သတိပြုနိုင်ပါရန်
Thanlwin Education Services Co., Ltd
Think Ahead
Do Reality
Raise Dignity
07/02/2020
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏
လုပ်ငန်းခွဲတစ်ခုဖြစ်သော
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
(၂၀၂၀-၂၀၂၁)ပညာသင်နှစ်တွင်
ကျောင်းသားအင်အား
ထပ်မံတိုးမြှင့်လက်ခံသွားမည်ဖြစ်သည့်အတွက်
လိုအပ်သော
သင်ကြားရေးဝန်ထမ်းဆရာ/ဆရာမများအား
ဒုတ်ယအကြိမ်(ထပ်မံ၍)
အောက်ဖေါ်ပြပါအတိုင်းခေါ်ယူအပ်ပါသည်။
လျှောက်ထားသူ၏ကိုယ်ရေးအချက်အလက်ပုံစံများအား
www.thanlwinprivateschool.com တွင်
download ရယူကာပြည့်စုံမှန်ကန်စွာဖြည့်စွက်ပြီး
လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ
ဝန်ထမ်းရေးရာဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း
[email protected] သို့
email ပေးပို့၍သော်လည်းကောင်း
လျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း(မင်္ဂလာဒုံ)
ဝန်ထမ်းရေးရာဌာန ၀၉-၉၅၂၂၄၂၄၂၂သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
08/01/2020
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်အသစ်ထပ်မံခေါ်ယူသော
အထက်တန်းဘာသာပြ(ဆရာ/ဆရာမ)
အလယ်တန်းဘာသာပြ(ဆရာ/ဆရာမ)
မူလတန်းပြ(ဆရာ/ဆရာမ)
သင်ကြားရေးအကူ နှင့်
ထပ်ဆောင်းသင်ရိုး(ဆရာ/ဆရာမ)ရာထူးများအတွက်
ပထမအဆင့် ရေးဖြေစစ်ဆေးခြင်းနှင့်
စိတ်အခြေအနေစစ်ဆေးခြင်း(ရေးဖြေ)ကို
ကျင်းပစစ်ဆေးခဲ့ရာ စိတ်ပါဝင်စားစွာဖြင့်
လာရောက်ဖြေဆိုပေးခဲ့သော
ဆရာ/ဆရာမများအားလုံးကို
အထူးပင်ကျေးဇူးတင်ရှိပါသည်။
ဒုတိယအဆင့် လက်တွေ့သရုပ်ပြမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်းနှင့်စိတ်စစ်ဆေးခြင်း(လူတွေ့)ကို
ဆက်လက်ဖြေဆိုကြရမည့်စာရင်းအား
အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
ဖြေဆိုမည့်ဆရာဆရာမများအနေဖြင့်
မိမိလျှောက်ထားသောဘာသာရပ်အလိုက်
သင်ခန်းစာပြင်ဆင်မှု Lesson Plan ကိုကြိုတင်ပြင်ဆင်ပြီး
တင်ပြပေးနိုင်ပါရန်နှင့်
လက်တွေ့သင်ကြားခြင်းမိနစ် ၄၀ စာ
အတွက်ပါပြင်ဆင်လာနိုင်ပါရန် ဖော်ပြအပ်ပါသည်။
သင်ကြားရေးအကူ လျှောက်ထားသူများအနေဖြင့်
Early Childhood Care and Development နှင့်
ပတ်သက်၍
ပညာသင်ကြားရန်အားယူနေဆဲ ကလေးသူငယ်များကို
ပြုစုပျိုးထောင်သည့်နည်းလမ်းများ
(physical, cognitive,
language, social and emotional development )
ကိုအသုံးပြုလျှက် မိနစ် ၃၀ စာ သင်ကြားမှုအတွက်
ကြိုတင်ပြင်ဆင်လာနိုင်ရန် ဖော်ပြအပ်ပါသည်။
လက်တွေ့သရုပ်ပြသမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်းနှင့်
စိတ်စစ်ဆေးခြင်း (လူတွေ့)အတွက်
ရက်စွဲ၊ အချိန်နှင့်နေရာတို့ကို
Thanlwin Education Services, HR Department မှ
တယ်လီဖုန်းဖြင့်တစ်ဦးချင်းဆက်သွယ်
အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
25/11/2019
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏
လုပ်ငန်းခွဲတစ်ခုဖြစ်သော
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
(၂၀၂၀-၂၀၂၁)ပညာသင်နှစ်အတွက်လိုအပ်သော
သင်ကြားရေးဝန်ထမ်းများအား
အောက်ဖေါ်ပြပါအတိုင်းခေါ်ယူအပ်ပါသည်။
(၂၄-၁၁-၂၀၁၉)ရက်နေ့
ကြေးမုံသတင်းစာနှင့်
(၂၅-၁၁-၂၀၁၉)ရက်နေ့
မြန်မာ့အလင်းသတင်းစာများတွင်လည်း
အလုပ်လျှောက်လွှာခေါ်ယူခြင်းကို
ထည့်သွင်းကြေငြာပေးသွားမည်ဖြစ်ပါသည်။
လျှောက်ထားသူ၏ကိုယ်ရေးအချက်အလက်ပုံစံများအား
www.thanlwinprivateschool.com တွင်
download ရယူကာပြည့်စုံမှန်ကန်စွာဖြည့်စွက်ပြီး
လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ
ဝန်ထမ်းရေးရာဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း
[email protected] သို့
email ပေးပို့၍သော်လည်းကောင်း
လျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း(မင်္ဂလာဒုံ)
ဝန်ထမ်းရေးရာဌာန ၀၉-၉၅၂၂၄၂၄၂၂သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
27/08/2019
https://www.facebook.com/442284696102718/posts/967096490288200?sfns=mo
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းမှ ကျောင်းသား/သူများ MRTV သို့ လာရောက်လေ့လာ
25/02/2019
Thanlwin Education Services က
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက်အသစ်ထပ်မံခေါ်ယူသော
အထက်တန်းဘာသာပြ(ဆရာ/ဆရာမ)
အလယ်တန်းဘာသာပြ(ဆရာ/ဆရာမ)
မူလတန်း(အငယ်တန်း) နှင့်
သင်ကြားရေးအကူရာထူးများအတွက်
ပထမအဆင့် ရေးဖြေစစ်ဆေးခြင်းနှင့်
စိတ်အခြေအနေစစ်ဆေးခြင်း(ရေးဖြေ)ကို
ကျင်းပစစ်ဆေးခဲ့ရာ စိတ်ပါဝင်စားစွာဖြင့်
လာရောက်ဖြေဆိုပေးခဲ့သော
ဆရာ/ဆရာမများအားလုံးကို
အထူးပင်ကျေးဇူးတင်ရှိပါသည်။
ဒုတိယအဆင့် လက်တွေ့သရုပ်ပြမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်းနှင့်စိတ်စစ်ဆေးခြင်း(လူတွေ့)ကို
ဆက်လက်ဖြေဆိုကြရမည့်စာရင်းအား
အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
ဖြေဆိုမည့်ဆရာဆရာမများအနေဖြင့်
မိမိလျှောက်ထားသောဘာသာရပ်အလိုက်
သင်ခန်းစာပြင်ဆင်မှု Lesson Plan ကိုကြိုတင်ပြင်ဆင်ပြီး
တင်ပြပေးနိုင်ပါရန်နှင့်
လက်တွေ့သင်ကြားခြင်းမိနစ် ၄၀ စာ
အတွက်ပါပြင်ဆင်လာနိုင်ပါရန် ဖော်ပြအပ်ပါသည်။
သင်ကြားရေးအကူ လျှောက်ထားသူများအနေဖြင့်
Early Childhood Care and Development နှင့်
ပတ်သက်၍
ပညာသင်ကြားရန်အားယူနေဆဲ ကလေးသူငယ်များကို
ပြုစုပျိုးထောင်သည့်နည်းလမ်းများ
(physical, cognitive,
language, social and emotional development )
ကိုအသုံးပြုလျှက် မိနစ် ၃၀ စာ သင်ကြားမှုအတွက်
ကြိုတင်ပြင်ဆင်လာနိုင်ရန် ဖော်ပြအပ်ပါသည်။
လက်တွေ့သရုပ်ပြသမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်းနှင့်
စိတ်စစ်ဆေးခြင်း (လူတွေ့)အတွက်
ရက်စွဲ၊ အချိန်နှင့်နေရာတို့ကို
Thanlwin Education Services, HR Department မှ
တယ်လီဖုန်းဖြင့်တစ်ဦးချင်းဆက်သွယ်
အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
14/02/2019
(၂၀၁၉-၂၀၂၀)ပညာသင်နှစ်အတွက်
အသစ်ထပ်မံခေါ်ယူသော သင်ကြားရေးဆရာဆရာမများ၏
ဝင်ခွင့်ရေးဖြေစာမေးပွဲများကို
၁၆-၂-၂၀၁၉
------------
နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ၂၀ မိနစ်အထိ တွင်
မြန်မာစာ၊အင်္ဂလိပ်စာ၊သချာင်္ ရေးဖြေ
(ထက်ပြ၊လယ်ပြ၊မူပြ၊
သင်ကြားရေးအကူနှင့် ကွန်ပြူတာဆရာ အားလုံး)
နေ့လည် ၁နာရီ၃၀မိနစ်မှ ၃ နာရီ ၄၀ မိနစ်အထိ တွင်
သက်ဆိုင်ရာဘာသာအလိုက်
Lesson Plan ရေးဆွဲမှုစစ်ဆေးခြင်း
(ထက်ပြနှင့်လယ်ပြ ဆရာဆရာမများသာ)
ကိုယ်ဟန်အနေအထား၊လက်ရေးလက်သားနှင့်
အသံကြည်လင်ပြတ်သားမှု ပဏာမစစ်ဆေးခြင်း
(မူပြနှင့် သင်ကြားရေးလက်ထောက် ဆရာဆရာမများသာ)
ကွန်ပြူတာသင်ကြားမှုလက်တွေ့ဆန်းစစ်ခြင်း
(ကွန်ပြူတာလက်ထောက်ဆရာဆရာမများသာ)
ကိုစစ်ဆေးသွားမည်ဖြစ်ပါသည်။
၁၇-၂-၂၀၁၉
-----------
နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီအထိ
စိတ်အခြေအနေစစ်ဆေးခြင်း (ရေးဖြေ)
ကိုစစ်ဆေးသွားမည်ဖြစ်ပါသည်။
ရေးဖြေဖြေဆိုသည့် နေ့ရက်များတွင်
-ပြည်လမ်း (အမှတ် ၂ လမ်းမကြီး)ခရေပင်လမ်းခွဲ
(လှသောင်းကျောင်းအနီး)နှင့်
- အမှတ် ၃ လမ်းဆုံ
(ဇေကမ္ဘာဝင်းထိပ်)နေရာများတွင်
Thanlwin Private School မှ Ferry များဖြင့်
ကြိုဆိုပေးသွားမည်ဖြစ်ပါသည်။
ဖြေဆိုခွင့်ကဒ်ပြားများကို
ယနေ့ (၁၄-၂-၂၀၁၉)ရက်နေ့မှစတင်ပြီး
ဝန်ထမ်းရေးရာဌာနတွင်ထုတ်ယူနိုင်ပါသည်။
18/01/2019
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏
လုပ်ငန်းခွဲတစ်ခုဖြစ်သော
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
(၂၀၁၉-၂၀၂၀ )ပညာသင်နှစ်အတွက်လိုအပ်လျှက်ရှိသော
သင်ကြားရေးဝန်ထမ်းများကို
အောက်ဖေါ်ပြပါအတိုင်းခေါ်ယူအပ်ပါသည်။
မနက်ဖြန်(၁၉-၁-၂၀၁၉)ရက်နေ့
မြန်မာ့အလင်းသတင်းစာနှင့်
နေ့စဉ်ထုတ်သတင်းစာများတွင်လည်း
အလုပ်လျှောက်လွှာခေါ်ယူခြင်းကို
ထည့်သွင်းကြေငြာပေးသွားမည်ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း(မင်္ဂလာဒုံ)
ဝန်ထမ်းရေးရာဌာန ၀၉-၉၅၂၂၄၂၄၂၂သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
🎓၂၀၁၈-၁၉ ပညာသင်နှစ်မှာ
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
တက်ရောက်နေကြသည့်
ကျောင်းသား/ကျောင်းသူ (၉၀၀) ခန့်ရဲ့
တစ်နေ့တာလှုပ်ရှားမှုအချို့ကို
မှတ်တမ်းတင်ထားတဲ့ Short movie clip လေးကို
တင်ထားပေးပါတယ်..
🔷ပညာသင်နှစ်အစဖြစ်တဲ့အချိန်ဖြစ်တဲ့
ဂျွန်လမှာတော့ ..
၁-ကျောင်းစည်းကမ်းများကို
ကျောင်းသားများက စုပေါင်းရေးဆွဲခြင်း၊
၂-နိုင်ငံတော်အလံတင်ခြင်းနှင့်အလေးပြုခြင်းများအတွက်
လေ့ကျင့်ခြင်း၊
၃-သတ်မှတ်ရက်အလိုက် ကျောင်းတန်းစီခြင်းနှင့်
ကျောင်းအုပ်ကြီးရဲ့ သြဝါဒနာခံခြင်း၊
၎-ပြည်သူ့နီတိများနှင့်တာဝန်ဆိုင်ရာဆွေးနွေးခြင်း၊
၅-ဆရာ/ဆရာမများအနေနဲ့ သင်ကြားလေ့ကျင့်ပေးကြမည့်
ဘာသာရပ်အလိုက် သင်ခန်းစာများမိတ်ဆက်ခြင်း၊
၆-Art appreciation အတွက်မိတ်ဆက်ခြင်း၊
၇-Music appreciation အတွက်မိတ်ဆက်ခြင်း၊
၈-Physical Development အတွက်မိတ်ဆက်ခြင်း၊
၉-Science မိတ်ဆက်ခြင်း..များကိုဆောင်ရွက်လျှက်ရှိပါတယ် ..
🔷ယခုလ(ဂျွန်လ)အတွင်းမှာ
၁-ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆွေးနွေးဟောပြောပွဲ
ဆောင်ရွက်ခြင်း၊(၇-၆-၂၀၁၈)
၂-ကျောင်းကျန်းမာရေး ရက်သတ္တပါတ်အဖြစ်
ကျောင်းသားတိုင်းကို သွားနှင့်ခံတွင်းစစ်ဆေးခြင်း၊
(ဂျွန်လ-တတိယရက်သတ္တပါတ်အတွင်း)
၃-ကျန်းမာရေးအခြေခံဖြစ်သော
ပြင်ပသွင်ပြင်လက္ခဏာများကိုစစ်ဆေးခြင်း
(သွေးဖောက်ခြင်း/သွားနူတ်ခြင်းများကို
ဆောင်ရွက်မည်မဟုတ်ပါ/အမြင်အာရုံအနေအထားအရ
အခန်းတွင်း ထိုင်ခုံနေရာချထားခြင်းနှင့်
လိုအပ်ပါက မိဘထံ အမြင်အာရုံအခြေအနေ
သတင်းပေးပို့ခြင်း)
(က) အရပ်/ကိုယ်အလေးချိန် တိုင်းတာမှတ်တမ်းယူခြင်း
(ခ) သွေးအားနည်းရောဂါ ခံစားနေရမှုရှိမရှိစစ်ဆေးခြင်း
(ဂ) အသည်းရောင်အသားဝါရောဂါရှိမရှိစစ်ဆေးခြင်း
(ဃ)အရေပြားကူးစက်ရောဂါရှိမရှိစစ်ဆေးခြင်း
(င) အသည်း/နှလုံး/အဆုတ် ပုံမှန်အနေအထားရှိမရှိစစ်ဆေးခြင်း
(စ) အမြင်အာရုံအခြေအနေ စစ်ဆေးခြင်း .
စတာတွေဆောင်ရွက်ပြီး ထူးခြားတွေ့ရှိချက်ပေါ်မူတည်ပြီး
အုပ်ထိန်းသူ/မိဘ များနှင့် ကျန်းမာရေးဆိုင်ရာ
ဆွေးနွေးတိုင်ပင်ခြင်း၊
၎-တစ်ကိုယ်ရည်သန့်ရှင်းမှု ပညာပေးဟောပြောခြင်းစသည့်
ကျောင်းတွင်းလှုပ်ရှားမှုများကို ဆောင်ရွက်မှာဖြစ်ပါတယ် ...
🔴မိမိကလေးရဲ့ ကျန်းမာရေးအနေအထားပေါ်မူတည်ပြီး
အထူးပြုစေလိုသောကိစ္စရပ်များကို ကျောင်းရုံးမှတစ်ဆင့်
ကျောင်းကျန်းမာရေးအရာရှိ(တာဝန်ခံဆရာဝန်)နှင့်
ကျောင်းဆေးခန်းဆရာဝန် တို့ထံဆက်သွယ်ပြီး
ဆွေးနွေးခြင်းပြုလုပ်နိုင်ပါတယ်..
လိုအပ်သည့် ဆေးကုသခြင်းမှတ်တမ်းမိတ္တူများအား
ကျောင်းဆေးခန်းသို့ပေးအပ်ခြင်း
(အထူးဂရုစိုက်ရမည့် ကလေးအတွက် လိုအပ်ပါတယ်.
ကုသမှုရာဇဝင်သိထားမှသာ
အရေးပေါ်အခြေအနေမှာ ဆိုင်ရာဆရာဝန်ကြီးများထံသို့
အချိန်တိုအတွင်း ပို့ဆောင်နိုင်စေရန် ဖြစ်ပါတယ်)
🚍ကျောင်းဖွင့်စဖြစ်တာကြောင့်
လမ်းများပေါ်တွင် မိဘကားများပိုမိုအသုံးပြုရခြင်း၊
တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်ယူသည့်ကာလဖြစ်ခြင်းနှင့် ကျောင်းကားလမ်းကြောင်းများကို
ပြန်လည်ချိန်ညှိနေသည့်ကာလဖြစ်ခြင်းကြောင့်
School Bus service ရယူထားသော ကျောင်းသားများ အနေနဲ့ ယာဉ်စီးချိန် လိုအပ်သည့်အချိန်ထက်
ပိုမိုကြာမြင့်ခြင်းအချို့ဖြစ်ပေါ်နေတဲ့အပေါ်မှာ
ရက်တိုအတွင်း အဖြစ်နိုင်ဆုံးသော အနေအထားဖြစ်စေရေး
ဆောင်ရွက်လျှက်ရှိပြီး အဆင်မပြေမှု များရှိပါက
ကျောင်းရုံးသို့ ဆက်သွယ်ပေးစေလိုပါတယ် ..
25/01/2018
၂၁ ရာစုအတွက်လိုအပ်သော
ကာယ ၊ဉာဏစွမ်းရည်တိုးတက်စေမည့်သင်ခန်းစာများ
သင်ကြားပေးမည့် သံလွင်။
သင်ယူဖန်တီးမှုစွမ်းရည်
ခွဲခြမ်းစိတ်ဖြာသင်ယူနိုင်မှုစွမ်းရည်
ခေါ်င်းဆောင်မှုစွမ်းရည်များကို
သင်ယူတတ်မြောက်စေမည့် သံလွင်။
သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်းကို
၂၀၁၈/၁၉ ပညာသင်နှစ်မှစတင်၍
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းအဖြစ်
တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
လာမည့်ပညာသင်နှစ်တွင်
တက်ရောက်လိုသောကျောင်းသားကျောင်းသူများအတွက်
ကြိုတင်စာရင်းပေးသွင်းခြင်းကို
လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
(၂၀၁၇-၁၈ ပညာသင်နှစ်မှာ
သံလွင်ကျောင်းကိုတက်ရောက်ကြသော
ကျောင်းသားများအတွက်က
မနှစ်က သတ်မှတ်ထားသော
ကျောင်းလခ အတိုင်းဖြစ်ပါသည်)
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
No. (6/1) Yan Aung Street 3, Yankin Township
Yangon
Opening Hours
| Monday | 21:30 - 17:00 |
| Tuesday | 09:30 - 17:00 |
| Wednesday | 09:30 - 17:00 |
| Thursday | 09:30 - 17:00 |
| Friday | 09:30 - 17:00 |
| Saturday | 09:30 - 12:00 |