23/03/2019
■■■ မြန်မာအတွေး အင်္ဂလိပ်အရေး ၂
✒ Half the world delights in slander,
and the other half in believing it.
✔ ကမ္ဘာပေါ်ရှိလူတစ်ဝက်လောက်သည် ပုတ်ခက်ပြောဆို
ရသည်ကိုသဘောကျတတ်ကြပြီး ကျန်တစ်ဝက်ကတော့
ထိုစကားများကို ယုံကြည်ကြသည်။
✒ Thus, consult no one. It is better to try
to forget your troubles than to speak of
them.
✔ ဒါကြောင့် ဘယ်သူ့ကိုမှမတိုင်ပင်ပါနဲ့။ မင်းရဲ့ဒုက္ခတွေကို
ဖွင့်အံပြောပြလိုက်တာထက် မေ့ပျောက်နိုင်အောင်
ကြိုးစားခြင်းက ပို၍ကောင်းပါတယ်။
✒ If possible, forgive them.
✔ ဖြစ်နိုင်ပါက (သူတို့ကို) ခွင့်လွတ်လိုက်ပါ။
✒ On the contrary, if you wish to give as
good as you get, wait time and place to
act your revenge for it is never well done
in a hurry.
✔ အဲလိုမဟုတ်ပါဘဲ မင်းမှာပြန်ပြီးလက်တုံ့ပြန်ဖို့ဆန္ဒရှိတယ်
ဆိုရင် အချိန်နဲ့နေရာကိုစောင့်ပါ။ လက်စားချေခြင်းကို
ဘယ်သောအခါမှ ကတိုက်ကရိုက်မလုပ်ပါနဲ့။
✒ Remind them in their life, that is,
he who offends, writes in sand;
he who is offended, in marble.
✔ သူတို့ရဲ့ရင်ထဲမှာတစ်သက်လုံး အမှတ်ရနေပါစေ။
တစ်စုံတစ်ယောက်ကို နာကျင်အောင်လုပ်သူက ထိုကိစ္စကို
သဲပေါ်မှာသာ ရေးမှတ်ထားတတ်ပေမယ့် ခံရသူကတော့
ကျောက်သားပေါ်မှာ ရေးမှတ်ထားတတ်တယ်ဆိုတာကိုပေါ့။