WYU Mail Box

WYU  Mail  Box W Y U
(1)

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများခင်ဗျာ2025-2026 ပညာသင်နှစ် ဒုတိယပညာသင်ကာလအား  ဗုဒ္ဓဟူးနေ့မပိတ်ဘဲ ယခ...
02/06/2026

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများခင်ဗျာ
2025-2026 ပညာသင်နှစ်
ဒုတိယပညာသင်ကာလအား ဗုဒ္ဓဟူးနေ့
မပိတ်ဘဲ ယခင်အတိုင်း ပြန်လည်တက်ရောက်ရမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါတယ်ခင်ဗျာ။

WYU.....

22/05/2026

ကျောင်းဖွင့်ရင်ရည်းစားရှိတဲ့သူတွေကတော့
ပထမဆုံးရက်တည်းကလာကြလိမ့်မယ့်။

ငါတို့လိုရည်းစားနဲ့ပြတ်သွားတဲ့သူတွေကတော့
ရည်းစားဟောင်းကပြန်လာမလားဆိုပြီးတော့
၁ပတ်လောက်စောင့်ကြည့်ကြဦးမှာ။

အကယ်၍၁ပတ်နေလို့မှဆတ်သွယ်မလာရင်
ရည်းစားဟောင်းက ကိုယ့်မျက်နှာကိုမမြင်အောင်
ကျောင်းလာတဲ့အချိန် UV ကာတဲ့ Mask တပ်လာမယ်။

ရည်းစားဟောင်းရှိတဲ့ကျောင်းကြီးကိုမလာချင်သလို
ရည်းစားရှိတဲ့နင်တို့ကိုလည်းကျောင်းဂိတ်ပေါက်
ဝင်တာနဲ့ပျောက်ကွယ်သွားစေချင်တယ်။

WYU....

12/05/2026

ပထမနှစ်ကလေးလေးတွေက မိုးတွင်းမှာ
တက္ကသိုလ် တက်ဖူးတဲ့ အတွေ့အကြုံမရှိသေးပါဘူး

အဲ့တော့ Experience Sharing လုပ်ပေးချင်ပါတယ်
မိုးတွင်းဆိိုတော့ ထီးက တော့ အရေးကြီးဆိုတာတော့
သိရှိနားလည်ပြီးသား ဖြစ်မယ်လို့ မျှော်လင့်ပါတယ်

Uni မှာလက်တွဲလျှောက်စရာ ရည်းစားလေးမရှိတာက
အဆင်ပြေနိုင်သေးပေမယ့် မိုးတွင်းမှာ ထီးမေ့ကျန်ခဲ့ရင်
အဲ့နေ့တော့ ကိုယ့်ဘဝကိုယ်တွေးပါ ကလေးလေးတို့

နောက်တစ်ခုက မိုးမိသွားလို့ အတန်းမတက်တာတွေ
မိုးရွာလို့ ကျောင်းမလာတာတွေ လုပ်ကို လုပ်သင့်ပါတယ်
မိုးမိထားရင် စာသင်ကြားရတာ ဖီးကြဲပြီး မိုးရွာနေတုန်း
စာသင်ရရင် မိုးရဲ့ ဆူညံသံတွေကြောင့် အာရုံ စူးစိုက်မှု
အပြည့်အဝ မရနိုင်ပါဘူး အဲ့တာကြောင့် စာမရမယ့်တူတူ
အိမ်မှာ ကွေးတာတို့ ကန်တင်းမှာ Chill တာတို့က
အသင့်တော် နဲ့ အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါ

သရက်သီးတွေပေါတိုင်း အတင်းနင်းကန် မစားပါ နဲ့
ချမ်းပီး ရင် သွားစရာ လုံလောက်တဲ့ Toilet မရှိပါဘူး
ရေမရတာ နဲ့ တံခါးပိတ်မရတာတွေ များတာကြောင့်
မိုးအေးအေးနဲ့ ဒုက္ခရောက်နိုင်ပါတယ်

ချမ်းတက်ရင်တော့ အနွေးထည် ဆောင်ထားပါ
ရည်းစားမရှိရင် နှစ်ထည်လောက် ဆောင်သွားပါ
အလှမက်ပြီး လက်ပြတ်လေးတွေ ဝတ်ရင်တော့
လှတာ မက်ရင် ညစာ ငတ်မယ်ဆိုတာ ထက်ဆိုးပါမယ်

Experience Sharing လုပ်ပေးတာပါ စေတနာနဲ့

W Y U

08/05/2026

ကျောင်းသားတော်တော် များများ က မေဂျာ
တစ်ခုနဲ့တစ်ခု အမြဲနှိုင်းယှဉ်ကြတယ် နင့်မေဂျာက
ပိုပြီးကောင်းတယ် ငါ့မေဂျာက ပိုပြီးကောင်းတယ်

I.C ကပိုကောင်းတယ် Chemistry ဖြင့် ပိုကောင်းတယ်
Physics က ပိုပြီးကောင်းတယ်ဆိုပြီး အစရှိသဖြင့်ပေါ့
မေဂျာတိုင်းကတော့ သူ့နေရာနဲ့ သူ ကောင်းကြပါတယ်

အကောင်းဆုံးကတော့ ကိုယ့်ကိုပြန်မချစ်နိုင်တဲ့ သူကို
အစထဲက သွားမချစ်မိရင်တော့ မင်းတို့အတွက်
အကောင်းဆုံးဘဲပေါ့ကွာ မချစ်မိအောင် နေကြနော် . . .

W Y U

06/05/2026

မိုးတွင်းမှာ ကျောင်းတက်ရင် ရည်းစားလေးရှိမှ
အဆင်ပြေမှာ ဆိုတဲ့ ပို့စ်လေး တင်လိုက်တာကို

အကုန်လုံး ဝိုင်းရီ ကြတယ်တဲ့ အံ့ဩ လို့ မဆုံးဘူး
အဲ့တာတကယ်ပြောတာနော် စဉ်းစားကြည့်ကွာ
ကိုယ်က ferry ပေါ်က ဆင်းခါနီး မိုးရွာနေတယ်ဘဲထား
ကိုယ့်မှာ လည်း ထီးကလည်း မေ့ကျန်ခဲ့တယ်ဆိုပါတော့

ရည်းစားလေးရှိရင် ဟဲလို ကိုကို ဟဲလို မောင်လေး
မိုးတွေရွာနေလို့ ထီးမေ့ကျန်ခဲ့လို့လေ လာခေါ်ပေးနော်
ချွဲချွဲနွဲ့နွဲ့လေး ပြောလိုက်ရင် ချက်ချင်းရောက်လာမှာ

ရည်းစားသာမရှိရင် လွယ်အိတ်ကြီး ခေါင်းပေါ်အုပ်ပြီး
အားအားဆိုပြီး အော်ပြီး အဆောင်ထဲထိ ဝင်ပြေးနေရမှာ

ပြီးတော့ မိုးလေး မိသွားတယ်ဘဲထား ရည်းစားလေးရှိရင်
မိုးတွေမိထားသေးလား ဆေးလေးသောက်ထားဥိီးနော်
နွေးနွေးထွေးထွေးနေ ဘာညာနဲ့ ဂရုစိုက်ခံရမှာ

ရည်းစားသာမရှိလို့ကတော့ အိမ်ရောက် ဆေးသောက်
စောင်ကြီးခြုံပြီးသာ ကွေးပေးတော့ ဒီကြားထဲ အိမ်က
မာတာမိခင်က ဒီအရွယ်ဘဲရောက်နေပြီ မိုးကမိတုန်းလား
နမော်နမဲ့နဲ့ ထီးယူသွားပါဆို မေ့မေ့နေခဲ့တာကိုဆိုပြီး
ကံဆိုးရင် ဆူပါဆူခံရဦးမှာ နော် သိလား . . .

W Y U

05/05/2026

ဟိုဟာလေ နောက် Semester မှာ သင်မယ့်
စာလေးတွေ ကြိုကျက်ထားချင်လို့ စာအုပ်လေးတွေ
ကြိုရောင်းပေးလို့ ရမလားဗျ စာလုပ်နေကြ လူက
စာမလုပ်ရတာ တစ်လကျော်နေပြီ ဆိုတော့ မ တအား
အရမ်းကို ပျင်းနေလို့လေ နောက် Sem စာကို လည်း
အရမ်း ကြိုးစားတော့မယ့် အတွေးရှိတော့ ခုထဲက

စာကျက်ချင်စိတ်တွေက ထိန်းမရ သိမ်းမရတွေ
ဖြစ်နေလို့ စာအုပ်လေးတွေကြိုရောင်းပေးလို့ရရင်
ကြိုရောင်းပေးလေနော် တောင်းဆိုတာပါ . . .

W Y U

03/05/2026

နောက် Semester က မိုးတွင်းနော် မိုးလေးက
အေးလာရင် Ferry ပေါ်မှာ ဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ်
ချမ်းတုန်နေရင် ကမ်းကုန်အောင် ဖက်ထားပေးမယ့်

ရည်းစားလေးရှိမှသာ ကျောင်းတက်ရတာ အဆင်ပြေမှာ

မဟုတ်လို့ကတော့ မိုးရွာထဲ ထီးက တစ်ဖက်
လွယ်အိတ်က တစ်ဖက်နဲ့ ဒီကြားထဲ 1 နာရီလောက်
အချိန်ယူလိမ်းလာရတဲ့ Make Up ပျက်မှာ စိုးရိမ်ရတာနဲ့
ကျောင်းတက်ရတာ က အဆင်ပြေမှာ မဟုတ်ဘူးနော်

အဓိက က တော့ကွာ ချမ်းတုန်နေရင် ကမ်းကုန်အောင်
ဖက်ထားပေးမယ့် အနွေးဓာတ်လေးရှိမှ အဆင်ပြေမှာ

W Y U

01/05/2026

တက္ကသိုလ်အသီးသီး၏ နေ့သင်တန်း
ကျောင်းဖွင့်ရက်
၁-၆-၂၀၂၆ ရက်နေ့ (တနင်္လာနေ့)

တက္ကသိုလ်အသီးသီး၏ စာမေးပွဲဖြေဆိုရက်
၁၄ - ၉-၂၀၂၆ ရက်နေ့ (တနင်္လာနေ့)

WYU.....

27/04/2026

ဘာလိုလိုနဲ့ ကျောင်းတွေပြန်ဖွင့်ဖို့တောင်
1 လကျော်လောက်ဘဲ လိုတော့တယ်နော်
ဘယ်လိုလဲ ကျောင်းဖွင့်ရင် ကျောင်းဝန်းထဲ
ပျော်ပါး မော်ကြွားဖို့ ဘဲရပြီလား စော်ရပြီလား

ရမယ့် ရုပ်တွေလည်း မဟုတ်ပါဘူး
ကျောင်းကြီးတောင် အိုပြီး ဆွေးသွားမယ်
တစ်သက်လုံး ရည်းစားရမယ့်ပုံ မပေါက်တဲ့ဟာတွေ

W Y U

ကိုကိုက ဆူသေးလား သဝန်ရောတိုသေးလားစာမလာ သတင်းမကြားတော့တာ ကြာပြီမလို့လေ
21/04/2026

ကိုကိုက ဆူသေးလား သဝန်ရောတိုသေးလား
စာမလာ သတင်းမကြားတော့တာ ကြာပြီမလို့လေ

ညီလေးတို့ ညီမလေးတို့ ကြည့်ရတာ
Messenger မရှိကြပုံဘဲနော် အကို ကူးပေးရမလား
ဒါမှမဟုတ် Messenger လို့ရှာပြီး down လိုက်လေနော်

ကျောင်းဖွင့်တဲ့ထိ မြဲတာ မြင်ချင်ပါတယ်နော် 🙄

Address

Yangon

Website

Alerts

Be the first to know and let us send you an email when WYU Mail Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share