22/04/2025
ကျူရှင်ဆိုတာကို သမိုင်းထဲမှာ ထားခဲ့ပြီး ကျူရှင်ဆိုတာကို သမိုင်းမှာထားခဲ့ပြီး ပိုခေတ်မှီတဲ့ပညာရေးစနစ်တစ်ခုကို Nurture Private Primary School မှာပုံဖော်လိုက်ရအောင် . . . .
သမိုင်းမှာ ကောင်းမွန်တဲ့တီထွင်မှုတွေ၊ အကျိုးပြုခဲ့တဲ့အရာတွေဖြစ်ပေမယ့် ခေတ်စနစ်ရဲ့ပြောင်းလဲတိုးတက်လာမှုကြောင့် စွန့်ပစ်လိုက်ရတဲ့ နောက်ထပ်ပြီးမသုံးစွဲတော့တဲ့ တီထွင်မှုတွေဖန်တီးမှုတွေ အများကြီးရှိပါတယ်။ ဥပမာ . ကြိုးဖုန်းတို့ ၊ ရွက်လှေတို့၊ နောက်ပြီး
လက်နှိပ်စာရိုက်စက်လိုမျိုးပေါ့.
ဒီလိုမျိုးပါပဲ ကလေးတွေရဲ့ ပညာရေးအတွက်မှာလဲ ခေတ်မမှီတော့တဲ့ အတွေးအမြင်တွေ၊ ပညာသင်ကြားမှုနည်းစနစ်တွေကို ချန်လှပ်ထားခဲ့ကျပြီး ကောင်းမွန်တဲ့၊ ပိုမိုပြည့်စုံတဲ့ သင်ကြားမှုနည်းစနစ်၊ အတွေးအခေါ်တွေက နေရာယူလာကြပါတယ်။
အဲ့ထဲကနေ ပညာရေးကဏ္ဍမှာ အခုနောက်ဆုံး ချန်လှပ်ထားခဲ့ရမယ့် စာမျက်နာကတော့ ကျူရှင်ဆိုတဲ့ကဏ္ဍပဲဖြစ်ပါတယ်။ ကျူရှင်ဆိုတာမှာ ကလေးတွေရဲ့ ကျောင်းက သင်ခန်းစာတွေကို မကျေညက်တဲ့အခါ၊သင်ခန်းစာတွေကိုသေချာသဘောပေါက်နားမလည်နိုင်တဲ့အခါမှာသင်ခန်းစာတွေကိုကျေညက်သွားအောင် နောက်တခေါက်ထပ်မံသင်ကြားပေးတဲ့ သင်ကြားမှုပါပဲ။ ကလေးတွေကို သေချာသင်ကြားပေးမယ် ကျောင်းသင်ခန်းစာတွေကို ကျေညက်အောင် သင်ကြားပေးမယ်ဆိုရင်တော့ ဒါက မလိုအပ်တဲ့အရာဖြစ်နေဦးမှာပေါ့ ။
ဒါဆို ဘာကြောင့် မိဘအများစုက ကလေးတွေကို ကျူရှင်ပို့နေရသေးတာလဲ???
အဓိကကတော့ ကလေးတွေကို စာသင်ကြားပေးတဲ့ ကျောင်းမှာ လိုအပ်ချက်လေးတွေရှိနေလို့ပါ။
ဥပမာ - ကျောင်းသားနဲ့ သင်ကြားပေးသူ ဆရာ၊ ဆရာမ အချိုးအစားက အရမ်းကွာဟနေတာ , ကလေးတွေကို ပြန်လည်မေးခွန်းထုတ်ပြီး သုံးသပ်နိုင်မယ့် သင်ကြားမှုမျိုးမဟုတ်တာ၊ ကလေးတွေကိုရဲ့ စိတ်ခံစားချက်နဲ့ တစ်ဦးချင်းရဲ့သင်ယူမှုစရိုက်လက္ခဏာတွေကိုထည့်သွင်းမစဥ်းစားမိတာတွေပဲဖြစ်ပါတယ်။
ဒါတွေဆိုပေမယ့် ဒီလို လိုအပ်နေတဲ့ အကြောင်းအရာတွေကို ဖြည့်စည်းပေးပြီး အကောင်းဆုံးသင်ကြားမှုပုံစံတွေနဲ့ သင်ကြားပေးနိုင်မယ်ဆိုရင်တော့ ကျူရှင်ဆိုတာက လိုအပ်နေတဲ့အရာမဟုတ်ဘဲ သမိုင်းမှာကျန်ခဲ့မယ့် အရာတစ်ခုဖြစ်နေတော့မှာပါ။
Nurture Private Primary School မှာဆိုရင်တော့ ကလေးတွေရဲ့ တိုးတက်မှုပျော်ရွှင်မှုနဲ့ သင်ခန်းစာတွေကို ကျေညက်နားလည်တတ်မြောက်စေဖို့အတွက် စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား ၁၅ ယောက်မှ ၂၀ ဦးအထိသာ လက်ခံထားပြီး ကလေးတစ်ဦးချင်းစီကို ဂရုတစိုက်နဲ့ စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပံ့ပိုးပုံဖော်ပေးနေတာပဲဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦးမတူညီနိုင်တဲ့ ကလေးတစ်ဦးချင်းစီရဲ့ သင်ယူမှုအလေ့အထ စရိုက်လက္ခဏာတွေကို မူတည်ပြီး ထိရောက်မှုအရှိဆုံး သင်ကြားမှုနည်းစနစ်တွေနဲ့အညီ အရည်အသွေးမြင့် နိုင်ငံတကာနှင့် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး ကိုယ့်ကျင့်တရားကောင်းမွန်ပြီး တိုးတက်လိုစိတ်ပြင်းပြသော Homeroom Educators, Classroom Educators များနှင့် Subject Educators များမှ စနစ်တကျနဲ့ ဂရုတစိုက်ပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့်
Nurture Private Primary School မှာ တက်ရောက်နေတဲ့ ဘယ်သားသားမီးမီးကမှာ စာတွေမကျေညက်လို့, သင်ခန်းစာတွေကို နားမလည်လို့ မလိုက်နိုင်လို့ဆိုပြီးတော့ ကျူရှင်တက်နေစရာမလိုတော့ပါဘူး။
ဒါကြောင့် ကျူရှင်ဆိုတာက သမိုင်းမှာချန်ထားခဲ့ပြီး ပိုမိုကောင်းမွန်ပြီးခေတ်မှီတဲ့ ပညာရေးစနစ်တစ်ခုကို ကိုယ့်ရဲ့ သားသားမီးမီးလေးတွေအတွက် ပုံဖော်ပေးနိုင်ဖို့အတွက် Nurture Private Primary School မှာ အခုပဲ စုံစမ်းဆက်သွယ်စာရင်းသွင်းလိုက်ရအောင်နော် .
“ မြန်မာနိုင်ငံမှာ ကျူရှင်ထားစရာမလိုအောင် အာမခံသင်ကြားပေးနေတဲ့ ပထမဦးဆုံးနှင့် တစ်ခုတည်းသော Nurture Private Primary School "
🏫 North Dagon (Pinlon Branch)
No (12), 32 Ward, Pinlon Main Street, North Dagon Tsp.
Phone– 09 442 631 545