Lanmadaw Red Cross Branch, Yangon, Myanmar

Lanmadaw Red Cross Branch, Yangon, Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lanmadaw Red Cross Branch, Yangon, Myanmar, Education, Lanthityeikthar, Yangon.

Photos from Lanmadaw Red Cross Branch, Yangon, Myanmar's post 20/09/2024

ရေဘေးသင့်ဒေသသို့ လမ်းမတော်‌ကြက်ခြေနီမှ သွားရောက်ကူညီထောက်ပံ့။

၂၀ စက်တင်ဘာ ၂၀၂၄

တောင်ငူမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ညောင်ပင်သာကျေးရွာ ရှိ အိမ်ထောင်စု၅၀၀အတွက် လမ်းမတော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များသည် (၇)ရက်သားသမီးတို့ စုပေါင်းလှူဒါန်းသည့် အဝတ်အထည်၊ကြက်ဥ၊ရေသန့်၊ခေါက်ဆွဲခြောက်များအား သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါသည်။

22/08/2024

Mpox (မျောက်ကျောက်) ရောဂါနှင့်ပါတ်သက်ပြီး ရောဂါပျိုးရက်၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများ ကို ဖော်ပြလိုက်ပါတယ်။

Mpox (မျောက်ကျောက်) ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း (သို့) ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ လိုအပ်သောစမ်းသပ်မှုနှင့် ကုသမှုများခံယူပါ။


Photos from Lanmadaw Red Cross Branch, Yangon, Myanmar's post 21/08/2024

မျောက်ကျောက်ရောဂါ (mpox) ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပေးကြေညာခြင်း။

၂၁ ဩဂုတ် ၂၀၂၄။

လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါ (mpox) ဟာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ရောက်ရှိခဲ့မယ်ဆိုရင် mpox အမျိုးအစားသစ်ကို တစ်ကမ္ဘာလုံးသတိထားသင့်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ဆေးပညာဌာနက ဆေးဘက်ဆိုင်ရာဗိုင်းရပ်စ်ဗေဒပညာရှင် ဒေါက်တာ Yong Poovorawan က အာဖရိကတိုက် DR Congo မှာ ပြန့်နှံ့နေတဲ့ Clade 1b အမျိုးအစားဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် လတ်တလောမှာတွေ့ရတဲ့ Clade 2 မျိုးကွဲထက် ပိုပြင်းထန်ပြီး ပိုအန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ Clade 1b အမျိုးအစားဟာ ကူးစက်ခံရသူနဲ့ နီးနီးကပ်ကပ်ရှိနေမယ်ဆိုရင် လေးနာရီအတွင်း ကူးစက်နိုင်ကြောင်း သိရပါတယ်။

Clade 1, Clade 2 နဲ့ ၎င်းတို့ရဲ့ မျိုးကွဲတွေအားလုံးဟာ ကလေး၊ လူကြီး၊ ကျား-မ မရွေး ကူးစက်နိုင်ကြောင်းနှင့်တိရစ္ဆာန်‌လေးများကတစ်ဆင့်ပါ ကူးစက်နိုင်ကြောင်း ဒေါက်တာ Yong က ပြောပါတယ်။ Clade 2b ကူးစက်ခံရသူတွေရဲ့ (၉၈) ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ပြီး လိင်တူနေထိုင်တဲ့သူတွေမှာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

Mpoxရောဂါ ကြိုတင်ကာကွယ်‌နိုင်ရေးကတော့

Maskတပ်ပါ။
လူစုလူဝေးရှောင်ရှားပါ။
Mpoxရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့အမြန်ဆုံးဆက်သွယ်၍ ဆေးကုသမှုခံယူပါ။

#လမ်းမတော်မြို့နယ်ကြက်ခြေနီအသင်းခွဲ

21/08/2024

ကြက်ခြေနီအကြောင်း အသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲသို့ လမ်းမတော်ကြက်ခြေနီအသင်းခွဲတက်ရောက်ဆွေးနွေး။

၂၁ ဩဂုတ် ၂၀၂၄။

ကြက်ခြေနီအကြောင်း အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေး‌နွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အသင်းခွဲဥက္ကဌ ဦးမောင်ကြီး၊ဒုတိယဥက္ကဌ ဒေါ်ခင်အေးဝင်း(ဂုဏ်ထူးဆောင်)၊ဒုတိယမြို့နယ်တပ်ဖွဲ့မှူး(ဟောင်း)ဦးထွန်းကိုကို(ထူးချွန်ကြက်ခြေနီ)တို့ တက်ရောက်ဆွေးနွေးကြပါသည်။

#လမ်းမတော်မြို့နယ်ကြက်ခြေနီအသင်းခွဲ

06/07/2024

🚨 ကာလဝမ်းရောဂါဖြစ်ပွားနေသည့်အတွက် ဂရုစိုက်ကြပါရန် 🚨

ကာလဝမ်းရောဂါဖြစ်ရသည့်အကြောင်းအရင်းက မသန့်ရှင်းသော အစားအစာနဲ့ မသန့်ရှင်းသောရေ ကို စားသောက်မိခြင်းကြောင့်ဖြစ်ပါတယ်။

ကြိုတင်ကာကွယ်သည့်အနေဖြင့်

👉 လက်ကို မကြာခဏဆေးကြောပါ။
👉 ရေကိုကြိုချက်ပြီးမှသောက်ပါ။
👉 ပြင်ပအစားအသောက်များကို တတ်နိုင်သလောက်ရှောင်ပါ။

အောက်ဖော်ပြပါ ရောဂါလက္ခာဏာများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက် ကုသမှုခံယူပါ။



#လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန
#လမ်းမတော်မြို့နယ်

Photos from Lanmadaw Red Cross Branch, Yangon, Myanmar's post 06/07/2024

ကာလဝမ်းပိုးရောဂါအန္တရာယ်အား ကြိုတင်ကာကွယ်နိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Photos from Lanmadaw Red Cross Branch, Yangon, Myanmar's post 02/07/2024
14/06/2024

ကမ္ဘာသွေးအလှူရှင်များနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။

လမ်းမတော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သွေးသန့်သွေးအလှူရှင်များနှင့် ကမ္ဘာတစ်ဝန်းရှိသွေးအလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

24/05/2024

မုန်တိုင်းအန္တရာယ် ကျရောက်လာနိုင်ပါက ကြိုတင်ပြင်ဆင်ထားနိုင်သောအချက်များကို မျှဝေလိုက်ပါတယ်။

Photos from Lanmadaw Red Cross Branch, Yangon, Myanmar's post 10/05/2024

ယာဉ်တိုက်မှုတွင် ကြက်ခြေနီမှ လိုအပ်သည့် ကူညီဆောင်ရွက်မှုများပြုလုပ်
ပေး။

၁၀ မေ ၂၀၂၄။

(၀၈.၀၅.၂၀၂၄)ရက်နေ့၊ည(၁၉:၅၀)အချိန်၊လမ်းမတော်မြို့နယ်၊ဗိုလ်ချုပ်လမ်းနှင့် ဘုန်းကြီးလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လမ်းမတော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်(၃)ဦးနှင့် အသင်းခွဲပိုင်သူနာတင်ယာဉ်အမှတ်(၁)ဖြင့် သွားရောက်ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် အသက်(၄၉)နှစ်အရွယ် လူနာ(ကျား/ဝဲဘက်တံတောင်နှင့်နဖူးပေါက်ပြဲဒဏ်ရာ)အား မိတ်ဖက်ပရဟိတအသင်းနှင့်အတူ လိုအပ်သည့်ကူညီဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ပါသည်။

08/05/2024

Pfizer ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအား အပတ်စဥ် အင်္ဂါနေ့ နှင့် ကြာသပတေး နေ့တိုင်း နံနက် ၉:၃၀ နာရီမှ ၁၂ :၀၀နာရီထိ လမ်းမတော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်လာရောက်ထိုးနှံနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

Photos from Lanmadaw Red Cross Branch, Yangon, Myanmar's post 08/05/2024

၂၀၂၄ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်မှ ပေးပို့သည့်
သဝဏ်လွှာ


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Lanthityeikthar
Yangon
11131

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00