16/03/2026
🌟 ဂျပန်စာလေ့လာရာမှာ အခြေခံမှသည် အဆင့်မြင့်အထိ စနစ်တကျနဲ့ စိတ်အချရဆုံးဖြစ်ဖို့ ICHIBAN ကို ရွေးချယ်လိုက်ပါ 🌟
"ဂျပန်စာ သင်ယူတယ်ဆိုတာ စာတတ်ရုံတင်မဟုတ်ဘဲ ဂျပန်လူမျိုးတွေရဲ့ စံနှုန်းအတိုင်း တိကျသေချာတဲ့ အရည်အသွေးတစ်ခုကို ရရှိဖို့ပါ"
ဂျပန်စာကို တကယ်တတ်မြောက်ချင်သူများအတွက် ICHIBAN Japanese Language Centre မှ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း စတင်မည့် N5, N3, N2 အတန်းသစ်များကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
✨ ဘာကြောင့် ICHIBAN ကို ယုံကြည်စွာ ရွေးချယ်သင့်သလဲ? ✨
ICHIBAN သည် ဂျပန်ဘာသာစကား သင်ကြားရေးလောကတွင် ဂုဏ်သတင်းကျော်ကြားပြီး ဝါရင့်အတွေ့အကြုံရှိသော ဆရာမကြီး ဒေါ်ယဉ်ယဉ်ဦး (Founder & Principal) ကိုယ်တိုင် ဦးစီးသင်ကြားပေးနေခြင်း ဖြစ်ပါသည်။ ဆရာမကြီး၏ ခိုင်မာလှသော သမိုင်းကြောင်းများမှာ -
✅ သင်ကြားရေးသက်တမ်း (၃၅) နှစ် အတွေ့အကြုံ များနှင့် ဆယ်စုနှစ် (၃) ခုကျော်ကြာ ထောင်ပေါင်းများစွာသော ကျောင်းသားများကို အောင်မြင်မှုလမ်းကြောင်းပေါ် ပို့ဆောင်ပေးခဲ့ပါသည်။
✅ 1997 ခုနှစ် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Kansai Japan Foundation Scholarship ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့သော ထူးချွန်ထက်မြက်သည့် ဆရာမကြီးကိုယ်တိုင် သင်ကြားပေးပါသည်။
✅ Yangon Japanese School (ဂျပန်သံတမန်ကလေးများကျောင်း) တွင် လုပ်သက် (၁၈) နှစ်ကြာ ဂျပန်လူမျိုးများနှင့် တိုက်ရိုက်ထိတွေ့ပြီး ဂျပန်စံနှုန်းအတိုင်း အနီးကပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများကြောင့် သဒ္ဒါတင်မကဘဲ ဂျပန်ယဉ်ကျေးမှုနှင့် အမူအရာများကိုပါ ထည့်သွင်းသင်ကြားပေးပါသည်။
✅ မြောက်ဥက္ကလာပ W.B.M.I ဘုန်းကြီးကျောင်းတွင် ၁၄ နှစ်ကြာ စေတနာအပြည့်ဖြင့် ပညာဒါန သင်ကြားပေးခဲ့သည့် စိတ်ရင်းစေတနာကောင်းများဖြင့် ကျောင်းသားတိုင်းအပေါ် မိခင်သဖွယ် နွေးထွေးစွာ လမ်းပြပေးပါသည်။
📚 ICHIBAN ၏ ထူးခြားချက်
ဆရာမကြီးကိုယ်တိုင် (၃၅) နှစ်တာ ကာလပတ်လုံး သေချာ Research လုပ်ပြီး စနစ်တကျ ပြုစုထားသော ကိုယ်ပိုင် Note များဖြင့် သင်ကြားပေးမည်ဖြစ်သောကြောင့် အခြားမည်သည့်နေရာနှင့်မျှ မတူသော သင်ကြားမှုပုံစံကို ခံစားရရှိမှာ ဖြစ်ပါတယ်။
📅 ဖွင့်လှစ်မည့် အတန်းချိန်များ (၂၀၂၆ ခုနှစ်၊ မတ်လ)
📍 N5 Timetable (စတင်လေ့လာသူများအတွက်)
❇️ Start Date: 9.03.2026
❇️ Days: Mon to Thu
❇️ Time: 9:00 AM – 12:00 PM
❇️ Duration: 4 Months
📍 N4 Timetable
❇️ Start Date: 23.03.2026
❇️ Days: Mon to Fri
❇️ Time: 1:00 AM – 4:00 PM
❇️ Duration: 3 Months
📍 N3 Timetable
🔖Start Date: 24.03.2026
🔖Days: Tue to Fri
🔖Time: 1:00 AM – 4:00 PM
🔖 Duration: 4 Months
📍 N2 Timetable
🟧Start Date: 24.03.2026
🟩 Days: Tue to Fri
🟨 Time: 9:00 PM – 12:00 PM
🟦 Duration: 4 Months
💡 စိတ်ချလုံခြုံစွာဖြင့် ပညာသင်ယူနိုင်မည့် ပတ်ဝန်းကျင် ဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်ကို နားလည်ပေးပြီး စိတ်ရှည်လက်ရှည် သင်ကြားပေးသည့်အပြင်၊ အရည်အသွေးကိုသာ အဓိကထားသည့်အတွက် ICHIBAN တွင် သင်ယူခြင်းသည် သင့်ဘဝအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်စေရပါမည်။
🚀 လူဦးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါ!
📞 ဆက်သွယ်ရန်ဖုန်း -
09 799 923 952 , 09 768 877 432 , 09 768 419 519
🏠 လိပ်စာ -
အမှတ် (၁၀၄၃/ခ) ၊ (င) ရပ်ကွက် ၊ သုဓမ္မာလမ်းမကြီး ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်။
လမ်းညွှန် ----- ဝဇီရာမှတ်တိုင်အနီး ဖော်ယူဖိနပ် (၂) အိမ်ကျော် ၊ ရွှေကံ့ကော် ကားဝပ်ရှော့ ဘေးကပ်လျက် သုံးထပ်တိုက်အဆောက်အုံ