FUKU Japanese Language Center

FUKU Japanese Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FUKU Japanese Language Center, Education, No. 84, 4th Floor, 50 Street (Middle Block ), pazundaung Township, Yangon.

Photos from FUKU Japanese Language Center's post 04/02/2026

📣 JLPT July exam N3 level ဖြေဆိုရန် ရည်ရွယ်ထားသူများအတွက် online class အတန်းလေး ဖြစ်ပါတယ် ‼️

💡online class ဆိုပေမဲ့ အသေးစိတ်ထိရောက်စွာသင်ကြားပေမှာဖြစ်တဲ့အတွက် おすすめ အတန်းလေးပါ 👍👍👍

🗓️ Starting Date : February 17

⏰ Tuesday Wednesday
👉 10:00-12:00 am ( MM time )

💰300000 kyats ( စာအုပ်ဖိုးမပါ )

🏮ကျောင်းသားတယောက်ချင်းစီကို သေချာစွာ care
လုပ်ပေးနိုင်ပြီး စိတ်ရှည်စွာ သင်ကြားပေးမယ့်
ဆရာမက သင်ကြားပေးမှာဖြစ်တဲ့အတွက်
မိမိတို့ရဲ့ ဂျပန်စာအခက်အခဲများကို တိုင်ပင်
ဆွေးနွေးရင်း日本語壁ကို ကျော်လွှားကြရအောင်

📞 Page messenger သို့ ဆက်သွယ်ပြီး သင်တန်းအပ်နှံနိုင်ပါပြီနော်

08/01/2026

📣📣📣 N1 စာမေးပွဲ training online class လေးပါ

📌📌📌N1 ကတော့ စာမေးပွဲအတွက် ပြင်ဆင်တဲ့သဘောရော လေ့ကျင့်ခန်း မေးခွန်းဟောင်းတွေကို အဓိကဖြေဆိုသွားပြီး ဖြေရင်းနဲ့ မသိတာ နားမလည်တာကို ရှင်းပြ သင်ကြားသွားပြီး တစ်ပတ်စာ သင်တန်းပြီးတဲ့အချိန်မှာ လေ့ကျင့်ခန်းတွေထဲက မိမိမမှတ်မိနားမလည်သောအကြောင်းအရာများကို မှတ်ထားသော မှတ်စုကို ပြန်လေ့လာကျက်မှတ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဆရာမက စာချည်းပဲသင်နေတာမျိုးမဟုတ်ဘဲ ကျောင်းသားများရဲ့ မှတ်ဉာဏ်ထဲမှ အကြောင်းအရာများကို ဆွဲထုတ်ကာ စာမေးပွဲအောင်နိုင်စေရန် အဓိက လေ့ကျင့်သင်ကြားပေးသွားပါမယ်။
‼️ဒီအတန်းက ခုမှ စတင်လေ့လာမည့်သူများထက် စာမေးပွဲဖြေဆိုရန် ရည်ရွယ်ထားသော သူများအတွက် ဦးတည်ရည်ရွယ်ပါတယ်
🗓️ January 12 (Start Date)
(သင်တန်းကာလ ၆လ) ၂၀၂၆ ဇူလိုင် JLPT Exam
⏰ 7:00 pm (MM) 9:30 pm (JP) Thuesday
6:30 pm (MM) 9:00pm (JP) Wednesay
💰 ၁လ 150000ကျပ် (ဖတ်စာအုပ်ဖိုး မပါပါ)

👥 သင်တန်းအချိန်အားလုံးကို Zoom ကနေ တိုက်ရိုက် သင်ကြားမှာပါ။ လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားပေးသွားမှာပါ။

👩‍🏫Main Teacher အနေနဲ့ စာသင်အတွေအကြုံ ၁၅ နှစ်ကျော်ရှိပြီး UFLကနေ B.A (Japanese) ဘွဲ့ရခဲ့ပြီး N1 holder Yin 先生မှ သင်ကြားပေးသွားမှာပါ။ Yin 先生ဟာ Japan Foundationက ဂျပန်နိုင်ငံမှာ လုပ်ဆောင်ပေးနေတဲ့ ဂျပန်ဘာသာသင်ကြားရေးနည်းလမ်း သင်တန်း ကို ၂၀၂၅ခုနှစ် မှာ တက်ရောက်သင်တန်းဆင်းထားတဲ့ ဆရာမဖြစ်ပါတယ်။ Adminကိုလည်း N1 အောင်အောင် ဆန်းဆေးပဲ သင်ပေးခဲ့တာပါ။

📝
💬 သင်တန်း အပ်နှံရန် messenger တွင် အသေးစိတ်စုံစမ်းနိုင်ပါသည်။

29/10/2025

2026 7 လပိုင်း / 10 လပိုင်း အတန်း
ကျောင်းလျှောက်ချင်များ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီနော်

28/10/2025
16/07/2024

K Learning Hub ဘာသာစကားကို Online ကနေ စနစ်တကျလေ့လာချင်သူများအတွက် K Learning Hub

16/07/2024

⭐️Dec JLPT မှာ N1 ဖြေဖို့ရည်ရွယ်ထားတဲ့သူတွေအတွက် N1 online class ပါ။

🗓️ Aug 1 (Start Date)
(သင်တန်းကာလ ၄လ)
⏰ (PM) 8:00-9:30 (MM)
(PM) 10:30-12:00 (JP)
💰 ၁လ 100,000 ကျပ် (ဖတ်စာအုပ်ဖိုး မပါပါ)

👥 သင်တန်းအချိန်အားလုံးကို Zoom ကနေ တိုက်ရိုက် သင်ကြားမှာပါ။ လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားပေးသွားမှာပါ။

👩‍🏫 စာသင်အတွေအကြုံ ၁၀ နှစ်ကျော်ရှိပြီး UFJကနေ B.A (Japanese) ဘွဲ့ရခဲ့ပြီး N1 holder Yin 先生မှ N1 class ကို တာဝန်ယူသင်ကြားပေးသွားမှာပါ။ Adminကိုလည်း N1 အောင်အောင် ဆန်းဆေးပဲ သင်ပေးခဲ့တာပါ။

💬 သင်တန်း အပ်နှံရန် messenger တွင် အသေးစိတ်စုံစမ်းနိုင်ပါသည်။

31/12/2021

あけましておめでとうございます🎍🎍🎍

18/12/2021

🎖 July 2022 JLPT စာမေးပွဲအမှီ သင်တန်းတက်ချင်သူများအတွက် FUKU Japanese Language School မှ January တွင် စတင်ဖွင့်လှစ်မည့် N1, N2, N3, N4, N5 အတန်းခွဲများ 🎖

💡👩‍🏫 စာသင်သက်တမ်းများစွာရှိပြီး အတွေ့အကြုံရှိ ဆရာမများသင်ကြားပေးမှာဖြစ်လို့
👉👉👉သင်ခန်းစာအပြင် ပြင်ပသိသင့်သိထိုက်စရာများကိုလဲ ပြောပြသင်ကြားပေးမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့အတန်းလေးပါနော် 👍

💡👉 Zoom သို့ Messenger ဖြင့် face to face သင်ကြားပေးမှာဖြစ်လို့ နားမလည်ရင် ချက်ချင်းမေးမြန်းနိုင်ပြီး ကိုယ်တိုင်သိချင်တာများလည်း ချက်ချင်းမေးနိုင်သလို အချိန်မရွေးမေးမြန်းနိုင်လို့ စိတ်ပူပန်မှုမရှိ သင်ကြားနိုင်ပါတယ်။

💡👉 ဆရာမတွေက စိတ်ရှည်ပြီး ကျွမ်းကျင်တာကြောင့် စာမှန်မှန်လုပ်ပြီး ကြိုးစားချင်တဲ့ကျောင်းသားတွေအတွက် JLPT စာမေးပွဲက အလွယ်လေးဖြေဆိုနိုင်မှာပါနော်။

💡👉 online မဟုတ်ပဲ အပြင်အတန်းတတ်ချင်သူများနဲ့ congratulation training စကားပြောအတန်းတတ်ချင်သူများအတွက်လည်း အတန်းချိန်လေးရှိတယ်နော်

👉👉👉 ဂျပန်မှာ အလုပ်လုပ်ချင်သူများကိုလဲ N4 သင်ကြားတတ်မြောက်ပြီးတဲ့အခါ စိတ်ချရတဲ့ အေဂျင်စီနှင့် မိတ်ဆက်ပေးပြီး အင်တာဗျူးဖြေဆိုနိုင်ရန် ကူညီဆောင်ရွက်ပေးပါတယ်နော် 😊

👉👉👉 ကျောင်းတတ်ချင်သူများအတွက် ကျောင်းအပ်ရန် ဝန်ဆောင်မှုများဆောင်ရွက်ပေးပါတယ်

🧩 かいわ Conversation Class # online class #
( အင်တာဗျူးဖြေဆိုမှုပုံစံနှင့် အခြေခံစကားပြောသင်တန်း N5 ပြီးဆုံးပြီး N4 သင်ကြားနေသူများ တတ်ရောက်နိုင်သည်။ )
Time : 2:30pm to 4:00pm ( Tue , Thu )
6.1.2022 Thursday စမည်။
Duration : 1 လခွဲကြာချိန်
Fee : 35000 kyats

🧩 N5 # online class #
Time : 10:30am to 12:30am ( Mon,Wed,Fri)
3.1.2022 Monday စမည်။
Duration : 3 months ကြာချိန်
Fee : 150000 kyats ( စာအုပ်ဖိုးမပါ )

🧩 N4 # online class #
Time : 1:00pm to 3:00pm ( Sat,Sun )
8.1.2022 Saturday စမည်။
Duration : 4 months ကြာချိန်
Fee. : 150000 kyats ( စာအုပ်ဖိုးမပါ )

🧩 N3. # online class #
Time. : 12:00pm to 2:00pm ( Tue, Thu )
6.1.2022 Thursday စမည်။
Duration : 4 months ကြာချိန်
Fee. : 200000 kyats ( စာအုပ်ဖိုးမပါ )

🧩 N2. # online class #
Time. : 10:00am to 12:00am ( Tue, Thu )
6.1.2022 Thursday စမည်။
Duration : 4.5 months ကြာချိန်
Fee. : 280000 kyats ( စာအုပ်ဖိုးမပါ )

🧩 N1. # online class #
Time. : 2:00pm to 4:00pm ( Mon , Wed )
3.1.2022 Monday စမည်။
Duration : 5 months ကြာချိန်
Fee. : 300000 kyats ( စာအုပ်ဖိုးမပါ )

📞📞📞 အပြင်သင်တန်း တတ်ချင်သူများနှင့် အသေးစိတ်စုံစမ်းလိုသူများ 👇👇👇 အောက်ကဖုန်းလေးကိုဆက်ပြီး မေးမြန်းနိုင်ပါတယ်နော်🙏

No. 84, 4th Floor, 50 Street ( Middle Block ),
Pazundaung Township, Yangon.
09 5390208

Photos from FUKU Japanese Language Center's post 18/12/2021

日本のお話

13/08/2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) အတွက် ကြေညာခြင်း။
----------------------------------------------------------------------------------------------------------------
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့(တနင်္ဂနွေနေ့) တွင် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) အား အောက်ဖော်ပြပါအတိုင်း ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည်ဖြစ်ပါသည်။

※ Covid-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်ပါသောကြောင့် ဖြေဆိုသူဦးရေ အနည်းငယ်ဖြင့် N3 နှင့် N4 ကိုသာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ပြီး၊ လူအချင်းချင်းထိတွေ့မှု မရှိစေရန် အွန်လိုင်းမှသာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်းဦးစွာ အသိပေးအပ်ပါသည်။ အခက်အခဲများအကြားတွင် ကျင်းပပြုလုပ်ရန် စီစဉ်ရသည် ဖြစ်ပါသောကြောင့် အပြောင်းအလဲများအပေါ် နားလည်သဘောပေါက် လက်ခံပေးပါရန်နှင့် အလုပ်အကိုင်အတွက်စသည့် စာမေးပွဲအောင်မြင်ရန် လိုအပ်ချက် ရှိသူများသာ လျှောက်ထားကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကိုလေ့လာပြီး လျှောက်ထား နိုင်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်နေ့ရက်
ဒီဇင်ဘာလ ၅ရက်နေ့ (တနင်္ဂနွေနေ့)

၂။ ကျင်းပမည့် စာမေးပွဲအဆင့်၊ နေရာနှင့် အရေအတွက်
ကျင်းပမည့် စာမေးပွဲအဆင့် - N4 နှင့် N3
ရန်ကုန်မြို့ - N4 ၁၅၀၀ ဦး၊ N3 ၅၀၀ ဦး
မန္တလေးမြို့- N4 ၆၀၀ ဦး၊ N3 ၁၀၀ ဦး

၃။ စာမေးပွဲကြေး
စာမေးပွဲကြေး (N4, N3) - ၄၀,၀၀၀ကျပ်
လျှောက်လွှာကြေး - ၄,၀၀၀ကျပ်
စုစုပေါင်း - ၄၄,၀၀၀ကျပ်

Covid-19 ရောဂါကူးစက်မှု ကာကွယ်ရေးအစီအစဉ်များနှင့် အညီကျင်းပရသည် ဖြစ်ပါသောကြောင့် စာမေးပွဲကြေးများကို ပြောင်းလဲသတ်မှတ်ရသည် ကို နားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ Covid-19 ရောဂါကူးစက်မှုအခြေအနေနှင့် အခြားသော အကြောင်းအရင်းများကြောင့် စာမေးပွဲပြုလုပ်ကျင်းပနိုင်ခြင်း မရှိပါက စာမေးပွဲကြေးအား ပြန်လည် ပေးအပ်သွားမည် ဖြစ်သော်လည်း၊ လျှောက်လွှာကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ လျှောက်လွှာကြေးသည် လျှောက်လွှာလက်ခံစီစဉ်ဆောင်ရွက်ခြင်းအတွက် ကုန်ကျသောစရိတ် ဖြစ်ပါသည်။

၄။ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားနည်း

Online မှ တဆင့် လျှောက်ထားရမည် ဖြစ်ပြီး၊ စတင်လျှောက်ထားနိုင်သည့် သြဂုတ်လ (၂၀) ရက်နေ့ တွင် URL Address နှင့် လျှောက်ထားခြင်းလမ်းညွှန်ကို ကြေငြာသွားမည် ဖြစ်ပါသည်။ လျှောက်လွှာများ တပြိုင်နက်တည်း ပေးပို့ခြင်းကြောင့် System Error ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် ကြိုတင်ကြေငြာပေးနိုင်ခြင်း မရှိမှုအား နားလည်သဘောပေါက် ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

လျှောက်လွှာတင်ရန် အောက်ဖော်ပြပါ စာမေးပွဲလမ်းညွှန်အား ဖတ်ရှုပြီး၊ Application Form အတွက် လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ထားရန်နှင့် လျှောက်လွှာပြင်ဆင်ရာတွင် ကွန်ပျူတာအသုံးပြုရန် လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

● ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
https://ascoja-maja.org.mm/upload/pdf/JLPT_Test_Guide_2021B.pdf
“How to Fill in the Application Form” (အထက်ပါ စာမေးပွဲလမ်းညွှန် Page 21-30)

၅။ လျှောက်လွှာလက်ခံမည့်ကာလ
သြဂုတ်လ (၂၀) ရက် မှ စက်တင်ဘာလ (၃) ရက်အတွင်း
※ သတ်မှတ်အရေအတွက် ပြည့်သည်နှင့် လျှောက်လွှာလက်ခံခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။

၆။ စာမေးပွဲကြေး ပေးသွင်းခြင်း
Online မှ တဆင့် လျှောက်ထားသည့် လျှောက်လွှာများအား စိစစ်ပြီး၊ အချက်အလက်ပြည့်စုံသည့် လျှောက်ထားသူများအား ငွေသွင်းရန် “Invoice Number” အား ပေးပို့သွားပါမည်။ KBZ Quick Pay (K Pay, KBZ iBanking, KBZ Bank, Agent) မှ ပေးသွင်းရမည် ဖြစ်ပြီး၊ Invoice Number နှင့် အတူ ငွေပေးသွင်းခြင်းလမ်းညွှန်အား ပေးပို့ပေးသွားပါမည်။ ငွေပေးသွင်းပြီးသည့် လျှောက်ထားသူများအား Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို Viber မှ ပေးပို့ပေးသွားပါမည်။ (စာမေးပွဲဖြေဆိုသည့် နေ့တွင် ယင်း Soft Copy နှင့် ID Card မူရင်းအား ပြသကာ Test Voucher မူရင်းအား ထုတ်ယူရမည် ဖြစ်ပါသည်။)

၇။ စုံစမ်းမေးမြန်းခြင်း
လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ 09-9627 51373, 09-6922 88751
ဖုန်းလက်ခံဖြေကြားချိန်။ တနင်္လာနေ့ မှ စနေနေ့ (နံနက် ၉း၃၀ မှ ၁၂း၀၀၊ နေ့လယ် ၁း၀၀ မှ ၄း၃၀)။

13/07/2021

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတွင် ကပ်ရောဂါကြီးကျရောက်နေသောကာလတွင် ရောဂါကို ကာကွယ်ခြင်းများလည်း လုပ်ဆောင်ရင်း စက္ကန့်နှင့်အမျှ ကုန်ဆုံးနေသော အချိန်ကို အလဟသ မဖြစ်စေရန် ငွေကုန်ကြေးကျသက်သာသော jElearning applicationကို မိတ်ဆက်ပေးချင်ပါတယ်

⭐️ဂျပန်နိုင်ငံမှ ဂျပန်ဘာသာသင်ကြားသော တက္ကသိုလ်မှ ဆရာ၊ ဆရာမများကိုယ်တိုင်ရေးသားပြုလုပ်ထားသော ကြောင့် စနစ်တကျ ဂျပန်ဘာသာစကားကို အခြေခံမှ စတင်ကာ လေ့လာနိုင်ခြင်း

⭐️မိမိအဆင်ပြေသည့်အချိန်မှ အင်တာနက်ဖြင့် လေ့လာနိုင်ခြင်း

⭐️မိမိဘာသာ လေ့လာနိုင်သည့် လေ့ကျင့်ခန်းများ ပါရှိခြင်း

⭐️Video File များ ၊ ဂျပန်လူမျိုးများမှ ရှင်းပြပေးခြင်းများ ပါဝင်သောကြောင့် ဘာသာစကားလေ့လာသူ အများစု အတွက် အခက်အခဲဖြစ်သော Listening စွမ်းရည်ကို အခြေခံမှစတင်ကာ လေ့ကျင်နိုင်ခြင်း

⭐️Video File များ မတူညီသော အကြောင်းအရာများကို စုံလင်စွာ ဖော်ပြထားသည့်အတွက် ဘာသာစကားကို အခက်အခဲမရှိ လွယ်ကူပျော်ရွှင်စွာ လေ့လာနိုင်ခြင်း

⭐️N5, N4 သင်ခန်းစာများကို မြန်မာဘာသာ ရှင်းလင်းချက်များနှင့် လွယ်ကူစွာ လေ့လာနိုင်ခြင်း

♦♥♦―――――♦♥♦―――――♦♥♦
Special discounted price for July
【Zero~N3】
30 Days : 11,000 ks
90 Days : 28,000 ks
180 Days: 50,000 ks
360 Days: 86,000 ks

Page Messenger မှ တဆင့် account ဝယ်ယူနိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 84, 4th Floor, 50 Street (Middle Block ), Pazundaung Township
Yangon