14/08/2026
Mind Tales by Dr Nyein
I am a HR and OD Professional.
14/08/2026
07/08/2026
Facilitation သင်တန်း ဖွင့်ပါမယ် ခင်ဗျာ
🔥August 15th and 16th မှာ ကျင်းပမယ့် ၂ရက်တာ Facilitation Training အတွက် စာရင်းသွင်းလို့ရပါပြီ။
🍀 ဆရာ Dr. Pyi Sone Nyein ကိုယ်တိုင်သင်ကြားဆွေးနွေးသွားမှာဖြစ်ပြီးတော့ တစ်နှစ်မှာတစ်ကြိမ်ပဲဖွင့်တဲ့သင်တန်းမို့လို့ လက်လွတ်မခံပဲ အမြန်ဆုံးစာရင်းပေးသွင်းလိုက်တော့နော်။
Registration Form - https://forms.gle/WuDx8RquK7jvx12FA
06/08/2026
🍀 “လူတွေကို စကားပြောအောင်လုပ်တာ Facilitation လား”
Meeting တစ်ခုမှာ လူတိုင်းကို “ကိုယ့်အမြင်ကို ပြောပါ” လို့ပြောလိုက်ရုံနဲ့ Facilitation ဖြစ်သွားပြီလား?
Facilitation ဆိုတာ လူတွေကို စကားပြောခိုင်းတာထက် ပိုပါတယ်။ အမြင်မတူတဲ့သူတွေကြားမှာ
တစ်ယောက်နဲ့တစ်ယောက် နားလည်လာအောင် ကူညီပေးရတယ်။ တိတ်ဆိတ်နေတဲ့သူတွေပါ ပါဝင်လာအောင် အခွင့်အရေးဖန်တီးပေးရတယ်။
အကြောင်းအရာတစ်ခုကို တစ်ဖက်တည်းက မမြင်ဘဲ
အမြင်မျိုးစုံနဲ့ စဉ်းစားနိုင်အောင် ဖွင့်ပေးရတယ်။
ဆွေးနွေးမှုတွေက အကြောင်းအရာကနေ လွဲသွားရင် ပြန်စုစည်းပေးရတယ်။
သဘောထားမတူတာတွေကို “ဘယ်သူမှန်လဲ?” ဆိုတဲ့ Debate ကနေ “ဘယ်လိုအဖြေကို အတူတူရှာကြမလဲ?” ဆိုတဲ့ Dialogue ဖြစ်အောင် ပြောင်းပေးရတယ်။
အရေးကြီးဆုံးက Facilitation ရဲ့ ရလဒ်က “လူတွေ စကားများများပြောခဲ့တယ်” မဟုတ်ဘူး။ လူတွေက ပိုကောင်းကောင်း စဉ်းစားလာတယ်။
အမြင်တွေ ပိုရှင်းလာတယ်။ အချင်းချင်း ပိုနားလည်လာတယ်။ ဆုံးဖြတ်ချက်တွေ ပိုကောင်းလာတယ်။ ပြီးတော့ Action တစ်ခုခုနဲ့ ရှေ့ဆက်နိုင်လာတယ်။
ဒါကြောင့် Facilitation ကို
Meeting, Training Management လို့ပဲ မြင်ရင် မလုံလောက်ပါဘူး။ Facilitation ဆိုတာ—
“အဖြေ ပေးခြင်း” မဟုတ်ဘဲ
“ပိုကောင်းတဲ့အဖြေတွေ ပေါ်ထွက်လာအောင် Process ကို ဖန်တီးပေးခြင်း” ပါ။ ဒီ Skill က Training Room ထဲမှာပဲ အသုံးဝင်တာမဟုတ်ပါဘူး။
Team Meeting, Brainstorming, Problem Solving, Decision Making, Conflict Resolution, Strategic Planning စသည်ဖြင့် လူတွေ အတူတကွ စဉ်းစားရတဲ့နေရာတိုင်းမှာ Facilitation ရှိပါတယ်။
တစ်ခါတလေ Team ရဲ့ပြဿနာက “လူတွေမှာ အဖြေမရှိတာ” မဟုတ်ပါဘူး။ အဖြေတွေ ထွက်လာအောင် ဆွေးနွေးတဲ့ Process မကောင်းတာပါ။
ဒါကြောင့် ဒါတွေကိုအဖြေရှာဖို့အတွက် ဆရာ Dr. Pyi Sone Nyein ကိုယ်တိုင်သင်ကြားသွားမယ့် Facilitation Training ကို August 15,16 မှာ ထိရောက်စွာ ကိုယ်တိုင်တက်ရောက်နိုင်စေဖို့ In person အနေနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်ကြည့်ပေးဖို့မမေ့နဲ့နော်။
16/07/2026
14/07/2026
"ဒီနေ့ ဘာမှမဖြစ်သေးပေမယ့် စိတ်ကတော့ ပင်ပန်းနေတယ်..."
တစ်ခါတလေ ကျွန်တော်တို့ဟာ လူတစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့်၊ အဖြစ်အပျက်သေးသေးလေးတစ်ခုကြောင့်၊ ဒါမှမဟုတ် ကိုယ်တိုင်စိတ်ထဲမှာ တွေးမိတဲ့ အတွေးတစ်ခုကြောင့် နေ့တစ်နေ့လုံး စိတ်မကောင်းဖြစ်နေတတ်ပါတယ်။
"ငါ အလုပ်လုပ်တာမလုံလောက်ဘူးထင်တယ်။"
"သူတို့ ငါ့ကို မကြိုက်တော့ဘူးလား။"
"ငါ မလုပ်နိုင်ဘူးထင်တယ်။"
ဒီအတွေးတွေက တိတ်တဆိတ် ဝင်လာပြီး
ကျွန်တော်တို့ရဲ့ ခံစားချက်ကို ပြောင်းလဲပစ်တတ်ပါတယ်။
စိတ်ဓာတ်ကျလာတယ်။ စိုးရိမ်လာတယ်။ တစ်ယောက်တည်း နေချင်လာတယ်။ အဲဒီနောက်မှာတော့ ဖုန်းမကိုင်ချင်တော့ဘူး၊ လူတွေနဲ့ မတွေ့ချင်တော့ဘူး၊ လုပ်စရာရှိတာတွေကိုတောင် ရွှေ့ထားလိုက်မိတယ်။
ဒီလိုနဲ့ အတွေးတွေက ခံစားချက်ကို ပြောင်းလဲတယ်၊
ခံစားချက်တွေက အပြုအမူကို ပြောင်းလဲတယ်၊
အပြုအမူတွေကလည်း အဲဒီအတွေးတွေကို ပိုပြီး မှန်တယ်လို့ ယုံကြည်လာစေတယ်။
ဒါဟာ CBT Triangle လို့ ခေါ်တဲ့
Thoughts (အတွေး) – Feelings (ခံစားချက်) – Actions (အပြုအမူ)
တို့ရဲ့ အပြန်အလှန်ဆက်နွယ်မှုပါ။
ဒါပေမယ့် သတင်းကောင်းတစ်ခုရှိပါတယ်။
ဒီ Triangle ထဲက ထောင့်တစ်ခုကို ပြောင်းလဲလိုက်နိုင်ရင် ကျန်တဲ့ နှစ်ခုလည်း တဖြည်းဖြည်း ပြောင်းလဲလာနိုင်ပါတယ်။
"ငါ မလုပ်နိုင်ဘူး" ဆိုတဲ့အတွေးကို
"အခုတော့ ခက်နေတာပဲ၊ ဒါပေမယ့် တဖြည်းဖြည်း လုပ်နိုင်လာမယ်" လို့ ပြောင်းစဉ်းစားကြည့်တာမျိုး။ ဒါမှမဟုတ် စိတ်မပါသေးပေမယ့် အပြင်ထွက်ပြီး လေရှူတာ၊ မိတ်ဆွေတစ်ယောက်ကို စာပို့တာ၊ အိပ်ရာကနေ ထပြီး ရေတစ်ခွက်သောက်တာမျိုး။ တစ်ခါတလေ ဘဝကို ပြောင်းလဲစေတဲ့ အရာကြီးတွေ မလိုအပ်ပါဘူး။
အတွေးတစ်ခု၊ အပြုအမူသေးသေးလေးတစ်ခုကနေ စတင်နိုင်ပါတယ်။
တစ်နေ့နေ့မှာ စိတ်ပင်ပန်းနေခဲ့ရင်
ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေး မေးကြည့်ပါ—
"အခု ငါ ဘာကိုတွေးနေသလဲ?"
ဘာလို့လဲဆိုတော့
တစ်ခါတလေ ကျွန်တော်တို့ကို ပင်ပန်းစေတာဟာ
အဖြစ်အပျက်တွေ မဟုတ်ဘဲ၊
အဲဒီအဖြစ်အပျက်တွေကို ကျွန်တော်တို့ ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားသလဲ ဆိုတာ ဖြစ်နေလို့ပါ။ 💙
20/06/2026
💡 သင်တန်းတက်ပြီး မပြောင်းလဲဘူးဆိုရင်...
တကယ်ကောင်းတဲ့ Training တစ်ခုရဲ့ ရလဒ်က Certificate မဟုတ်ပါဘူး။ အလုပ်ခွင်ထဲမှာ မြင်သာတဲ့ အပြောင်းအလဲတွေပါ။
✅ Communication ပိုကောင်းလာတာ
✅ Problem Solving ပိုမြန်လာတာ
✅ Teamwork ပိုထိရောက်လာတာ
✅ Leadership Skill ပိုတိုးတက်လာတာ
✅ Performance နဲ့ Result တွေ ပိုကောင်းလာတာ ဒါတွေကသာ တကယ့်တန်ဖိုးနဲ့ ထိရောက်မှုဖြစ်ပါတယ်။
သင်တန်းရဲ့ တန်ဖိုးကို Training Room ထဲမှာ မတိုင်းတာနိုင်ပါဘူး။ အလုပ်ခွင်မှာ ပြောင်းလဲသွားတဲ့ အပြုအမူနဲ့ ရလဒ်တွေကပဲ တကယ့်အောင်မြင်မှုကို သက်သေပြပေးပါတယ်။
Myanmar Development Professionals ကတော့ သီအိုရီသင်ကြားပေးရုံသာမက၊ လက်တွေ့အသုံးချနိုင်ပြီး အဖွဲ့အစည်းရဲ့ Performance ကို တိုးတက်စေမယ့် Learning Experience တွေကို ဖန်တီးပေးနေပါတယ်။
19/06/2026
🔥 People Agility သင်တန်းအပ်နှံဖို့အတွက် နောက်ဆုံးအခွင့်အရေး
🚀 ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်လာတဲ့ People Agility
ဒီနေ့ရဲ့ လုပ်ငန်းခွင်က အရင်လို မဟုတ်တော့ပါဘူး။
အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ မတူညီတဲ့လူတွေနဲ့ လိုက်လျောညီထွေ အလုပ်လုပ်နိုင်ခြင်း၊ Feedback ကို လက်ခံပြီး တိုးတက်အောင် ပြောင်းလဲနိုင်ခြင်းက Professional တစ်ယောက်ရဲ့ အရေးကြီးဆုံး Skill တွေဖြစ်လာပါတယ်။
Myanmar Development Professionals (MDP) ရဲ့ People Agility Training မှာတော့—
✅ Effective Collaboration Skills
✅ Communication & Relationship Building
✅ Emotional Intelligence at Workplace
✅ Giving & Receiving Feedback
✅ Adaptability & Growth Mindset
✅ Teamwork through Interactive Activities & Case Studies စတဲ့ အကြောင်းအရာတွေကို Practical Exercises နဲ့ ပေါင်းစပ်သင်ကြားပေးမှာဖြစ်ပါတယ်။
ကိုယ့်အဖွဲ့အစည်းရဲ့ Collaboration ကို မြှင့်တင်ချင်တယ်၊ Employee Engagement ကို အားကောင်းစေချင်တယ်ဆိုရင် People Agility Training က အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
📩 Corporate Rate နဲ့လည်း အသက်သာဆုံးဖြစ်အောင်စီစဉ်ပေးထားတာမို့ ကိုယ့်Team members များကို စွမ်းဆောင်ရည်မြှင့်တင်ပေးလိုတဲ့ လုပ်ငန်းရှင်များ၊ ဦးဆောင်သူများလည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
💜 Myanmar Development Professionals (MDP)
Empowering People. Transforming Organizations.
Registration Form - https://forms.gle/2qUFM2CuyMzuc9ME7
💢 19 ရက်နေ့ နေ့လည် 12 နာရီ Form ပိတ်ပါမည်။ သတင်းကောင်းအနေနဲ့ ဒီတစ်ခေါက် သင်တန်းသားဦးရေတိုးပြီးလက်ခံထားတာကြောင့် ပိုမိုကျယ်ဝန်းတဲ့ Bagan Room မှာ အားပါတရသင်ယူမှုတွေပြုလုပ်ကြပါမယ်နော်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Yangon
959