထားမှစိတ်ချရပါမည်။

03/08/2026

💭NASA Space Apps Challenge ဆိုတာ ဘာလဲ?

NASA Space Apps Challenge ဟာ ကမ္ဘာတစ်ဝန်းမှ လူငယ်များ၊ ပညာရှင်များနဲ့ STEM ကို စိတ်ဝင်စားသူတွေ စုပေါင်းပြီး လက်တွေ့ကမ္ဘာရဲ့ ပြဿနာတွေကို NASA ရဲ့ Open Data နဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာ (STEM) ကို အသုံးပြုကာ အဖြေရှာကြတဲ့ ကမ္ဘာ့အကြီးဆုံး Global Hackathon ဖြစ်ပါတယ်။

"Space" လို့ အမည်ပေးထားပေမယ့် အာကာသအကြောင်းတစ်ခုတည်း မဟုတ်ပါဘူး။

နှစ်စဉ် ပြဿနာခေါင်းစဉ်တွေထဲမှာ—

✔️ရာသီဥတုပြောင်းလဲမှု
✔️သဘာဝပတ်ဝန်းကျင်
✔️သဘာဝဘေးအန္တရာယ်
✔️ကျန်းမာရေး
✔️Artificial Intelligence (AI)
✔️Data Science
✔️Earth Observation
✔️Sustainability
✔️Space Exploration

စတဲ့ ကမ္ဘာ့အရေးကြီးတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ပါဝင်သူတွေဟာ အသင်းလိုက်ပူးပေါင်းပြီး Idea၊ Prototype၊ Application၊ Research ဒါမှမဟုတ် Technology Solution တွေကိုဖန်တီးကြပါတယ်။

NASA Space Apps Challenge ရဲ့ ထူးခြားချက်တစ်ခုက -

▪️Secondary School Students အရွယ်မှစ၍
▪️University Students၊
▪️Young Professionals၊

Engineers၊ Scientists ၊ Mathematicians၊ Data Enthusiasts နဲ့

Problem Solving ကို စိတ်ဝင်စားသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။

ကမ္ဘာတဝှမ်းကျင်းပကြမည့်ရက်မှာ

📅 2026 NASA Space Apps Challenge
14–15 November 2026

NASA Space Apps Yangon 2026 အတွက် အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားပါမည်။

***************************************

🚀 What is NASA Space Apps Challenge?

The NASA Space Apps Challenge is the world's largest annual global hackathon, bringing together people from around the world to solve real-world challenges using science, technology, engineering, mathematics (STEM), and NASA's Open Data.

Despite its name, the challenge is not only about space.

Each year, participants work on topics such as:

Climate change
Earth observation
Environment
Natural disasters
Health
Artificial Intelligence (AI)
Data Science
Space exploration
Sustainability

Participants work in teams to develop innovative ideas, prototypes, apps, research, or technology solutions that could make a positive impact on our communities and the world.

One of the best things about NASA Space Apps is -

Students, teachers, designers, engineers, scientists, mathematicians, data enthusiasts, storytellers, entrepreneurs, and anyone passionate about solving problems are welcome.

📅 2026 NASA Space Apps Challenge
Date: 14–15 November 2026

More information about NASA Space Apps Yangon 2026 will be announced soon.

Photos from Youth Tech & Science Club's post 26/07/2026

🧬 Strawberry ရဲ့ အပင်ဆဲလ် (Plant Cells) နဲ့ DNA အကြောင်းကို လက်တွေ့စမ်းသပ်ပြီး “အသက်ရှိတဲ့အရာတိုင်းဟာ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတယ်” ဆိုတာကိုလက်တွေ့ နားလည်လာအောင်သင်ကြားခဲ့ပါတယ်။

❓ Strawberry မှာ ဘာကြောင့် အစေ့တွေအပြင်ဘက်မှာ ရှိတာလဲ?

❓ Strawberry က ဘာကြောင့်အနီရောင်ဖြစ်တာလဲ?

❓ Plant Cells နဲ့ Animal Cells ဘာတွေကွာခြားလဲ?

ဒီလို “ဘာကြောင့်?” ဆိုတဲ့ မေးခွန်းတွေကပဲ science ရဲ့ အနှစ်သာရဖြစ်ပါတယ်။

𝐘𝐨𝐮𝐭𝐡 𝐓𝐞𝐜𝐡 & 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐂𝐥𝐮𝐛 ၏ 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐂𝐥𝐚𝐬𝐬 များတွင် Cambridge Textbook များဖြင့်သင်ကြားပါတယ်။

သို့သော် စာအုပ်ကိုပဲအသုံးပြုသင်ကြားခြင်းမဟုတ်ဘဲ…

အဆင့်မြင့်သင်ထောက်ထူပစ္စည်းများဖြင့် 𝐥𝐚𝐛 𝐫𝐨𝐨𝐦 များထားရှိကာ-

ကျောင်းသားတွေကိုယ်တိုင်
✨စမ်းသပ်ကြည့်စေတယ်
✨မေးခွန်းထုတ်တယ်
✨အဖြေကိုကိုယ်တိုင်ရှာဖွေကြရပါတယ်

Theory + Experiments များပေါင်းစပ်သင်ကြားရသောကြောင့် Science class များ online မရနိုင်သေးပါ။

*********************

သင်တန်းဖွင့်ချိန်-
▪️Mon/Tue 12:00-6:30pm
▪️Thu/Fri 12:00-6:30pm
▪️Sat/Sun 9:00-6:30pm
▪️Wednesday , public holiday off
☎️09968267938 (MICT , Hlaing, Yangon, Myanmar)

class Myanmar

22/07/2026

🚀 𝐒𝐓𝐄𝐌 ရဲ့တကယ့်တန်ဖိုးကဘာလဲ?

လက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့ ပြဿနာတွေကို Science, Technology, Engineering နည်းပညာတွေ နဲ့ Maths ကိုအသုံးပြုပြီးဖြေရှင်းနိုင်တဲ့စွမ်းရည်ပါ။

➡️မြန်မာလူငယ်တွေက Python သင်ရုံ

➡️ကလေးတွေက lego မှာ motor/sensor တွေတပ် robot ဆိုပြီးကျေနပ်နေရုံ

➡️ပြိုင်ပွဲပေါင်းများစွာမှ ဆုရသူများစွာထဲက တစ်ယောက်ဖြစ်ရုံနဲ့

နိုင်ငံတကာကိုယှဉ်ပြိုင်ထိုးဖောက်နိုင်မည်လို့ ထင်နေတုန်းလား?

**********************************

🌎ကမ္ဘာတစ်ဝန်းက လူငယ်တွေဟာ Data, AI နဲ့ Technology ကို အသုံးပြုပြီးသဘာဝဘေးအန္တရာယ်၊ ကျန်းမာရေးနဲ့ ငွေကြေးဆိုင်ရာပြဿနာများကို လက်တွေ့ဖြေရှင်းဖို့ ကြိုးစားနေကြတယ်

Project team တွေဖွဲ့ပြီး Startups တွေတည်ထောင်နေကြပါတယ်

**********************************

STEM ဘာသာရပ်တွေကိုစိတ်ဝင်စားတယ်ဆိုရင်

သင်ပေးမှတတ်မြောက်သူမဖြစ်ပါစေနဲ့

ဆုတံဆိပ်တွေနဲ့လုပ်နိုင်စွမ်းကိုဘောင်ခတ်မခံပါနဲ့

**********************************

နည်းပညာကိုအသုံးချပြီးလက်တွေ့အကျိုးသက်ရောက်မှုရှိတဲ့

✨Impactful project တွေကိုဖန်တီးနိုင်ဖို့

✨STEM ရဲ့ အနှစ်သာရကိုလက်တွေ့နားလည်ဖို့

✨နိုင်ငံတကာနဲ့ချိတ်ဆက်တီထွင်ကြံဆနိုင်ကြဖို့

မြန်မာလူငယ်တွေ၊ကျောင်းသားတွေကိုဦးဆောင်လမ်းပြပေးဖို့ 𝐘𝐨𝐮𝐭𝐡 𝐓𝐞𝐜𝐡 & 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫 မှအသင့်ရှိနေပါတယ်။

*********************************
Operating hours
▪️Mon/Tue 12:00-6:30pm
▪️Thu/Fri 12:00-6:30pm
▪️Sat/Sun 9:00-6:30pm
▪️Wednesday , public holiday off
☎️09968267938(MICT Park, Hlaing, Yangon)

Photos from Youth Tech & Science Club's post 20/07/2026

ဒီနေ့ 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐂𝐥𝐚𝐬𝐬 မှာတော့ 𝐀𝐞𝐫𝐨𝐬𝐩𝐚𝐜𝐞 𝐏𝐨𝐰𝐞𝐫 𝐑𝐨𝐜𝐤𝐞𝐭 𝐒𝐓𝐄𝐌 𝐊𝐢𝐭 ကို အသုံးပြုပြီးကလေးတွေကို လက်တွေ့စမ်းသပ်ခိုင်းခဲ့ပါတယ်။

ဒီ Activity ကနေ သင်ယူရတဲ့အရာတွေက…

🔹 Air Pressure (လေဖိအား)
🔹 Water Pressure (ရေဖိအား)
🔹 Newton’s Third Law of Motion (Action & Reaction)
🔹 Force & Thrust
🔹 Rocket Propulsion ရဲ့ အခြေခံသဘောတရား
🔹 Engineering Design & Problem Solving

တွေဖြစ်ပါတယ်။ တစ်ခါလွှတ်ပြီးတိုင်း-

“ရေဘယ်လောက်ထည့်ရင် ပိုမြင့်မလဲ?”
“လေဘယ်လောက်ဖိရင် ပိုကောင်းမလဲ?”
“ဘာကြောင့် ဒီတစ်ခါပိုဝေး/နီးသွားတာလဲ?”

ဆိုပြီး hypothesis ချ၊ စမ်းသပ်ပြီးရလဒ်ကို နှိုင်းယှဉ်တဲ့ scientific thinking ကိုပါလေ့ကျင့်ပေးခဲ့ပါတယ်။

ကျွန်မတို့ 𝐘𝐨𝐮𝐭𝐡 𝐓𝐞𝐜𝐡 & 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐂𝐥𝐮𝐛 ရဲ့ အငယ်တန်းတွေမှာရည်ရွယ်တာကစူးစမ်းလိုစိတ်ကိုမွေးပေးဖို့ပါပဲ။

******************************

သင်တန်းဖွင့်ချိန်-
▪️Mon/Tue 12:00-6:30pm
▪️Thu/Fri 12:00-6:30pm
▪️Sat/Sun 9:00-6:30pm
▪️Wednesday , public holiday off
☎️09968267938

🏫MICT Park , University Avenue, Hlaing Township, Yangon

Photos from Youth Tech & Science Club's post 16/07/2026

🌎𝐎𝐩𝐞𝐧 𝐃𝐚𝐭𝐚 ဆိုတာ ဘာလဲ?

“Data is the new oil” လို့ မကြာခဏပြောကြတယ်။ ဒါပေမယ့် Data ဆိုတာ ဘာလဲ၊ Open Data ဟာဘာကြောင့် အရေးကြီးတာလဲဆိုတာ လူငယ်အများစုရောထွေးနေတုန်းပါ။

Open Data ဆိုတာအစိုးရ၊ သုတေသနအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက စုဆောင်းထားတဲ့အချက်အလက်တွေကို မည်သူမဆို လေ့လာနိုင်၊ အသုံးပြုနိုင်၊ ခွဲခြမ်းစိတ်ဖြာနိုင်အောင် အများအတွက် access ပေးထားတဲ့ Data တွေကို ဆိုလိုပါတယ်။

ဥပမာအားဖြင့်

✔️ဂြိုဟ်တုမှရိုက်ကူးထားတဲ့ကမ္ဘာမြေဓာတ်ပုံများ
✔️မိုးလေဝသနှင့် ရာသီဥတုအချက်အလက်များ
✔️ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှု
✔️သစ်တော၊ မြေဆီလွှာနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ
✔️ရေကြီးမှု၊ တောမီး၊ မုန်တိုင်းနှင့် သဘာဝဘေးဆိုင်ရာ Data များ

🎯𝐎𝐩𝐞𝐧 𝐃𝐚𝐭𝐚 ကို ဘယ်သူတွေ အသုံးပြုကြလဲ?

Open Data ဟာ Programmer တွေအတွက်ပဲမဟုတ်ပါဘူး။

✔️သုတေသီတွေက Climate Change ကို လေ့လာဖို့ အသုံးပြုကြတယ်။
✔️စိုက်ပျိုးရေးပညာရှင်တွေက သီးနှံအထွက်နှုန်း တိုးတက်စေမယ့် နည်းလမ်းတွေ ရှာဖွေကြတယ်။
✔️မြို့ပြစီမံကိန်းရေးဆွဲသူတွေက လမ်း၊ တံတား၊ ဆေးရုံတွေ ဘယ်နေရာမှာ တည်ဆောက်သင့်လဲဆိုတာ ဆုံးဖြတ်ကြတယ်။
✔️Software Developer နဲ့ AI Engineer တွေက လူမှုအသိုင်းအဝိုင်းအတွက် အသုံးဝင်တဲ့ Application နဲ့ AI Solution တွေ ဖန်တီးကြတယ်။
✔️သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့တွေက ကြိုတင်သတိပေးစနစ်တွေ ဖန်တီးကြတယ်။

🎯𝐎𝐩𝐞𝐧 𝐃𝐚𝐭𝐚 ကဘယ်လိုအကျိုးရှိသလဲ?

Open Data ကို မှန်ကန်စွာ အသုံးချနိုင်ရင်

✔️တောမီးဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်တယ်။
✔️ရေကြီးနိုင်တဲ့ ဒေသတွေကို ကြိုတင်ခန့်မှန်းနိုင်တယ်။
✔️ရာသီဥတုပြောင်းလဲမှုကို လေ့လာနိုင်တယ်။
✔️စိုက်ပျိုးရေးလုပ်ငန်းတွေပိုမိုထိရောက်လာစေတယ်။
✔️AI နဲ့ Data Science နည်းပညာတွေကိုအသုံးပြုပြီး လူမှုအသိုင်းအဝိုင်းအတွက်အကျိုးရှိတဲ့ဖြေရှင်းချက်တွေ ဖန်တီးနိုင်တယ်။

🎯𝐃𝐚𝐭𝐚 ရှိရုံနဲ့မလုံလောက်ပါဘူး

Open Data ဟာ အလွန်တန်ဖိုးရှိတဲ့အရင်းအမြစ်တစ်ခု ဖြစ်ပေမယ့် Data ရှိရုံနဲ့ ပြဿနာတွေမဖြေရှင်းနိုင်ပါဘူး။

Data ကို နားလည်နိုင်တဲ့သူ၊ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး Critical Thinking နဲ့ Problem Solving စွမ်းရည်ရှိတဲ့သူတွေကသာ Data ကို အသုံးချပြီးအကျိုးရှိတဲ့ solutions တွေဖန်တီးနိုင်ပါတယ်။

✅ဒါကြောင့် 𝐒𝐓𝐄𝐌 ပညာရေးရဲ့ရည်ရွယ်ချက်ဟာ စာမေးပွဲအမှတ်ကောင်းရဖို့သင်ကြားတာမျိူးမဖြစ်သင့်ပါဘူး။

သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) ကို အခြေခံပြီး ကမ္ဘာ့ပြဿနာတွေကိုနားလည်၊ ခွဲခြမ်းစိတ်ဖြာပြီးလက်တွေ့အသုံးချနိုင်တဲ့လူငယ်တွေကို တကယ်အတွေ့ကြုံရင့်ကျက်သူတွေကသာ လက်တွေ့ကျကျပြုစုပျိုးထောင်ပေးသင့်ပါတယ်။

အနာဂတ်မှာအခွင့်အလမ်းတွေဟာ Data ကိုဖန်တီးသူတွေအတွက်သာမဟုတ်ဘဲ Data ကို နားလည်ပြီး လူ့အသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့ ဖြေရှင်းချက်တွေဖန်တီးနိုင်သူတွေအတွက် ပိုမိုလမ်းပွင့်လာမှာဖြစ်ပါတယ်။

01/03/2026

“Robotics Education” ဆိုတာ Lego ဆက်ပြီးမောင်းနှင်တတ်ရုံနဲ့မပြီးပါဘူး။

မှားယွင်းနေကြတဲ့အယူအဆလေးပါ

“ကျွန်မ့သား Robotics Class တက်နေပြီ - Lego နဲ့ ရုပ်စက်လေးဆက်တတ်ပြီ၊ remote နဲ့မောင်းလို့ရပြီ”

ဒါကို Robotics Education လို့ ခေါ်လို့ရပါ့မလား?

Lego block တွေညွှန်ကြားချက်အတိုင်းဆက်တတ်တာနဲ့
Controller နဲ့မောင်းတတ်တာဟာRobotic Education လို့မခေါ်ပါဘူး

စစ်မှန်သော Robotic Education ဆိုတာဘာလဲ?

စစ်မှန်တဲ့ Robotic Education က ဒီလိုမေးခွန်းတွေကိုဖြေတတ်အောင်သင်ပေးရပါမယ်

ဘာကြောင့်ဒီလိုလှုပ်ရှားလို့ရတာလဲ?
❌ “Lego Motor ထည့်ထားလို့ပေါ့”
✅ “Motor က electrical energy ကို mechanical energy အဖြစ် ပြောင်းလဲပေးတယ်၊ Gear ratio က torque နဲ့ speed ကို ထိန်းချုပ်ပေးတယ်။ PWM signal က speed control လုပ်ပေးတယ်”

ပထမအဖြေက - လုပ်နည်းပဲသိတယ်
ဒုတိယအဖြေက - နည်းပညာရဲ့အခြေခံအမြစ်တွေကို နားလည်ပါတယ်

Sensor ကဘာလုပ်ပေးနေလဲ?
❌ “Sensor က အရောင်ကို detect လုပ်ပေးတယ်”
✅ “Sensor ကနေ ရလာတဲ့ analog signal ကို microcontroller က digital value အဖြစ် convert လုပ်တယ်။ ပြီးတော့ ကျွန်မတို့ရေးထားတဲ့ algorithm အပေါ် မူတည်ပြီး decision making လုပ်တယ်။ အဲဒီ decision အပေါ် မူတည်ပြီး motor ကို command ပို့တယ်”

Technology ရဲ့ အတွင်းပိုင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ နားလည်မှစစ်မှန်တဲ့ပညာရေးပါ။

သာမန် “Lego ဆက်တဲ့ Class” နဲ့ စစ်မှန်တဲ့ “Robotics Education” ရဲ့ ကွာခြားချက်ကိုမရောပါနဲ့။

Kids Tech & Science Club မှာ ကျွန်မတို့သင်ပေးတာသည်

✅ Engineering Principles - ဘယ်လိုအလုပ်လုပ်သလဲ နားလည်စေတယ်

✅ Programming Fundamentals - Code နောက်က logic ကိုသိစေတယ်

✅ Problem-Solving Skills - Manual မရှိဘဲဖြေရှင်းတတ်အောင်

✅ Critical Thinking - ဘာကြောင့်လို့မေးတတ်အောင်

✅ Real-World Application - သင်ခန်းစာကလက်တွေ့မှာဘယ်လိုသုံးလဲ

Kids Tech & Science Club ကိုနည်းပညာနယ်ပယ်က Tech Professionals တွေဦးစီးလို့သင်ရိုးစာအုပ်ထဲကမဟုတ်ဘဲလက်တွေ့ကမ္ဘာကနည်းပညာကိုသင်ပေးနိုင်တာဖြစ်ပါတယ်။

Kids Tech & Science Club

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Room No. 203, First Floor, Building 15, MICT Park At Universities Hlaing Campus
Yangon

Opening Hours

Monday 00:30 - 18:00
Tuesday 00:30 - 18:00
Thursday 00:30 - 18:00
Friday 00:30 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00