Hidden Gem English Class

Hidden Gem English Class Hidden Gem English 4 Skills Class
Darbein, Hlegu Township, Yangon

26/04/2026

ပြောသားပဲ.....အစောထဲက

နွေရာသီမှာ အကျိုးရှိဖို့
Hidden Gemကိုလှမ်းခဲ့လို့😊

26/04/2026
26/04/2026

Class A အတန်းက
Abacus Maths တွက်ချက်တဲ့
အသက်၅နှစ်ခွဲ မီးမီးလေး Orchid

နွေရာသီမှာ English အပြင် ပန်းချီ၊ လက်မှုအတန်းလေးရောမို့ သားသား၊ မီးမီများအရမ်းပျော်Class Aရဲ့ ဖန်တီးမှု🥰🥰🥰
01/04/2026

နွေရာသီမှာ English အပြင် ပန်းချီ၊ လက်မှုအတန်းလေးရောမို့ သားသား၊ မီးမီများအရမ်းပျော်

Class Aရဲ့ ဖန်တီးမှု🥰🥰🥰

ကလေးအတန်း နွေရာသီ ပန်းချီလက်ရာများ
01/04/2026

ကလေးအတန်း နွေရာသီ ပန်းချီလက်ရာများ

📣ကျောင်းပိတ်ရက်ရှည်မှာ သားသားမီးမီးတို့ ဖုန်းကြည့်ချိန်လေး လျော့သွားပြီး အနာဂတ်အတွက် တကယ်အသုံးဝင်မယ့် အရည်အချင်းတစ်ခုခု ...
10/02/2026

📣ကျောင်းပိတ်ရက်ရှည်မှာ သားသားမီးမီးတို့ ဖုန်းကြည့်ချိန်လေး လျော့သွားပြီး အနာဂတ်အတွက် တကယ်အသုံးဝင်မယ့် အရည်အချင်းတစ်ခုခု ရရှိစေချင်ပါသလား?

📢 အသစ်ထပ်မံ ထည့်သွင်းဖွင့်လှစ်ထားသော Abacus (ပေသီးသင်္ချာ) class ပါဝင်သော "Hidden Gem Summer Program" ကို အခုပဲ Joinလိုက်ပါ!

🧮 Abacus (ပေသီးသင်္ချာ) သင်ယူခြင်းက ကလေးတွေအတွက် ဘာတွေ ထူးခြားသွားစေမှာလဲ?
သင်္ချာတွက်ချက်တာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ Hidden Gem Abacus classကို တက်ရောက်ခြင်းဖြင့်...
✨ အာရုံစူးစိုက်မှု ပိုအားကောင်းလာခြင်း (Improvement in concentration)
ပေသီးလေးတွေကို အာရုံစိုက်ပြီး ရွှေ့ရတာကြောင့် ကလေး‌တွေရဲ့ စိတ်တည်ငြိမ်မှုနဲ့ အာရုံစူးစိုက်နိုင်စွမ်း သိသိသာသာ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

💡မှတ်ဉာဏ်အား ကောင်းမွန်လာခြင်း (Better Memory)
ကိန်းဂဏန်းတွေကို ပုံရိပ်အဖြစ် ပြောင်းလဲမှတ်သားရတဲ့အတွက် ကလေး‌တွေရဲ့ မှတ်ဉာဏ် (Visual Memory) ကို အားကောင်းစေပါတယ်။

🧠 ဦးနှောက် ဖွံ့ဖြိုးခြင်း (Brain Development)
လက်ချောင်းလေးတွေနဲ့ ပေသီးကို ကစားရင်း တွက်ချက်ရလို့ ဘယ်ဘက်ဦးနှောက်နဲ့ ညာဘက်ဦးနှောက် နှစ်ခုလုံးကို တပြိုင်နက် အလုပ်လုပ်နိုင်စေပါတယ်။

💪 မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးလာခြင်း (Self-Confidence)
ဂဏန်းတွေကို မြန်မြန်ဆန်ဆန် တွက်နိုင်လာတဲ့အခါ ကလေးေတွဟာ သင်္ချာကို မကြောက်တော့ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိလာစေမှာ ဖြစ်ပါတယ်။

🎨 တီထွင်ကြံဆမှု အားကောင်းခြင်း (Creativity)
စိတ်ကူးနဲ့ ပုံဖော်တွက်ချက်ရတဲ့ (Mental Arithmetic) လေ့ကျင့်ခန်းတွေကြောင့် ကလေးရဲ့ စိတ်ကူးဉာဏ်ကို ပိုမိုပွင့်လန်းလာစေမှာ ဖြစ်ပါတယ်။

🌟 အခြေခံမှစတင်ပြီး စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ အသက် (၅) နှစ်ခွဲမှစတင်ပြီး တက်ရောက်နိုင်ပါပြီ။
📌 လူဦးရေ ကန့်သတ်ထားပါသဖြင့် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
📍 လိပ်စာ: ရွှေနှင်းဆီလမ်း၊ ကွက်သစ်ပိုင်း၊ ဒါးပိန်မြို့။
📞 ဆက်သွယ်ရန်ဖုန်း: 09 796798090

10/02/2026
10/02/2026

မိဘတွေဟာ သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ချဉ်းကပ်ပုံချင်း မတူကြပါဘူး။ ဒီပုံထဲမှာတော့ အတွေ့ရများတဲ့ ပုံစံ ၆ မျိုးကို နှိုင်းယှဉ်ပြထားပါတယ်။

၁။ အာဏာရှင်ဆန်သော မိဘ (Authoritarian)
အာဏာရှင်ဆန်တဲ့ မိဘမျိုးတွေဟာ ကလေးအပေါ်မှာ အမြဲတမ်း စည်းကမ်းတင်းကျပ်ပြီး အမိန့်ပေးတတ်ကြပါတယ်။ ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်စစ်ဆေးလေ့ရှိပြီး အမှားမခံဘဲ ကြောက်ရွံ့အောင် ထိန်းချုပ်တတ်ကြပါတယ်။ သူတို့ဟာ လိုလားချက်တွေ များသလောက် ကလေးအပေါ်မှာ နွေးထွေးတဲ့ မေတ္တာပြသမှု အလွန်နည်းပါးတာကို တွေ့ရပါတယ်။

၂။ အလိုလိုက်လွန်းသော မိဘ (Overprotective)
အလွန်အမင်း ကာကွယ်လွန်းတဲ့ မိဘတွေကျတော့ ကလေးကို အလိုလိုက်လွန်းပြီး အနားကမခွာအောင် ပွေ့ပိုက်ထားတတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ကလေးနဲ့ တကယ်တမ်း စိတ်ချင်းနီးစပ်တာမျိုး မဟုတ်ဘဲ မိမိကလေးက အမြဲတမ်း အမှန်၊ အမြဲတမ်း အပြစ်ကင်းစင်တယ်လို့ပဲ မျက်စိမှိတ် ယုံကြည်နေတတ်ကြတာပါ။

၃။ ဖိအားပေးတတ်သော မိဘ (Pressure)
ဖိအားပေးတဲ့ မိဘမျိုးတွေကတော့ သူတို့ကိုယ်တိုင် မအောင်မြင်ခဲ့တာ ဒါမှမဟုတ် သူတို့ဖြစ်ချင်တာတွေကို သားသမီးကတစ်ဆင့် အကောင်အထည်ဖော်ချင်ကြသူတွေပါ။ "ငါ့ကလေးဟာ အမြဲတမ်း ထူးချွန်နေရမယ်၊ အောင်မြင်နေရမယ်" လို့ သတ်မှတ်ထားပြီး ကလေးရဲ့ အရည်အချင်းထက် ပတ်ဝန်းကျင်အမြင် (အရှိန်အဝါ) ကို ပိုပြီး ဦးစားပေးတတ်ကြပါတယ်။

၄။ ညှဉ်းပန်းနှိပ်စက်သော မိဘ (Abusive)
စိတ်မကောင်းစရာ အခြေအနေတစ်ခုကတော့ ညှဉ်းပန်းနှိပ်စက်တဲ့ မိဘပုံစံပါ။ သူတို့ဟာ ကလေးကို ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ စကားလုံးများနဲ့ဖြစ်စေ နာကျင်အောင် ပြုမူတတ်ကြပါတယ်။ ဒီလိုပုံစံဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အကြီးအကျယ် ပျက်စီးစေပြီး ဘဝအတွက် ဆိုးဝါးတဲ့ အရိပ်မည်းတွေ ဖြစ်လာစေပါတယ်။

၅။ လျစ်လျူရှုတတ်သော မိဘ (Dissociative)
နောက်တစ်မျိုးကတော့ ကလေးနဲ့ အဆက်အသွယ်ပြတ်ပြီး လျစ်လျူရှုထားတဲ့ မိဘတွေပါ။ သူတို့ဟာ ကလေးကို ပစ်ထားတတ်ပြီး ကလေးရဲ့ လိုအပ်ချက်တွေ၊ ခံစားချက်တွေကို လုံးဝ ဂရုမစိုက်တတ်ကြပါဘူး။ ကလေးနဲ့ စကားပြောဆို ဆက်ဆံဖို့ထက် ကိုယ့်ကိစ္စနဲ့ကိုယ်သာ အချိန်ကုန်နေတတ်ကြတာမျိုးပါ။

၆။ နားလည်မှုရှိသော မိဘ (Secure)
နောက်ဆုံးနဲ့ အကောင်းဆုံးပုံစံကတော့ ယုံကြည်စိတ်ချရတဲ့ မိဘအုပ်ထိန်းမှု ဖြစ်ပါတယ်။ ဒီလိုမိဘမျိုးဟာ ကလေးအပေါ်မှာ နွေးထွေးကြင်နာတယ်၊ ကလေးရဲ့ စကားကို နားထောင်ပေးတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကလေး လိုက်နာရမယ့် စည်းကမ်းနဲ့ ဘောင်တွေကို သေချာသတ်မှတ်ပေးထားပါတယ်။ ကလေးကို မှားရင်ပြင်၊ မှန်ရင်ချီးမွမ်းပြီး စနစ်တကျ လမ်းညွှန်ပေးတဲ့အတွက် ကလေးဟာ လုံခြုံမှုရှိပြီး စိတ်ဓာတ်ကြံ့ခိုင်သူအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။

မိဘတိုင်းကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ ပျိုးထောင်မှုပုံစံက ကလေးအပေါ် ဘယ်လိုသက်ရောက်နေမလဲဆိုတာ ပြန်လည်ဆင်ခြင်ကြည့်ဖို့ လိုအပ်ပါတယ်။

ဖေဖေ၊မေမေတို့ရော အခုဖော်ပြထားတဲ့အထဲက ဘယ်လိုမိဘမျိုး ဖြစ်ဖို့ ကြိုးစားနေလဲ?
ငယ်ငယ်ကရော ဘယ်လိုအုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ရလဲ?
ကလေးတစ်ယောက် လုံခြုံစိတ်ချစွာ ကြီးပြင်းဖို့ ဘယ်အချက်က အရေးကြီးဆုံးလို့ ထင်လဲ ဆိုတာကို Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအုန်းနော် ဖေဖေ၊မေမေတို့ရေ

ချစ်တဲ့
#မေမေဖူး

Address

Shwe Hnin Si Street, Darbein
Yangon
11373

Website

Alerts

Be the first to know and let us send you an email when Hidden Gem English Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category