Myanmar Metropolitan College

Myanmar Metropolitan College

Share

"Where Learning Comes Alive"

30/01/2021

🎓Master of Business Administration (MBA Program) အတွက် ပညာသင်ထောက်ပံ့ကြေး (30% Study Grant) နှင့် လစဉ် အတိုးမဲ့အရစ်ကျစနစ် (Financial Aid Program) 🎓
=========================================================================================================

🔹Myanmar Metropolitan College (MMC) ရဲ့ ပညာသင်ထောက်ပံ့ကြေး အစီအစဉ်သည် MBA ဘွဲ့ကို အမှန်တကယ် ဆွတ်ခူးရယူချင်သူတွေ အတွက် Switzerland နိုင်ငံရှိ University of Business and International Studies (UBIS) မှ တိုက်ရိုက်ပေးအပ်မယ့် နိုင်ငံတကာအဆင်မြင့်ပညာရေး MBA Program ကို သင်ကြားခွင့်ကို ရရှိမှာဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေး (၃၆) သိန်းနဲ့အတူ ပညာသင်စရိတ် သက်သက်သာသာ ပေးသွင်းနိုင်အောင် စီစဉ်ပေးထားတဲ့ အတိုးမဲ့ လစဉ်အရစ်ကျစနစ်ကိုပါ လျှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။

UBIS University နဲ့ MBA Program အကြောင်းကိုတော့ ပေးထားတဲ့ Link လေးမှာ အသေးစိတ်ဝင်ရောက် လေ့လာနိုင်ပါတယ်။
👉UBIS Link: https://ubis-geneva.ch/
👉MBA Program: https://www.facebook.com/myanmar.metropolitan.college/posts/1522070044645441

🔹သမရိုးကြားသင်ကြားမှုပုံစံမဟုတ်တဲ့ Student Centered Approach ကိုအခြေခံကာ သင်ကြားပေးလျက်ရှိပြီး MBA Program မှာပါရှိတဲ့ သင်ကြားပို့ချပေးသူတွေအပြင် လက်တွေ့စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေကိုလည်း Guest Speaker အဖြစ်ဖိတ်ခေါ်ဆွေးနွေးကာ အတွေ့အကြုံတွေကို ပြန်လည် မျှဝေပေးတဲ့ အစီအစဉ်တွေကိုလည်း ထည့်သွင်းသင်ကြားပေးလေ့ရှိပါတယ်။ ဒါ့အပြင် UBIS University မှ ဆရာ၊ ဆရာမတွေကိုယ်တိုင် တိုက်ရိုက်လာရောက်သင်ကြားပေးတဲ့ Block Teaching ဘာသာရပ်တွေပါရှိတဲ့အတွက် မတူညီတဲ့ သင်ကြားမှုပုံစံတွေလည်း လေ့လာနိုင်မှာ အသေအချာပါပဲ။

MMC ရဲ့သင်ကြားမှုပုံစံနဲ့ MBA Program မှာပါဝင်သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ အကြောင်းကို ပေးထားတဲ့ Link မှတဆင့်ဝင်ရောက်လေ့လာနိုင်ပါတယ်။

👉Learning Experiences Link:
▪️Managing Changes: https://www.facebook.com/watch/?v=3974421652645349
▪️Entrepreneurship & Innovation: https://www.facebook.com/watch/?v=452441945744859
▪️Financial for International Business: https://www.facebook.com/watch/?v=1050108265439622

👉Faculty Member: https://www.yourmmc.com/faculties

🔹MMC Study Grant နဲ့ Financial Aid Program နဲ့ပက်သက်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ Hotline: 09 2633 34223/4 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက -
☎️Hotline Numbers: 09 2633 34223/4
🏠MMC Yangon Campus: No (232), Bargayar Street, Myay Ni Gone, Sanchaung Township, Yangon
Myanmar Metropolitan College

▫️▪️🔹🔸🎓👉

Photos from Myanmar Metropolitan College's post 29/01/2021

🎓Certificate in International Trade, Logistics and Supply Chain Management (Basic Course)🎓
======================================================================
🔸ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါမှာ ဘယ်လိုလမ်းကြောင်းတွေက စရိတ်သက်သာတာလဲ?
🔸ကိုယ်ရွေးချယ်လိုက်တဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ လုပ်ငန်းနဲ့ပတ်ဝန်းကျင်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ?
🔸မှာယူလိုက်တဲ့ကုန်စည် တွေကို အချိန်မှန်မှန်နဲ့ အထိအခိုက်မရှိရောက်ရှိဖို့ ဘယ်လိုလမ်းကြောင်းနဲ့ အခြေအနေတွေကို ရွေးချယ်မလဲ?
🔸ကိုယ့်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ မနှောက်နှေးစေပဲ ကောင်းမွန်စွာလည်ပတ်စေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ?
🔸ဒီလိုမျိုး မေးခွန်းတွေ အတွက် သင်တော့်တဲ့အဖြေတွေ သင့်မှာရှိနေပြီလား?

✅ဒီလို အခြေအနေမျိုးတွေ ရင်ဆိုင်နေရပြီဆိုရင် ဘယ်လို ပြင်ဆင်၊ တုန့်ပြန်ရမလဲဆိုတာ သိရှိဖို့ဆိုရင်တော့ ဖေ‌ဖော်ဝါရီလ (၂၈) ရက်နေ့ တွင် Myanmar Metropolitan College (MMC) မှဖွင့်လှစ်မယ့် International Trade, Logistics and Supply Chain Management (Basic Course) အတန်းကိုသာ တက်ရောက်လိုက်ပါ။

🔸စာတွေ့ပိုင်းများဖြစ်တဲ့ Logistics and Supply Chain Management ဆိုတာ ဘာလဲ? ကိုယ့်ရဲ့ လုပ်ငန်းလည်ပတ်မှုမှာ ဘယ်လို အရေးကြီးတဲ့ ကဏ္ဍကပါဝင်နေတာလဲ? ဆိုတာတွေကို ရှင်းပြပေးသွားမယ့်အပြင် ပြည်တွင်းမှ ထုတ်လုပ်တဲ့ ကုန်စည်များကို တင်ပို့သူ (Exporter) များနဲ့ နိုင်ငံတကာမှ ကုန်စည်များကို တင်သွင်းသူ (Importer) များ သိရှိထားသင့်တဲ့

🔹INCO terms လို့ခေါ်တဲ့ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းနဲ့ သတ်မှတ်များ၊
🔹ကုန်စည်သယ်ယူပို့ဆောင်ရေး (Export/Import) လုပ်ငန်းများ လုပ်တဲ့အခါ လိုအပ်သည့် (Commercial) စာရွက်စာတမ်းများအကြောင်း
🔹ကုန်သွယ်မှုဆိုင်ရာ အခြေအနေများတွင် ယခင်ကာလနှင့် ယနေ့ခေတ်လက်ရှိ အခြေအနေများ၏ ကွားခြားချက်များ
🔹သိရှိထားသင့်သော နိုင်ငံတကာတွင် အသုံးပြုနေသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ (၎င်းတို့ကို ရွေးချယ်ပို့ဆောင်ရာမှာ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းပြီး ရွေးချယ်ရမလဲ ဆိုတာတွေကို အသေးစိတ် သင်ကြားဆွေးနွေးသွားမှာဖြစ်ပါတယ်။)

🔸ဘယ်သူတွေတက်ရောက်သင့်လဲ?
🔹ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ကောင်းစွာလုပ်ကိုင်နိုင်ဖို့အတွက် International Trade, Logistics and Supply Chain Management ကိုနားလည်လိုသူများ
🔹အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များ
🔹Manufacturing, Trading, Engineering စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တွင် Procurement, Shipping, Operations, Warehouse, Transportation အပိုင်းတွင် လက်ရှိလုပ်ကိုင်နေသူများ၊
🔹NGO အဖွဲ့အစည်းများ၏ Operations ကဏ္ဍတွင်လုပ်ကိုင်နေသူများ
🔹Logistics and Supply Chain Management ကုမ္ပဏီ တွင် Sales, Customer Service, Operations အပိုင်းတွင် လက်ရှိလုပ်ကိုင်နေသူများ၊

🔸ဘယ်လိုသင်ကြားပေးမလဲ?
Online Platform တစ်ခုဖြစ်တဲ့ Zoom ကိုအသုံးပြုပြီး Live သင်ကြာပေးသွားမှာဖြစ်ပါတယ်။ Online က တဆင့်သင်ကြားတယ်ဆိုပေမယ့် ဆရာက တိုက်ရိုက်ရှင်းပြသင်ကြားပေးတဲ့အတွက် မိမိမရှင်းလိုက်တာတွေကို ချက်ချင်းပြန်လည် မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ခန်းစာ လေ့လာမှုအားကောင်းစေဖို့အတွက် In-class Activity များကိုပါထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

International Trade, Logistics and Supply Chain Management (Basic Course) အတန်းမှာ ဘယ်လို သင်ကြားမှုပုံစံတွေနဲ့ ဆွေး‌နွေးသင်ပြသွားလဲဆိုတာကို ပေးထားတဲ့ Link လေးမှ တဆင့်ဝင်ရောက်လေ့လာနိုင်ပါတယ်။

Basic Course (Link): https://fb.watch/3h_tsfUH6g/

သင်တန်း အသေးစိတ်
==============
⏰အချိန်: မနက် (၉:၃၀) နာရီမှ နေ့လည် (၁၂:၃၀) နာရီ
📆ရက်စွဲ: ဖေ‌ဖော်ဝါရီလ (၂၈) ရက်နေ့ (တနင်္ဂနွေနေ့များ)
🕐စုစုပေါင်းသင်တန်းချိန်: ၂၄ နာရီ
▫️သင်ကြားမည့်ပုံစံ: Zoom Application (Online)
▫️သင်တန်းကြေး: ၁၀၀၀၀၀ ကျပ်

☑️ ဒီသင်တန်းကို စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ MMC ရဲ့ Hotline ဖြစ်တဲ့ 09 2633 34223/4 ကိုဆက်သွယ်စာရင်းပေးနိုင်ပါတယ်။
(✨အရင်ဉီးဆုံး အပ်နှံသူ ၁၀ ယောက်အတွက် 20% Discount များပေးအပ်သွားမည် ဖြစ်ပါသည်။✨)

🎓သင်ကြားပို့ချမည့်သူ
===============
ဆရာ ဦး Adrian Aung
နိုင်ငံတကာရှိ Logistics/Shipping & Supply Chain Management လုပ်ငန်း အဖွဲ့အစည်းများတွင် Business Development, Operations Management, Strategic Management ဆိုင်ရာ၌ လုပ်သက် အနှစ် (၂၀) ကျော်ရှိခဲ့ပြီး နိုင်ငံတကာပညာရေး အတွေ့အကြုံများနှင့်တကွ သင်ကြားရေး အတွေ့အကြုံများပါ ရှိထားသည့် ဆရာတစ်ယောက်ဖြစ်ပါသည်။

🎓Professional Experiences (Singapore, Myanmar, USA)
===========================================
▪️General Manager, Simple Forwarding Inc., Freight Forwarding and Logistics Services
▪️Branch Manager, Deugro Myanmar Co. Ltd, Project Logistics Services
▪️Senior Account Manager, Maersk Singapore Pte. Ltd., Shipping Business Development

🎓Educational Experiences
=====================
▪️Master of Business Administration, (Maritime and Logistics Management); Australian Maritime College, University of Tasmania, Australia.
▪️Bachelor Degree in Chemical Engineering, Yangon Technological University

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက -
☎️Hotline Numbers: 09 2633 34223/4
🏠MMC Yangon Campus: No (232), Bargayar Street, Myay Ni Gone, Sanchaung Township, Yangon
Myanmar Metropolitan College

29/01/2021

📣“Covid-19 Vaccine Distribution & Storage, Supply Chain Management Challenges (Free Webcast)”

🔹မင်္ဂလာပါ။ ဇန်နဝါရီလ (၃၁) ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် Covid-19 Vaccine Distribution & Storage, Supply Chain Management Challenges (Free Webcast) အစီအစဉ်မှာ Register ပြုလုပ်ထားသူများအားလုံးအတွက် Zoom (Meeting ID နှင့် Password) အားပေး Email ပို့ထားပြီး ဖြစ်ပါကြောင်း အသိပေးလိုက်ရပါသည်။

🔸အကယ်၍ မိမိအနေဖြင့် ၎င်း Email အားလက်ခံရရှိခြင်း မရှိပါက MMC page ၏ Messenger မှတဆင့် မေးမြန်းနိုင်သလို MMC Hotline ဖြစ်သည့် 09 2633 34223/4 ကိုလည်း ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

25/01/2021

“You don't have to see the whole staircase, just take the first step.”

_Martin Luther King, Jr


20/01/2021

ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လိုချမှတ်ကြမလဲ ? 💭

🔹 လူသားတိုင်းရဲ့ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက် တစ်ခုခု မချဘဲ ဖြတ်သန်းရတဲ့ နေ့ ဆိုတာ မရှိပါဘူး။ နေ့တိုင်းလိုလို ကျွန်တော်တို့က ဆုံးဖြတ်ချက်တွေ ချမှတ်ရင်း ရှင်သန်နေကြရတာပါ။

🔹ဒီနေ့တော့ ဘယ်သွားမယ် မနက်စာကို ဘာစားမယ် စတဲ့ နေ့စဉ် ဆုံးဖြတ်ချက်လေးတွေကနေတဆင့် ဘဝအတွက် အရေးပါတဲ့ ဘယ်ပညာရေးလမ်းကြောင်းကို ရွေးမယ် ဘယ် နေရာမှာ အသက်မွေးဝမ်းကျောင်းပြုမယ် ဘဝကို ဘယ်နည်းဘယ်ပုံနဲ့နေထိုင်မယ် စတဲ့ ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေကို ကိုယ်တိုင် ဆုံးဖြတ်ပြီး နေထိုင်ရှင်သန်နေကြသူချည်းပါပဲ။ အချို့သော လူတွေဆို ဆုံးဖြတ်ချက် ချရမှာကို ရောဂါတစ်ခုလို ကြောက်လန့်နေတတ်ကြတဲ့ သူမျိုးတွေ တောင်ရှိပါတယ်။

🔹အသေးအဖွဲ ဆုံးဖြတ်ချက်လေးတွေ အမှားအယွင်းဖြစ်သွားတဲ့အခါ ကြီးကြီးမားမား ထိခိုက်နစ်နာမှု မရှိလောက်ပေမယ့် ဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်မျိုးတွေ တစ်ခုခုကို ပြောင်းလဲသွားစေလောက်မယ့် ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်ရတဲ့အခါမျိုးမှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်လာဖို့ ကျွန်တော်တို့အနေနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ ရှိပါတယ်။

🔸 ထောင့် ပေါင်းစုံ အဖက်ဖက်က အမြင်နဲ့ ကြည့်ပါ။

ဘယ်လို အခြေအနေမျိုးက အကျိုးအကြောင်းစီလျော်တယ် ဒီ ဆုံးဖြတ်ချက်ကတော့ ပိုမှန်လောက်တယ် ဆိုတဲ့ အတွေးမျိုးကို ဘက်ပေါင်းစုံ က မကြည့်ဘဲ ကိုယ်မှန်တယ်ထင်လောက်တဲ့ တစ်နေရာထဲက ရပ်ကြည့်မိတဲ့အခါ မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုခု ချမယ်ဆိုတိုင်း ဘက်ပေါင်းစုံက ကြည့်ပါ။ အမှန်တရားကို မြင်အောင်ကြည့်ပါ။ မှန်ကန်တဲ့ ရှုထောင့်ကနေ ကြည့်ပြီး ဆုံးဖြတ်တတ်ဖို့လည်း ကိုယ့်ကိုကိုယ် တွန်းအားပေးပါ။

🔸 ရွေးချယ်ပိုင်ခွင့်တွေ ရှိ မရှိ တွေးတောပါ။

ကိုယ် ဒီဆုံးဖြတ်ချက်ကို ချနေတုန်းမှာ ကိုယ့်အနီးအနားမှာ အခြားသော ရွေးချယ်ပိုင်ဆိုင်တွေ ရှိ မရှိ ဆိုတာကိုလည်း မြင်တတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ် ရောက်နေတဲ့နေရာက သင့်တော်ရဲ့လား ကိုယ် ရပ်တည်နေတဲ့ အနေအထားကရော မှန်ကန်ရဲ့လား ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့်မရှိတော့ဘူးလား ဒီ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာက အကောင်းဆုံး အခြေအနေလားဆိုတာမျိုးတွေကို အချိန်ယူ စဉ်းစားပါ။ ဒီလို လုပ်ခြင်းအားဖြင့် အကောင်းဆုံးနဲ့ စိတ်အကျေနပ်ဆုံးသော ဆုံးဖြတ်ချက်တစ်ခု ရရှိလာမှာပါ။

🔸 Pros & Cons တွေကို ကြိုတင် စဉ်းစားတတ်ပါစေ။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တဲ့အခါ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ်တိုင် ရင်ဆိုင်ရမှာမို့ ဖြစ်ပေါ်လာမယ့် Pros & Cons တွေ ကြိုတင်တွက်ချက် ထားတာ အကောင်းဆုံးပါပဲ။

🔸 Right Information ကို ရှာတတ်ပါစေ။

ကိစ္စ တစ်ခုခု ကို ဆုံးဖြတ်ရတော့မယ်ဆို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရှိဖို့က အရေးကြီးဆုံးပါ။ Information အများအပြား ရှာဖွေစုဆောင်းနေစရာမလိုပါဘူး။ ကိုယ့်အတွက် မှန်ကန်တဲ့ Information မျိုးကိုသာ ရှာဖွေ တတ်ဖို့ လိုအပ်တာပါ။

🔸 နည်းလမ်းဟောင်းတွေကို ပြန်သုံးကြည့်ပါ။

လွန်ခဲ့တဲ့ နှစ်က ကိုယ်က ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ဖို့ Plan A ကို အသုံးပြုခဲ့တယ်ဆိုပါစို့။ ကံမကောင်းစွာဘဲ ဒီ Plan A နဲ့ အဆင်မပြေဘဲ ကိုယ့် ဆုံးဖြတ်ချက်က ကောင်းကောင်းမွန်မွန် ဖြစ်မသွားခဲ့တဲ့ အခါမျိုးရှိကောင်း ရှိခဲ့ဘူးမယ်။ ဒါပေမယ့် ဒီတစ်ခေါက် ကိစ္စမှာ ဒီ Plan A က အောင်မြင်သွားမလားဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ တခါတလေ နည်းလမ်းအသစ်တွေ စဉ်းစားတွေးတောနေတာထက် နည်းလမ်းဟောင်းတွေက ပို အသုံးဝင်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

🔸 ကိုယ်တိုင်ဆုံးဖြတ်ချက် ချပါ။

ဒီနေရာမှာ အခြားလူတွေဆီက အကြံဉာဏ်မယူရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။
ဥပမာ - အလုပ်ကိစ္စ ကျောင်းကိစ္စ တွေ အတွက် ကိုယ့်ထက် အတွေ့အကြုံ ရင့်သန်နေသူတွေဆီက အကြံဉာဏ်တောင်းတာမျိုးက ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် “Advice is just an advice” ဆိုသလိုပဲ။ ရလာတဲ့ အကြံဉာဏ်ကို ပြန်လည် သုံးသပ်ပြီး ကိုယ်တိုင် ဆုံးဖြတ်တတ်ဖို့က အရေးကြီးဆုံးပါ။

🔸 အမှားတွေက တဆင့် သင်ယူတတ်ပါစေ။

အရင်က ကိုယ် ဒီလို နည်းနဲ့ စဉ်းစား ဆုံးဖြတ်လိုက်တာ မှားယွင်းသွားမယ် မကောင်းတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာမျိုးတွေ ကြုံဖူးတာတွေကြောင့် ဒီလိုမျိုး ထပ်မလုပ်ရဲတော့တာမျိုး မဖြစ်ပါစေနဲ့။ အကောင်းဆုံးသော ဆုံးဖြတ်ချက်ဆိုတာ အတွေ့အကြုံကောင်းတွေက တဆင့် ရတာပါ။ အတွေ့အကြုံကောင်းတိုင်းလိုလိုကလည်း ဘဝရဲ့ အမှားတွေက ရတတ်ကြမျိုးတွေချည်းပါပဲ။

🔸 ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။

Perfect ဖြစ်တဲ့လူဆိုတာ မရှိနိုင်တဲ့ အတွက် Perfect Decision ဆိုတာလဲ ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ကိုယ် ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာ သေချာသိပြီဆို ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့ ဘာမဆို ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ ဆုံးဖြတ်ချက်ကောင်းတိုင်းလိုလို ရဲ့ အရင်းခံက မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်းလို့ ဆိုရင်တောင် မမှားနိုင်ပါဘူး။

🔹ဒီတော့ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်တော့မယ်ဆိုရင် ဒီလို အချက်တွေပေါ် အခြေခံဆန်းစစ်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ပါ။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ၊ရလဒ်တွေ ပိုင်ဆိုင်နိုင်ဖို့ အလားအလာ အများကြီး ရှိပါတယ်။

🔹“You are only one decision away from a totally different life” ဆိုသလိုပါပဲ။ ဘဝမှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်မျိုးကို မှန်ကန်စွာ ချမှတ်တတ်ပြီဆိုရင် အောင်မြင်မှုတွေတိုင်းက ကိုယ့်ရဲ့ လက်တကမ်းမှာ ဆွတ်ခူးရုံပါပဲ။

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက -
☎️Hotline Numbers: 09 2633 34223/4
🏠MMC Yangon Campus: No (232), Bargayar Street, Myay Ni Gone, Sanchaung Township, Yangon
Myanmar Metropolitan College

18/01/2021

“Amateurs sit and wait for inspiration, the rest of us just get up and go to work.”

Stephen King


16/01/2021

📣“Covid-19 Vaccine Distribution & Storage, Supply Chain Management Challenges (Free Webcast)”

🔹လာမယ့် (၃၁) ရက်နေ့ ဇန်နဝါရီလ၊ ၂၀၂၁ ခုနှစ်တွင် “ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ချီရေးနှင့် သိုလှောင်မှု - သယ်ယူပို့ဆောင်ရေးဆိုင်ရာ ရင်ဆိုင်ရာ အခက်အခဲ/စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐜𝐚𝐬𝐭 ကို Myanmar Metropolitan College (MMC) မှစီစဉ်ကျင်းပပေးသွားမှာဖြစ်ပါတယ်။။ ဒီ Webcast ကိုတော့ Shipping, Logistics and Supply Chain Management လုပ်ငန်းများမှာ အတွေ့အကြုံ အနှစ် (၂၀) ကျော်ရှိခဲ့တဲ့ ဆရာ U Adrian Aung မှအမေးအဖြေပုံစံဖြင့် ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။

🔹ထည့်သွင်းဆွေးနွေးသွားမယ့် အကြောင်းအရာများကတော့:
▪ခေတ်အလိုက်တိုးတက်ပြောင်းလဲလာတဲ့ Logistics and Supply Chain Management ကဏ္ဍရဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ စီးပွားရေးအပေါ် ရှိနေတဲ့ အကျိုးသက်ရောက်မှုတွေ၊
▪Cold Chain Logistics၊ Cold Chain Operations၊ Cold Chain Equipment နဲ့ Transportation တွေကို အသုံးပြုပြီး ပို့ဆောင်တဲ့ ကုန်ပစ္စည်းတွေ
▪ဆေးဝါး လုပ်ငန်းကဏ္ဍမှာ အရေးပါတဲ့ Cold Chain Logistics နဲ့ ကမ္ဘာတစ်ဝှမ်းက သယ်ယူပို့ဆောင်မှုပြုလုပ်နေတဲ့ ဆေးဝါးအမျိုးအစားတွေ
▪ဝေးကွာတဲ့နေရာတွေကို သယ်ယူပို့ဆောင်တဲ့အခါ အသုံးပြုတဲ့နည်းလမ်းတွေနဲ့ အပူချိန်ကြောင့် ပျက်စီးမှုဖြစ်နိုင်တဲ့ ဆေးဝါးတွေကို ပို့ဆောင်တဲ့အခါရှိလာမယ့် အခက်အခဲတွေ
▪အထူးစီမံထားတဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ အတွက် စည်းမျဉ်းစည်းကမ်းတွေ
▪မြန်မာနိုင်ငံလို ဖွံဖြိုးတိုးတက်ဆဲနိုင်ငံတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးရေးနဲ့ သိုလှောင်ရေးမှာ တွေ့နိုင်မယ့် စိန်ခေါ်မှုနဲ့ သင့်တော်မယ့် ဆေးဝါးအမျိုးအစားတွေ စတဲ့ အကြောင်းအရာများကို ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။

📣ဆွေးနွေးသွားမယ့်အချိန်ကတော့
📆Date: 31st Jan 2021 (Sunday)
⏰Time: 10:30 -11:30 AM
▫️Venue: Zoom & Facebook Live

👤Facilitator အဖြစ် MMC မှ MBA ဘွဲ့ရရှိထားပြီး Danone Dumex, DKSH မှာ Head of Healthcare Nutrition အဖြစ်လုပ်ကိုင်နေတဲ့ Dr. Khine Nyein Thu ကဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

🔹MMC ရဲ့ Free Webcast လေးကို Join မယ်ဆိုရင်တော့ ပေးထားတဲ့ Link လေးမှာ Register ပြုလုပ်ပြီး Zoom Link လေးကိုရယူနိုင်ပါတယ်။ (ကိုယ့်ရဲ့ သူငယ်ချင်းတွေထဲက စိတ်ဝင်စားနိုင်မယ်သူရှိရင်လည်း Mention လုပ်ပေးကြဖို့ သတိပေးလိုက်ပါတယ်။)

👉Register here: http://bit.do/fMC6M

🔹𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐋𝐢𝐯𝐞အနေနဲ့လည်း တိုက်ရိုက်လွှင့်သွားပေးမှာဖြစ်တဲ့အတွက် မိမိသိလိုတဲ့အကြောင်းအရာတွေကို Live မှာမေးခွန်းအဖြစ်ချန်ထားနိုင်ပြီး မေးခွန်းတွေကို Q&A Session အစီအစဉ်လေးမှ တဆင့် ပြန်လည် ဖြေကြားသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်နဲ့ပက်သက်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ MMC ရဲ့ Hotline ဖြစ်တဲ့ 09 2633 34223/4 ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက -
☎️Hotline Numbers: 09 2633 34223/4
🏠MMC Yangon Campus: No (232), Bargayar Street, Myay Ni Gone, Sanchaung Township, Yangon
Myanmar Metropolitan College

13/01/2021

Happy Kayin New Year!

10/01/2021

🎓Learning Experiences: International Trade, Logistics and Supply Chain Management (Basic)🎓
=========================================================================

🔸ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်သွားသော International Trade, Logistics and Supply Chain Management (Basic) အတန်းမှ သင်ကြားမှုပြုလုပ်နေတဲ့ ပုံရိပ်များကို ပြန်လည် မျှဝေလိုက်ရပါတယ်။ သင်ယူလေ့လာမှု အတွေ့အကြုံများကို အင်တာဗျူးမှတဆင့် မျှဝေ ပြောပြပေးသော
▫️Ms. Van Lal Ruat Pwee Yee၊
▫️Ms. Su Nanader (Director @ Design Hub Company Limited)
▫️Ms. Lei Lei Win (Marketing Manager @ The Perpetual Co., Ltd) တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း အသိပေးအပ်လိုက်ရပါတယ်။

🔸ထိုအတန်းမှ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအနက် Lecturer’s Scholarship အဖြစ် နောက်ဖွင့်မယ့်အတန်း International Trade, Logistics and Supply Chain Management (Intermediate) အတွက် 100% Scholarship (၁) ယောက်နှင့် 50% Scholarship (၂) ယောက်ကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ Lecturer’s Scholarship ရရှိသွားသော ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုက်ရပါတယ်။

🔸International Trade, Logistics and Supply Chain Management (Intermediate) အတန်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ ပေးထားတဲ့ Link လေးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

👉Link: https://www.facebook.com/183082428544216/posts/1546191222233323/?_rdc=1&_rdr

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက -
☎️Hotline Numbers: 09 2633 34223/4
🏠MMC Yangon Campus: No (232), Bargayar Street, Myay Ni Gone, Sanchaung Township, Yangon
Myanmar Metropolitan College

07/01/2021

▪️Critical Thinking နဲ့ Creative Thinking ဆိုတဲ့ စကားလုံးမျိုးတွေကို ကျွန်တော်တို့အများစု ပြောဆိုဆက်ဆံနေရတယ့် ပတ်ဝန်းကျင်မှာ မကြာခဏ ဆိုသလို ကြားဖူးနေကြမှာပါ။

🔸ဒီတော့ Critical Thinking ဆိုတာ ဘယ်လိုမျိုးလဲ?
ဘယ်လို အတွေးအခေါ်မျိုးကို Creative Thinking လို့ခေါ်တာလဲ?
Critical Thinking နဲ့ Creative Thinking ကဘယ်လို ကွာခြားလဲ ဆိုတော့ Critical Thinking ဆိုတာ ကိစ္စတစ်ခုနဲ့ ကြုံလာရတိုင်း ဘယ်လို အဖြေက အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ချင့်ချိန် ဆုံးဖြတ်တဲ့ Thinking Skill တစ်ခုပါ။

🔹Creative Thinking ဆိုတာကတော့ ဘယ်လို ဖြေရှင်းချက် အသစ် အသစ်တွေက ပိုမိုကောင်းမွန်နိုင်မလဲဆိုတာမျိုးတွေ တွေးခေါ်နိုင်စွမ်း ရှိတဲ့ skill တစ်မျိုးလို့ ဆိုလို့ရပါတယ်။

🔸Critical Thinking ဆိုတာ ကျိုးကြောင်းစီလျော်စွာ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်းလို့ သတ်မှတ်လို့ရတယ်။
Critical Thinking ရှိတဲ့ လူတစ်ယောက်က Idea တွေကို ကျိုးကြောင်းဆီလျော်စွာ ယုတ္တိကျကျ နားလည်သဘောပေါက်နိုင်စွမ်းရှိတယ်။
ပြဿနာတွေ၊ အငြင်းပွားစရာတွေ ဖြစ်ပေါ်လာတဲ့အခါ ဝေဖန်ပိုင်းခြားနိုင်မှု အပြည့်နဲ့ စနစ်တကျ ဖြေရှင်းနိုင်စွမ်းရှိတတ်ပါတယ်။

(ဒီနေရာမှ သတိထားရမှာတစ်ခုက အခြားသူတွေနဲ့ ပြိုင်ပြီး အချေအတင် ငြင်းခုန်ပြောဆိုတတ်တာမျိုးတွေ၊ မလိုအပ်တာတွေမှာ အလေးအနက် တွေးတောနေတာမျိုးတွေကို Critical Thinking ရှိတယ်လို့ မခေါ်နိုင်ပါဘူး။)

🔸ဒါ့အပြင် လူအချို့က Critical Thinking ဆိုတာ ယုတ္တိဆန်ဆန် တွေးခေါ်ရမယ် ကျိုးကြောင်းဆက်စပ်မှုရှိရမယ် စည်းမျဉ်းတွေကို လိုက်နာရမယ် စတဲ့ အချက်တွေ ပေါ်မူတည်တယ်လို့ တထစ်ချ ယုံကြည်ထားတဲ့အတွက် Creativity ကို ထိခိုက်စေနိုင်တယ်လို့ ထင်တတ်ကြပါတယ်။

🔸အမှန်တကယ်က Critical Thinking ဆိုတာ Creativity ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ ဖန်တီး တွေးခေါ်နိုင်စွမ်းတွေ အတွေးအမြင်သစ်တွေကို တိုးတက်ပြောင်းလဲ ချိန်ဆတတ်လာအောင် Critical Thinking က တစ်ထောင့်တစ်နေရာက မရှိမဖြစ်လိုအပ်ပါတယ်။

🔸နောက်ပြီး သတိမထားမိကြလို့သာပါ၊ Critical Thinking ဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ တစ်စိတ်တစ်နေရာက အမြဲပါဝင်နေပါတယ်။ ခေါင်းလျှော်ဖို့ ဘယ် Shampoo ကို သုံးရမလဲ၊ ဘယ်ကော်ဖီဆိုင်ထိုင်ရမလဲ၊ ဘာရုပ်ရှင်ကြည့်ရမလဲ စတဲ့ နေ့စဉ် သာမန်ကိစ္စလေးတွေကစလို့ ရုံးမှာ အိမ်မှာ ကျောင်းမှာ ဘယ်လို စည်းကမ်းချက်တွေ ထားရှိသင့်လဲ၊ နောက်ဆုံး ရွေးကောက်ပွဲတစ်ခုမှာ ဘယ်သူ့ကို မဲထည့်ရမလဲ စတဲ့ အရေးပါတဲ့ ကိစ္စတွေအထိ Critical Thinking ကအရေးပါပါတယ်။

🔸ပြောရမယ်ဆိုရင် ဥပမာအားဖြင့် Social Media ပေါ်မှာ မြင်သမျှ သတင်းအချက်အလက်တွေကို မယုံကြည်ဘဲ ပညာရှိဆန်ဆန် ဝေဖန် ပိုင်းခြားနိုင်တဲ့ အရည်အချင်းမျိုးဟာ Cirtical Thinking Skill ပါပဲ။ အတိုချုပ်ပြောရရင်တော့ Critical Thinking ရှိတယ်ဆိုတာ ကိုယ်တိုင် နှိုင်းဆ ချင့်ချိန် ဝေဖန် ပိုင်းခြား ဆုံးဖြတ် နိုင်စွမ်း ရှိတဲ့ သဘောဖြစ်ပါတယ်။

🔹ကဲ ... Creative Thinking ဆိုတာကရော ဘယ်လိုမျိုးလဲ?

🔹Creative Thinking ဆိုတာ ကိစ္စတစ်ခုကို မတူညီတဲ့ ရှုထောင့်တစ်ခုကနေ စဉ်းစားနိုင်စွမ်း၊ ဘောင်အပြင်ကနေ လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်စွမ်းကို ဆိုလိုတာ ဖြစ်ပါတယ်။

🔹ဒီ Creative Thinking ကြောင့်ပဲ စိန်ခေါ်မှု အသစ်အဆန်းတွေနဲ့ ကြုံတွေ့လာနိုင်တယ်၊ အများနဲ့မတူတဲ့ အတွေးအခေါ်တွေ ရှုထောင့်တွေက တဆင့် ကိစ္စတိုင်းကိုမြင်တတ်လာပြီး ဆန်းသစ်တဲ့ ဖြေရှင်းချက်မျိုးတွေ၊ စိတ်ကူးစိတ်သန်းတွေ ပေါ်ထွက်လာနိုင်တယ်။

🔹ဆိုတော့ အလွယ်ပြောရရင် Creative Thinking ဆိုတာ အမိုက်စားတွေကို တွေးခေါ်တတ်တာမျိုးကို ဆိုလိုတာပါ။ အရင်တုန်းက မတွေးမိခဲ့ဖူးတဲ့၊ မစဉ်းစားမိဖူးတဲ့ အတွေးအခေါ်အကြံဉာဏ်အသစ်တွေ ထုတ်တာမျိုးပေါ့။

🔹ကျွန်တော်တို့ အများစု ရင်းနှီးကြတဲ့ “Brainstorming” လုပ်တယ်ဆိုတာလည်း Creative Thinking ပုံစံတစ်မျိုးပါပဲ။
ဒါ့အပြင် Creative Thinking ဆိုတာမျိုးက “ရုတ်တရက်ဆိုသလို” ဖြစ်ပေါ်လာနိုင်သလို၊ အသေအချာ တွေးတောနေရင်းကနေ ပေါ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

🔹ဆိုလိုတာက တမင်လုပ်ယူ ဖန်တီး တွေးတာရင်း ဖြစ်လာနိုင်သလို လျှပ်တပြက်ပေါ်တတ်လာတတ်တာမျိုးလည်း ရှိပါတယ်။ ဥပမာ Idea A ကို ဒီထက်ပို အမိုက်စားဖြစ်လာအောင် ဘယ်လို ထပ်လုပ်ရမလဲ တွေးနေရင်းက ပိုကောင်းတဲ့ Idea B ပေါ်လာမျိုး၊ ဒါမှမဟုတ် ရုတ်တရက်ဆိုသလို ကော်ဖီသောက်နေရင်းက Idea C က ပေါ်လာတာမျိုးတွေပေါ့။

🔹Creative Thinking ရှိသူအများစုက Communication ကောင်းကြတယ်၊ Flexible ဖြစ်တယ်၊ Open-Minded ဖြစ်ပြီး ဗဟုသုတကြွယ်ဝကြတယ်။ အခြားလူတွေနဲ့ မတူညီတဲ့အချက်က သူတို့က Risk Taker တွေပါ။ စည်းတွေ ဘောင်တွေအပြင်က တွေးတောတတ်တဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေကို ရင်ဆိုင်ရဲကြသူတွေပေါ့။

🔹ဒီတော့ “The sky is the limit for creative thinking” လို့ဆိုကြသလိုပဲ။ အလွယ်ပြောရရင် Creative Thinking ဆိုတာ ကျယ်ပြန့်တယ်။ စည်းတွေဘောင်တွေမရှိဘူး။ ကိုယ့်စိတ်စေရာ သွားနိုင်ပြီး နယ်ချဲ့နိုင်တယ်။ လွတ်လပ်တယ်။ ဆန်းသစ်တယ်ပေါ့။

▪️ဆိုတော့ Critical Thinking နဲ့ Creative Thinking ကို ယေဘုယျအားဖြင့် နှိုင်းယှဉ်ပြောရရင်

✔️ Critical Thinking ဆိုတာက ရှိနေပြီးသား အရာတစ်ခုခုကနေမှ Validity ကို ပြန်ရှာတယ်။ Creative Thinking ကတော့ အသစ်အဆန်းတစ်ခုကို ဖန်တီးတယ်။
✔️Critical Thinking က Analytic ဖြစ်ပေမယ့် Creative Thinking က Generative ဖြစ်တယ်။
✔️Critical Thinking တိုင်းလိုလိုက Convergent သဘောဆောင်တဲ့အတွက် တူညီနိုင်ပြီး Creative Thinking တိုင်းက Divergent ဖြစ်တဲ့အတွက်ကွဲလွဲနိုင်တယ်။
✔️Critical Thinking က Probability ဆိုတဲ့ ဖြစ်နိုင်ခြေ အလားအလာတွေပေါ် မူတည် တတ်ပေမယ့် Creative Thinking က Possibility ဆိုတဲ့ ဖြစ်ကောင်းဖြစ်နိုင်မယ့် အခြေအနေတွေပေါ် မူတည်တတ်ပါတယ်။
✔️Critical Thinking က သတ်မှတ်လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ် ချိန်ဆပြီး ဖြစ်ပေါ်လာတတ်ပေမယ့် Creative Thinking ကတော့ ဒီလို ဥပဒေသ တွေဆိုတာတွေက လွတ်လပ်စွာ ကွဲထွက်နေတဲ့ ကိုယ့်ရဲ့ အတွေးအခေါ်ချည်းသက်သက်ပါပဲ။
✔️များသောအားဖြင့် Critical Thinking အားသန်သူတွေက Pattern Users တွေ ဖြစ်ကြပြီး Creative Thinking သမားတွေက Pattern Seekers တွေလို့ သတ်မှတ်နိုင်ပါတယ်။

▪️ဆိုတော့ ……… “The world as we have created it is a process of our thinking” လို့ Albert Einstein ဆိုခဲ့သလိုပါပဲ။
ကျွန်တော် တို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ပဲ ကမ္ဘာကြီးကို ဖန်တီး နေထိုင် အသက်ရှင်နေကြတာပါ။

▪️နေ့စဉ် သက်ဝင်လှုပ်ရှားနေရတဲ့ ဘဝတွေထဲမှာ Critical Thinking နည်းနဲ့ ဖြစ်ဖြစ် Creative Thinking နည်းနဲ့ ဖြစ်ဖြစ် ကိုယ် ကြုံတွေ့နေရတဲ့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးနဲ့အသင့်လျော်ဆုံး အဖြေမျိုးကို ပေးစွမ်းနိုင်မယ့် နည်းလမ်းကို ကိုယ်တိုင် ရွေးချယ်အသုံးပြုရင်း အခက်အခဲတိုင်းကို ဖြေရှင်းနိုင်ကြပါစေ။

▪️အားလုံးပဲ မှန်ကန် ကောင်းမွန် ဆန်းသစ်သော တွေးခေါ်မှုများကို အခြေအနေအလိုက် ပြုလုပ်နိုင်ကြပါစေ။

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက -
☎️Hotline Numbers: 09 2633 34223/4
🏠MMC Yangon Campus: No (232), Bargayar Street, Myay Ni Gone, Sanchaung Township, Yangon
Myanmar Metropolitan College

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


MMC City Campus. 47/48, Bahosi Building, Lanmadaw Township
Yangon
11131

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 17:30