08/12/2020
ICDS ကျောင်း ဘယ်တော့ဖွင့်မလဲ မေးနေကြတဲ့မေမေတွေကို ကျောင်းရဲ့ information လေးပေးချင်ပါတယ်ရှင်။ အစိုးရက COVID Vaccine ထိုးပေးပြီးချိန်သည် February 2021 ဖြစ်ခဲ့ရင် March 2021 မှာ အတန်းအားလုံးပြန်ဖွင့်ပါမယ်။ အကယ်၍ March 2021 မှာ COVID Vaccine ထိုးပြီးတယ်ဆိုရင် Aprial 2021 မှာပြန်ဖွင့်ပါမယ်ရှင်။
ဒီနှစ်မှာ International School ကို Primary-4 ထိဖွင့်ဖို့ရှိပါတယ်။ အဲ့ဒီအတွက် Information ကိုသီးသန့်ထပ်တင်ပေးပါ့မယ်။
သားသားမီးမီးတွေအနေနဲ့ COVID ကာလမှာ စာတွေနဲ့အလှမ်းဝေးသွားတာမျိုးကြောင့် Learning ပိုင်းတွေကိုပြန်ပြီး စိတ်ဝင်စားမှုရှိလာအောင် ဆရာမတစ်ယောက်ချင်းစီဖြင့် Class ပုံစံမဟုတ်ဘဲ ဝိုင်းပုံစံမျိုး အနီးကပ်လေ့ကျင့်ပျိုးထောင်မှုတွေ ပြန်လုပ်ပေးမှာမို့ January 2021 မှစ၍ February 2021 လကုန် နောက်ဆုံးထားပြီး နာမည်စာရင်းပေးဖို့လိုအပ်ပါကြောင်း လေးစားစွာနဲ့အသိပေးပါရစေရှင်။
လေးစားစွာဖြင့်
ဆုရည်ကျော်(ICDS)