WITTY KIDS

WITTY KIDS "Witty Kids" produces bright kids.

25/05/2026

"ကလေးတစ်ယောက်ကို အသက်ငါးနှစ်မပြည့်ခင် ဘာတွေသင်ပေးရမလဲ?
ကလေးတွေဟာ မွေးကင်းစအရွယ်ကနေ အသက်
ငါးနှစ်မပြည့်ခင်အထိ သူတို့ရဲ့ဦးနှောက်က အရမ်း flexible
ဖြစ်နေတဲ့အချိန်မို့ မိဘတွေအနေနဲ့ သွန်သင်ဆုံးမဖို့/Train
ပေးဖို့/စည်းကမ်းချမှတ်ပေးဖို့ အကောင်းဆုံး အချိန်ဖြစ်ပါ
တယ်။ဒါကြောင့် စိတ်ပညာရှင်တွေက ကလေးတစ်ယောက်
ကို အသက်ငါးနှစ်မပြည့်ခင်အထိပဲ သူ့ကို မိဘကဖြစ်စေချင်တဲ့ပုံစံအတိုင်း ပုံသွင်းလို့ရနိုင်တယ် လို့ဆိုထားပါတယ်။ဒီအရွယ်မှာ သူတို့ရဲ့ဦးနှောက်ကလည်း စက္ကန့်တိုင်းမှာ
Neuron သန်းပေါင်းများစွာ ချိတ်ဆက်လည်ပတ်နေတယ်လို့ ဆိုပါတယ်။ဒါကြောင့် ကလေးစိတ်ပညာရှင်တွေက ကလေးမွေးကင်းစအရွယ်ကနေ အသက်ငါးနှစ်ထိ ကြားကာလကို Discipline Year လို့သတ်မှတ်ထားကြပါတယ်။လသားအရွယ်မှာတော့ ပြုစုစောင့်ရှောက်နေတဲ့မိဘတွေက ကလေးရဲ့Routineမှန်ဖို့ စည်းကမ်းတွေကို လိုက်နာပေးရမှာဖြစ်ပြီး ကလေးက စကားလုံးတွေကို နားလည်နိုင်လာတဲ့အရွယ် အသက်၂နှစ်ကျော်လာတဲ့အခါ စည်းကမ်းတွေကို လိုက်နာတတ်ဖို့ သင်ပေးလို့ရလာပါတယ်။အဲဒီအခါ မိဘက ကောင်းတာသင်ရင်
သူတို့ သေချာသင်ယူနိုင်ကြပါပြီ။အသက်ငါးနှစ်ကျော်လာတဲ့အခါ ကျောင်းနေအရွယ်ရောက်လာပြီမို့
ကျောင်းကနေ ဒါမှမဟုတ် ပတ်ဝန်းကျင်ကနေ အတုယူစရာ
တွေ/အပြုအမူတွေက သူတို့ကို ပိုလွှမ်းမိုးလာကြပြီး
မိဘက ပြောရဆိုရ ခက်ခဲသွားတာမျိုးဖြစ်လာတတ်ပါ
တယ်။
ဒါကြောင့် ကလေးတစ်ယောက်ရဲ့ ဘဝအစဖြစ်တဲ့
New born-5 years (မွေကင်းစမှငါးနှစ်ကြား)ကာလတွေ
မှာ ကောင်းမွန်တဲ့အခြေခံအုတ်မြစ် ခိုင်နေဖို့ လိုအပ်ပါတယ်။မိဘတွေအနေနဲ့ ကလေး ငါးနှစ်မပြည့်ခင်မှာ
(၁)အရာရာကို သင်ယူချင်စိတ်ရှိအောင် လေ့ကျင့်ပေးပါ။(learning activities ပုံမှန် အချိန်တစ်ခုထားပေးတာမျိုး)
(၂)ကိုယ်တိုင် လုပ်ဆောင်ခွင့်/ကြိုးစားခွင့်ပေးပါ။(မိဘကလုပ်ပေးနိုင်နေတာပဲ ဆိုပြီးဘာမှမခိုင်းတာမျိုးမလုပ်ပါနဲ့)
(၃)တစ်ကိုယ်ရည်ဝေယျာဝစ္စတွေကို သူ့ဖာသူလုပ်ခိုင်းတာ
(အဝတ်အစားလဲတာ/အရောင်ရွေးတာမျိုးကအစ)
(၄)ကျေးဇူးတင်တတ်အောင် သွန်သင်ပေးပါ။
(၅)အမှားလုပ်မိရင် တောင်းပန်ပါတယ်(Sorry)ပြောတတ်တဲ့အကျင့် ရှိအောင် သင်ပေးပါ။
(၆)လိုချင်တာရှိရင် ဂျီကျတောင်းတာမျိုးမဟုတ်ဘဲ "ကျေးဇူးပြုပြီး"(Please)လို့ ပြောတတ်အောင်သင်ပေးပါ။
(၇)သည်းခံစိတ်နဲ့စောင့်ဆိုင်းတတ်အောင်သင်ပေးပါ။(Wait/
Not yet /ခဏစောင့်ရမယ်နော် ဆိုတာမျိုး)
(၈)သူတပါးနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် လူတွေနဲ့
ပေါင်းဖော်စေပါ။(အနိုင်ကျင့်ခံရမှာစိုးလို့ မိဘကအနားမခွါ
နေစေတာမျိုးမလုပ်ပါနဲ့။)
(၉)သူတပါးအပေါ် ကိုယ်ချင်းစာနာတတ်အောင်/ကူညီလုပ်ကိုင်ပေးတတ်အောင် သင်ပေးပါ။
(၁၀)မကောင်းတဲ့စကားလုံးတွေ(Bad words)နဲ့ သာမန်မဟုတ်တဲ့အပြုအမူတွေကို မိသားစုအပေါ်/သူတပါးအပေါ်
လုံးဝ မသုံးရဘူးဆိုတာ နေ့တိုင်းပြောပြပေးပါ။
(၁၁)မိသားစုထဲမှာ မိဘကို ကူညီတတ်အောင်သူလုပ်နိုင်တာလေးတွေခိုင်းပါ။တာဝန်နှစ်ခုလောက် သူ့အတွက်သီးသန့်ပေးထားပါ။
(၁၂)သူ့ရဲ့တစ်နေ့တာ အိပ်ချိန်/စားချိန်/သွားတိုက်ချိန်/ကစားချိန် daily routine ပုံမှန်ဖြစ်နေအောင် ကြိုးစားပေးပါ။
မိဘတွေအနေနဲ့ ဒီအချက်တွေကို အခြေခံပိုင်နိုင်အောင်လုပ်နိုင်ပြီဆိုရင် သူတို့ရဲ့ပညာရေးအတွက် ABC/
1/2/3 တွေကို သင်ယူချင်စိတ်အပြည့်နဲ့ သင်ယူလွယ်တဲ့
/ပညာသင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကလေးတစ်ယောက်
ဖြစ်လာပါလိမ့်မယ်ရှင်။
ညနေမိုး(ကလေး)


&USA

Address

#53, Ground Floor, Yale Kyaw Road, Pazundaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959448001484

Website

Alerts

Be the first to know and let us send you an email when WITTY KIDS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share