Junior Jobs Training Online Class In Myanmar

Junior Jobs Training Online Class In Myanmar

Share

We can do it.

12/02/2024

လုပ်ငန်းခွင်တွေမှာ အောင်မြင်စေဖို့အတွက်
လိုအပ်တဲ့ကျွမ်းကျင်မှု နဲ့ ပင်ကိုစွမ်းရည် (၉) မျိုး
-----------------------------------------------------------------
ဒီတခါတော့ လုပ်ငန်းခွင်တွေမှာ အောင်မြင်စေဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်မှု နဲ့ ပင်ကိုစွမ်းရည်(၉)မျိုး အကြောင်းကို ပြောပြပါမယ်-------

အောင်မြင်မှုကို နည်းလမ်းအမျိုးမျိုးနဲ့တိုင်းတာလို့ရပါတယ်။ စိတ်ချမ်းသာမှု၊ ကျန်းမာရေး၊ ဒါမှမဟုတ် အသက်မွေး ဝမ်းကျောင်းအလုပ်၊ ပုဂ္ဂိုလ်ရေးစွမ်းဆောင်မှုတွေနဲ့်နှိုင်းယှဉ်တိုင်းတာတာဖြစ်စေ၊ အတိအကျသတ်မှတ်လို့ရတဲ့ နည်းလမ်းတစ်မျိုးတည်းမရှိပါဘူး။

အောင်မြင်သူအများစုဟာ ဘဝအတွက်ဘယ်လိုရည်မှန်းချက် ပန်းတိုင်တွေပဲထားထား၊ သူတို့ရွေးချယ်တဲ့လုပ်ငန်းနယ်ပယ်မှာ ထိပ်ဆုံးရောက်စေတဲ့ ဆင်တူလက္ခဏာတွေရှိကြပါတယ်။

အဲဒီကျွမ်းကျင်မှုတွေဟာ မွေးရာပါလို့ ယူဆကောင်းယူဆနိုင်ပေမယ့် အဲဒါအများစုကိုတော့ တကယ်ဆည်းပူးလေ့လာလို့ရနိုင်ပါတယ်။ အောင်မြင်မှုရရှိပြီး အလုပ်အကိုင်တိုးတက်စေမယ့် ကျွမ်းကျင်မှုနဲ့ ဲ့အစွမ်းအစတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ ပြောဆိုဆက်သွယ်မှုကျွမ်းကျင်ခြင်း

အောင်မြင်သူတွေဟာ တခြားသူတွေနဲ့ဘယ်လိုလက်တွဲလုပ်ကိုင်ရမလဲ သိကြလို့ ထိရောက်မှုရှိတဲ့ပြောဆိုဆက်သွယ်သူတွေဖြစ်ကြတယ်။

ဘွဲ့ရပြီးသူတွေရောအချိန်ပြည့်အမှုထမ်းတွေမှာပါ အများဆုံးမရှိတဲ့ ကျွမ်းကျင်မှုအနက်တစ်မျိုးက အဲဒါဖြစ်ကြောင်း ဝန်ထမ်းငှားရမ်းရေး မန်နေဂျာတွေ က ပြောပါတယ်။

၂။ Network တည်ဆောက်ပြီး ထိရောက်စွာလုပ်ကိုင်နိုင်ခြင်း

Network တည်ဆောက်ခြင်းဟာသင့်အလုပ်ကိုမြှင့်တင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုတွေဟာ များသောအားဖြင့် ထိရောက်မှုမရှိကြပါဘူး။

Twitter နဲ့ LinkedIn တို့မှာ ကျွန်ုပ်တို့တက်ကြွလှုပ်ရှားမှုရှိခြင်းဟာ အထောက်အကူပြုတာမှန်တယ်။ ဒါပေမဲ့ အဲဒီလမ်းကြောင်းတွေက တစ်ဆင့် အလုပ်အကိုင်၊ ဒါမှမဟုတ် အခွင့်အလမ်းတွေ တကယ်ရတဲ့လူကဘယ်နှဦးရှိမလဲဆိုရင် တချို့တလေပဲရှိတယ်လို့ ဖြေရပါလိမ့်မယ်။

ဒါကြောင့်ပြင်ပလောကမှာ Network တည်ဆောက်ပြီး လုပ်ငန်းတိုးတက်အောင် စွမ်းဆောင်နိုင်ဖို့လိုပါတယ်။

၃။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်း

ဝေဖန်ပိုင်းခြားပြီးစဉ်းစားနိုင်ကာလိုအပ်ရင်ထင်မြင်ချက်တွေကို စိန်ခေါ်နိုင်စွမ်းရှိတာဟာ လွတ်လပ်စွာတွေးခေါ်တတ်သူနဲ့ သန်မာတဲ့ခေါင်းဆောင်ရဲ့အမှတ်အသားဖြစ်တယ်။

ဒီကျွမ်းကျင်မှုဟာ တန်ဖိုးအလွန်ရှိပြီး လွယ်လွယ်ကူကူဆည်းပူးလို့ ို့ရနိုင်ပါတယ်။ တွေးခေါ်မှုဖြစ်စဉ်တွေမှာ ချွတ်ယွင်းချက်တွေကို မြင်တတ်အောင် သင်ဖို့လိုပြီး ကျွန်ုပ်တို့ရဲ့နိစ္စဓူဝဘ၀မှာအလိမ်ခံရခြင်း၊ လှည့်စားခံရခြင်းတို့ကို ရှောင်ရှားဖို့ အထောက်အကူပြုပါလိမ့်မယ်။

၄။ လေ့လာဆည်းပူးနိုင်စွမ်းရှိခြင်း

အောင်မြင်သူတွေဟာ အသစ်အဆန်းတွေကိုစပ်စုတတ်ပြီး ဆည်းပူးလေ့လာရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အများစုဟာ ဘယ်လိုကျကျနန ဆည်းပူးလေ့လာရမှန်း မသိကြပါဘူး။

လူဦးရေအများစုအတွက် ကျွန်ုပ်တို့ဖတ်ရှုလေ့လာဆည်းပူးသမျကို မှတ်ထားနိုင်မှာမဟုတ်ဘူး။ ဒါမှမဟုတ် မှတ်ယူနိုင်ဖို့အချိန်ကြာမယ်။ ဒီအတွက်စနစ်တကျလေ့လာသင်ယူဖို့လိုပါတယ်။

၅။ ခေါင်းဆောင် (ဦးဆောင်သူ) ဖြစ်ခြင်း

မန်နေဂျာကောင်းတစ်ယောက်ဖြစ်ချင်ရင် သင့်အဖွဲ့ဝင်တွေရဲ့ယုံကြည်မှုနဲ့ သစ္စာခံမှုရရှိအောင် သင်တည်ဆောက်နိုင်စွမ်းရှိဖို့ လိုပါတယ်။ တကယ်တော့ အဲဒီလူတွေမပါရင် သင့်ကုမ္ပဏီဟာအလကားပါပဲ။

ဒါကြောင့် သင့်အမှုထမ်းတွေကို ကြည်လင်တဲ့အမြင်ပေးထားပါ။ ယုံကြည်မှုရှိပါစေ။ သူတို့ကို ထိရောက်စွာဘယ်လိုစီမံကွပ်ကဲမလဲ ဆိုတာကို သင်သိထားပါ။

၆။ အခြေခံစာရင်းစစ်ပညာကျွမ်းကျင်မှုရှိခြင်း

ကျွန်ုပ်တို့ဟာ စာရင်းစစ်တစ်ဦးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒါမှမဟုတ်စာရင်းစစ်တစ်ဦး ကျွန်ုပ်တို့ဆီမှာရှိသည်ဖြစ်စေ လူတိုင်းဟာ စာရင်းစစ်ပညာအခြေခံကိုတော့ပိုင်နိုင်စွာသိထားဖို့လိုတယ်။

ကျွန်ုပ်တို့လုပ်ငန်းမှာ အောင်မြင်ပြီး ငွေတချို့တလေရရှိဖို့အတွက် ကျွန်ုပ်တို့ဟာငွေတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်မှာ ဘယ်လိုထိထိ ရောက်ရောက် ရင်းနှီးမြှုပ်နှံမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

၇။ အချိန်စီမံခန့်ခွဲကျွမ်းကျင်ခြင်း

အောင်မြင်သူတွေဟာ အချိန်ရဲ့တန်ဖိုးကိုသိပြီး အကျိုးအရှိဆုံး ုံဖြစ်အောင်သုံးကြပါတယ်။ ညသန်းခေါင်ကျော်အထိ မနားမနေအလုပ်လုပ်ဖို့ ပြောနေတာမဟုတ်ဘူး။

မိမိတို့ခြေကုန်လက်ပန်းကျအောင် အလုပ်လုပ်တာက သုံးစားလို့မရမှန်းအောင်မြင်သူတွေသိကြပါတယ်။ ဒါကြောင့် သူတို့အလုပ်တာဝန်တွေကို တစ်နေ့တာအတွင်း အကုန်ပြီးစီးအောင် လုပ်ဖို့ အချိန်ကိုထိရောက်စွာစီမံခန့်ခွဲတာဖြစ်တယ်။

ဒါအပြင် ကျွန်ုပ်တို့မြတ်နိုးတဲ့ အခြားအလုပ်တွေအတွက်လည်း အချိန်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

၈။ Team နဲ့အတူလုပ်နိုင်စွမ်းရှိခြင်း

အောင်မြင်သူတွေဟာ Team နဲ့ ထိရောက်စွာ ဘယ်လိုလုပ်ကိုင်ရမလဲ ဆိုတာသိကြပါတယ်။ အဲဒါကသူများပြောတာကို နားထောင်နိုင်ပြီး စိတ်ကူးတွေကိုပိုကောင်းအောင်လုပ်၊ ကိုယ့်အဖွဲ့ဝင်တွေ ထုတ်လုပ်စွမ်းတိုးပွားဖို့အတွက် လှုံ့ဆော်နိုင်ခြင်းတို့ပါပဲ။

ဒါတွေအားလုံးကလည်း မန်နေဂျာရဲ့ စည်းမကျော်ပဲ လုပ်ကိုင်နိုင်ရမှာပါ။ အဲဒါကို သူဌေးတွေ၊ အလုပ်ရှင်တွေကသဘောကျလိမ့်မယ်ဆိုတာယုံပါ။

၉။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲတတ်ခြင်း

အောင်မြင်ဖို့ကြိုးစားသူတွေအတွက် စိတ်ဖိစီးမှုဟာ ဘ၀မှာရှောင်လို့မရတဲ့ကိစ္စတစ်ခုပါ။ ဖိအားကြောင့် လဲကျမသွားရအောင်လည်း ရင်ဆိုင်းဖြေရှင်းဖို့နည်းလမ်းရှာတတ်ရပါမယ်နော်။
လုပ်ငန်းခွင်မှာ အောင်မြင်သူများ ဖြစ်ကြပါစေ----

Credit.Naing Thi Ha
Ref: businessinsider.com

26/01/2024

Interview မှာ ဆောင်ရန်ရှောင်ရန်အချက်များ
=======

ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့အတွက် Interviewကို သေချာဖြေဆိုဖို့ အရေးကြီးပါတယ်။

ဒါကြောင့် Interview ဖြေတဲ့အခါ အကောင်းဆုံးဖြစ်နေအောင် Junior ​လေးတွေအတွက် ဆောင်ရန်၊ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါတယ်။

ဆောင်ရန်အချက်များ...

🔹 Interview သွားဖြေတဲ့အခါမှာ အတတ်နိုင်ဆုံးသပ်သပ်ရပ်ရပ်ဝတ်သွားပါ။
🔹 ချိန်းထားတဲ့အချိန်ထက်နောက်မကျပါစေနဲ့၊ ၁၅မိနစ်လောက် ကြိုရောက်နေရင်တော့ အကောင်းဆုံးပါ။
🔹 ကိုယ်လုပ်မယ့်လုပ်ငန်းရဲ့လိုအပ်ချက်များကို တတ်နိုင်သလောက်လေ့လာထားပါ။
🔹 ကိုယ့်ရဲ့CV ဖောင် အပြည့်အစုံယူသွားပါ၊ လိုအပ်တဲ့စာရွက်စာတမ်းများကိုလည်း မမေ့ပါနဲ့။
🔹 ကိုယ့်ကို Interviewမယ့်သူကို တွေ့တွေ့ချင်းပြုံးပြပြီး နှုတ်ဆက်ပါ။
🔹 Interviewမှာ မေးလေ့ရှိတဲ့ မေးခွန်းများကို ကြိုတင်လေ့လာသွားပါ။
🔹 Interviewမေးခွန်းများကို သေချာဂရုစိုက်နားထောင်ပါ၊ မရှင်းတာရှိရင် သေချာပြန်မေးပါ၊ သူ့ဘက်ကပြောနေတုန်းကြားဖြတ်မမေးပါနဲ့။
🔹 စကားကိုချိုချိုသာသာနဲ့ ရှင်းရှင်းလင်းလင်းပြောပါ။
🔹 ကိုယ်ကျွမ်းကျင်တဲ့အရာနဲ့ ဒီအလုပ်ကို ဘယ်လောက်ဝါသနာပါပြီး
ကြိုးစားလုပ်ကိုင်ချင်ကြောင်းကို တိုတိုနဲ့နားလည်လွယ်အောင်ပြောပါ။
🔹Interview ပြီးတဲ့အခါ ကျေးဇူးတင်ရှိကြောင်းပြောပြီး နှုတ်ဆက်ပြီးမှ ထွက်ခွာပါ။

ရှောင်ရန်အချက်များ...

🔹 အရင်လုပ်ခဲ့တဲ့အလုပ်အကြောင်း မေးလာခဲ့ရင် အဆင်မပြေတာတွေရှိခဲ့ရင်တောင်အတတ်နိုင်ဆုံး ကောင်းကွက်များကိုရွေးပြောပါ။
🔹 ကိုယ်မလုပ်နိုင်တဲ့အရာများနဲ့ ကိုယ်မကျွမ်းကျင်တဲ့အရာများကို ပွင့်ပွင့်လင်းလင်းပြောပါ။
🔹 Interviewဖြေနေစဉ် နောက်ကိုအရမ်းမှီထိုင်တာမျိုး၊ တင်ပျဉ်ချိတ်တာမျိုး မလုပ်ပါနဲ့။
🔹 Interview မေးသူဘက်က မှားတာမျိုးရှိရင်တောင် ရွဲ့ပြောတာမျိုး၊ လေသံမာမာပြောတာမျိုးမလုပ်ပါနဲ့။
🔹 Interviewအောင်လို့အလုပ်ရခဲ့ရင် ကိုယ်ပြောခဲ့တာတွေနဲ့ လက်တွေ့တစ်ထပ်တည်းကျပါစေ။

ကိုယ့်စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ဖို့ အလုပ်အကိုင်ကောင်းများရကြပါစေ 🙏🙏🙏


26/01/2024

ဒီ Page လေးကနေ 10နှစ်တာ ဝန်ထမ်းဘဝ အတွေ့အကြုံ သင်ယူမှုတွေကို Junior Staff လေးတွေအတွက် အလုပ်စဝင်ရင် လုပ်ငန်းခွင်မှာ အဆင်ပြေအောင်နဲ့ Interview ဖြေရင် အဆင်ပြေစေမယ့် နည်းလမ်းတွေ ကိုယ့်ရဲ့ဝါသနာပါရာ Career Life Change ပြီး အစကနေ ပြန်ကြိုးစားမယ့်သူတွေအတွက်နဲ့ အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် အကောင်းဆုံး မျှဝေပေးသွားမှာ ဖြစ်လို့ Liked and Follow လေး လုပ်ထားပေးကြပါဦး

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon