Myanmar Treasure Garden

Myanmar Treasure Garden

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Treasure Garden, No. 12/A, Pyay Road, 6 1/2 mile, Hlaing Township, Yangon.

03/08/2024

🚨🚨🚨

PV (visitor passport)တွေ
လေဆိပ်မှာ
ထွက်ခွင့်ပိတ်လိုက်တာလား ဆိုတာ
မဟုတ်ပါဘူးရှင်
Visitor အဖြစ်အလည်သွားတဲ့သူများ
#မှတ်ပုံတင်
Booking
ticket
Money ($500 or ထိုင်း B20000 ကို
cash in hand လက်ဝယ်ပြရပါမယ် )

ထို လေးခု ကိုင်ဆောင်လာပေးပါရှင်
မပြည့်စုံရင် မရပါဘူးရှင် … ❌

Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌

PJ (Job passport) များကတော့
OWIC ကဒ်ပါရင်ရပါတယ်… ✅

Student Visa ဖြင့်ကျောင်းသွားတက်သူများ
ကျောင်းနဲ့ဆိုင်တဲ့
စာရွက်စာတမ်းတွေလိုပါတယ် ✅

PS ( seaman ) များကတော့
အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ် ✅

ငါတို့က ဟိုးအရင်ထဲက သွားဘူးတယ်
တသက်လုံးသွားနေတာ ဆိုတဲ့
ဆရာ့ ဆရာ့ကြီးများကိုလည်း
Show Money က စစ်ပါတယ်နော် 😐😐
ကြောက်လို့ကြိုပြောထားပါတယ်ရှင့် .. 🥲

#မူရင်းရေးသားသူ

29/02/2024

🚨24-2-2024 Passport Website မှာကြေငြာချက်အရ

‼️🪪 Booking ရက်ချိန်းရရှိပီးသူများ လဝက ရုံးကထုတ်ပေးထားသော UID နံပါတ်ပါ မိမိကိုယ်ရေးအချက်နဲ့ Qr Code ပါတဲ့ ကဒ်ပြား ခုလူတွေခေါ်နေကျတဲ့ Smart Card တစ်ပါတည်းယူဆောင်ရလာမည် ‼️

ရန်ကုန် / နယ်ကလူတွေ အိမ်ထောင်စုစာရင်းရှိတဲ့မြို့နယ်လဝက ရုံးကိုသွားပီကြိုလုပ်ထားကျပါ ရန်ကုန်မှာရောက်နေတဲ့ နယ်ကလူတွေကတော့ ကိုယ်လက်ရှိ ရှိနေတဲ့ လဝက ရုံးကိုသွားပီလုပ်ကြည့်ပါ တစ်ချို့ လဝက ရုံးတွေကလုပ်ပေးကြပါတယ်

အိမ်ထောင်စုစာရင်း မှတ်ပုံတင်ထဲက အချက်လက်နဲ့ လဝက server မှာသွင်းထားတဲ့အချက်လက်မှားနေတာမျိုးဆို နယ်ကရုံးကပြန်ပြင်ပေးမှရနိုင်တာမလို့ အဲ့လိုဖြစ်ခဲ့ရင် နယ်မှာရှိတဲ့ မိသားစုဝင်တစ်ယောက်ကို လဝက ရုံးသွားပီ ပြန်ပြင်ခိုင်းပါ ဒါမှဒီဘက်ရုံးကနေ ကဒ်ပြားထုတ်ပေးလို့ရမှာပါ

Booking ရက်ချိန်းရတာနဲ့ ကြိုတင်ပြင်ဆင်ထားကြပါဗျ

owner

Photos from Yangon Thar's post 24/11/2022
13/11/2022

Zawgyi

ထွက်ခွာကတ် ဖြည့်နည်း

✈

Unicode

ရန်ကုန်လေဆိပ်မှ နိုင်ငံခြား / ပြည်ပထွက်ခွာမည့်
သူများအတွက် Departure Card
ထွက်ခွာကတ် ဖြည့်နည်း

Photos from ဆိုက္ေခါင္ သတင်းစုံ's post 13/08/2022

✈️✈️✈️🚨🚨🚨

12/07/2022

⛔️လေယာဉ်ပေါ် Power Bankတွေ ယူသွားမယ်ဆို သတိပြုပါ။⛔️

ဒီနေ့ဆို ရုံးတွေလည်းပိတ်ပြီဆိုတော့ ခရီးသွားကြတော့မှာပေါ့နော်။

ဒါကြောင့် Power Bankတွေ လေယာဉ်ပေါ် သယ်တာနှင့်ပတ်သက်ပြီး တခုလောက်ပြောပြချင်လို့ပါ။

Power Bankတွေ ဓာတ်ခဲတွေဆို
လေယာဉ်အောက်မှာအပ်ရတဲ့အိတ် (Checked Baggage) ထဲ ထည့်လို့မရဘူး။
ကိုယ်တိုင်ဆွဲသယ်ရတဲ့အိတ် (Hand Carry Bag)ထဲမှာပဲ သယ်လို့ရတယ်ဆိုတာတော့ သိကြပြီဖြစ်မှာပါ။

ဒီနေ့တော့ စစ်ဆေးရေးဂိတ်က ကျနော့်ရဲ့Hand Carryအိတ်ထဲက power bankကိုပါ ထုတ်ကြည့်တယ်ဗျ။

ဘာလို့လဲ Hand Carryဆို သယ်လို့ရတာပဲ မဟုတ်ဘူးလား ဆိုတော့ မဟုတ်ဘူး။ 30000mAh (သုံးသောင်းအားထိပဲ) သယ်ခွင့်ပြုတာတဲ့။ ၄သောင်းအားတွေ ၅သောင်းအားတွေဆို သယ်လို့မရဘူး။ အသိမ်းခံရပါမယ်တဲ့။

အရင်ကတော့ Power Bankဆို ၁သောင်းအား ၂သောင်းအားထိပဲ အသုံးများကြပေမယ့် အခုနောက်ပိုင်း မီးတွေလည်း အရမ်းပျက်တော့ ၄သောင်းအား ၅သောင်းအား Power Bankအကြီးကြီးတွေပါ online shopတွေမှာ အရောင်းသွက်လာကြပါတယ်။
စျေးကလည်း ၁လုံးကို ၇သောင်းခွဲ ၈သောင်း အချို့Brandအကောင်းတွေဆို ၁သိန်းကျော်ထိတောင်ပေးရတာမို့ အသိမ်းခံရရင် နှမျောစရာကြီးပါ။

ဒါကြောင့် မလိုအပ်ပဲ ဆုံးရှုံးမှုတွေမဖြစ်စေဖို့ ဒီစာလေးကို စေတနာနှင့် သတိတရ ရေးလိုက်ရပါတယ်ခမျာ။

With Love,
KWYP.

07/06/2022

ရန်ကုန်ရုံးတွင်Passportကိုယ်တိုင်လျှောက်ရန်

ကြာချိန် - ၃ နာရီ
ကုန်ကျငွေ - ၂၇၀၀၀ကျပ်

🌿Online Booking ရယူရန်

ပွဲစားတွေလည်းအရမ်းများတဲ့အတွက်
Booking အပြည့်မြန်ပါတယ်။
Today dateကနေ နောက်နှစ်ပတ်လောက်အထိ
Booking အမြဲပြည့်နေတတ်လို့ တတ်နိုင်သမျှ
ကြိုယူထားတာအကောင်းဆုံးပါ။

https://www.passport.gov.mm/

အချိန်၊ နေ့ရက် လိုအပ်တဲ့အချက်အလက်များမှန်ကန်အောင်ဖြည့်ပါ။

🌿 ပြင်ဆင်ထားရမည့်စာရွက်စာတမ်းများ

☘️သန်းခေါင်စာရင်း မူရင်း နဲ့ မိတ္တူ ၂ စုံ
☘️မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ စုံ
☘️Booking Appointment QR code
(ဖုန်းနဲ့ QRပုံရိုက်ထားလည်းရ၊ စာရွက်ထုတ်သွားလည်းရပါတယ်)
🔺 သက်တမ်းတိုး၊ အမျိုးအစားပြောင်းသူများက Passport အဟောင်း မူရင်း။
🔺 PJ passport လျှောက်ထားလိုသူများ Labor Card ပြင်ဆင်ထားရန်။

~~~~~

Passport ရုံးထဲရောက်ဖို့အတွက်
အဆင့်(၃)ဆင့်ဖြတ်ရပါမယ်။
▪️ Booking QR နှင့် မှတ်ပုံတင်မူရင်းပြ၍ ဝင်းအတွင်းဝင်ရန်။
▪️ အစစ်ဆေးခံရန်
▪️ QR Scan ဖတ်၍ ရုံအတွင်းဝင်ရန်။

🔺 စာရွက်စာတမ်း၊ဖုန်း၊ ပိုက်ဆံအိတ်အသေးကလွဲ၍
အခြားလွယ်အိတ်၊ ပိုက်ဆံအိတ်အကြီး၊ ထီး၊ ဦးထုပ်စတဲ့ ပစ္စည်းများ ဘာမှယူသွားလို့မရပါဘူး။
သွားတဲ့အချိန်ပေါ်မူတည်ပြီး ရုံအတွင်းရောက်ဖို့ အကြာကြီးတန်းစီရတတ်ပါတယ် ~~ ခန့်မှန်းခြေ (၁)နာရီ ဝန်းကျင်။ မိမိ Booking ရထားသောအချိန်၏ နာရီဝက်မတိုင်ခင်အရောက်သွားပါ။

~~~~~
ရုံအတွင်းရောက်လျှင်

🍀 လဝက စစ်ဆေးခြင်း

ကောင်တာတစ်ခုတွင်တန်းစီပြီး
ကိုယ့်အလှည့်ရောက်ပါက
ပါလာတဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်း၊ မိတ္တူကိုပေးပြီး ပြုံးပြပါ။ မေးတာဖြေပါ။

ရုံအနောက်ဘက်သို့သွားခွင့်ပြုပါကသွားပြီး
စစ်ဆေးပြီးကြောင်းတံဆိပ်ထုထားသောစာရွက်ယူပါ။
စစ်ဆေးခြင်းအတွက် ၂၀၀၀ကျပ် ပေးရပါမယ်။
~~~~~

Passport စတင်လျှောက်ထားရန်

အဆင့်(၁) ✔️ Form ဖြည့်ခြင်း
🔺 အခန်းထဲမဝင်ခင် ဝင်လာခဲ့တဲ့ဘက်ကို
ပြန်ထွက်လာပြီး ဝင်ဝင်ခြင်း ရုံအတွင်း TV အောက်တည့်တည့်ရှိစားပွဲတွင်ထိုင်နေသောတာဝန်ခံဆီမှ Form စာရွက်တစ်ရွက်တောင်းပါ။ (သူများတွေက ၁၀၀၀ ပေးရတယ်ပြောတယ် ကျွန်တော်က ဒီတိုင်းတောင်းလာခဲ့တယ်)။
လိုအပ်တဲ့အချက်အလက်များပြည့်စုံမှန်ကန်စွာဖြည့်ပါ။

အဆင့်(၂)✔️ ငွေသွင်းခြင်း။

လဝက က ပြန်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုကိုင်ပြီး ရုံအတွင်းရှိမြန်မာ့စီးပွါးရေးဘဏ်တွင် ငွေသွင်းပါ။ ၂၅၀၀၀ ကျပ်။
ဘဏ်ကနေ ငွေသွင်းပြီးကြောင်းစာရွက်ကို တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ပြန်ပေးပါတယ်။ စောင့်ရတာကြာပါတယ်။ ရေလေးသောက်ပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်နေပါ။

အဆင့်(၃) ✔️ ဓါတ်ပုံရိုက်ခြင်း၊ စာအုပ်ထုတ်ရန်slipရခြင်း။

နောက်ဆုံးအဆင့်ပါ။ အခြေအနေကြည့်ပြီး မြန်မြန်ပြီးမယ်ထင်ရတဲ့ အခန်း တစ်ခုခုအရှေ့မှာတန်းစီပါ။ ကိုယ့်အလှည့်ရောက်ပါက စာရွက်စာတမ်း မူရင်း၊ မိတ္တူများပြ၍ ဓါတ်ပုံအရိုက်ခံ၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုးပါ။ Slipတစ်ခါတည်းယူသွားမည်ဖြစ်ကြောင်းပြော၍ ထုတ်ယူပါ။ ပြုံးပြပါ။

Slipရလျှင် နာမည်နှင့်အချက်အလက်များမှန်ကန်ကြောင်းစစ်ဆေးပြီး ယူခဲ့ပါ။

နောက်ဆယ်ရက်နေလျှင်စာအုပ်သွားထုတ်၍ရပါပြီ။ ☘️

ပွဲစားနဲ့ဆိုလည်း အပေါ်ကအဆင့်တွေအကုန်လုံးက
ကိုယ်တိုင်းတန်းစီလုပ်ရတာပဲဆိုတော့ အတူတူပါပဲ~~ Booking appointment လေးပဲ ကြိုယူထားပါ။

ဘယ်သူမှမကြောက်နဲ့၊
လိုအပ်တာပြည့်ပြည့်စုံစုံယူသွားပြီး
မသိတာရှိရင်ပြုံးပြီးမေး။
အချို့က ဓါတ်ပုံရိုက်တာ ၅၀၀၀၊ form ကြေး ၁၀၀၀ စတာတွေလည်းပေးရတယ်ပြောတယ်။ တောင်းရင်တော့ မနှမြောပဲပေးခဲ့ပါ။ ကျွန်တော်ကတော့ မပေးခဲ့ရလို့ပါ။

အဆင်ပြေကြပါစေ ✊

credit

Photos from Popular News Journal's post 03/11/2021
Photos from Myanmar Treasure Garden's post 02/08/2021

လေကြောင်းဖြင့် ခရီးသွားမည့်သူများအတွက် ဓာတ်ခွဲဆေးစစ်နိုင်သည့် နေရာများထုတ်ပြန်

MI News၊ ဒီဇင်ဘာ-၁၅

ပြည်တွင်းလေကြောင်းခရီးစဉ်များကို မနက်ဖန် ဒီဇင်ဘာ(၁၆)ရက်တွင် စတင်ပျံသန်းခွင့် ပြုမည်ဖြစ်ရာ လေယာဉ်စီး ခရီးသွားမည့်သူများအတွက် COVID-19 ရောဂါ ရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့် နေရာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးများနှင့် မန္တလေးမြို့ပေါ်ရှိ AYA Test and care center တွင် စစ်ဆေးနိုင်မည် ဖြစ်သည်။

ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် (၃၆)နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်သည့် လေကြောင်းခရီး ပျံသန်းရာတွင် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များတွင် ဖော်ပြထားသည်။

ခရီးသည်များအနေဖြင့် ခရီးစဉ်အလိုက် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် နေရာများတွင် လေယာဉ်လက်မှတ် ပြသ၍ ဖြစ်စေ၊ ခရီးစဉ်အတွက် ကြိုတင် စာရင်းသွင်းထားကြောင်း အတည်ပြုချက် ပြ၍ဖြစ်စေ စစ်ဆေးနိုင်ပြီး ကုန်ကျစရိတ်ကို မိမိအစီအစဉ်ဖြင့် ပေးချေရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လေယာဉ်ဖြင့် ခရီးသွားမည့်သူများ ဓာတ်ခွဲစစ်ဆေးနိုင်သည့် နေရာများ/ Ref- MoHS

https://www.facebook.com/mandalayindepthnews
-19 #လေကြောင်းခရီးစဉ် #ခရီးသွား


လေကြောင်းဖြင့် ခရီးသွားမည့်သူများအတွက် ဓာတ်ခွဲဆေးစစ်နိုင်သည့် နေရာများထုတ်ပြန်

MI News၊ ဒီဇင်ဘာ-၁၅

ပြည်တွင်းလေကြောင်းခရီးစဉ်များကို မနက်ဖန် ဒီဇင်ဘာ(၁၆)ရက်တွင် စတင်ပျံသန်းခွင့် ပြုမည်ဖြစ်ရာ လေယာဉ်စီး ခရီးသွားမည့်သူများအတွက် COVID-19 ရောဂါ ရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့် နေရာများကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးများနှင့် မန္တလေးမြို့ပေါ်ရှိ AYA Test and care center တွင် စစ်ဆေးနိုင်မည် ဖြစ်သည်။

ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် (၃၆)နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာက ထုတ်ပြန်သည့် လေကြောင်းခရီး ပျံသန်းရာတွင် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များတွင် ဖော်ပြထားသည်။

ခရီးသည်များအနေဖြင့် ခရီးစဉ်အလိုက် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက သတ်မှတ်ထားသည့် နေရာများတွင် လေယာဉ်လက်မှတ် ပြသ၍ ဖြစ်စေ၊ ခရီးစဉ်အတွက် ကြိုတင် စာရင်းသွင်းထားကြောင်း အတည်ပြုချက် ပြ၍ဖြစ်စေ စစ်ဆေးနိုင်ပြီး ကုန်ကျစရိတ်ကို မိမိအစီအစဉ်ဖြင့် ပေးချေရမည်ဖြစ်ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

လေယာဉ်ဖြင့် ခရီးသွားမည့်သူများ ဓာတ်ခွဲစစ်ဆေးနိုင်သည့် နေရာများ/ Ref- MoHS

https://www.facebook.com/mandalayindepthnews
-19 #လေကြောင်းခရီးစဉ် #ခရီးသွား

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 12/A, Pyay Road, 6 1/2 Mile, Hlaing Township
Yangon