14/07/2026
Reminder 📌 စိတ်ဝင်စားသူများ စာရင်းပေးလျှောက်ထားနိုင်ပါသည်။
🏃♀️ နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား? ခဏလောက် Break ယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် Safe Space တစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့ Community တစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊ Youth in Motion Within Program ရဲ့ ပထမဆုံး workshop လေး လာပါပြီနော်။ 🕊✨
🪵🌼Nature Altar လို့အမည်ပေးထားတဲ့ ဒီအစီအစဥ်လေးမှာတော့ ပန်းပွင့်လေးတွေ၊ သစ်ရွက်လေးတွေ၊ ကျောက်တုံးလေးတွေနဲ့ အခြားသဘာ၀ပစ္စည်းလေးတွေကို အသုံးပြုပြီး ကိုယ့်စိတ်ထဲက အနုပညာကိုဖန်တီးရင်း ကိုယ်က ဘယ်လိုလူလဲ၊ ကိုယ့်တန်ဖိုးထားမှုတွေက ဘာလဲ၊ ကိုယ့်စိတ်ထဲ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို ပြန်လည် စဥ်းစားဆင်ခြင်သုံးသပ်နိုင်မှာဖြစ်ပါတယ်။ 🧘♂️🍃 ဒီ Workshop မှာ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ကိုယ့်စိတ်ခံစားချက်တွေကို ပိုမိုနားလည်နိုင်မယ့် အတွေ့အကြုံကို ခံစားရမှာပါ။ နေ့စဉ်အရှိန်အဟုန်နဲ့ လှုပ်ရှားနေတာလေးတွေကို ခဏရပ်ပြီး အနုပညာလက်ရာ ဖန်တီးရင်း ခဏလောက်ဖြစ်ဖြစ် စိတ်အနားရဖို့လည်း ရည်ရွယ်ပါတယ်။ 🖼 ပစ္စပ္ပုန်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ အမှတ်တမဲ့မှသည် အမှတ်တရဖြစ်စေမယ့် အခိုက်အတန့်တွေကိုလည်း ဒီပွဲလေးမှတဆင့် စီးမြောခံစားကြည့်စေချင်ပါတယ်။ ဒါကြောင့် သဘာဝနဲ့ ကိုယ့်စိတ်ခံစားချက်တွေကို ချိတ်ဆက်ပြီး ကိုယ့်တန်ဖိုးထားမှုကို ပြန်လည်ရှာဖွေဖို့ ဒီအစီအစဥ်မှာ ပါ၀င်တက်ရောက်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ။
အသက် ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ ♦️အမည် ♦️အသက် ♦️ဖုန်းနံပါတ် တို့ကို [email protected] မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
____
🏃♀️ Are you feeling overwhelmed by the pressures and constant changes of daily life? Are you looking for a safe space to take a break, refresh your mind, meet new people, and be part of a supportive community? 🕊✨
🪵🌼 The first workshop of the Youth in Motion Within Program is here for you.
Nature Altar is a creative and reflective workshop that uses natural materials as a medium for emotional awareness and self-expression. 🧘♂️🍃 In this session, participants are invited to slow down, connect with the present moment, and create a personal artwork that reflects their inner world. 🖼 Using flowers, leaves, stones, and other natural elements, participants will explore their current inner landscape through creative expression. Through this process, the workshop offers a gentle and supportive space for grounding, self-discovery, and emotional connection.
The program is free and open to anyone aged 18 or older. As seats are limited, please register in advance to secure your spot by sending an email to [email protected] with the following details: ♦️Name ♦️Age ♦️Contact Number