04/01/2023
Official Page ကို Like & Follow လုပ်ပေးကြဖို့
ဖေဖေမေမေ နဲ့ မိတ်ဆေါများအားလုံးကို
အကူအညီတောင်းပါတယ်နော်
ရင်သွေးဥယျာဉ် Pre-school Page ကနေပဲ
Update informationတွေ
တင်ပေးသွားပါ့မယ်ရှင့်
ရင်သွေးဥယျာဉ် Pre-school ရဲ့
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐚𝐠𝐞 ပါ
ရင်သွေးဥယျာဉ် Pre-school အနေနဲ့
၂၀၂၃ နှစ်သစ်ကစပြီး ပိုကောင်းတဲ့
စိတ်ကူးအသစ်တွေ အစီအစဉ်အသစ်တွေ ကိုပုံဖော်ဖို့
စီမံခန့်ခွဲမှုတွေ ပိုပြီး စနစ်ကျစေဖို့ နဲ့
Informationတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐚𝐠𝐞 လေး ဖွင့်လိုက်ပါတယ်
Page အဟောင်းမှာ တင်ထားတဲ့
သားသား မီးမီးတို့ရဲ့ Activity တွေ
လှုပ်ရှားမှု ပုံရိပ်တွေကို မဖျက်ပေမယ့်
အသစ် အသစ်တွေကိုတော့ နှစ်သစ်ကစပြီး
Page အသစ်ကနေပဲ တင်ပေးသွားမှာမို့
Like & Follow လေး လုပ်ထားပေးကြဖို့
တောင်းဆိုပါတယ်ရှင်
#ရင်သွေးဥယျာဉ်
#သားသားမီးမီးတို့အတွက်လုံခြုံစိတ်ချပညာပြည့်ဝစေမယ့်ကျောင်း
03/01/2023
ချစ်ရတဲ့ ကြယ်လေးတွေရေ 💞💞💞 လွတ်လပ်ရေးနေ့ ကျောင်းတွင်းအားကစားပြိုင်ပွဲ အတွက် အဆင်သင့် ပြင်ဆင် ပြီးနေပါပြီနော်
အကောင်းဆုံး ကြိုးစားပြီး ယှဥ်ပြိုင် ကြလိမ့်မယ်လို့
ေမျှာ်လင့်ပြီး Tr တို့က ကျောင်းကနေ စောင့်ကြို နေပါတယ်နော် 😍😍😍
Fighting အသည်းလေးတို့ 🎁🎁🎁
02/01/2023
ဖေဖေ မေမေတို့ရှင့်
ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက် မယ့်
“၇၅နှစ်မြောက်
စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်” အဖြစ်
ရင်သွေးဥယျာဉ် Preschool က
သားသား မီးမီးတို့အတွက်
Activity လေးတစ်ခု စီစဉ် ထားပါတယ်
ကျန်းမာသန်စွမ်းမှု ၊
တစ်ဦးချင်းရဲ့ ဖြတ်ထိုးဥာဏ်၊
အသင်းအဖွဲ့လိုက်စွမ်းဆောင်ရည်၊
ဘာသာစကား အကြားအာရုံနဲ့
လမ်းညွှန်ချက်စည်းကမ်းတွေကို နာခံတတ်မှုအပြင်
စိတ်အားထက်သန်မှုတွေပါ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီး
အားကစားပြိုင်ပွဲလေးစီစဉ်ထားပါတယ်
ဖေဖေမေမေ တို့အနေနဲ့ 3.1.2023
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအကြိုနေ့မှာ
ပျော်ရွှင်တက်ကြွ လွတ်လပ်စွာ ကစားကြမယ့်
ရင်သွေးငယ်လေးတွေကို
အင်္ကျီပန်းရောင်လေး ဝတ်ဆင်ပေးလိုက်ကြဖို့နဲ့
ပုံမှန်ကျောင်းချိန်အတိုင်း နောက် မကျစေပဲ ပို့ဆောင်ပေးကြဖို့
မေတ္တာရပ်ခံပါတယ်ရှင်
#ရင်သွေးဥယျာဉ်
02/01/2023
လွတ်လပ်ရေးနေ့ အကြို
ကျောင်းတွင်း အားကစား ပြိုင်ပွဲ အတွက်
ကလေးအရေအတွက် 50စာ ပဲနို့ ဘူး🧃🧃🧃
supporting ပေးပါသော Pre Kg class မှ သားလေး
စစ်သွေးနိုင်နှင့် ဖေဖေမေမေတို့အား
ရင်သွေးဥယျာဥ် မိသားစု မှ ကျေးဇူး တင်ရှိပါတယ်ရှင့်
02/01/2023
လွတ်လပ်ရေးနေ့ အကြို ကျောင်းတွင်း အားကစား ပြိုင်ပွဲ အတွက် ကလေးအရေအတွက် 50စာ Vito အအေးဘူး supporting ပေးပါသော G1 class မှ သမီးငယ်လေး
သွန်းရတီဦး နှင့် ဖေဖေမေမေတို့အား
ရင်သွေးဥယျာဥ် မိသားစု မှ ကျေးဇူး တင်ရှိပါတယ်ရှင့်