15/05/2026
မင်္ဂလာပါ မိဘပြည်သူများခင်ဗျာ... 🙏
ကျွန်တော်တို့ Let’s Speak English (LSE-YLE) ကျောင်းရဲ့ ရှေ့ဆက်မယ့် ခရီးလမ်းမှာ မိဘများရဲ့ အသံနဲ့ အကြံပြုချက်တွေဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ လက်ရှိ ခေတ်ကာလ အခြေအနေတွေကြောင့် သားသမီးတိုင်း ပညာဆည်းပူးနိုင်ရန် ရည်ရွယ်ပြီး ပိုမိုကောင်းမွန်သည့် ပညာရေးမျိုးပေးနိုင်ဖို့ အထူးအားထုတ်သွားပါမည်။
မိဘတွေအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခုအနေနဲ့ -
၁။ "မိဘများရဲ့ အကြံပြုချက်အတိုင်း အားလုံး လက်လှမ်းမီနိုင်မယ့် သင်တန်းကြေးများ"အဖြစ် ပြင်ဆင်သတ်မှတ်ပေးသွားမှာ ဖြစ်သလို၊
၂။ ကျောင်းရဲ့ အုပ်ချုပ်မှု၊ ဝန်ဆောင်မှုနဲ့ သင်ကြားမှု အဆင့်အတန်းတွေကိုလည်း မိဘတွေ လိုလားတဲ့အတိုင်း ဖြစ်လာစေဖို့ "မိဘများရဲ့ Feedback တွေကို တိုက်ရိုက်နားထောင်ပြီး" အလုံးစုံ ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
မိဘများအနေနဲ့ ကျွန်တော်တို့ကျောင်းအပေါ် ဘယ်လိုမြင်သလဲ၊ ဘာတွေ ပြင်စေချင်သလဲ၊ ဘယ်လိုစျေးနှုန်းမျိုးက အဆင်ပြေမလဲ ဆိုတာကို အောက်ပါ Feedback Form လေးမှတစ်ဆင့် အားမနာတမ်း ပြောပြပေးစေလိုပါတယ်ခင်ဗျာ။
🔗 အကြံပြုချက်ပေးရန်လင့်ခ် -
https://forms.gle/7DBY7gwZ98Z76U9r8
✅ ကျွန်တော်တို့ဘက်က ကတိပြုတာကတော့ -
မိဘများရဲ့ Feedback တစ်ခုချင်းစီကို အလေးထား ဖတ်ရှုနားထောင်သွားပါမယ်။
မိဘများ အကြံပြုထားတဲ့ စျေးနှုန်းနှုန်းထားများအတိုင်း ဖြစ်လာအောင် ပြင်ဆင်ပေးပါမယ်။
ပိုမိုကောင်းမွန်ပြီး ပွင့်လင်းမြင်သာတဲ့ သင်ကြားရေး ပတ်ဝန်းကျင်တစ်ခုကို ပြန်လည် တည်ဆောက်သွားပါမယ်။
မိဘများရဲ့ အမည်ကို ထည့်သွင်းရန် မလိုဘဲ စိတ်အေးချမ်းသာစွာ ဖြည့်စွက်နိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း မိဘများရဲ့ အသံကို အခြေခံပြီး အကောင်းဆုံးသော အပြောင်းအလဲတွေကို ချက်ချင်းလုပ်ဆောင်သွားမယ်လို့ ကတိပြုပါတယ်ခင်ဗျာ။
မိဘများရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့အတွက် အခုပဲ စတင်နားထောင်ပေးနေပါပြီ။ 😊
Let's Speak English - Young Learner English