B.E.H.S (2) Botahtaung

B.E.H.S (2) Botahtaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from B.E.H.S (2) Botahtaung, School, 146, Bo Myat Tun Road, Botahtaung Township, Yangon.

ကျွန်တော်တို့ ‌ဗိုလ် 2 တက်ခဲ့ဖူးသူတိုင်း ဒေါ်မြင့်မြင့်အေး ဆိုတဲ့ ဆရာမကို သိကြမှာပါ.. အနည်းနဲ့ အများ ဆံရှည်တွေကို ဆံပင် ...
29/11/2022

ကျွန်တော်တို့ ‌ဗိုလ် 2 တက်ခဲ့ဖူးသူတိုင်း ဒေါ်မြင့်မြင့်အေး ဆိုတဲ့ ဆရာမကို သိကြမှာပါ.. အနည်းနဲ့ အများ ဆံရှည်တွေကို ဆံပင် လိုက်ညှပ်တတ်တဲ့ ဆရာမ (မမမြင့်လို့) ကျွန်တော်တို့ ခေါ်ကြတဲ့ ဆရာမကို သိကြမှာပါ...ကျွန်တော်တို့ ဆံပင်တွေကို ပြသနာ ရှာတတ်ပေမယ့် ဆရာမက ကျွန်တော်တို့ကို ချစ်တယ်ဗျ...အခုတော့ ဆရာမ ဒေါ်မြင့်မြင့်အေး ဆုံးသွားခဲ့ပါပြီ...မနက်ဖြန် အသုဘချမယ် ဆိုပေမယ့် ဒီနေ့ ဆရာမအိမ် သွားဖြစ်ချိန်မှာ ဆရာမ မိသားစုက တနင်္ဂနွေနေ့တော့ လာဖြစ်အောင် လာကြပါလို့ ပြောလိုက်တယ်ဗျ

26.11.2015 မှာ ဗိုလ်တထောင် ၂ ရဲ့ ဆရာကန်တော့ပွဲ ရှိပါတယ်...နှစ်ပေါင်းစုံ ဆရာကန်တော့ပွဲပါ...ပင်စင်ယူပြီးသား ဆရာ ဆရာမ အားလံ...
24/11/2015

26.11.2015 မှာ ဗိုလ်တထောင် ၂ ရဲ့ ဆရာကန်တော့ပွဲ ရှိပါတယ်...နှစ်ပေါင်းစုံ ဆရာကန်တော့ပွဲပါ...ပင်စင်ယူပြီးသား ဆရာ ဆရာမ အားလုံး ကန်တော့ခံစာရင်းမှာ ပါဝင်ပါတယ်...လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်

04/11/2013

ဗိုလ်တထောင်၂ ဆရာကန်တော့ပွဲ နိုဝင်ဘာ 27 (အမျိုးသားနေ့) မှာ လုပ်ဖို့ရှိပါတယ်...ထုံးစံအတိုင်းပါပဲ...ပင်စင်ယူပြီးသား ဆရာ၊ဆရာမတွေကို အကြီးတွေကနေပြီး အငယ်တွေထိ ကန်တော့ကြမှာပါ...နေရာက ကျောင်းနဲ့ St.Philip Church တခုခုမှာ လုပ်မှာပါ...နောက်ပိုင်း အစည်းအဝေးရောက်ဖြစ်ရင် အသေးစိတ်ထပ်တင်ပေးပါ့မယ်...အစည်းအဝေးတွေကတော့ စိတ်ပါရင် ဘယ်သူမဆို လာလို့ ရပါတယ်...အစည်းအဝေးက 8(B),9/11,49th Street မှာ လုပ်ပါတယ်...အစည်းအဝေးမရှိရင်လဲ အဲ့အခန်းမှာပဲ ကျောင်းကပြီးသွားတဲ့ ဆရာဝန်တွေလုပ်ထားတဲ့ ဆရာ၊ဆရာမတွေ အတွက် ဆေးခန်းလေး တနင်္ဂနွေတိုင်း ရှိပါတယ်...ဆေးတွေ လှူချင်လဲ လာလှူလို့ ရပါတယ်

25/05/2013

နောက်ထပ် ၀မ်းနည်းစရာ သတင်းတခုလဲ ကျန်ပါသေးတယ်...အထက်တန်းပြဆရာမ ဒေါ်သန်းသန်းအေး ကျန်းမာရေး အခြေအနေဆိုးနေပါတယ်တဲ့....ကျောင်းကအောင်သွားတဲ့ ဆရာဝန်အစ်ကိုအစ်မတွေကတော့ အလှူငွေရော လိုအပ်တဲ့ကုသမှုရော တတ်နိုင်သလောက် လုပ်ပေးနေတယ်လို့ ကြားပါတယ်...အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့လဲ နီးစပ်ရာ သူငယ်ချင်းတွေစုပြီး ဆရာမကို သွားကြည့်သင့်ပါတယ်...အများကြီး မတတ်နိုင်ရင်တောင် ဆရာမကို တပည့်တွေလာကြည့်ရင် ဆရာမပျော်မှာပါ...အဆင်ပြေရင် ဆရာမအတွက် တတ်နိုင်တာလေးတွေ လုပ်ကြဖို့ ညီအစ်ကိုမောင်နှမတွေကို တိုက်တွန်းချင်ပါတယ်...

25/05/2013

ဝမ်းနည်းစရာ သတင်းတပုဒ် ပြောစရာရှိပါတယ်...ကျွန်တော် ခုရက်ပိုင်းကမှ သိရတာပါ...သူငယ်ချင်းတွေ ဗိုလ်တထောင်၂ က 2009 နောက်ပိုင်း အောင်တဲ့လူတွေ သိအောင် တင်ပေးတာပါ...ဆရာမဒေါ်စန်းစန်နွယ် ဆုံးပြီးတဲ့...ကျွန်တော်တို့ 2009 နောက်ပိုင်းလူတွေ ဆရာမ ဒေါ်စန်းစန်းနွယ်ကို သိကြမှာပါ (ဆရာမကို စော်ကားတာမဟုတ်ပေမယ့် ဆရာမရဲ့ နာမည်ပြောင်က ခရမ်းချဉ်သီးပါ...တချို့က နာမည်ပြောင်ပဲ မှတ်မိကြလို့ပါ) ...2009 ကမှပြောင်းလာတာပါ...အထက်တန်း သင်တာပါ...ကျွန်တော်တို့တုန်းက physic သင်ပါတယ်...နောက်ပိုင်းလဲ physic ပဲ ထင်ပါတယ်...အရပ်ခပ်ပုပု ကျောင်းသားတွေအပေါ် သဘောကောင်းတဲ့ ဆရာမပါ...ဆရာမကောင်းတယောက်ကို ဆုံးရှုံးရလို့ အရမ်းဝမ်းနည်းရပါတယ်...စေတနာကောင်းတဲ့ဆရာမ ကောင်းရာမွန်ရာဘ၀ ရောက်ရှိမှာပါ သေချာပါတယ်...ဘာပဲဖြစ်ဖြစ် ***REST IN PEACE*** ဆရာမ

04/02/2013

ဗိုလ်တထောင် ၂ ကျောင်းကြီးက အနုပညာရှင်တွေ တော်တော်များတာပဲ...လူကြီးတွေထဲက ထွန်းထွန်းဝင်း...လူငယ်တွေထဲက မိုးယုစံ ခင်နန်းထိုက် ကောင်းခန့်...အဆိုတော်ဘက်မှာလဲ Little T(Little Twister) ဆိုတာရှိတယ်...ငါတို့ကျောင်းကြီးကနောက်ထပ်အဆိုတော်တွေ အနုပညာရှင်တွေထပ်ထွက်အုံးမှာ...သီချင်းတွေဆိုနေကြတဲ့သူတွေ မော်ဒယ်လုပ်နေတဲ့သူတွေ အများကြီးပဲ...အကုန်လုံးအောင်မြင်ကြပါစေ...

28/01/2013

ဗိုလ်တထောင် ၂ ဆရာကန်တော့ပွဲတွေနဲ့ ပတ်သက်ပြီးပြောချင်လို့ပါ...တချို့ကမသိကြသေးလို့ပါ...ကျောင်းမှာတက်ခဲ့တဲ့ကျောင်းသားဟောင်း အကြီးတွေရဲ့ဆရာကန်တော့ပွဲရှိပါတယ်...ဒါပေမယ့်မနှစ်ကလူကြီးတွေရဲ့
ဆရာကန်တော့ပွဲမှာ ဆုံးဖြတ်လိုက်တာတခုရှိပါတယ်...ကျောင်းမှာတက်ခဲ့တဲ့လူကြီးတွေကနေစပြီး 2007-2008 ကျောင်းသာဟောင်းတွေအထိက တစုပေါင်းပြီး ဆရာကန်တော့ပွဲလုပ်မယ်...2008-2009 ကနေနောက်ပိုင်းကျောင်းသားဟောင်းတွေကတစုပေါင်းပြီးလုပ်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်...နှစ်တွေအရမ်းများတဲ့အခါမှာအဆင်မပြေမှုတွေရှိလာလို့ပါ...နောက်ပိုင်းအောင်တဲ့ကျောင်းသားဟောင်းတွေရဲ့ဆရာမတွေကို လူကြီးတွေကမသိလို့ ကန်တော့ရာမှာ အစုံအလင်မပါတာတွေ ဖြစ်လာလို့ပါ...အဲ့ဒါကြောင့် 2008-2009 ကနေစပြီးနောက်ပိုင်းကျောင်းသားဟောင်းတွေစုပြီးဆရာကန်တော့ပွဲသီးသန့်လုပ်ပါမယ်...သင်ဖူးတဲ့ဆရာမတွေအကုန်လုံးကိုကန်တော့ပါမယ်...ဘယ်အကြောင်းပြချက်နဲ့မှ ဆရာမတွေကိုမချန်ထားခဲ့ပါဘူး...ကန်တော့ပစ္စည်း နဲသည်ဖြစ်စေ များသည်ဖြစ်စေ ကန်တော့ရာမှာ ကန့်သတ်ချက်တွေနဲ့ ချန်ထားခံခဲ့ရတဲ့ဆရာမတွေမှာ ခံစားချက်တွေဖြစ်သွားတတ်ပါတယ်...နောက်နှစ်ထဲမှာဆရာကန်တော့ပွဲလုပ်ပါမယ်...2နှစ်တခါလုပ်ပါမယ်...ဆရာမတွေအကုန်ကန်တော့ပါမယ်...ကျောင်းသားဟောင်းများများစုပြီးကန်တော့ရင် ဆရာမတွေလိုအပ်တာတွေကို ပိုပြီးထိထိရောက်ရောက် ကန်တော့နိုင်ပါတယ်...

26.1.2013 ကလုပ်တဲ့ဆုပေးပွဲကပုံပါ...
27/01/2013

26.1.2013 ကလုပ်တဲ့ဆုပေးပွဲကပုံပါ...

13/11/2012

Page admin ပါ။..ဒီpage ကိုဖွင်.ခဲ.တာကျွန်တော်၁၀တန်းတုန်းကပါ။ယခုကျွန်တော်ကျောင်းတစ်ဖက်နှင်.ဖြစ်နေသောကြောင်.Botahtaung 2 Page ကို..အာရုံမစိုက်နိုင်ပါ။ထို.ကြောင်.Botahtaung 2 တွင်အချိန်ပြည်.ရှိနေသောညီငယ်များ/ညီမငယ်များ။Page admin အဖြစ်ကူညီပေးပါရန်တောင်းပန်ပါသည်။

05/09/2012

ဗိုလ်တထောင်၂ page နှင့် website ကိုယခုထက်ပိုမိုကောင်းလာစေရန်သူငယ်ချင်းတွေအားလုံးအကြံပေးကြပါ...ကိုယ်တိုင်လုပ်တတ်သူတွေရှိရင်လဲဝိုင်းပြီးကူညီပေးကြပါ...အခုလိုမလှမပဖြစ်နေတာကြည့်လို့မကောင်းလို့ပါ...

08/06/2012

10 ရက်နေ့ မနက်9နာရီမှာ ဗိုလ်တထောင်2မှာ ဆရာကန်တော့ပွဲရှိပါတယ်...
2008-2009 နဲ့ 2009-2010 မှာ ဆယ်တန်းအောင်တဲ့သူအားလုံး ဆရာကန်တော့ပွဲကို လာဖြစ်အောင်လာခဲ့ကြပါ...2008-2009 နဲ့ 2009-2010 မှာ ဆယ်တန်းအောင်တဲ့သူတွေ သင်ကြားခဲ့ဖူးတဲ့ ဆရာမတွေအားလုံးကို ကန်တော့မှာဖြစ်ပါတယ်...မည်သည့်ကန့်သတ်ချက်နဲ့မှ ဆရာမတွေကို ချန်မထားခဲ့ပါ...သူငယ်ချင်းအားလုံးလာဖြစ်အောင်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်...

24/09/2011


http://www.botahtaung2.weebly.com

This website is created by Min Khine Htoo, Htet Win Khant and Htet Naung Kyaw Bo Bo in November , 2010. We created it to know the news of our friends,to give general knowledge and happiness for all...

Address

Yangon

Alerts

Be the first to know and let us send you an email when B.E.H.S (2) Botahtaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category