Mobile Volunteer Medical Team
Mobile Volunteer Medical Team
Share
We do not require money. We only need hope and true love from your deep heart. How far it is, we are always coming to you !
22/07/2021
အခုကာလ မှာ လူတိုင်းနီးပါး အဆင်မပြေမှုတွေ သောက တွေ ရောဂါတွေ နဲ့ ခံစားနေကြရမယ်ဆိုတာ နားလည်ယုံကြည်ပါတယ်...
ကျွန်တော် ကိုယ်တိုင်လဲ P လူနာ ဖြစ်နေတော့ ရောဂါရဲ့ အတိမ်အနက် ကို ကောင်းကောင်းကြီး မဟုတ်တောင် အတော်အသင့်ခံစားရပါတယ်...
ဒါပေမယ့် မပြောမတီး မတီးမမြည်ဆိုသလို အမှန်တကယ်လိုအပ်တဲ့ အရာလေး တစ်ခုအတွက် သူငယ်ချင်း မိတ်ဆွေ တွေ ကို ရိုသေ လေးစားစွာ ဖြင့် အလှူခံစရာလေး တစ်ခု ရှိပါတယ်... အားလဲနာပါတယ်...
ကျွန်တော် ဒေါက်တာရှင်းသန့် ဦးဆောင်မှု နဲ့ 2015 ခုနှစ်ထဲက တည်ထောင်ခဲ့တဲ့ Mobile Volunteer Medical Team - Myanmar ရွေ့လျားဆေးကု အဖွဲ့ ဟာ မြန်မာနိုင်ငံအနှံ့ ဒေသန္တရ ပရဟိတ အသင်းအဖွဲ့များ နဲ့ ချိတ်ဆက်ကာ စတင်တည်ထောင်ချိန်မှ ယခု အချိန်အထိ မြန်မာနိုင်ငံအနှံ့ ကျေးလက်ဒေသ နဲ့ နယ်စပ်ဒေသ တွေမှာ နယ်လှည့်ဆေးကုသခြင်း (လတ်တလော ကိုဗစ်ကြောင့်ရပ်နားထား)၊ လိုအပ်သော စားနက်ရိက္ခာ ထောက်ပံ့လှူဒါန်းခြင်း၊ ပရဟိတ ဆေးကုသခြင်း၊ လူနာတင်ယာဥ်ချိတ်ဆက် လူနာပို့ဆောင် ပေးခြင်း၊ ဖုန်း/Messanger/Viber/Zello တို့ ဖြင့် ကျန်းမာရေး ကိစ္စ တိုင်ပင်ဆွေးနွေးခြင်း အစရှိသော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ကို နီးစပ်ရာ ကျန်းမာရေး လောကမှ သူငယ်ချင်း များနဲ့ အတူ လုပ်ဆောင်ခဲ့ကြပါတယ်... page ဖြစ်တဲ့ www.facebook.com/MobileVolunteerMedicalTeam တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်...
ပါဝင်ကူညီပေးခဲ့ကြတဲ့ ပရဟိတ အဖွဲ့အစည်း အသင်းတိုင်းကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်...
ယခု လက်ရှိ Mobile Volunteer Medical Team - Myanmar ရဲ့ ယာယီ ရုံးခန်း နှင့် ကျန်းမာရေး ဆေးပေးခန်း ဖွင့်လှစ်ထားရှိရာ လှည်းကူးမြို့နယ်၊ ဖောင်ကြီးတိုက်နယ် ၊ မင်းကုန်းကျေးရွာအုပ်စု ၊ အမြန်လမ်းမိုင်တိုင် 20 မိုင် 6 ဖာလုံ အ နီးတွင် လက်ရှိလိုအပ်ချက်တစ်ခု ရှိနေပါတယ်...
အဲ့ဒါကတော့ ဆေးဝါးစက်ပစ္စည်းစုံလင်စွာ တပ်ဆင်ထားသော အရေးပေါ်လူနာတင်ယာဥ် တစ်စီး ပဲ ဖြစ်ပါတယ်... Without ဆိုလဲ အဆင်ပြေပါတယ်...
လက်ရှိ ကျေးရွာ အနီးတစ်ဝိုက်တွင် အသုံးပြုနေသော လူနာတင်ယာဥ် လက်ရှိ တစ်စီးရှိသော်လည်း တစ်ပတ်လျှင် ကားဝပ်ရှော့ 3-4 ရက်ပို့နေရခြင်း၊ ပစ္စည်းကိရိယာ ဆေးဝါး မစုံလင်ခြင်း၊ အစရှိသည်တို့ကြောင့် လတ်တလော လူနာများအား ဆေးရုံများသို့ ပို့ဆောင်ခြင်း၊ Quarantine Center များသို့ ပို့ဆောင်ခြင်း အစရှိသည်တို့တွင် အခက်အခဲများစွာ ဖြစ်ပေါ်လျှက်ရှိပါတယ်...
အဆိုပါ ဒေသတစ်ဝိုက်တွင်လည်း ရွာနီးစပ်ချုပ်ကျေးရွာ 15 ရွာခန့် ရှိနေပြီး နေ့စဥ် ဆေးရုံ ဆေးခန်းကြီး များသို့ လူနာ လမ်းကြောင်း 4-5 ကြောင်းခန့် ပို့ဆောင်နေရပါတယ်...
ကိုဗစ်လူနာများလဲ ပို့ဆောင်ပေးနေ ပါတယ်...
ကိုဗစ်လူနာ ဖြစ်နေ၍ အငှားယာဥ်အချို့မှလည်း လိုက်ပါရန် ငြင်းဆန်ခြင်းများလည်း ကြုံတွေ့ခဲ့ရပါတယ်...
ထို့ကြောင့် ကျွန်တော့် အကောင့်ထဲက သူငယ်ချင်း မိတ်ဆွေ များကို အားနာနာဖြင့် စေတနာ သဒ္ဒါတရား ရှိသလောက် တစ်ကျပ် တစ်ပြားမှ စ၍ လှူဒါန်းကုသိုလ်ပါဝင်နိုင်ပါ ကြောင်း လေးစားစွာ ဖြင့် ဖိတ်ခေါ်အပ်ပါတယ် ခင်မျာ...
အားလုံးကို ကျေးဇူးတင်ပါတယ် ခင်မျာ...
ဒေါက်တာ ရှင်းသန့်
( တည်ထောင်သူ )
Mobile Volunteer Medical Team - Myanmar
ဖုန်း - 09268272610 ၊ 09445635633 ၊ 09429113653 ၊ 09889885670 ၊ 09969855979
Viber - 09445635633
လိပ်စာ - ​ခြံ အမှတ် 67၊ ကျောက်စိမ်းလမ်း၊ မင်းကုန်းရတနာစျေးအနီး၊ 2 ရပ်ကွက်၊ မင်းကုန်းကျေးရွာအုပ်စု၊ အမြန်လမ်းမိုင်တိုင် 20 မိုင် 6 ဖာလုံ အနီး၊ ဖောင်ကြီးတိုက်နယ်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
KBZ Bank Account - 99930799913161501
Account name - Shinn Thant
မှတ်ချက် - Banking ဖြင့်လှူဒါန်းဖြစ်ခဲ့ပါက Description နေရာ တွင် For Ambulance လို့ရေးပေးဖို့ မေတ္တာရပ်ခံပါရစေခင်မျာ..
လှူဒါန်းပြီးပါကလည်း Cb (သို့မဟုတ်) Viber ကနေ Receipt လေးပြန်လည်ပို့ပေးဖို့မမေ့ပါနဲ့နော်.. ဒါမှသာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်...
Mobile Volunteer Medical Team မှလည်း ကျေးဇူးတင် ဂုဏ်ပြုလွှာလဲ ပြန်လည်ပေးအပ်သွားမှာလဲ ဖြစ်ပါတယ် ခင်မျာ...
ကျွန်တော့် Personal Facebook account ရဲ့ Cb နှင့် Viber တို့မှလည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်...
သွားရေးလာရေး ခက်ခဲအဆင်မပြေသော အလှူရှင်များ အား ရောဂါတွေ တည်ငြိမ်၍ အခြေအနေ အေးဆေး ဖြစ်သွားခဲ့ရင်တော့ အိမ်တိုင်ရာရောက် အလှူငွေ လာရောက် ကောက်ခံပေးပါမယ်ခင်မျာ...
#လက်ရှိ အလှူငွေ ကောက်ခံရရှိမှုစာရင်း #
---------------------------------------------------------------
1. အကြင်နာ ဆေးခန်း မိသားစု
(5 သိန်း ကျပ်)
2. ဦးဟိန်းမောင်မောင်
(3 သိန်း ကျပ်)
3. ဒေါက်တာဝင်းသိန်း မိသားစု
(2 သိန်း ကျပ်)
www.facebook.com
20/06/2021
မဂ်လာပါ ခင်မျာ...
(2014) ခုနှစ် မှ စတင်ကာ မြန်မာနိုင်ငံအနှံ့ ပရဟိတ နယ်လှည့်ဆေးကုသရေး ခရီးစဥ်များ လုပ်ဆောင်ခဲ့သော ကျွန်တော်တို့ ပရဟိတ နယ်လှည့်ဆေးကုအဖွဲ့ (Mobile Volunteer Medical Team) ရဲ့ နယ်လှည့် ပရဟိတ ဆေးကုသခရီးစဥ်များ ပိုမို လုပ်ဆောင်နိုင်စေရန် အတွက် လည်းကောင်း၊ စစ်ဘေးသင့်ဒေသများ အတွက် လိုအပ်သော အစားအသောက် နှင့် ဆေးဝါး ထောက်ပံ့ ကူညီ မှုများပြုလုပ်နိုင်ရန် အတွက် လည်းကောင်း ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက်လည်းကောင်း၊ ရှေးဦးသူနာပြု နှင့် အရေးပေါ် ကယ်ဆယ်ရေးသင်တန်းများ ပိုမိုဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရန် အတွက်လည်းကောင်း၊ လိုအပ်နေသောနေရာ ဒေသများ တွင် အရေးပေါ်နှင့်အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် လည်းကောင်း၊ အမှန်တကယ် ချို့တဲ့ဆင်းရဲ နွမ်းပါးသော လူနာများအား အခမဲ့ ဆေးဝါးကုသမှုပေးနိုင်ရန် အတွက် လည်းကောင်း၊ အရေးပေါ် လူနာများအား လိုအပ်သောဆေးရုံများသို့ ဆေးရုံကားများဖြင့် ထိရောက် လျှင်မြန်သော ခေတ်မှီ နည်းစနစ်များအသုံးပြုကာ အချိန်မှီ စနစ်တကျ လွှဲပြောင်း ပို့ဆောင်နိုင်စေရန် အတွက် လည်းကောင်း ရည်ရွယ်၍ ဆေးကုသခန်း တစ်ခု အား ဖွင့်လှစ်ထားရှိပြီး ဖြစ်ရာ အမှန်တကယ် လိုအပ်နေသော အရေးပေါ်လူနာတင်ကား Ambulance (1) စီး ကို ရိုသေ လေးစားစွာ ဖြင့် အလှူခံလိုပါသည်...
ခန့်မှန်းကုန်ကျငွေ သိန်း 60-70 နီးပါး ကုန်ကျ မည်ဟု သိရပါသည်...
မည်၍မည်မျှ သတ်မှတ်မထားပဲ တစ်ဦးတည်းမတည်အလှူရှင် ဖြစ်စေ၊ စုပေါင်းအလှူဒါန ဖြစ်စေ တတ်နိုင်သမျှ စတေနာသဒ်ဒါတရား ထက်သန် စွာဖြင့် ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးရည်မျှော် သတင်းကောင်းပါး အပ်ပါသည်။
လေးစားစွာဖြင့်
ဒေါက်တာရှင်းသန့်
တည်ထောင်သူ နှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်
Mobile Volunteer Medical Team
ဆက်သွယ် လှူဒါန်းလိုပါက
----------------------------------------
Mobile Volunteer Medical Team ရုံးခန်း
"အကြင်နာ" ဆေးကုခန်း (ပရဟိတ ရေးရာ)
(နေ့စဥ် နံနက် 7:00 နာရီ မှ ည 9:00 နာရီအထိ)
(ပိတ်ရက်မရှိပါ)
လိပ်စာ -
အမှတ် (67)၊ ကျောက်စိမ်းလမ်း၊ မင်းကုန်းစျေးကြီး အနီး၊ မင်းကုန်းကျေးရွာ၊ အမြန်လမ်းမိုင်တိုင် (19) မိုင် (6) ဖာလုံ အနီး၊ ဖောင်ကြီးတိုက်နယ်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း - 09445635633 ၊
09268272610 ၊
09429113653 ၊
09969855979 ၊
09889885670 ၊
09889885671 ၊
09889885672
Viber - 09445635633
Email - [email protected]
Facebook -
www.facebook.com/MobileVolunteerMedicalTeam
မှတ်ချက် - လတ်တလော အင်တာနက် လိုင်းများ ရတစ်ချက် မရတစ်ချက် အခက်အခဲ ရှိနေပါ၍ လှူဒါန်း ကုသိုလ်ယူလိုသူများ အနေဖြင့် ဖုန်းဖြင့် ကြိုတင် ဆက်သွယ် အကြောင်းကြား ပေးပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်ပါတယ် ခင်မျာ...
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...
www.facebook.com
14/01/2021
အားလုံးပဲ မဂ်လာပါ...
Share တစ်ချက်ဖြင့် ကူညီပေးပါ...
ကျွန်တော် တို့ Mobile Volunteer Medical Team (ရွေ့လျား ပရဟိတ ဆေးကုအဖွဲ့) ၏ 2021 ခုနှစ် အတွင်း ရှေ့ဆက်လုပ်ဆောင် သွားမည့် အနာဂတ် ပြည်တွင်း ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတ ဆေးကုခရီးစဥ် များ နှင့် နယ်လှည့်ရွေ့လျားဆေးခန်း များ တွင် အသုံးပြုရန် အတွက် အောက်ပါ ကျန်းမာရေး ဆိုင်ရာ ဆေးဝါးစက်ပစ္စည်းကိရိယာ များ အား လိုအပ်နေပါသော ကြောင့် ပါဝင်ကုသိုလ်ယူလိုသော စေတနာရှင် အလှူရှင်များ အား နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ကြိုဆိုပါရစေ ခင်မျာ...
1. Portable Nebulizer (တန်ဖိုး - 35,000 ကျပ်)
2. Oxygen Concentrator 5L (တန်ဖိုး - 450,000 ကျပ်)
3. Suction Machine ချွဲစုပ်စက် (တန်ဖိုး - 180,000 ကျပ်)
4. Portable ECG စက် (6 Channels) (တန်ဖိုး - 800,000 ကျပ်)
5. Automated External Defibrillator (AED အလိုအလျောက်နှလုံး နှိုးစက်) (တန်ဖိုး - 2,700,000 ကျပ်)
6. Patient Monitor (တန်ဖိုး - 800,000 ကျပ်)
7. Vital Sign Monitor (တန်ဖိုး - 190,000 ကျပ်)
8. UV Ray Sterilizer မီးတန်း ပိုးသတ်စက် (တန်ဖိုး - 135,000 ကျပ်)
9. Dry Heat Sterilizer ပိုးသတ်စက် သေတ္တာ (တန်ဖိုး - 75,000 ကျပ်)
10. Otoscope + Ophthalmoscope (တန်ဖိုး - 139,600 ကျပ်)
11. Drip stand with 5 wheels (တန်ဖိုး - 28,000 ကျပ်)
12. First Aid Responder Bag (တန်ဖိုး - 60,000 ကျပ်)
13. D Cart Trolley (တန်ဖိုး - 135,000 ကျပ်)
14. Diathermy machine (တန်ဖိုး - 800,000 ကျပ်)
15. Portable Oxygen Cylinder 10L ( တန်ဖိုး - 75,000 ကျပ်)
မှတ်ချက် - ပေးထားသော တန်ကြေးများသည် ကာလပေါက်စျေး ခန့်မှန်းစျေးနှုန်း များပဲ ဖြစ်ပါတယ်။
ပစ္စည်း တစ်မျိုး ပဲ ဖြစ်ဖြစ် တတ်နိုင် သလောက် လှူဒါန်းပေးလို့ရပါတယ်။
ယခု အလှူအတွက် ငွေကြေး အလှူလက်မခံပါ။ လူကြီးမင်း တို့ စိတ်တိုင်းကျ ဝယ်ယူထားသော ဆေးဝါးပစ္စည်းများ အား ကိုယ်တိုင်ကိုယ်ကျ အလှူပစ္စည်းအနေဖြင့် လက်ခံ သွားမှာပဲ ဖြစ်ပါတယ် ခင်မျာ...
လှူဒါန်းသော အလှူရှင်များ အားလည်း ဂုဏ်ပြု လက်မှတ် ပြန်လည်ပေးအပ်ကာ Page မှ တရားဝင် ထုတ်ပြန် ကြေငြာ မှတ်တမ်းတင်သွားမည် ဖြစ်ပါတယ် ခင်မျာ...
အားလုံး ကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်မျာ...
ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုပါက...
Mobile Volunteer Medical Team
စီမံ ကြီးကြပ်မှု ကော်မတီ
ဖုန်း - 09445635633 ၊ 09268272610 ၊ 09889885670 ၊ 09889885671 ၊ 09429113653
Viber - 09445635633
11/12/2020
မဂ်လာအပေါင်း နဲ့ ပြည့်စုံ ပြီး ကိုဗစ် ကင်းစင်ကမ္ဘာမြေ တစ်ခွင်ဖြစ်ပါစေ ကြောင်း Mobile Volunteer Medical Team မှ နွေးထွေးစွာ ဆုမွန်ကောင်းတောင်းပေး လိုက်ရပါတယ်...
မကြာခင် အချိန် အတွင်း ကာလ အတန်ကြာ ရပ်နားထားခဲ့ရသော Mobile Volunteer Medical Team ရဲ့ လှုပ်ရှားမှု Activity များလဲ ပြန်လည် အသက်ဝင်လာတော့ မည်ဖြစ်ပါကြောင်း လဲ ကြိုတင် အသိပေး သတင်းကောင်းပါးလိုက်ရပါတယ်...
Photos from Mobile Volunteer Medical Team's post 04/03/2020
(2020) ခုနှစ် မတ်လ ရဲ့ ပထမဦးဆုံးနေ့လေး မှာ ကျွန်တော်တို့ Mobile Volunteer Medical Team ပရဟိတ အသင်းဟာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဘဏ္ဍာပင်ကျေးရွာ ကို သွားရောက်ပြီးတော့ မေတ္တာဖြင့် ပရဟိတ ဆေးဝါးကုသခြင်း ကို ဆောင်ရွက် ပြုလုပ်ကုသိုလ်ယူပေးခဲ့ပါတယ်။ အဆိုပါကျေးရွာလေး ဟာ တစ်ချိန်တုန်းက စစ်တောင်းမြစ်ဝှမ်းကမ်းနားဒေသမှာ တည်ရှိပြီးတော့ အေးချမ်းသာယာ စည်ပင်ဝပြောခဲ့ပေမယ့် လွန်ခဲ့တဲ့ အချိန် 2 နှစ်က ဘဝဇာတ်ဆရာအလိုကျ မိုးတွင်းကာလ စစ်တောင်းမြစ်ရေလျှံတော့ ရွာလုံးကျွတ် ရေနစ်မြုတ် စိုက်ပျိုးမြေတွေ ပျက်စီး ရွာရဲ့အထွဋ်အမြတ်ထားရာ ရွာဦးစေတီ ပါ စေတီ တစ်ဆူလုံး ကမ်းပါးပြိုလို့ မြစ်ရေခ ခဲ့ရပါတယ်။ (မှတ်ချက်။ အဆိုပါ သတင်း Video file မှာ Facebook တွင် ထိုအချိန်က ပျံ့နှံ့ခဲ့ပြီး ဖြစ်ပါတယ်။)
ယခု အဆိုပါ ဒေသခံများဟာ လောကဓံကို အံတုယှဥ်ပြိုင်ရင်း ဘဝတိုက်ပွဲဝင်ဖို့ ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ယခု လက်ရှိ ကျေးရွာတည်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဘဏ္ဍာပင်ကျေးရွာ (ခရမ်း-သုံးခွ-သနပ်ပင် ကားလမ်းမကြီး ကနေ ညာဘက်သို့ကွေ့ ဝင်ရသည်။) တွင် ရွာသစ် တစ်ရွာ တည်ထောင်ခဲ့ကြပြီး အနာဂတ်အသီးအပွင့်များ အတွက် မျိုးစေ့ချ နေထိုင် နေကြပြီ ဖြစ်ပါတယ်။
အဆိုပါကျေးရွာ ​လေးမှာ ကျွန်တော် တို့ Mobile Volunteer Medical Team မှ Team Leader ဒေါက်တာရှင်းသန့် ဦးဆောင်၍ အဆိုပါကျေးရွာ မှ သက်ကြီးဘိုးဘွား ဗိုက်ကြီးသည် နာမကျန်း လူနာ 54 ယောက် အား မေတ္တာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အတွက် ပရဟိတ ဆေးကုသခန်း ဖွင့်လှစ်ကာ ကုသိုလ်ယူခဲ့ကြပါတယ်။ အားလုံး သာဓုမောဓနာခေါ်ဆိုနိုင်စေရန် အလို့ငှာ ကုသိုလ်မျှဝေ လိုက်ရပါတယ်။
🙏🙏🙏
Photos from Mobile Volunteer Medical Team's post 11/02/2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ အခြေစိုက် Mobile Volunteer Medical Team နှင့် ကယားပြည်နယ် ၊ လွိုင်ကော်မြို့ အခြေစိုက် "ရွှေလွိုင်ကော် ပရဟိတ အသင်း" တို့ အတူပူးပေါင်း၍ "အခမဲ့" ကုသိုလ်ဖြစ် ပရဟိတ နယ်လှည့် ကွင်းဆင်းဆေးကုသခြင်း အစီအစဥ် အဖြစ် Mobile Clinic Program အား (၈/၂/၂၀၂၀) (စနေနေ့) နှင့် (၉/၂/၂၀၂၀) (တနဂ်နွေနေ့) တို့တွင် ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် ၊ ပန်ပက်ကျေးရွာအုပ်စု အတွင်းရှိ ရွမ်းဂူရွာ နှင့် ဒေါကေးရွာ ။ ဆိုဘောသဲကျေးရွာ ၊ ဒေါကလိုးခူကျေးရွာ ၊ လွိုင်ကော်မြို့ ပေါ်ရှိ သုခကာရီဓမ္မရိပ်သာ ဘုန်းကြီးကျောင်း နှင့် မဟာဓမ္မဝိဟာရီ သီလရှင် စာသင်တိုက် တို့ မှ ရဟန်းရှင်လူ ပြည်သူများအား မေတ္တာ စေတနာများ ဖြင့် ဆေးဝါးကုသမှုပေးခဲ့ပါသည်။
အဆိုပါ ဆေးကုခရီးစဥ် တွင် ပါဝင်ကြသူများ အနေ ​ဖြင့်
Mobile Volunteer Medical Team မှ
1. ဒေါက်တာရှင်းသန့် (Team Leader)
2. ဒေါက်တာနေလင်း
3. ဒေါက်တာအောင်ဇင်စိုး
4. ကိုကျော်ဇောလင်း (Trained Nurse)
5. ဦးစံညိမ်း (Health Assistance)
ရွှေလွိုင်ကော် ပရဟိတ အသင်းမှ
1. ဆရာကျော် (ခ)ဆြာလွိုင်ကော်(Team Leader/နာယက)
2. ကိုဇော်ရဲအောင်
3. ကိုဖိုးအောင်
4. ကိုငြိမ်းချမ်းအောင်
5. ကိုလင်းအောင်
6. ကိုခိုင်လင်းထွန်း
7. ကိုသုတကို
8. မောင်စိုပြေ
တို့မှ ပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။
အဓိက အလှူရှင်များ အဖြစ် ဆေးဝါး နှင့် ဆေးပစ္စည်းများ အား ပါဝင် ကူညီ လှူဒါန်း ကုသိုလ်ယူပေး ခဲ့ကြပါသော
1. ကိုကျော်သီဟမျိုး @ ကိုအန်းဂူ (လွိုင်ကော်)
2. သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်တင်မိမိ
3. ကိုမြတ်သောင်း (AA Medical Products Ltd)
4. ကိုဇေလတ်စိုး @ ကိုရွှေမင်း
5. ဒေါက်တာသန်းထွန်းအောင်
6. ဒေါက်တာအောင်ဟန်စိုး
7. ဒေါက်တာရွှေစင်ဖူး တို့အား ကျေးဇူးအထူးတင်ရှိပါသည်။
အဆိုပါ ဆေးကုခရီးစဥ် အတွင်း လူနာ စုစုပေါင်း (505) ယောက်အား ဆေးဝါးကုသမှုပေးခဲ့ပါသည်။
အဆိုပါ ခရီးစဥ် ဖြစ်မြောက်စေရန် အဖက်ဖက် မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများ အားလုံး ကို ကျေးဇူးအထူးပင်တင်ရှိပါသည်။
#ရွှေလွိုင်ကော်ပရဟိတအသင်း
Photos from Mobile Volunteer Medical Team's post 27/01/2020
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော
2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ သိကောင်းစရာများ ကို အများပြည်သူလေ့လာသိရှိပြီး awareness ပိုမိုရရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ် ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးအသိပညာများ၊ ရုပ်သံဗီဒီယိုများကို ပူးတွဲပါ QR Code ကို မိမိတို့၏ ဖုန်း/Tablet တို့ဖြင့် Scan ဖတ်၍ လည်းကောင်း၊ အောက်ပါ အင်တာနက်လိပ်စာမှတစ်ဆင့် လည်းကောင်း တစ်စုတစ်စည်းတည်း အမြဲဝင်ရောက်ကြည့်ရှုပြီး အများပြည်သူသိရှိနိုင်စေရန် ပြန်လည်ဖြန့်ဝေနိုင်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ် ။
https://mohs.gov.mm/Main/content/publication/2019-ncov
CDC (Centers for Disease Control and Prevention) ကနေဖော်ပြထားတဲ့ Corona Virus ကာကွယ်ရေးနဲ့ပတ်သတ်ပြီး
မိမိကိုယ်မိမိကာကွယ်ဖို့
၁ ။ လက်ကို ဆပ်ပြာ ၊ ရေ ဖြင့် စက္ကန့် (၂၀) ခန့် မကြာခဏ ဆေးပါ ။
၂ ။ လက်မဆေးပဲ မိမိမျက်လုံး ၊ နှာခေါင်း ၊ ပါးစပ်တို့ကို ထိတွေ့ခြင်းမှရှောင်ပါ ။
၃ ။ နာမကျန်းဖြစ်နေသော လူများနဲ့ နီးကပ်စွာ ထိတွေ့ခြင်းကိုရှောင်ပါ ။
အခြားသူများကို ကာကွယ်ဖို့
သင့်မှာ အအေးမိလက္ခဏာတွေရှိတယ်ဆိုရင်တခြားသူတွေကိုမကူးစေဖို့
၁ ။ သင်နေမကောင်းဖြစ်နေရင်ရင်အိမ်တွင်နေပါ ။
၂ ။ အခြားသူများနဲ့နီးကပ်စွာ ထိတွေ့ခြင်းကိုရှောင်ပါ ။
၃ ။ ချောင်းဆိုး နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို တစ်ရှုး နဲ့အုပ်ပြီး ပြုလုပ်ပါ ပြီးတဲ့အခါ တစ်ရှူးကို အမှိုုက်ပုံးထဲ သေချာစွန့်ပစ်ပြီးလက်ကိုဆေးပါ ။
၄ ။ အရာ၀ထ္ထုပစ္စည်းတွေနဲ့ မျက်နှာပြင်တွေကို သန့်ရှင်းအောင်ပြုလုပ်ပါ ပိုးသတ်ထားပါ ။
Source : https://www.cdc.gov/coronavirus/about/prevention.html
ကိုယ်ခံအားနည်းသူတွေကူးစက်လွယ်တာကြောင့် အာဟာရပြည့်စုံတဲ့ အစားအသောက်တွေကို သင့်တင့်မျှတအောင်စားပေးဖို့လိုသလို ဗီတာမင်စီ ကိုလည်း နေ့စဉ်လုံလောက်စွာ အစားအစာမှဖြစ်စေ ဗီတာမင်စီ ပါဝင်တဲ့အားဆေးတွေကနေတဆင့်ဖြစ်စေ သောက်သုံးပေးဖို့လိုပါတယ် ။
19/01/2020
မဂ်လာပါ။ Mobile Volunteer Medical Team က​ပြီးတော့ လာမယ့် ဖေဖော်ဝါရီလ ဒုတိယ အပတ် ထဲ မှာ သဘာဝ အလှတရားတွေ နဲ့ ပနံရ လှပနေတဲ့ လည်ပင်းကြေကွင်းစွတ် ကယန်း (ပဒေါင်) တိုင်းရင်းသား များနေထိုင်ရာ ကယားပြည်နယ်။ ဒီးမော့ဆို မြို့နယ် ပန်ပက်ကျေးရွာအုပ်စု ကျေးလက်တောင်ပေါ်ဒေသ သို့ ပရဟိတ ဆေးကု ခရီးစဥ် Mobile Clinic တစ်ခု သွားရောက်ဖို့ ရှိပါတယ်။ ကျေးရွာ 3 ရွာ ကုသရန် ဖြစ်ပြီး ခန့်မှန်း လူနာ 300-500 ရှိနိုင်ပါသည်။
ရန်ကုန် ကနေ Friday ညနေ 5:00 နာရီ တွင် အောင်မဂ်လာ အဝေးပြေးကားဝန်း မှ Express ကား ဖြင့် လွိုင်ကော်မြို့ သို့ ထွက်ပါမယ်။ စနေနေ့ နဲ့ တနဂ်နွေနေ့ 2 ည ကို လွိုင်ကော်မြို့ ပေါ် မှာ ညအိပ် ပြီး တနလ်ာနေ့ ညနေ 4:00 နာရီ ဝန်းကျင် ရန်ကုန်သို့ ပြန်ထွက်လာပါမယ်။ ရန်ကုန် ကို အဂ်ါနေ့ မနက် 6:00 နာရီ ဝန်းကျင် ပြန်ရောက်ပါမယ်။ 2 ညအိပ် 3 ရက်ခရီးစဥ်ပါ။
လွိုင်ကော်မြို့ပေါ် မှာ ​ခေတ္တ တည်းခိုဖို့ စားဖို့ အကုန် စီစဥ်ပေးပါမယ်။ စားရိတ်ငြိမ်းပါ။ ဒေသအစားအစာကြိုက်နှစ်သက် တဲ့သူ တွေ အတွက်တော့ Very Good ပါ။ ဒေသန္တရ ဗဟုသုတ အများကြီး ရပါမယ်။ ဓာတ်ပုံရိုက်လို့ အရမ်းလှပြီး မြင်လိုက်တာနဲ့ Wow ဖြစ်ရမယ့် သဘာဝတောတောင် ရှုခင်းတွေ မျက်ဝါးထင်ထင် တွေ့မြင်ရပါမယ်။
ပန်ပက်ရွာ သွားဖို့ ကားဘာညာ အကုန် စီစဥ်ပေးပါမယ်။ တောင်ပေါ်ခရီးစဥ်ဖြစ်တဲ့ အတွက် ခရီး အရမ်းပန်းပါမယ်။ အရမ်း အေးချမ်းပါတယ်။ အနွေးထည် လိုပါတယ်။ ဖုန်တော့ အနည်းငယ် ထူပါတယ်။ ရံဖန်ရံခါ မြူထူထပ်တတ်ပါတယ်။ ကားတစ်တန် လမ်းလျှောက်တစ်တန် သွားကောင်း သွားရပါမယ်။
ဟိုမှာ ဆေးကုလျှင်လဲ ကူညီပေးဖို့ ဆေးကု အတွေ့အကြုံရှိ Volunteer အင်အား 20 ခန့် ။ ကျေးလက်ကျန်းမာရေးမှူး နဲ့ သားဖွားဆရာမ အကူ ရှိပါတယ်။
လိုအပ်တဲ့ ဆေးဝါး နဲ့ ဆေးပစ္စည်း ကို သက်ဆိုင်ရာ အာဏာပိုင်များ နဲ့ ပရဟိတ အသင်းအဖွဲ့များမှ ပံ့ပိုးကူညီပေးပါမယ်။
ပရဟိတ ခရီးဖြစ်၍ ကုသိုလ် နှင့် ဒေသန္တရဗဟုသုတ မှ လွဲ၍ မည်သည့် အခကြေးငွေ မှ ရ ရှိမည် မဟုတ်ပါ။ သို့သော် ခရီးစားရိတ်ငြိမ်း ဖြစ်ပါသည်။ မိမိ တစ်ကိုယ်ရေ အသုံးစားရိတ် နှင့် လက်ဆောင်ဝယ်ရန် အတွက် သာယူလာရန် လိုပါသည်။
အဆိုပါ ခရီးစဥ် ကို သွားရောက်ဖို့
စိတ်ဝင်စားတဲ့ ဆရာဝန် သူငယ်ချင်း 2 ယောက် ကို ​လေးစားစွာဖြင့် ဖိတ်ခေါ်ကြိုဆိုပါတယ်။
ခရီးဝေးဖြစ်၍ ယောကျာ်းလေး ဆရာဝန် ဦးစားပေး လိုအပ်ပါသည်။
စိတ်ဝင်စားလျှင် Hello ပေးပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
09445635633
09268272610
Photos from Mobile Volunteer Medical Team's post 15/01/2020
Mobile Volunteer Medical Team ရဲ့ ကာလ အတော်ကြာ ခတ္တရပ်နားထားသော ပရဟိတ ခရီးစဥ် တစ်ခု အဖြစ် ကယားပြည်နယ် လွိုင်ကော်မြို့ ရှိ ဒေသအခြေစိုက် ပရဟိတ အသင်းကြီး တစ်ခု ဖြစ်သော "ရွှေလွိုင်ကော်ပရဟိတ" အသင်းကြီး ရုံးစိုက်ရာ လွိုင်ကော်မြို့တော် မှာ Mobile Volunteer Medical Team ၏ အခြေခံအရေးပေါ်အသက်ကယ်ပညာသင်တန်း (1/2020) ကို အဆိုပါပရဟိတအသင်းသား (35) ယောက်အား (12-1-2020) (တနဂ်နွေနေ့) နံနက် (8:00) နာရီ မှ ညနေ (6:00) နာရီအထိ တစ်နေကုန် သင်ကြားပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းတွင်
ရင်ဘက်ဖိနှိပ်အသက်ကယ်ခြင်း (Cardio-Pulmonary Resuscitation = CPR) ။ အလိုအလျောက်ခန္ဓာကိုယ်ပြင်ပနှလုံးနှိုးစက် အသုံးပြုခြင်း (Automated External Defibrillator = AED) ။ သွေးထွက်လူနာအားကယ်ဆယ်ခြင်း (Bleeding Control Management) ။ ရုတ်တရက်အသက်ရှူရပ်တန့်လူနာအား ကယ်ဆယ်ခြင်း (Choking Management) ။ လူနာအားစနစ်တကျ သယ်ယူပို့ဆောင်ခြင်း (Patient Handling & Transferring) အစရှိသော အခြေခံအရေးပေါ်အသက်ကယ်ဆယ်ရေး ပညာရပ်မျာအား စနစ်တကျ ဖြင့် နိုင်ငံတကာသင်ကြားရေး Lecture Note များ။ သင်ကြားရေးအရုပ် Manikins များ။ AED စက်များ။ ကယ်ဆယ်ရေးပစ္စည်းများ။ ဆေးရုံကားများ အသုံးပြုကာ သင်ကြားပို့ချပေးခဲ့ပါသည်။
ယခုလို သင်တန်း ဖြစ်မြောက်လာစေရန် အတွက် အစစအရာရာ အဖက်ဖက် မှ ဝိုင်းဝန်းကူညီပေးကြသော ရွှေလွိုင်ကော်ပရဟိတ အသင်း မှ နာယက ဦးသန်းစိုး။ နာယက ဦးကျော်ဆန်းလွင် @ ဆရာကျော်။ နာယကဒေါက်တာအောင်ကျော်ဌေး။ ဥက္ကဌ ကိုစောဝဏ္ဏ နှင့် အသင်းသူ အသင်းသားများ အားလည်းကောင်း။ သင်တန်းနေရာ အသုံးပြုခွင့်ပေးပါသော အ.ထ.က (1) လွိုင်ကော် နှင့် ကျောင်းအုပ်ကြီး အား လည်းကောင်း။ တည်းခိုရန်စီစဥ်ပေးပါသော မြတ်နိုး အဆင့်မြင့်တည်းခိုခန်း အားလည်းကောင်း။ ဆေးရုံကားများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးကူညီပေးပါသော ရွှေလွိုင်ကော်ပရဟိတအသင်း အား လည်းကောင်း ။ လိုအပ်သော Manikins အရုပ်များနှင့် AED စက်များ ပံ့ပိုးပေးပါသော Gold Lite International Pte. နှင့် ဒေါက်တာပြည့်ဖြိုးလင်း အား လည်းကောင်း။ လိုအပ်သည်များ ကူညီပေးပါသော ရွှေလောင်းလှေပရဟိတဖောင်ဒေးရှင်း နှင့် ဥက္ကဌ ဦးသော်တာထွေး အားလည်းကောင်း။ Channel 4 VIV Entertainment မိသားစု အားလည်းကောင်း။ ရွှေမင်း Laboratory Service (ရန်ကုန်) နှင့် Founder ကိုဇေလတ်စိုး @ ကိုရွှေမင်း အား လည်းကောင်း ။ Mr.Hot Restaurant (လွိုင်ကော်မြို့) နှင့် ဆိုင်ရှင် မနှင်းမေသူဦး တို့အား လ​ည်းကောင်း ကျေးဇူးအထူးပင်တင်ရှိပါသည်။
Photo credit: Shwe Loikaw ပရဟိတအသင်း
10/03/2019
မဂၤလာပါ ဆရာတို ့ဆရာမတို ့…
Mobile Volunteer Medical Team မှ စီစဉ်ထားတဲ့ ကျန်းမာရေးအသိပညာ ပေး ဟောပြောပွဲ လေး နှင့် ပရဟိတ ဆေးကုခန်း လေးကို အောက်ပါ အစီအစဉ်လေး အတိုင်း ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ပရဟိတ စိတ်အားထက်သန်၍ ပါဝင် ကုသိုလ်ယူလိုသော သူငယ်ချင်း မိတ်ဆွေ ညီအကိုမောင်နှမ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ အား လှိုက်လှဲပျူငှာနွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုပါတယ်။ ပါဝင်ကူညီလုပ်အားပေးမည်ဖြစ်သော မည်သူ မဆို အကျွေးအမွေး နှင့် အမှတ်တရ မေတ္တာလက်ဆောင် များ စီစဉ်ထားပါတယ်။ လူနာဦးရေ ခန့် မှန်း 600 ကျော် 700 နီးပါး ရှိပါမည်။ ထိုထက်လည်း ပိုနိုင်ပါတယ်။ ဆရာဝန် ဦးရေ အမှန်တကယ် လိုအပ်နေသေး၍ အကူအညီတောင်းခံရခြင်း ဖြစ်ပါတယ် ခင်မျ။
နေ့ ရက် - 17-3-2019 ( တနင်္ဂနွေနေ့  )
အချိန် - နံနက် (8:00) နာရီ မှ နေ့ လည် (4:30) နာရီ အထိ။
နေရာ - Idol Futsal Club မိုးလုံလေလုံ ဖူဆယ်ဘောလုံးကွင်း
လိပ်စာ - သီရိမင်္ဂလာ 15 လမ်း၊ ဂျပန်လမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ City Golf Resort နှင့် ကောင်းလက်ဖက်ရည်ဆိုင် အနီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
----------------------------------------------------
09445635633
09440044449
09425751897
Photos from Mobile Volunteer Medical Team's post 06/03/2019
Mobile Volunteer Medical Team နှင့် GDR Entertainment တို့ ပူးပေါင်းစီစဉ်တင်ဆက်သော Happy & Healthy Moment For All (Health Campaign) မှာ အဓိက ကူညီပံ့ပိုးပေးတာကတော့ Oramin-G အဆင့်မြင့် ဂျင်ဆင်းအားဆေး မှ ပဲဖြစ်ပါတယ်။
"ခန္ဓာသန်စွမ်းစိတ်ရွှင်လန်းဖို့ အော်ရာမင်း-ဂျီ ကို သောက်ကြပါစို့ ..."
-G
02/03/2019
မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း Mobile Volunteer Medical Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Mobile Volunteer Medica Team နှင့် GDR Entertainment တို့ အတူ ပူးပေါင်း စီစဉ် သော မကြာမှီလာမည့် (17-3-2019) (တနင်္ဂနွေနေ့ ) လေးမှာ ကျင်းပပြုလုပ်မယ့် ပရဟိတဆေးကုခန်း၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ၊ အခြေခံ အသက်ကယ်ပညာရှေးဦးသူနာပြု သင်တန်း (အခမဲ့) အစရှိသော အစီအစဉ်များ ပါဝင်မည်ဖြစ်သော ကျန်းမာရေး Campaign Program လေးမှာ ပါဝင်ကူညီ လုပ်အားပေးကြမည်ဖြစ်သော ဆရာဝန်များ၊ သူနာပြု များ၊ ရှေးဦးသူနာပြု Trainer များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုပ်အားပေးများ စုစုပေါင်း လူအင်အား 150 ခန့် အတွက် နေ့ လည်စာ ကျွေးမွေး ရန် အလှူ ရှင် (Lunch Sponsorship) လိုအပ်နေပါသည်။ ထို့ ကြောင့် စိတ်ပါဝင်စား ၍ ပါဝင်ကုသိုလ်ယူလိုပါက Happy & Healthy Moment For All Campaign ကို အမြန်ဆုံး ဆက်သွယ် နိုင်ပါတယ် ။
နေ့ လည်စာ ကို မိမိ နိုင်သလောက် လူ 50/100 စာခွဲလှူ လို့ လဲရပါသည်။ တစ်ဦးလျှင် 2500 ကျပ်နှုန်း သတ်မှတ်လျာထားပါသည် ။(နေ့ လည်စာ ထမင်း+ဟင်း 3 မျိုး နှင့် ရေသန့် တို့ ပါဝင်မည်ဖြစ်သည်။ အလှူ ငွေ အနေနဲ့မဟုတ်ပဲ မိမိ ၏ စေတနာ သဒ္ဒါတရားဖြင့် နေ့ လည်စာ ကိုယ်တိုင် လာရောက် ချက်ပြုတ် ၍ပဲဖြစ်ဖြစ် ဝယ်၍ပဲဖြစ်ဖြစ် လာပို့ ပေးလို့ ရပါတယ်။
စိတ်ပါဝင်စား၍ ပါဝင် ကုသိုလ်ယူလိုပါက အောက်ပါ ဖုန်းနံပါတ်များ သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
09445635633, 09440044448, 09440044449
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
No. 52 (A/2) ; Melzi Gone Road; 7th Quarter; Hlaing Township; Yangon;
Yangon
11051