SANG SANG A&E

SANG SANG A&E Sang Sang K-School과 함께
한국어 공부하고
한국 인서울 가즈아!!! Sang Sang K-School နှင့်အတူ
ကိုရီးယားစာသင်ယူရင်း
ကိုရီးယား ဆိုးလ်ကို သွားကြမယ်!!!

🎓 SungKyunKwan University- Korea ရဲ့ Top 4 University၊ပြီးတော့သမိုင်းသက်တမ်းအရှည်ကြာဆုံး တက္ကသိုလ်တစ်ခု!ဒီနေ့မှာတော့  နာ...
21/08/2026

🎓 SungKyunKwan University- Korea ရဲ့ Top 4 University၊ပြီးတော့သမိုင်းသက်တမ်းအရှည်ကြာဆုံး တက္ကသိုလ်တစ်ခု!

ဒီနေ့မှာတော့ နာမည်ကြီးအထင်ကရ တက္ကသိုလ်တစ်ခုဖြစ်တဲ့ SungKyunKwan University (성균관대학교) ကို မိတ်ဆက်ပေးချင်ပါတယ် 💙

📜 1398 ခုနှစ် မှာတည်ထောင်ခဲ့တဲ့ SKKU ဟာ Joseon ခေတ်က အဓိကပညာရေးအဖွဲ့အစည်း ဖြစ်ပြီး၊
ကိုရီးယားပညာရေးသမိုင်းတစ်လျှောက် နာမည်အကျော်ကြားဆုံး တက္ကသိုလ်တွေထဲကတစ်ခုဖြစ်ပါတယ် 📚

K-drama ပရိတ်သတ်တွေဆို သိကြမဲ့ "Sungkyunkwan Scandal" dramaတွင် ပါဝင်သော တက္ကသိုလ်ဖြစ်ပြီး၊ Joseon ခေတ် SungKyunKwan ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ 이황 선생님နှင့်명륜당(Joseon ခေတ် SungKyunKwanရှိ ပညာသင်ကြားရာစာသင်ဆောင်) တို့ဟာ ကိုရီးယား ဝမ် ၁,၀၀၀ ငွေစက္ကူပေါ်တွင် ပါဝင်ပါတယ်။

ထို့ပြင် 1996 ခုနှစ်မှစ၍ Samsung Group မှ SKKU ကို ပူးပေါင်းကူညီပံ့ပိုးပေးလာတာကြောင့်
သုတေသန၊ နည်းပညာ၊ စီးပွားရေး နယ်ပယ်အသီးသီးမှာလည်း အဆင့်တန်းမြင့်တဲ့ Global Excellent University ဖြစ်လာခဲ့ပါတယ်။

၂၀၂၅ ခုနှစ်စာရင်းအရ ကိုရီးယားနိုင်ငံအတွင်း အလုပ်ရရှိမှုနှုန်း နံပါတ် ၁ တက္ကသိုလ်အဖြစ် ရပ်တည်နေပြီး Visa Confirmation Letter ထုတ်ပေးနိုင်သော Excellent University တစ်ခုဖြစ်ပါတယ်!

🏫 Campus (2) ခု - Seoul Campus (Humanities & Social Sciences) နှင့် Suwon Campus (Natural Sciences)

📍 Seoul Campus (Humanities & Social Sciences)
Seoul Jongno-gu , Hyehwa( 혜화역) ဘူတာအနီးတွင် တည်ရှိပြီး သွားရေးလာရေး အဆင်ပြေကာ ၊ ကျောင်းပတ်ဝန်းကျင်တွင် ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ များစွာ ရှိတာကြောင့် ကျောင်းသားများအတွက် အလွန်အဆင်ပြေပါတယ်။

ကိုရီးယားယဉ်ကျေးမှု အတွေ့အကြုံများရရှိနိုင်ရန်အတွက် စာသင်ချိန်ပြင်ပ အတန်းများစွာကိုလည်း ဖွင့်လှစ်ထားပါတယ်။ (K-pop dance၊ လက်‌ရေးအလှ၊ ပန်းချီဆွဲခြင်း စသည်)

*ဆယ်တန်းအမှတ် ၃၅၀ နှင့်အထက် ရှိလျှင် လျှောက်ထားနိုင်ပါတယ်*

💰D-4-1 Program (Korean Language Course)
Tuition Fee - ₩1,780,000 Per Semester
Application Fee – ₩60,000
(တစ်နှစ်မှာ 4 Semester ပေးသွင်းရပါမယ်)

December Intake လျှောက်ထားချိန် - 2026.09.07 ~ 2026.10.1

🎖️ Scholarship Opportunities (D-2 Major Students)
✅ Language Excellence Scholarship
・TOPIK Level 6 / IELTS 8.0 / TOEFL 110 ➡ 100% tuition waiver
・TOPIK Level 5 / IELTS 7.0 / TOEFL 95 ➡ 50% tuition waiver

✅ SKKU Global Leader & Samsung Global Sungkyun Scholarship
ဝင်ခွင့်စာမေးပွဲ ထူးချွန်သူ + အမျိုးအစားအလိုက်ရွေးချယ်မှု စံချိန်စံညွှန်း ပြည့်မှီပါက - Full Tuition + Dormitory + Academic Support Fees

✅ 2nd semမှစ၍ GPA 3.5 အထက်ရရှိသူများအတွက် 30~70% Tuition

💙 Why SKKU?
🌍 QS World University Rankings (2027) – #108
🏛️ QS East Asia (2026) – #16
📚 သမိုင်းအရှည်ကြာဆုံးတက္ကသိုလ်
💼 Samsung Group ပံ့ပိုးကူညီမှု
🎓 Scholarship အမျိုးအစားစုံလင်မှု
🌎 Global Student-Friendly Environment
✅ Visa Confirmation Letter ထုတ်ပေးခြင်း စတဲ့အချက်တွေကြောင့် ရွေးချယ်သင့်ပါတယ်။

So~ Dream it. Plan it. Live it — in Korea With Sang Sang A&E^^

📩 အသေးစိတ်စုံစမ်းလိုသူများအတွက်
Comment မှာမေးလို့ရသလို Messenger မှလည်း မေးမြန်းနိုင်ပါတယ် 💬
🏫 SANG SANG K-SCHOOL
📍 No.5A, 113C, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township
📞 09772220344, 09401965305

&E

𝐒𝐀𝐍𝐆 𝐒𝐀𝐍𝐆 𝐀&𝐄 နဲ့လက်တွဲပြီး လုပ်ကိုင်ဖို့ မိသားစုဝင်အသစ်များ ခေါ်ယူနေပါတယ်။🥰🥰🥰သင့်ရဲ့ ကိုရီးယားဘာသာစကားကို လုပ်ငန်းခွင်မ...
19/08/2026

𝐒𝐀𝐍𝐆 𝐒𝐀𝐍𝐆 𝐀&𝐄 နဲ့လက်တွဲပြီး လုပ်ကိုင်ဖို့ မိသားစုဝင်အသစ်များ ခေါ်ယူနေပါတယ်။🥰🥰🥰

သင့်ရဲ့ ကိုရီးယားဘာသာစကားကို လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချချင်တယ်ဆိုရင်တော့ 𝐂𝐕 𝐅𝐨𝐫𝐦 လေးပို့ပြီး လျှောက်ထားလိုက်တော့နော်🙌🏻

လျှောက်ထားနိုင်မည့် 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧 ကတော့……

🔹 𝐊𝐨𝐫𝐞𝐚 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐞𝐚𝐜𝐡𝐞𝐫 (𝟏) 𝐏𝐨𝐬𝐭 (𝐌/𝐅)

✔️အသက် (𝟐𝟎) နှစ်အထက် ဖြစ်ရပါမည်။
✔️𝐓𝐨𝐩𝐢𝐤 𝟓(or)6 လက်မှတ်ရှိထားရမည်။
✔️MUFL/YUFL ဘွဲ့ရနဲ့𝐓𝐨𝐩𝐢𝐤 𝐂𝐥𝐚𝐬𝐬 သင်နိုင်သူကို ဦးစားပေးပါမည်။ဒါ့အပြင် လုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေး၍ ခေါ်ပါမည်။

💰လစာ : ညှိနိူင်းလို့ ရပါသည်။
⏱️အလုပ်ချိန် : 𝟗:𝟎𝟎 𝐚𝐦 ~ 𝟔:𝟎𝟎 𝐩𝐦
🗓ရုံးတက်ရက် : 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐅𝐫𝐢𝐝𝐚𝐲
🎯𝐎𝐟𝐟 𝐃𝐚𝐲: 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲, 𝐒𝐮𝐧𝐝𝐚𝐲 , 𝐏𝐮𝐛𝐥𝐢𝐜 𝐇𝐨𝐥𝐢𝐝𝐚𝐲

📌နောက်ဆုံး 𝐂𝐕 𝐅𝐨𝐫𝐦 ပေးပို့ရမည့်ရက်ကတော့ 8 လပိုင်း 𝟑𝟏 ရက်နေ့အထိ ဖြစ်ပါတယ်ရှင့်🥰

လျှောက်ထားမည့်ဆိုပါက 𝐂𝐕 𝐅𝐨𝐫𝐦 အား အောက်ဖော်ပြထားသည့် EMAIL သို့ပေးပို့‌ လျှောက်ထားနိုင်ပါတယ်ရှင့်။

𝐀𝐩𝐩𝐥𝐲 𝐍𝐨𝐰!
📧 [email protected]

𝐎𝐟𝐟𝐢𝐜𝐞 𝐀𝐝𝐝𝐫𝐞𝐬𝐬 :
🏢No5A, 113C, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township.

📲09772220344, 09401965305

🛑 2027 March Intake အတွက် ကျောင်းသား၊ကျောင်းသူများ စတင်လက်ခံနေပါပြီ 🇰🇷🎓 D-2 Program (Degree Program)📚 D-4-1 Program (Kor...
19/08/2026

🛑 2027 March Intake အတွက် ကျောင်းသား၊ကျောင်းသူများ စတင်လက်ခံနေပါပြီ 🇰🇷

🎓 D-2 Program (Degree Program)
📚 D-4-1 Program (Korean Language Program)

✨ D-2 Program ဖြင့်လျှောက်ထားလို သော ကျောင်းသား၊ကျောင်းသူများကတော့ ကျောင်းလျှောက်လွှာတင်ရမယ့် Deadline ကလည်း အရမ်းကိုနီးကပ်လာပြီမလို့ လိုအပ်သောစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရှိဖို့ လိုအပ်ပါတယ်နော်

✨Korea D-4-1 Program ဖြင့် ကိုရီးယားနိုင်ငံမှာ ပညာသင်ယူဖို့ စီစဉ်နေ သောကျောင်းသားကျောင်းသူများအနေနဲ့လည်း အခုကတည်းက စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

🤔 ဘာကြောင့် အခုကတည်းက ပြင်ဆင်ထားသင့်တာလဲ?

➡️ 2027 March Intake အတွက် ကျောင်းလျှောက်လွှာတွေကို ပုံမှန်အားဖြင့် December လဝန်းကျင်ကစတင် လျှောက်ထားရတာဖြစ်တဲ့အတွက် ကျောင်းလျှောက်ချိန်မတိုင်မီ လိုအပ်တဲ့ စာရွက်စာတမ်းများ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်

📌 အထူးသဖြင့် ဘာကို ကြိုတင်ပြင်ဆင်ထားသင့်လဲ?

➡️ အရေးကြီးဆုံးတစ်ခုကတော့ Korea Embassy Seal ဖြစ်ပါတယ်။ 🇰🇷

⚠️ Seal ရရှိချိန်နောက်ကျပါက ကျောင်းလျှောက်ထားမှုနှင့် Visa Process အချိန်ဇယားများ ထိခိုက်နိုင်ပြီး Intake ရွှေ့ဆိုင်းရနိုင်တာကြောင့် အချိန်မီ ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

မင်မင်တို့ SANG SANG A&E မှာဆိုရင်တော့ မိမိရဲ့ Education Background ပေါ်မူတည်ပြီး ကျောင်းရွေးချယ်ခြင်းကစလို့ သံရုံး Booking ယူခြင်း၊ Notary ပြန်ခြင်း၊ Mofa တံဆိပ်တုံးထုခြင်း၊ သံရုံးတံဆိပ်တုံးထုခြင်း၊ ကျောင်းလျှောက်ခြင်းအပြင် ၊ Visa process တွေအထိ ‌အသေးစိတ်ကို စနစ်တကျလမ်းညွှန်လျှောက်ထားပေးတာဖြစ်လို့

⏰ March Intake ကို ရည်ရွယ်ထားတယ်ဆိုရင် “December ရောက်မှ စလုပ်မယ်” မလုပ်ဘဲ အခုကတည်းက ကြိုတင်အပ်နှံပြင်ဆင်လိုက်တော့နော်

📩 အသေးစိတ်အချက်အလက်များနှင့် လျှောက်ထားရန် လိုအပ်ချက်များကို သိရှိလိုပါက SANG SANG K-SCHOOL သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏢No.5A, 113C, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township, Yangon.
📲09772220344, 09401965305

Congratulations 🎉 Korea ရဲ့ထိပ်တန်းအမျိုးသမီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Sookmyung Women's University သို့ 2026 September Inta...
16/08/2026

Congratulations 🎉

Korea ရဲ့ထိပ်တန်းအမျိုးသမီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Sookmyung Women's University သို့ 2026 September Intake အတွက်
✅D-2 Visa ဖြင့်လျှောက်ထားတဲ့ ကျောင်းသူ(2)ဦး
✅D-4-1 Visa ဖြင့်လျှောက်ထားတဲ့ ကျောင်းသူ(8) ဦး
➡️စုစုပေါင်း (10) ဦးကတော့ Visa ရရှိခဲ့ပါပြီ🥳

(10)ဦးလုံးအဆင်ပြေပြေနဲ့ Visa ရရှိသွားတဲ့အတွက်မင်မင်တို့ Team တစ်ခုလုံးက ဂုဏ်ယူဝမ်းမြောက်ရပါတယ်ရှင့်😍

Seoul မြို့ပေါ်မှာတည်ရှိပြီး Excellent University ဖြစ်တဲ့အပြင် Visa Issuance Confirmation (VIC) ပါချပေးတဲ့ ကိုရီးယားထိပ်တန်းအမျိုးသမီးတက္ကသိုလ်သို့လျှောက်ထားချင်တယ်ဆိုရင်တော့ မင်မင်တို့ SANG SANG A&E မှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်

🏢No.5A, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township, Yangon.
📲09772220344, 09401965305

'sUniversity

🚨 D-2 ပြောင်းဖို့နီးမှ နောင်တမရကြရအောင်! ကျောင်းသားတိုင်း သတိထားရမယ့် အရေးကြီးသောအချက် 🇰🇷🎓ကိုရီးယားမှာ D-2 ဗီဇာပြောင်းဖိ...
14/08/2026

🚨 D-2 ပြောင်းဖို့နီးမှ နောင်တမရကြရအောင်! ကျောင်းသားတိုင်း သတိထားရမယ့် အရေးကြီးသောအချက် 🇰🇷🎓
ကိုရီးယားမှာ D-2 ဗီဇာပြောင်းဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသားတွေအမြဲ သတိလက်လွတ်ဖြစ်ပြီး ဒုက္ခရောက်တတ်ကြတဲ့ TOPIK စာမေးပွဲအကြောင်း ပြောပြပေးချင်ပါတယ်။

ကိုရီးယားနိုင်ငံမှာ TOPIK PBT စာမေးပွဲကို ပုံမှန်အားဖြင့် ၁ နှစ်ကို ၆ ကြိမ် ကျင်းပလေ့ရှိပါတယ်။
📅 စာမေးပွဲကျင်းပသည့် လများ -
• ၁ လပိုင်း | ၄ လပိုင်း | ၅ လပိုင်း | ၇ လပိုင်း | ၁၀ လပိုင်း | ၁၁ လပိုင်း

⚠️ သတိထားရန်: စာမေးပွဲ လျှောက်ထားရက်တွေက တစ်ကြိမ်နဲ့တစ်ကြိမ် မတူကြပါဘူး! သတ်မှတ်ထားတဲ့ ကန့်သတ်ရက်အတွင်းမှာ ကြိုတင် လျှောက်လွှာတင်ထားမှသာ ဝင်ရောက်ဖြေဆိုခွင့် ရရှိမှာဖြစ်ပါတယ်။

💡 D-2 ဗီဇာပြောင်းမယ့်သူများ ဘာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်သလဲ?
D-2 ပြောင်းချင်တဲ့ ကျောင်းသားအများစုဟာ ကျောင်းဝင်ခွင့် လျှောက်လွှာမစတင်မီကတည်းက TOPIK ရလဒ်ကို အသင့်ပြင်ထားဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ များသောအားဖြင့်
❌ TOPIK ကို ဝင်မဖြေရသေးတာ
❌ ရက်ချိန်းမေ့ပြီး လျှောက်လွှာ မတင်လိုက်မိတာ
ဒီလိုအကြောင်းအရာတွေကြောင့် ကိုယ်က D-2 ပြောင်းချင်ပေမဲ့ အမျိုးမျိုးသော အခက်အခဲတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။
အချို့ကျောင်းတွေက ကျောင်းလျှောက်ထားပြီးမှ TOPIK လက်မှတ်ကို နောက်မှထပ်တင်ဖို့ လက်ခံပေးတာမျိုး ရှိသော်လည်း အချို့ကျောင်းတွေကတော့ လုံးဝ (လုံးဝ) လက်မခံပေးပါဘူး!

🎯 မည်သည့်လမှာ ကျင်းပတဲ့ TOPIK ကို ဖြေဆိုသင့်သလဲ?
ကျောင်းကောင်းကောင်း သေချာလျှောက်ချင်သူတွေနဲ့ Early Round (1차) လျှောက်ချင်သူများအတွက် အကောင်းဆုံး စာမေးပွဲလများမှာ -

🌸 March Intake (၃ လပိုင်း) ကျောင်းဝင်ခွင့်အတွက်: 👉ကိုယ်လျှောက်မဲ့နှစ်မတိုင်ခင် အရင်နှစ် ၅ လပိုင်း မှာ ကျင်းပတဲ့ TOPIK စာမေးပွဲကို အမိအရ ဝင်ရောက်ဖြေဆိုထားတာ အကောင်းဆုံးပါ။

🍁 September Intake (၉ လပိုင်း) ကျောင်းဝင်ခွင့်အတွက်: 👉ကိုယ်လျှောက်မဲ့နှစ်ရဲ့ ၁ လပိုင်း မှာ ကျင်းပတဲ့ TOPIK စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားတာ အကောင်းဆုံးပါပဲ။

တစ်ခုသတိထားရမှာက Topikကတစ်ခါထဲဖြေရုံနဲ့ လိုချင်တဲ့အမှတ်မရတတ်တာမို့ အပေါ်မှာပြောထားတဲ့အချိန်တွေကို‌ နောက်ဆုံးထားပြီး အနည်းဆုံး2ကြိမ်3ကြိမ်လောက်‌ ဖြေကြဖို့တိုက်တွန်းလိုက်ပါတယ်။

📌 အနှစ်ချုပ်မှာတော့ — "ကြိုတင်ဖြေထားမှ စိတ်အေးရမယ်" ဆိုတာကို မမေ့ကြပါနဲ့နော်။
SANG SANGမှာတော့ TOPIK စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားများအတွက် သင်တန်းများ ဖွင့်လှစ်လျက်ရှိပါတယ်။

အလုပ်များနေသော ကျောင်းသားများအတွက် အချိန်နှင့်တပြေးညီ Zoom သင်တန်းများနှင့် 1:1 Zoom သင်တန်းများ၊ ထို့အပြင် offline သင်တန်းများလည်း ရှိပါတယ်။
ဗီဒီယိုသင်ခန်းစာ ဖမ်းယူထားသည့် Video Classတန်းများလည်း တက်ရောက်နိုင်ပါတယ်။
TOPIK စာမေးပွဲဟာ ကိုရီးယားစကား ကောင်းကောင်းပြောနိုင်တယ် စာရတယ်ဆိုရုံနဲ့ အမှတ်မြင့်မြင့် ရရှိမှာမဟုတ်ပါဘူး။

စာမေးပွဲအတွက် လေ့လာသင်ယူမှုပုံစံနှင့် နည်းစနစ်များကို သိရှိထားရန် လိုအပ်ပါသည်။ အချိန်တိုအတွင်း TOPIK မြင့်မြင့် ရချင်ရင်တော့ TOPIK Class တက်ဖို့ အကြံပြုလိုပါတယ်။
TOPIK သင်တန်း တက်ရောက်လိုသူများအနေဖြင့် cbမှာ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

D-2 ပြောင်းဖို့ ပြင်ဆင်နေတဲ့ တခြားသူငယ်ချင်းတွေပါ သတိထားနိုင်အောင် Share သွားဖို့လည်း မမေ့ပါနဲ့ဦး! 💙✨

SANG SANG K-SCHOOL
No. 5A, 113C, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township
09772220344 / 09401965305

Congratulations 👏 Korea ရဲ့ Top 4 University ဖြစ်တဲ့Sungkyunkwan University (Seoul Campus)သို့(September Intake)အတွက် လျ...
14/08/2026

Congratulations 👏

Korea ရဲ့ Top 4 University ဖြစ်တဲ့Sungkyunkwan University (Seoul Campus)သို့(September Intake)အတွက် လျှောက်ထားတဲ့ ကျောင်းသူ၊ကျောင်းသား(2) ယောက်လုံး Visa ရရှိသွားပြီပဲဖြစ်ပါတယ်🎉

(2)ယောက်လုံးအခုလိုအဆင်ပြေပြေနဲ့ Visa ရရှိသွားပြီး အိပ်မက်တွေရှိရာ ကိုရီးယားနိုင်ငံသို့‌အရောက်လှမ်း‌နိုင်‌ တော့မှာဖြစ်လို့ မင်မင်တို့လည်းအတိုင်းမသိဝမ်းသာပီတီဖြစ်ရပါတယ်ရှင့်🤗

ရှေ့ဆက်လည်းကိုရီးယား University Life ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပြီး အိမ်မက်‌တွေဆက်လက်အကောင်အထည်ဖော်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်🥳

Excellent University တစ်ခုဖြစ်ပြီး Visa Issuance Confirmation (VIC)ချပေးတဲ့အပြင် ကိုရီးယားရဲ့ Top University စာရင်းဝင် Sungkyunkwan University ကို တက်ချင်တယ်ဆိုရင်တော့ SANG SANG A&E သို့လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း အသေးစိတ်ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်🤗

🏢SANG SANG K-SCHOOL
➡️No(113C), Golden Oak Condo 2, Oak Kyin Station Road, Hlaing Township
📲09772220344, 09401965305

Seal ဆိုတာဘာလဲ.....Seal ဆိုတာကတော့ ကိုရီးယားနိုင်ငံသို့သွားရောက်ပညာသင်ကြားလိုသောကျောင်းသူ‌၊ကျောင်းသားများ၏ကိုယ်‌ရေးအချက်...
13/08/2026

Seal ဆိုတာဘာလဲ.....

Seal ဆိုတာကတော့ ကိုရီးယားနိုင်ငံသို့သွားရောက်ပညာသင်ကြားလိုသောကျောင်းသူ‌၊ကျောင်းသားများ၏ကိုယ်‌ရေးအချက်အလက်၊ပညာရေးစာရွက်စာတမ်းများကို မှန်ကန်ကြောင်းစစ်ဆေးအတည်ပြုပြီးကြောင်းကို မြန်မာနိုင်ငံမှာရှိ‌သောကိုရီးယားသံရုံး၏ (Seal)တံဆိပ်တုံးထုခြင်းပဲဖြစ်ပါတယ်

🔴သံရုံးတံဆိပ်တုံးထုထားတဲ့စာရွက်(Seal စာရွက်)တွေမပါရင်ကျောင်းလျှောက်လို့မရဘူးလား🤷

▶️ ကျောင်းအများစုကတော့မရပါဘူး

🔴သံရုံးတံဆိပ်တုံးထုဖို့ဘာလိုအပ်လဲ💁

▶️အရင်ဦးဆုံးကိုရီးယားသံရုံး website မှာ Booking ယူရပါမယ်
▶️ Booking ကတစ်လကိုသုံးကြိမ်ပေးပါတယ်(တစ်လကြိုပေးပါတယ်)
▶️လိုအပ်တဲ့စာရွက်စာတမ်းတွေကို Notary ပြန်ပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာန(MOFA)မှာ (MOFA)တံဆိပ်တုံးအရင်ထုထားဖို့လိုအပ်ပါတယ်

🔴သံရုံးဝင်ရင်စာရွက်စာတမ်းဘယ်လိုစီရမလဲ💁

✅공증촉탁서 From (Koreaသံရုံး websiteမှာ Download လုပ်ပြီးဖြည့်သွားလည်းရသလို သံရုံးထဲရောက်မှ ဖြည့်လည်းရပါတယ်)
✅ Notary
✅မူရင်းမိတ္တူ (Color Copy)
✅မူရင်း

ဥပမာ - မှတ်ပုံတင်Notary
မှတ်ပုံတင်မိတ္တူ (Color Copy)
မှတ်ပုံတင်မူရင်း

🔴သံရုံးSealထုရင်ဘယ်လောက်ပေးရမလဲ

▶️ Notary စာရွက်အရွက် (20)အောက်ဆို ➡️ (8$)
Notary စာရွက်အရွက် (20) အထက်ဆို➡️ (12$)
ပေးရပါတယ်(ဒေါ်လာနဲ့ပဲပေးရပါတယ်၊မြန်မာငွေနဲ့မ
ရပါဘူး)

ဒီလောက်ဆိုရင်တော့ Seal ဆိုတာဘာလဲ၊ဘယ်လိုလုပ်ရမလဲသိပြီလို့ထင်ပါတယ်နော်💢

မင်မင်တို့ SANG SANG K-SCHOOL မှာတော့ Seal booking Service ကိုမင်မင်တို့‌ ကျောင်းသားများသာမကအပြင်ကျောင်းသားများကိုလည်း ဆောင်ရွက်ပေးနေတဲ့အပြင်
မင်မင်တို့ကျောင်းသားတွေဆိုရင် အပေါ်ကစာရွက်စာတမ်းပြင်ဆင်ခြင်းတွေအကုန်ဆောင်ရွက်ပေးတာမလို့ SANG SANG A&E မှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်

🏢No.5A, 113C, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township, Yangon.
📲09772220344
📲09401965305

🌟 ကျောင်းသားတွေအတွက် အစဉ်အမြဲ အသင့်ရှိနေတဲ့ Sang Sang... 💙တောင်ကိုရီးယားမှာ ကျောင်းတက်ရင်း ဗီဇာကိစ္စတွေ၊ အချိန်ပိုင်းအလု...
11/08/2026

🌟 ကျောင်းသားတွေအတွက် အစဉ်အမြဲ အသင့်ရှိနေတဲ့ Sang Sang... 💙
တောင်ကိုရီးယားမှာ ကျောင်းတက်ရင်း ဗီဇာကိစ္စတွေ၊ အချိန်ပိုင်းအလုပ် တိုင်ကြားရမယ့် ကိစ္စတွေကြောင့် စိတ်ပူနေရပါသလား❓

Sang Sang ရဲ့ ကျောင်းသား/သူလေးတွေကတော့ ဘာမှစိတ်ပူစရာမလိုဘဲ စာမှာပဲအာရုံစိုက်ထားရုံပါပဲနော် 😉💖

ပြီးခဲ့တဲ့ ၇ လပိုင်းတွင်းမှာလည်း Sang Sang မှ D-2အပ်ထားတဲ့ကျောင်းသား/သူလေးတွေအတွက်
📑 ဗီဇာသက်တမ်းတိုးပေးခြင်း (Visa Extension)
💼 အချိန်ပိုင်းအလုပ်တိုင်ကြားပေးခြင်း (Part-time Work Permit)
စတဲ့ ကိစ္စရပ်တွေကို အမှားအယွင်းမရှိဘဲ သေချာလေး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်နော်🤝🎉

✨ အထူးသဖြင့် ရုံးထိ လူကိုယ်တိုင် လာစရာမလိုဘဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို Online ကနေတစ်ဆင့် ပေးပို့ပေးရုံနဲ့တင် Sang Sang မှစနစ်တကျ သေချာ လျှောက်ထားပေးတာမို့ အချိန်ကုန် သက်သာပြီး အရမ်းကို အဆင်ပြေပါတယ်နော် 📱💻✨

Sang Sangကနေတစ်ဆင့်ရောက်လာတဲ့ကျောင်းသားဆိုရင် D-4,D-2 ကျောင်းသားမရွေး မည်သူမဆို ဒီလိုအကူအညီ ရယူနိုင်ပါတယ်။

ကျောင်းသား/သူလေးတို့ရဲ့ ပညာရေးနဲ့ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်မှု ဘဝအဆင်ပြေစေဖို့ Sang Sang မိသားစုက အမြဲတမ်း အကူအညီပေးဖို့ အသင့်ရှိနေပါတယ် 🇲🇲 🇰🇷✨

SANG SANG K-SCHOOL
No. 5A, 113C, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township
09772220344 / 09401965305

⏰Applications Open Soon!! 2026 ခုနှစ်ရဲ့ နောက်ဆုံး Intake ဖြစ်တဲ့ December Intakeအမှီ ကိုရီးယားနိုင်ငံသို့ Korea Languag...
10/08/2026

⏰Applications Open Soon!!

2026 ခုနှစ်ရဲ့ နောက်ဆုံး Intake ဖြစ်တဲ့ December Intakeအမှီ ကိုရီးယားနိုင်ငံသို့ Korea Language Program (D-4-1 Visa)ဖြင့် သွားရောက်ပညာသင်လိုသော ကျောင်းသားကျောင်းသူများအား

December Intake အတွက် Application Form များဖွင့်လှစ်တော့မည်ဖြစ်ကြောင်း Announcement လုပ်လိုက်ပါတယ်နော်

ကျောင်းလျှောက်ရန်လိုအပ်သောစာရွက်စာတမ်းများ

✅Passport
✅Photo(3.5cm×4.5cm)နောက်ခံအဖြူ
✅TB test
✅Show Money (Bank Statement & Bank Certificate)
✅Korea သံရုံးရဲ့ Seal ထုထားသောစာရွက်စာတမ်းများ
✅Education Gap (Certificate များ)
စတာတွေပြင်ဆင်ထားပြီးပြီဆိုရင်တော့ 2026 December Intake အမှီကျောင်းလျှောက်ထားနိုင်ပါပြီနော်💁

🗓️Application period⏰

📌Sookmyung Women's University
Application Period - (11 Sep 2026 - 18 Sep 2026)

📌Duksung Women's University
Application Period - (Sep 2026 - 16 Oct 2026)

📌 Hansung University
Application Period - (24 Aug 2026 - 10 Sep 2026)
Documents Review and Interview - (11 Sep 2026 - 23 Sep 2026)

📌 Sungkyunkwan University
Application Period - (7 Sep 2026 - 1 Oct 2026)

Application Period ကလည်းအရမ်းကိုနီးကပ်နေပြီမလို့ လိုအပ်တဲ့စာရွက်စာတမ်းတွေလည်းပြင်ဆင်ပြီးပြီ ကျောင်းလျှောက်ဖို့ပဲလိုတော့တယ်ဆိုတဲ့ ‌ကျောင်းသားကျောင်းသူများအနေဖြင့်‌ နောက်မကျပဲ အမြန်ဆုံးSANG SANG A&E သို့အသေးစိတ်ဆက်သွယ်စုံစမ်းလိုက်တော့နော်🔔

🏢No.5A, 113C, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township, Yangon.
📲09772220344, 09401965305


📱 iPhone / Apple Watch သုံးစွဲသူများအတွက် Mobile T-money နဲ့ K-Pass လျှောက်ထား အသုံးပြုနည်း (Step-by-Step Guide)မကြာခင် ...
06/08/2026

📱 iPhone / Apple Watch သုံးစွဲသူများအတွက် Mobile T-money နဲ့ K-Pass လျှောက်ထား အသုံးပြုနည်း (Step-by-Step Guide)

မကြာခင် Climate Card စနစ်က ဖျက်သိမ်းတော့မှာ ဖြစ်ပြီး အဲဒီအစား Climate Card Plus ဆိုတဲ့ ကတ်ကို ပြောင်းလဲ အသုံးပြုကြရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ ကတ်စနစ်ကိုကလည်း လက်ရှိမှာ ထုတ်လုပ်ဖို့ ပြင်ဆင်နေဆဲ ကာလဖြစ်တာကြောင့် အရင်K-Pass ကို အသုံးပြုထားဖို့ တိုက်တွန်းထားကြပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ တောင်ကိုရီးယားနိုင်ငံရောက် iPhone / Apple Watch သုံးစွဲသူများအတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး (Public Transportation) စရိတ်တွေကို Cashback ပြန်ရမယ့် K-Pass ကို Mobile T-money App ကနေတစ်ဆင့် အလွယ်တကူ လျှောက်ထားနည်းကို မျှဝေပေးလိုက်ပါတယ်။ 😉✨

💡 အဓိက ပြုလုပ်ရမည့် အဆင့် (၃) ဆင့်
1️⃣ Mobile T-money App တွင် ကတ်ထုတ်ယူခြင်း
2️⃣ Mobile T-money တွင် Register ပြုလုပ်ခြင်း
3️⃣ K-Pass Website / App တွင် အကောင့်ဖွင့်၍ ကတ်မှတ်ပုံတင်ခြင်း

အသေးစိတ် လုပ်ဆောင်ပုံတွေကိုတော့ ပုံတစ်ပုံချင်းစီမှာ ဝင်ရောက် ကြည့်ရှုပြီး အလွယ်တကူ လိုက်လုပ်နိုင်ပါတယ်။ 👇📌

ဒီပိုစ့်လေးက မိမိရဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ဆိုရင်လည်း Share ပြီး သတင်းပါးပေးလိုက်ကြပါဦး ❤️📱

SANG SANG K-SCHOOL
No. 5A, 113C, Golden Oak Condo 2, Oak Kyin Station Road, Hlaing Township
09772220344 / 09401965305

Address

No. 5A, 113 C, Golden Oak Condo 2, Oak Kyin Railway Station Road, Hlaing Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 17:00

Telephone

+959260045044

Alerts

Be the first to know and let us send you an email when SANG SANG A&E posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to SANG SANG A&E:

Shortcuts

Share