Dreamcraft - Creative Studio

Dreamcraft - Creative Studio The Creative Studio, Produce creative artwork, ads, video, animation and craft. Also Teach Creative D
(1)

A new place to make your business to enhance, shine and beautiful with our creative design.

သူများတွေ အေအိုင်ဘယ်လိုသုံးလဲတော့မသိဘူး ငါကတော့ အေအိုင်မေးလိုက်သူပြောတဲ့အတိုင်းချက်လိုက် စားလိုက်ပဲ မဆိုးဘူးစားလိုတော့ကေ...
25/08/2026

သူများတွေ အေအိုင်ဘယ်လိုသုံးလဲတော့မသိဘူး
ငါကတော့ အေအိုင်မေးလိုက်သူပြောတဲ့အတိုင်းချက်လိုက် စားလိုက်ပဲ
မဆိုးဘူးစားလိုတော့ကောင်းတယ်
နောက်ဆို အေအိုင်စားသောက်ဆိုင်ဆိုပြီးဖွင့်ရမယ်

စာသင်တဲ့ဖက်ကျတော့ အကောင်းဆုံးမော်ဒယ်သုံးတာတောင်ပုံမလာဘူး ဘယ်လာပါမလဲ အဲကောင်ကငရွီးလေ
၁၀ နှစ်ကျော် လက်တွေ့ အတွေ့အကြုံကိုတော့ ဘယ်ယှဉ်နိုင်ပါမလဲ။
အမှန်ဆို အတွေအကြုံက ၁၇ နှစ်ရှိပြီ window NT window 2000 အရှေ့ကတစ်ခု ကတည်းကစလာခဲ့တာ

ကြွားတာမဟုတ်ပါဘူး လွမ်းမောရသောဟိုအရင်အချိန်များပေါ့

ဒီစာကတော့ အေအိုင်ခတ်ကနေ နောက်ပြန်လှည့်ကြည့်မိတာပါ

ပုံကတော့သူငယ်ချင်းတွေသတိရလို့တင်လိုက်ပါတယ်

အမှတ်တစ်ရတွေပေါ့အချို့လည်း နိုင်ငံခြားရောက်သူရောက်နဲ့ပေါ့တစ်နေ့ဆုံပြီး တစ်နေ့ခွဲရမှာ သဘာဝပါပဲတွေ့ဆုံနေခိုက်မှာ တစ်ဦးနဲ့...
24/08/2026

အမှတ်တစ်ရတွေပေါ့
အချို့လည်း နိုင်ငံခြားရောက်သူရောက်နဲ့ပေါ့
တစ်နေ့ဆုံပြီး တစ်နေ့ခွဲရမှာ သဘာဝပါပဲ
တွေ့ဆုံနေခိုက်မှာ တစ်ဦးနဲ့တစ်ဦး ကောင်းမွန်တဲ့အမှတ်တစ်ရတွေ
ပေးနိုင်ဖို့လိုပါတယ်။
တစ်ဘဝလုံးစာအသုံးဝင်မယ့်ပညာတွေပေးရတာတော့ ကျနော့်အတွက် အမြတ်ပါပဲ။
နောက်လည်း ပညာတွေဆက်လက်မျှဝေပေးနိုင်ဖို့ ကြိုးစားလျှက်ပါ။

Monday မှာဘာရွေးချယ်မလဲ။
24/08/2026

Monday မှာဘာရွေးချယ်မလဲ။

အိပ်ယာထနောက်ကျပေမယ့် ကြိုးစားမယ်ဆိုတဲ့ဖက်က
24/08/2026

အိပ်ယာထနောက်ကျပေမယ့် ကြိုးစားမယ်ဆိုတဲ့ဖက်က

22/08/2026
22/08/2026

လူတစ်ယောက် သို့ အဖွဲအစည်းတစ်ခုကိုသဘောကျမိတယ်။

ဘယ်သူတွေဘာပဲပြောပြော လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ပြီးအောက်ခြေကနေ တဆင့်ချင်းတည်ဆောက်သွားတာ။

စကားသိပ်မပြောဘူး လေထဲမှာတိုက်အိမ်မဆောက်ဘူး လက်တွေ့ကျတယ်

ဟုတ်တယ် အဲတာ မင်းထင်တဲ့သူပဲ

For creator
22/08/2026

For creator

တရုတ် YouTube app နိုင်ငံတကာ ဖြန့်ပြီ

အသက် ၃၀ အောက် လူငယ်တွေ အများဆုံး သုံးကြတဲ့ Bilibili app ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်တော့မှာပါ။

Bilibili က တရုတ်ရဲ့ YouTube အစားထိုး ဗွီဒီယိုပလက်ဖောင်း ဖြစ်ပြီး လစဉ် အသုံးပြုသူ ၃၇၆ သန်းဝန်းကျင် ရှိပါတယ်။ အခုတော့ တရုတ် YouTube က အမေရိကန် ၊ ဥရောပ ၊ ဂျပန် စတဲ့ ကမ္ဘာ့ဈေးကွက်ကြီးတွေထဲ ထိုးဖောက်ဖို့ စနစ်တကျ ပြင်ဆင်နေပါပြီ။

လောလောဆယ် ကြားရသလောက် Bilibili က သူ့ ပလက်ဖောင်းမှာ ဗွီဒီယိုတွေ တင်ဖို့ အနောက်တိုင်းက နာမည်ကြီး YouTuber တွေကို ချဉ်းကပ်နေပြီလို့ ဆိုပါတယ်။ ဒီထဲမှာ MrBeast လို ထိပ်တန်း YouTuber တွေလည်း ပါပါတယ်။

ပလက်ဖောင်းပေါ်က အကြောင်းအရာ စိစစ်ဖို့ လော့စ်အိန်ဂျလိစ် ၊ လန်ဒန် ၊ မက္ကဆီကို ၊ ဆာပေါ်လို ၊ အစ္စတန်ဘူလ် နဲ့ တိုကျိုမြို့ကြီးတွေမှာ ဝန်ထမ်းတွေ ခန့်တာ ၊ နိုင်ငံတကာ content creator တွေ ၊ brand တွေနဲ့ စပွန်ဆာပေးမယ့် စာချုပ်စနစ်လည်း တည်ဆောက်တာတွေ စပြီး လုပ်ဆောင်နေပါတယ်။

Bilibili ကို နိုင်ငံတကာက video creator တွေ ဗွီဒီယိုတင်ရ လွယ်ကူအောင် အင်္ဂလိပ်ဗားရှင်း ဝက်ဘ််ဆိုက်တစ်ခုလည်း ဖန်တီးနေပါတယ်။ နိုင်ငံခြားကလူတွေ Bilibili မှာ အကောင့်ဖွင့်ရင်လည်း အရင်လို passport / မှတ်ပုံတင်ပြပြီး verify လုပ်စရာ မလိုတော့ပါဘူး။

အရင်က Bilibili ကို တရုတ်ပြင်ပကနေဆို ကြည့်လို့ရရုံပဲ ရှိရာကနေ အခုက creator တွေအတွက်ပါ ပြင်ဆင်လာတာပါ။ လောလောဆယ် Bilibili က Android app ထွက်ထားပြီး မကြာခင် iOS အတွက်လည်း ထွက်လာဖို့ ရှိပါတယ်။

နိုင်ငံတကာက creator သာ Bilibili ကို စိတ်ဝင်စားလာမယ်ဆိုရင် YouTube တော့ မျက်ခုံးလှုပ်တော့မှာပါ။ Bilibili ဈေးကွက်ကြီးလာပြီး TikTok အဆင့် ရောက်လာရင်လည်း စိန်ခေါ်မှုအကြီးစားတွေ ကြုံရဖို့ ရှိပါတယ်။

Software ဒေါင်းကြမယ့်ရဲ့ အဆက် အပိုင်း (၂)Windows မှာ Photoshop နှင့် Adobe Software များကို ဒေါင်းလုပ်ယူနည်းနဲ့ သွင်းနည်...
18/08/2026

Software ဒေါင်းကြမယ့်ရဲ့ အဆက် အပိုင်း (၂)
Windows မှာ Photoshop နှင့် Adobe Software များကို ဒေါင်းလုပ်ယူနည်းနဲ့ သွင်းနည်းလေးပါ။

Photoshop ဒေါင်းနည်းကိုပဲ ပြထားပေမယ့် အခြား Adobe Creative Cloud Software တွေဖြစ်တဲ့ Ai, Pr, Lr, Me, Ae, Pt တို့လည်း အတူတူနည်းလမ်းနဲ့ စမ်းသပ်လုပ်နိုင်ပါတယ်။

(Mac အတွက်ကတော့ လုပ်ရတာ နည်းနည်းခက်လို့ စောင့်ပေးပါဦး)

အပိုင်း (၁) နဲ့ (၂) ကို ကြည့်ပြီး ကျွမ်းကျင်လာရင်တော့ သူများတွေကိုပါ Service ကြေးယူပြီး သွင်းပေးနိုင်ပါပြီ။ ဆရာကတော့ တပည့်တွေ အလွယ်တကူ Software တွေ ရယူနိုင်အောင် သေချာနည်းလမ်းပြထားပေးထားပါတယ်။

ထုံစံအတိုင်းလင့်တွေကိုကွန်မန့်မှာမန့်ထားပေးပါတယ်။

Dreamcraft - Creative Studio
Crafting Dreams with Love and Art.

ဒီဗီဒီယိုလေးက အားလုံးအတွက် အရေးပါတဲ့ Tutorial တစ်ပုဒ်ပါ။နယ်ကလူတွေဖြစ်ဖြစ် နိုင်ငံခြားကလူတွေဖြစ်ဖြစ် software တစ်ခုခုလိုတ...
16/08/2026

ဒီဗီဒီယိုလေးက အားလုံးအတွက် အရေးပါတဲ့ Tutorial တစ်ပုဒ်ပါ။

နယ်ကလူတွေဖြစ်ဖြစ် နိုင်ငံခြားကလူတွေဖြစ်ဖြစ် software တစ်ခုခုလိုတဲ့အခါ ဘယ်ပြေးရမှန်းမသိပါဘူး ကိုယ်တိုင်သွင်းဖို့ဆိုရင်လည်း Technical Knowledge အနည်းငယ်တော့ လိုအပ်ပါတယ်။

သေချာလုပ်ပြထားတဲ့ မြန်မာ Tutorial ကောင်းကောင်းလည်း မရှိသေးတာကြောင့် ဒီကွက်လပ်ကို ဖြည့်ပေးချင်ခဲ့တာ ကြာပါပြီ။

အခုတော့ ပထမဆုံးအနေနဲ့ ဒေါင်းလုပ်ယူနည်းကို အရင်တင်ပေးလိုက်ပြီး၊ အရင်ကလို ဖိုင်တွေတင်ပြီး ခက်ခက်ခဲခဲ ပြန်ဒေါင်းရတဲ့နည်းထက် ဒီဆိုက်လေးနဲ့ နည်းလမ်းလေးကို တတ်သွားမယ်ဆိုရင် အားလုံးအတွက် အရမ်းအသုံးဝင်လာမယ့်အတွက် သေချာလေး Tutorial အဖြစ်လုပ်ပေးထားပါတယ်။

ကြိုက်နှစ်သက်ရင် Like & Share လုပ်ပေးကြပါဦးဗျာ။

နောက် အခြား Software သွင်းနည်း Video တွေလည်း ထပ်တင်အုံးမှာမို့ Follow လုပ်ထားပေးဖို့လိုပါမယ်။

ထုံစံအတိုင်းလင့်တွေကိုကွန်မန့်မှာချပေးထားပါတယ်။

Address

No. 36, Sin Yay Twin 2nd Street , Kamayut
Yangon
11041

Telephone

+959254701883

Website

Alerts

Be the first to know and let us send you an email when Dreamcraft - Creative Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Dreamcraft - Creative Studio:

Shortcuts

Share

Category