San Pya May

San Pya May Education Services

Vocabulary လေးတွေသင်ပြီး လေ့ကျင့်ပေးလို့ ရတဲ့ worksheets တွေ တင်ပေးလိုက်ပါတယ်ရှင့် ☺️
04/04/2024

Vocabulary လေးတွေသင်ပြီး လေ့ကျင့်ပေးလို့ ရတဲ့ worksheets တွေ တင်ပေးလိုက်ပါတယ်ရှင့် ☺️

Vocab for kids😍photo crd #
08/01/2024

Vocab for kids😍

photo crd #

သားသားမီးမီးတို့ရဲ့  ပညာရေးအတွက်မေမေတို့ စိုးရိမ်ပူပန်နေပီလား 😇 ??အဲ့လို စိတ်ပူပန်နေစရာ မလိုရအောင်...San Pya May မှာ စိတ...
07/01/2024

သားသားမီးမီးတို့ရဲ့ ပညာရေးအတွက်
မေမေတို့ စိုးရိမ်ပူပန်နေပီလား 😇 ??

အဲ့လို စိတ်ပူပန်နေစရာ မလိုရအောင်...

San Pya May မှာ စိတ်ရှည်ပြီး စာသင်သက် အတွေ့အကြုံ ရှိသော
ဘွဲ့ရ ဆရာ/ ဆရာမ များသင်ကြားပေးမည်ဖြစ်ပါတယ်ရှင်

သင်ကြားနိုင်သောအတန်းများကတော့...👏

🌈 KG to G 12 (စနစ်သစ် အစိုးရကျောင်းသင်ရိုးများ)
🌈 International School Courses
🌈 English 4 skills & Grammar
🌈 Cambridge Young Learners အတန်းများ
🌈 Jolly Phonics or Oxford အတန်း များကို

🎯အိမ်အရောက်ဖြင့်သင်ကြားခြင်း
🎯One by one သင်ကြားခြင်း
🎯 Online ဖြင့် သင်ကြားနိုင်ပါတယ်ရှင့်

အသေးစိတ် သိရှိလိုပါက ....

☎️ 09959229565 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

ကလေးကို ဘယ်လိုပြောဆိုဆက်ဆံခြင်းက ကလေးနဲ့ကိုယ်ကြား နားလည်မှုမလွယ်ဘဲ ပဋိပက္ခမဖြစ်ရဘဲ ကိုယ်ပြောတဲ့စကားကို ကလေးနားလည်လက်ခံအေ...
07/01/2024

ကလေးကို ဘယ်လိုပြောဆိုဆက်ဆံခြင်းက ကလေးနဲ့ကိုယ်ကြား နားလည်မှုမလွယ်ဘဲ ပဋိပက္ခမဖြစ်ရဘဲ ကိုယ်ပြောတဲ့စကားကို ကလေးနားလည်လက်ခံအောင် ဘယ်လိုလုပ်မလဲဆိုတာမျိုးက ပညာပါပါတယ်။ ကလေးတစ်ယောက်ကို ထိန်းကျောင်းရတာက အခြားအရာတွေထက်အများကြီးခက်ပါတယ်။ အဲဒါကြောင့် သင့်နဲ့သင်ကလေးကြား မအော်ဟစ်ရဘဲ၊ မဆူပူရဘဲ အဆင်ပြေစေမယ့်နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။

(၁) သူတို့ကိုဘာကို ရပ်လိုက်ရမယ်ဆိုတာထက် ဘာလုပ်စေချင်သလဲဆိုတာကိုသာ အာရုံစိုက်ပါ။
ဒီစာသားက သင့်ရဲ့ကလေးအတွက် အရမ်းကိုမှန်ကန်စေပါတယ်။ “မပြေးနဲ့” လို့ပြောလိုက်တဲ့အခါ သင့်ကလေးရဲ့ ခေါင်းထဲမှာ ပြေးတာကိုပဲ မြင်ယောင်နေမှာပါ။ “လမ်းလျှောက်ပါ….” လို့ပြောလိုက်တဲ့အခါ သူတို့ခေါင်းထဲမှာ လမ်းလျှောက်ရမှာကို မြင်ယောင်သွားစေမှာပါ။

(၂) ချီးကျူးပေးပါ။
နည်းနည်းလေးချီးကျူးပေးလိုက်တာကတောင် အကျိုးများများရှိစေပါတယ်။ ကလေးကချီးကျူးခံရတာကို သဘောကျပါတယ်။ သင်တစ်ခုခုမလုပ်မီဖြစ်ဖြစ် လုပ်ပြီးတာဖြစ်ဖြစ် သူ့ကို ချီးကျုးပေးလိုက်တာက ဘယ်လောက်တာသွားလဲဆိုတာမျိုးသင်တွေ့ရပါလိမ့်မယ်။ ဥပမာ “ပြောစကားအရမ်းနားထောင်တဲ့ကလေးဆိုတာ မေမေသိတယ်။ အဲလိုပြောစကားနားထောင်လွန်းလို့ မေမေဂုဏ်ယူရတာ။ အဲဒါကြောင့် ငါ့သားက အတော်ဆုံးဖြစ်မှာ” အဲလိုစကားမျိုးနဲ့ချစ်တဲ့အကြောင်း တော်ကြောင်းချီးကျူးပေးလိုက်တာက အော်ဟစ်ပြီးခိုင်းတာထက်စာရင် အလုပ်ဖြစ်ပါတယ်။ အဲဒါကြောင် ကလေးကိုချီးကျူးခြင်းက မအော်မဆူဘဲ သင့်စကားကလေးနားထောင်စေမယ့်နည်းလမ်းတစ်ခုပါပဲ။

(၃) အချိန်တစ်ခုသတ်မှတ်ပေးထားပါ။ အဲဒါကို သူတို့သိပါစေ။
သင်က ဖုန်း၊ ကွန်ပျူတာ၊ စသည်ဖြင့် ကြည့်ဖို့ အချိန်က မိနစ် ၃၀ပေးထားတယ်ဆိုပါတော့။ အဲဒါဆိုရင် သင်က စသုံးမယ်ဆိုကတည်းက “ဟုတ်ပြီ…..ဖုန်းသုံးမယ်ဆိုရင် မိနစ် ၃၀ပဲဆော့ရမယ်နော်။ အချိန်ပြည့်တာနဲ့ သိမ်းရမယ်။ သဘောတူရင် မေမေပေးဆော့မယ်” ဆိုတာမျိုးနဲ့ သူ့ကို ကြိုတင်ပြောပြထားတာမျိုးပါ။ အချိန်ပြည့်လို့ “သင်က အချိန်ပြည့်ပြီ….ဖုန်းသိမ်းပါ” လို့ပြောတာနဲ့ သူတို့က မသိမ်းချင်ဖြစ်နေရင် “ ဟုတ်ပြီ…. ငါးမိနစ်ပဲထပ်ရမယ်နော်။ အချိန်ပြည့်လို့မသိမ်းရင် နောက်တစ်ခေါက်ပေးမကိုင်တော့ဘူး။ သိတယ်နော်” ဆိုပြီး သတ်မှတ်ပေးထားပါ။ အဲဒါဆို နောက်အခေါက်တွေ ဖုန်း၊ ကွန်ပျူတာသုံးမယ်ဆိုတိုင်း အချိန်ပြည့်ရင်သိမ်းမယ်၊ မသိမ်းရင်ပေးမဆော့ဘူးဆိုတာကို သိနေတဲ့အတွက် သင်လည်း ကလေးကိုအော်ဟစ်နေစရာမလိုဘဲ ကလေးက နားထောင်ပါလိမ့်မယ်။

(၄) ဖုန်းကိုချထားပါ။
ဖုန်းကိုချထားသင့်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် လုပ်ဖို့တော့ခက်ခဲပါတယ်။ သင်က ဖေ့ဘုတ်သုံးလိုက်၊ အီးမေးလ်စစ်လိုက်နဲ့မပြီးနိုင်လို့ သင့်ကလေးက သင့်ရဲ့အာရုံစိုက်မှုကို လိုချင်လာတဲ့အခါ မကောင်းတဲ့အပြုအမူမျိုးတွေ လုပ်လာတတ်ပါတယ်။ သူတို့က သင့်ဆီက အာရုံစိုက်မှုကို လိုချင်နေတာကိုး။ အဲဒါကြောင့်အော်ဟစ်ငိုယိုတာမျိုး၊ အရုပ်တွေ ကိုင်ပေါက်ပစ်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။ အဲဒါကြောင့် သင်ကိုယ်တိုင်လည်း ဖုန်းကိုအချိန်ပြည့်ကိုင်နေတာမျိုးထက် သင့်ကလေးကို အချိန်ပေးဖို့ သတိထားပါ။ အဲဒါဆို သင့်နဲ့သင်ကလေး ညှိုနှိုင်းလို့ရလာပါလိမ့်မယ်။ သူအော်ဟစ်သောင်းကျန်းတတ်တဲ့အကျင့်မဖြစ်ခင်၊ သင်ကသူ့ကို အထူးတလည်ဂရုစိုက်အချိန်ပေးတတ်ရင် သင်တကယ်အလုပ်ရှိလို့ အချိန်မပေးနိုင်တဲ့အခါ သူ့ကိုပြန်ခွင့်တောင်းလို့ရလာပါလိမ့်မယ်။ ဥပမာ။ “မေမေသားနဲ့အတူတူ ဆော့ပေးပြီးရင် မေမေရုံးအလုပ်တွေလုပ်စရာရှိတယ်နော်။ အဲဒါ မေမေ့ကိုနားလည်ပေးရမယ်။ ဟုတ်ပြီလား။ မေမေအလုပ်တွေမြန်မြန်ပြီးတော့ သားနဲ့ထပ်ဆော့တာပေါ့” ဆိုတာမျိုးပေါ့။

(၅) မေးခွန်းမေးခြင်းထက် လုပ်သင့်တာကိုပြောတတ်ပါစေ။
“ သားအရုပ်တွေကို မကောက်ဘူးလား” ဆိုတာထက် “သားအရုပ်တွေကို ပြန်ကောက်သိမ်းရမယ်နော်” ဆိုတာမျိုးက ပိုထိရောက်ပါတယ်။ “ညစာကို ဘာနဲ့စားမလဲ” ဆိုတာထက် “ညစာကို ဥနီနဲ့စားမလား၊ ပဲနဲ့စားမလား” ဆိုတာမျိုးမေးတာက ပိုထိရောက်ပါတယ်။ ပြောချင်တာက ကလေးအတွက် ဘာလုပ်မလဲဆိုတာထက် ဒါလုပ်သင်တယ်နော်လို့ အကြံပေးတဲ့စကားမျိုး၊ ရွေးချယ်စရာရှိတယ်ဆိုရင်လည်း သူရွေးသင့်တဲ့အရာတွေကိုပြောပြီး ထိုအထဲကရွေးခွင့်ပေးတာမျိုးလုပ်သင့်ပါတယ်။ ညစာကိုဘာနဲ့စားမလဲလို့မေးလိုက်ရင် ကလေးက ကျန်းမာရေးနဲ့ညီညွှတ်သည်ဖြစ်စေမဖြစ်စေ သူစားချင်တာပြောတော့မှာပါ။ ညစာကို ဥနီ ဒါမှမဟုတ် ပဲ ထဲကရွေးခိုင်းလိုက်တာက ၂ခုထဲက ဘာကိုရွေးရွေး သူ့အတွက်ကျန်းမာရေးနဲ့ညီညွှတ်တာချည်းပါပဲ။ အဲလိုရွေးခွင့်ပေးပါ။ အဲဒါက သင့်ဆုံးဖြတ်ချက်ကို သူရွေးချယ်နိုင်သလို သင်လိုချင်တာကိုလည်း သွယ်ဝှိုက်ပြီး အဖြေတောင်းလိုက်တာပါပဲ။

(၆) ကိစ္စအသေးအဖွဲတွေအတွက် စိတ်ညစ်မခံပါနဲ့။
ကလေးသဘာဝဆော့ကစား၊ အငြိမ်မနေ၊ စူးစမ်းတတ်တာ သဘာဝဆိုတာကို လက်ခံပါ။ အသေးအဖွဲလေးတွေက အစ လိုက်ကြည့်ပြီး ထိန်းမရဘူးလို့တွေးပြီး စိတ်ညစ်မခံနေပါနဲ့။ ဘာမှမဖြစ်နိုင်တဲ့ ဆော့ကစားနည်း၊ အသေးအဖွဲကိစ္စလေးတွေဆိုရင် ကလေးတွေကို မဟန့်တားဘဲ လွတ်လပ်ခွင့်ပေးလိုက်ပါ။ ကလေးဆိုတာ အရာအားလုံးကိုသင်ယူနေတုန်းမို့ သိချင်တာ၊ စူးစမ်းတာ၊ စပ်စုတာ၊ ဖန်တီးတာ စတာတွေအားလုံးတခုခုနဲ့တော့ ငြိနေမှာပါပဲ။ အရုပ်တစ်ရုပ်လိုအမြဲထိုင်ထလုပ်နေနိုင်မှာတော့မဟုတ်ပါဘူး။
အဲဒါဆိုရင်တော့ သင်နဲ့သင့်ကလေးကြားမှာ ပြောစကားနားမထောင်တာ၊ သင်အော်လိုက်မှ ရတယ်ဆိုတာမျိုး ရှိလာမှာမဟုတ်ပါဘူး။

 #စာသင်ကြားနည်း(21)နည်း #၁။ စာသင်ခန်းအတွင်း မေးခွန်းမေးမြန်းခြင်း နည်း(Questioning Method)၂။ ပုံပြောသင်ပြနည်း(story - Te...
27/12/2023

#စာသင်ကြားနည်း(21)နည်း #

၁။ စာသင်ခန်းအတွင်း မေးခွန်းမေးမြန်းခြင်း နည်း(Questioning Method)

၂။ ပုံပြောသင်ပြနည်း(story - Telling Method)

၃။ ဟောပြောဆွေးနွေးခြင်းနည်း
( Lecture Discussion Method)

၄။ ပုံပြင်ဖြတ်ဆက်နည်း။
(Strip -Story Method)

၅။ သရုပ်ပြသင်ကြားနည်း။
(Demonstration Method)

၆။ ခြုံယူဆင်ခြင်နည်း။
(Inductive Approach Method)

၇။ ပြဿနာဖြေရှင်းနည်း
(Problem Solving Method )

၈။ ရှာဖွေတွေ့ရှိခြင်းနည်း။
( Discovery Method )

၉။ စူးစမ်းရှာဖွေခြင်းနည်း
(Inquiry Learning Method)

၁၀။ ကြည့်ရှု လေ့လာခြင်းနည်း
( Observation Method)

၁၁။ သရုပ်ဆောင်သင်ကြားနည်း
( Role Playing Method)

၁၂။ ဉာဏ်ဖွင့်ဆွေးနွေးနည်း
( Brainstorming Method )

၁၃။ ပူးပေါင်းပါဝင်သင်ကြားနည်း
( Co-operative Learning Method )

၁၄။ အဆင့်ဆင့်ဆွေးနွေးနည်း
( Fish- Bowl Technique Method )

၁၅။ နှစ်ယောက်တစ်တွဲအပြန်အလှန်ပြောဆိုနည်း။ (Dyadic Exchange Method)

၁၆။ လက်တွေ့စမ်းသပ်ခန်းသုံး၍ သင်နည်း
( Laboratory Technique Method)

၁၇။ ကွင်းဆင်းလေ့လာခြင်းနည်း။
( Field Trip Method)

၁၈။ သဏ္ဍာန်တူ သရုပ်ဆောင်ကစားနည်း
( Simulation and Game Method)

၁၉။ အများသဘောတူအုပ်စုဖွဲ့ ဖြစ်စဉ်နည်း
( Nominal Group Process Method)

၂၀။ အတွေ့ကြုံအားဖြင့် သင်ယူနည်း
( Experiential Learning Method )

၂၁။ တွေး_တွဲ _ မျှဝေသင်နည်။
(Think -pair-Share Method)

သားသား၊မီးမီးလေးတွေရဲ့ပညာရေးအတွက်ခေါင်းခဲနေရပြီလား❓အိမ်ဝိုင်းကျူရှင်အတွက်သင်ကြားပေးဖို့ ဆရာမ လိုအပ်နေတယ် ဆိုရင်တော့ San ...
26/12/2023

သားသား၊မီးမီးလေးတွေရဲ့ပညာရေးအတွက်ခေါင်းခဲနေရပြီလား❓

အိမ်ဝိုင်းကျူရှင်အတွက်
သင်ကြားပေးဖို့ ဆရာမ လိုအပ်နေတယ် ဆိုရင်တော့ San Pya May Education Services ကိုသတိရလိုက်ပါရှင်။

ဘွဲ့ရပြီးသင်ကြားရေးအတွေ့အကြုံ
ရှိသော ဆရာ/ ဆရာမများဖြင့်သာသင်ကြားပေးမှာဖြစ်လို့ ပညာရေးဝန်ဆောင်မှုကို သားသားမီးမီးတို့အတွက်100% စိတ်ချရအောင် သေချာသင်ကြားပေးမှာဖြစ်ပါတယ်ရှင့်။

ဆရာ ၊ ဆရာမတွေကဘယ်လိုပုံစံတွေသင်ကြားလို့ရမှာလဲ❓

🎯 အိမ်အရောက် One by one ဖြစ်စေ / Group ဖွဲ့၍
ဖြစ်စေ
🎯 Zoom Class (Online) နှင့်ဖြစ်စေ
🎯 ဘာသာစုံ (သို့မဟုတ် ) တစ်ဘာသာချင်း သင်လို့
ရအောင် San Pya May Education Services မှ
အချိန်နှင့် ကျူရှင်လစာတွေပါ ညှိပြီး အကောင်းဆုံး
သင်ကြားပေးပါတယ်ရှင်။

သင်ကြားပေးတဲ့အတန်းတွေကတော့👩‍🏫
🌠အစိုးရသင်ရိုးသစ် ( Kg to G 12)
🌠International curriculum
(Pre_KG to primary, secondary)
🌠GED, English 4 Skills,
Grammar & Phonics,...
🌠 Other Languages တို့ကို သင်ကြားပေးပါတယ်ရှင်။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါကလည်း
☎️ 09 959229565
သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်
အကယ်၍ San Pya May Education သို့ လာတက်မည်ဆိုပါက
အမှတ် 209 ၊ စံပြ ၄ လမ်း ၊ သင်္ဃန်းကျွန်း။
သို့ လာတက်လို့ရပါတယ်ရှင့်။

"အထက်တန်း ၊ အလယ်တန်း ၊ မူလတန်း စာမေးပွဲအချိန်စာရင်းများ"
26/12/2023

"အထက်တန်း ၊ အလယ်တန်း ၊ မူလတန်း စာမေးပွဲအချိန်စာရင်းများ"

17/12/2023

သားသားမီးမီးတို့ရဲ့ ပညာရေးအတွက်
မေမေတို့ စိုးရိမ်ပူပန်နေပီလား 😇 ??

အဲ့လို စိတ်ပူပန်နေစရာ မလိုရအောင်...

San Pya May မှာ စိတ်ရှည်ပြီး စာသင်သက် အတွေ့အကြုံ ရှိသော
ဘွဲ့ရ ဆရာ/ ဆရာမ များသင်ကြားပေးမည်ဖြစ်ပါတယ်ရှင်

သင်ကြားနိုင်သောအတန်းများကတော့...👏

🌈 KG to G 12 (စနစ်သစ် အစိုးရကျောင်းသင်ရိုးများ)
🌈 International School Courses
🌈 English 4 skills & Grammar
🌈 Cambridge Young Learners အတန်းများ
🌈 Jolly Phonics or Oxford အတန်း များကို

🎯အိမ်အရောက်ဖြင့်သင်ကြားခြင်း
🎯One by one သင်ကြားခြင်း
🎯 Online ဖြင့် သင်ကြားနိုင်ပါတယ်ရှင့်

အသေးစိတ် သိရှိလိုပါက ....

☎️ 09959229565 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Education Services

ဆရာ့အရည်အသွေး ---------------------(၁) စိတ်ပါဝင်စားအောင် သင်တတ်ခြင်းသင်ကြားသည့်လုပ်ငန်းတွင် စာဖတ်ပြတတ်ရုံဖြင့် ဆရာမဟုတ်ဆ...
15/12/2023

ဆရာ့အရည်အသွေး
---------------------
(၁) စိတ်ပါဝင်စားအောင် သင်တတ်ခြင်း

သင်ကြားသည့်လုပ်ငန်းတွင် စာဖတ်ပြတတ်ရုံဖြင့် ဆရာမဟုတ်ဆိုသည်ကို အနည်းဆုံး သတိပြုနိုင်ရမည်။ ကိုယ်ကသင်သည် ကျောင်းသားက စိတ်မဝင်စားဆိုလျှင် သင်ကြားနေခြင်းမှာ အကျိုးမဲ့စွာဖြင့် လုပ်ဆောင်နေ သည့် လုပ်ရပ်ကြီးတစ်ခု ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကျောင်းသားတစ်ယောက်ကို မိမိသင်ကြားနေသည့် အပေါ်တွင် အာရုံစူးစိုက်နေစေရန် အရေးကြီးသည်။ ထိုသို့ သိနိုင်ရန်အတွက် ကျောင်းသား ဘာလိုအပ်သနည်း ဆိုခြင်းကို ဆရာက ဦးဆုံးသိနားလည်ထားရမည်။ ဘယ်လိုသင်မည်နည်း၊ ဘာကြောင့် သင်ရသနည်း၊ ဘယ်သူတွေကို သင်နေသနည်း၊ ဘယ်လောက်သင်ရမည်နည်း၊ ဘယ်တော့သင်ရမည်နည်းဆိုသည့် “ဘ” ငါးလုံးကို နားမလည်သည့် ဆရာတစ်ဦးသည် ကျောင်းသားကို ကောင်းစွာ စိတ်ပါဝင်စားအောင် သင်နိုင်မည် မဟုတ်ပေ။

(၂) ပိုင်းဖြတ်တတ်ခြင်း

ဆရာကောင်းတစ်ယောက်သည် သူ့တပည့်၏ သင်ယူနိုင်စွမ်းကို ကောင်းစွာ ပိုင်းဖြတ်နိုင်သူများဖြစ်သည်။ တပည့်တိုင်း ဉာဏ်ရည်မတူ။ မတူသည့်တပည့်များကို အားလုံး နားလည်စေရန် သင်ကြားနိုင်ခြင်းသည် ပညာဖြစ်သည်။ နိမ့်သူ မြင့်သူ တော်သူ ညံ့သူ အားလုံးတစ်တန်းတည်းထားပြီး ငါသိတာ တတ်တာတွေ လျှောက်ပြောနေ တတ်သူကို ဆရာဟု မခေါ်ပါ။ ဆရာဆိုသည်မှာ ကိုယ့်တပည့်များ နောက်တစ်ဆင့် တက်သွားနိုင်စေရန် ပို့ဆောင် နိုင်သူများ ဖြစ်ရမည်။ မည့်သူ့ကို တွန်း၊ မည်သူ့ကို ပင့်၊ မည်သူ့ကို မြှောက်၊ မည်သူ့ကို တား နောက်ဆုံးတွင် အားလုံးရောက်သွားအောင် ပို့ဆောင်ပေးနိုင်စွမ်းရှိမှသာ ဆရာဖြစ်ပါသည်။

(၃) တီထွင်ဖန်တီးဆန်းသစ်တတ်ခြင်း

ဆရာကောင်းတစ်ယောက်ဖြစ်လိုလျှင် ကိုယ်တိုင်က မျက်စိကိုဖွင့်၊ နားကို စွင့်ထားရုံသာမက ဦးနှောက်ကိုပါ လွှင့်ပေးထားနိုင်ရမည်။ အဟောင်းတွေကို ပိုကောင်းအောင် မည်သို့လုပ်မည်နည်းဆိုသည့် ဆန်းသစ်သည့် အမြင်မရှိဘဲ ဆရာကောင်းတစ်ယောက် မဖြစ်နိုင်ပေ။ ကိုယ်တိုင်လည်းလေ့လာ၊ တပည့်တွေကိုလည်း ဆန်းသစ်စွာ တီထွင်ပြီးသင်၊ လောကကို ပြောင်းလဲပြီး မြင်စေရန် အားထုတ်နိုင်စွမ်းရှိရမည်။ ဖတ်စာပါ ကမ္ဘာကြီးသည် လုံးဝန်းသော ပုံသဏ္ဍန်ရှိကြောင်း သင်ကြားနေခြင်းမှာ ရိုးနေပါပြီ။ ကျောင်းသားကို အဘယ်ကြောင့် လုံးဝန်းကြောင်း အမြင်တွေကို အထောက်အထားဖြင့် သက်သေပြခိုင်းနိုင်ရမည်။ ကိုယ်တိုင်က ဖတ်စာထဲကအတိုင်း ဆရာဖြစ်လာသည်ဆိုလျှင်လည်း ဆန်းသစ်သည့်အမြင်အတွေးတစ်ခုခုဖြင့် ကလေး များနှင့် ပူးပေါင်းအဖြေထုတ်ရန် လိုနေပြီ။

(၄) စိတ်ကောင်းရှိခြင်း

ဆရာတစ်ယောက်အတွက် အရေးအကြီးဆုံးစိတ်ထားဖြစ်သည်။ စိတ်ကောင်းထားမှ စိတ်ထားကောင်း နိုင်ပါသည်။ ဆရာက အရာရာကို အဆိုးမြင်၊ အဆိုးပြော၊ အဆိုးဝေဖန်နေလျှင် ကိုယ့်တပည့်တွေကလည်း အဆိုးသဘောကို ကောင်းသောစိတ်ထားတစ်ခုဟု ယူဆသွားနိုင်ပါသည်။ ကိုယ်သိထား တတ်ထားသည်များကို ကိုယ့်တပည့်လေးများ သိသွားပါစေဆိုသည့် စိတ်စေတနာက အရေးကြီးသည်။ တာဝန်အရလုပ်ခြင်း ဆိုသည်ထက်၊ စေတနာဖြင့် လုပ်ကိုင်ခြင်းဆိုသည်က တပည့်များကို ပိုပြီးလေးစားချစ်ခင်စေနိုင်ပါသည်။

(၅) ရှင်းရှင်းပြော၊ ပြတ်ပြတ်ပြော

ဆရာ့အသံက ကြည်လင်ပြတ်သားပြီး နားထောင်ရသူများအား စွဲဆောင်မှုရှိနိုင်စေရမည်။ ဆရာကိုယ်တိုင်က ပြောလျှင်လည်း မရှင်းလျှင်၊ မြန်လွန်းနေလျှင် တပည့်များ အာရုံစိုက်ရန် ခက်ခဲစေနိုင်သည်။ အဖြတ်အတောက်၊ အဆွဲအငင်၊ လေယူလေသိမ်း ဆရာကောင်းတစ်ယောက်အတွက် အရမ်းအရေးကြီးသည်။ ကျောင်းသား၏ စိတ်ပါဝင်စားမှုသည် ဆရာ့အသံ၊ ဟန်၊ မာန်အပေါ်တွင် များစွာတည်ကြောင်း သိစေချင်ပါသည်။ စကားကို တောရောက် တောင်ရောက် လျှောက်ပြောတတ်လျှင်လည်း ခရီးမရောက်ပါ။ ပြောချင်သည့်အကြောင်းကို ပြတ်သားစွာ မဖြတ် နိုင်ပါကလည်း ကလေးများကို အိပ်ငိုက်သွားစေနိုင်သည်။

(၆) ဦးတည်ချက်ထား

ဆရာက ဘာသင်မည်ကိုလည်း သိထားနိုင်ရမည်ဖြစ်သလို ဘယ်လောက်အတိုင်းအတာအထိ သင်မည် ဆိုခြင်းကိုလည်း ဦးတည်လာပြီး သင်ကြားပြသနိုင်ရမည်။ ဆရာတစ်ယောက်သည် သူ့ကန့်သတ်ချက် အတိုင်းအတာ အချိန်အတွင်း လှုပ်ရှားနေရသည်။ ကိုယ့်အတန်းထဲက ကလေးများသည် ဆရာတစ်ယောက်ပြီး တစ်ယောက် ပြောင်းသွားသော်လည်း မပြောင်းလဲစွာဖြင့် ငုတ်တုတ်ကျန်နေသူများဖြစ်သောကြောင့် သူတို့ အာရုံစိုက် စိတ်ဝင်စားနိုင်မည့် အတိုင်းအတာလေးလောက်သာ သင်ရန်ဦးတည်လာခဲ့ရမည်။

(၇) ကိုယ်ချင်းစာစိတ်ထားခြင်း

ကလေးတစ်ယောက်သည် ငါသင်သမျှ စိတ်ဝင်စားရမည်ဟု မသတ်မှတ်သင့်ပါ။ သူတို့၏ သင်ယူနိုင်မှုသည် သူတို့၏ အချိန်အပိုင်းအခြားအလိုက်ဖြစ်ပျက်နေသည့် ခံစားချက်တို့နှင့်လည်း သက်ဆိုင်တတ်ပါသည်။ ထမင်းဆာနေသည့် ကလေးတစ်ယောက်က ကိုယ်ကဘယ်လောက်ကောင်းအောင်သင်သည်ဖြစ်စေ စိတ်ဝင်စားမှု ရှိချင်မှရှိမည်။ သူတို့ ဟိုကြည့် သည်ကြည့် တောကြည့် တောင်ကြည့်လာလျှင် သတိပြုစေ ချင်သည်။ ကိုယ်သင်တာ များသွားပြီလား၊ နည်းနေသလား၊ သူတို့ ဘာဖြစ်လို့ အာရုံစိုက်နိုင်စွမ်းမရှိသလဲ ကိုယ်ချင်းစာစိတ်ဖြင့်သာ ပိုင်းဖြတ်ပေးနိုင်ပါသည်။

(၈) ပြောင်းလဲပြုပြင်

ကိုယ်က အကောင်းဆုံးပြင်ဆင်ခဲ့သော်လည်း သူတို့တွင် အခက်အခဲများရှိနိုင်ပါသည်။ ငါပြင်ခဲ့တဲ့အတိုင်း တာဝန်ကျေ သင်သွားမည်ဆိုလျှင် ဖြစ်နိုင်ပါသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအလိုက် ကိုယ်သင်ကြားမှု အနေအထားပုံစံများကို ပြောင်းလဲပြုပြင် သင်ကြားနိုင်သူများဖြစ်ရန်လိုသည်။

(၉) စက်ရုပ်လား ပညာရှင်လား

စာဖတ် စာရွတ်ပြခြင်းသည် ဆရာမှမဟုတ် စက်ရုပ်များလည်း လုပ်နိုင်ပါသည်။ စပိန်နိုင်ငံတွင် ကျူရှင်ဆရာ များကို စက်ရုပ်များဖြင့် တီထွင်နေသည်။ ကျောင်းသားသိချင်သည့် စာများကို စက်ရုပ်ဆရာက ရွတ်ပြနေလိမ့် မည်။ ဆရာဆိုသည်မှာ ပညာရှင်ဖြစ်သည်။ ကလေး၏စိတ်နှင့် ကလေး၏ အနေအထားအလိုက် တန်ဖိုးကို တွက်ဆကာ သင်ကြားနိုင်ရသည်။

(၁၀) ထာဝရကျောင်းသား

ဆရာဆိုသည်မှာ ထာဝရကျောင်းသားတစ်ဦးဖြစ်နေသင့်သည်။ ဘွဲ့ သို့မဟုတ် သင်တန်းတစ်ခုခုက ဆရာ တစ်ဦးကို အဆင့်အနေအထား သတ်မှတ်ပေးလိုက်ခြင်းသာဖြစ်သည်။ ဆရာကို ထာဝရပညာရှင်တစ်ယောက် အနေဖြင့် အသိအမှတ်ပြုလိုက်ခြင်းမဟုတ်ပါ။ ဆရာဆိုသည်မှာ ထာဝရလေ့လာသင်ယူနေသည့် ကျောင်းသား ကြီးများဖြစ်ရန်လိုသည်။ ဘဝထဲမှာ သင်ယူနိုင်သည်၊ စာအုပ်စာပေများ မပြတ်လေ့လာ သင်ယူနိုင်သည်။ တိုးတက်လာသည့်ခေတ်တွင် ခေတ်နှင့် မျက်ခြေမပြတ် ကွန်ပျူတာ အင်တာနက်များထဲတွင်လည်း သင်ယူနိုင်ရမည်။ သင်ယူခြင်းသည် သင်ကြားခြင်းအတွက် အားဆေးများဖြစ်သည်။ ပညာကို ဆက်မရှာလျှင် ခေတ်နောက်ကျကျန်ခဲ့သော ဆရာများဖြစ်သွားပါလိမ့်မည်။

(Qualities of Good Teacher)

(Photo Credit: Hindustan Times)

တင်ညွန့်

ကလေးတွေကို ထူးချွန်အောင် ဟော သည်လို ပြုစု ပျိုးထောင်ပါ . . . ( ဆုတင် မှတ်စု )++++++++++++++၁။ နေ့တိုင်း အနည်းဆုံး နာရီ၀က...
06/12/2023

ကလေးတွေကို ထူးချွန်အောင်
ဟော သည်လို ပြုစု ပျိုးထောင်ပါ . . .
( ဆုတင် မှတ်စု )
++++++++++++++

၁။ နေ့တိုင်း
အနည်းဆုံး နာရီ၀က်ခန့်
သင့်ကလေးနဲ့ အတူ
သူတို့စိတ်၀င်စားတဲ့
အကြောင်းအရာ တစ်ခုခုကို
ဆွေးနွေး တိုင်ပင်ပါ။

၂။ ကလေးကို ငယ်စဉ်ကစပြီး
သန့်ရှင်းရေး ကို နှစ်သက်ပါစေ။
တစ်ကိုယ်ရည် သန့်ရှင်းရေး
ဂရုပြု နိုင်ပါစေ။

၃။ စိတ်ရှည်ရှည်ထားပြီး
ကလေး၏ စိတ်တွင်းစကားကို
နားထောင်ပေးပါ။
ထောက်ခံအားပေးသည့်
ပုံစံမျိုးဖြင့်
နားထောင်ပေးပါ။

၄။ ကလေးကို
သတိပေးတယ်ဆိုပြီး
အနာဟောင်းကို တုတ်ဖြင့်
ခဏခဏ မဆွပါနှင့်၊
သတိပေးစကား
ခဏခဏ ပြောမိလျင်၊
ကိုယ်ပြောချင်တာပြော၊
သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။

၅။ ကလေး၏ အပြစ်ကိုတွေ့လျင်
လေးလေးနက်နက် ပြောပြပေးပါ။
ဆွေးနွေးပေးပါ။
အပြစ် မှ တစ်ဆင့်
ဖြစ်ပေါ်တတ်သော
နောက်ဆက်တွဲ အကျိုးများကို
ကလေးနားလည်အောင်
ပြောပြပေးပါ။

၆။ မိမိ အကောင်အထည်
မဖေါ်နိုင်ခဲ့သော
မိမိ၏ ရည်ရွယ်ချက်များကို
ကလေးထံမလွှဲပြောင်းပါနှင့်၊
ကိုယ်က ဆရာ၀န်မဖြစ်ခဲ့လို့၊
စစ်ဗိုလ်မဖြစ်ခဲ့လို့၊ စသည်ဖြင့်
ကလေးကို
အကောင်အထည်
ဖေါ်ခိုင်းတာမျိုး
လုံးဝရှောင်ကျဉ်ပါ။

ရ။ ကလေးကို
အဖိုးအဖြားအနားမွာ
နှစ်ချီထားတာမျိုး
မပြုလုပ်ပါနှင့်၊
မြေး မှာအနှစ်၊
အနှစ်လွန်လျင် မကောင်းပါ။

၈။ ကလေးကို စိတ်ရှည်ရှည်ဖြင့်
ပုံပြင်စာအုပ် ဖတ်ပြပါ။
ပြန်ပြောပြခိုင်းပါ။
သူ့ အယူအဆလေးတွေကို
မေးကြည့်ပါ။
ထောက်ခံပေးပါ။

၉။ ကလေး၏ အပြုအမူ၊
အပြောအဆို၊ တိုးတက်မူ
စသည်တို့ကို သုံးသပ်ပြီး
နေ့စဉ် ကလေးအတွက်
တိုးတက်နိုင်စရာ
နည်းလမ်းတစ်ခုခု၊
အားပေးနိုင်စရာ
နည်းလမ်းတစ်ခုခု
စဉ်းစားပေးပါ။
အချိန်ကြာလာသည်နှင့်အမျှ
အလွန်ထိရောက်သည်ကို
တွေ့ရှိလာပါလိမ့်မည်။

၁၀။ ကလေးကို
စိတ်ရင်းကောင်း ရှိအောင်
ငယ်စဉ်ကတဲက မွေးမြူပါ။
အကောင်းဆုံးနည်းလမ်းမှာ
ကလေးရှေ့မှာ
မည်သူတစ်ဦးတစ်ယောက်၏
မကောင်းကြောင်းကို
မပြောမိပါစေနှင့်၊

၁၁။ ကလေးကို
ပြုံးတတ်အောင်
သင်ထားပေးပါ။
အလွယ်ကူဆုံး နည်းလမ်းမှာ
ကိုယ်အရင် ပြုံးပါ။

၁၂။ ကလေးကို
လွယ်လွယ် နှင့်
ကတိမပေးပါနှင့်၊
ပေးမိလျင်လည်း
အကောင်အထည်
ရအောင်ဖေါ်ပေးပါ။

၁၃။ ကိုယ့်ကလေး က
ဘယ်ကလေးထက် ညံ့တယ်၊
အားနည်းတယ် စသည်ဖြင့်
မည်သည့်အခါမှ မပြောမိပါစေနှင့်.၊

၁၄။ ကလေးပြီးမြောက်ထားသော
အလုပ်ထဲတွင် ချီးကျူးနိုင်စရာကို
ရအောင်ရှာဖွေပြီး ချီးကျူးပေးပါ။

၁၅။ ကလေးကို မည်သည့်အခါမှ
မချိန်းချောက်ပါနှင့်၊

၁၆။ လူရှေ့သူရှေ့ မှာ
မည်သည့်အခါမှ
မိမိကလေးကို ဝေဖန်ခြင်း၊
ဆဲဆိုခြင်း မပြုလုပ်ပါနှင့်။
ကလေး အနေဖြင့်
မိမ်ိကိုယ်မိမိ ယုံကြည်မူ
ထိခိုက်တတ်ပါသည်။

လက်ဦးဆရာ မိဘ များ
သတိရှိနိုင်ကြပါစေခင်ဗျား . . ။

Credit

Address

စံပြ 7လမ်း ၊ သင်္ဃန်းကျွန်း ။
Yangon

Telephone

+959959229565

Website

Alerts

Be the first to know and let us send you an email when San Pya May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share