29/11/2023
🍀Knowledge Sharing Session🍀
🧑💻 Developer road map success 🧑💻
IT လောကထဲ စဝင်ပြီဆိုတာနဲ့ ကိုယ်က ဘာဖြစ်ချင်တာလည်းသိဖို့လိုအပ်ပါတယ်။ ကိုယ်က software developer ဖြစ်ချင်တာလား၊ web developer ဖြစ်ချင်တာလား၊ Networking လုပ်ချင်တာလား စသည်ဖြင့်ရွေးရမယ်။
အဲ့လိုလမ်းကြောင်းရွေးပြီးသွားရင် ကိုယ်သွားမဲ့ လမ်းကြောင်းရဲ့ beginner level ကိုစရမယ်။
professional ဖြစ်ဖို့အတွက်ကျတော့ လေ့လာရင်း အလုပ်လုပ်ရင်းနဲ့ professional လမ်းကြောင်းကိုလုပ်ရတယ်။ ကိုယ်က သိစရာတွေများသေးတယ်ဆိုရင် လေ့လာပါ။ နည်းပညာနောက်ကိုလိုက်မယ်ဆိုရင် အပင်ပန်းခံနိုင်ရမယ်။
နောက်ပြီး web developer တွေဆိုရင် web တစ်ခုတည်းကိုပဲလေ့လာလို့မရဘူး။ သူနဲ့သက်ဆိုင်ရာ server အပိုင်းတွေပါလေ့လာရမယ်။
နောက်ပြီး Network နဲ့ ပတ်သက်တဲ့ developing အပိုင်းတွေပါလုပ်လာခဲ့ရင် ကိုယ်က Networking မသိနေဘူးဆိုရင် လုပ်ရတာ အဆင်ပြေမှာမဟုတ်ဘူး။
အဲ့တော့ သက်ဆိုင်ရာဆက်စပ်နေတာမှန်သမျှလေ့လာထားရမယ်။
နောက်တစ်ခုက software developer ပေါ့ ။သူကျတော့လည်း ကိုယ်က android လား ios, desktop
လား စသည်ဖြင့် လုပ်ဆောင်ရမယ်။ ကိုယ်ရွေးလိုက်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး သိသင့်တဲ့ အရာတွေအကုန်သိရမယ်။
software engineer ဆိုရင် သူက အကုန်လုံးသိဖို့
လိုလာပြီ။ software ဆိုတာက ရှိသမျှ web app, andriod, ios, desktop စတာတွေကို တစ်ပေါင်းတည်းခေါ်လိုက်တာပဲ။
အဲ့မှာပြောစရာ တစ်ခုရှိတာက web မှာကျတော့ အသုံးချလို့ရတာကိုပဲ web app လို့ခေါ်ပြီးတော့ တစ်ချို့ အရာတွေကြတော့ websiteလို့ခေါ်တယ်။ အကြမ်းဖျင်းအားဖြင်တော့ နည်းပညာအကြောင်းကို သိလောက်ပြီပေါ့။
ဘယ်ကနေစလေ့လာရမလဲဆိုတာကကိုယ့်လေ့လာမဲ့ language ပေါ် မူတည်ပြီးစတင်လေ့လာရမယ်။
ဥပမာ web ဆိုရင် HTML/HTML5, CSS/CSS3, JavaScript ကိုလေ့လာရမယ်။ပြီးရင် server
side language ဖြစ်တဲ့ php, vb script,c #.net, .net, python စတာတွေကိုလေ့လာရမယ်။ Beginner တွေအများဆုံးဖြစ်နေကြတာ ဘယ်အထိပြီးပြီး ဘာထပ်လေ့လာရမလဲပဲ ဖြစ်နေကြတယ်။
ကိုယ်က software enginner ဖြစ်ဖို့အတွက်ရည်ရွယ်တယ်ဆိုရင် softwareနဲ့ ပက်သတ်တာမှန်သမျှလေ့လာပါ။ အဲ့လိုမှမဟုတ်ဘူး hacker ဖြစ်ဖို့ဆိုရင်တော့ အကုန်လေ့လာပါ ။
ဒီနေရာမှာ Hacker အကြောင်းနည်းနည်းပြောပြမယ်။ computer levelမှာ high level က ဘယ်နေရာလည်းလို့ပြောရင် hacking level ပါပဲ။ hacking ကို သီသန့်လည်းတက်လို့ရပါတယ်။ကိုယ်လုပ်မဲ့ အရာကို ခရေစေ့တွင်းကျသိထားရင်ပိုကောင်းတာပေါ့။
အဓိက ကကိုယ်လုပ်မဲ့ လမ်းကြောင်းကို တစိုက်မတ်မတ်သွားပါ။လုပ်လိုက်မလုပ်လိုက် မလုပ်ပါနဲ့။ မလုပ်ချင်ဘူး ဝါသနာမပါဘူးဆိုရင် ဒီလောကထဲမှာမလုပ်ပါနဲ့။
programmer, developer ဆိုတာ error ပေါင်း
သောင်းခြောက်ထောင်ကို ဖြေရှင်းရတဲ့သူပါ။ အဲ့တာတွေမလုပ်ချင်ဘူး။ မလုပ်နိုင်ဘူး။ စိတ်ရှုပ်တယ်ဆိုရင် ယောင်လို့တောင် developerမလုပ်ပါနဲ့။
နောက်တစ်ခုပြောချင်တာက ဝါသနာပါ။
ဘယ်အလုပ်ဖြစ်ဖြစ် ဝါသနာမပါရင်မလုပ်ပါနဲ့ ။ ဝါသနာမပါရင် ဇွဲ၊ ကြိုးစားအားထုတ်မှုမရှိလို့ပါ။ ဘယ်အရာပဲဖြစ်ဖြစ် ဝါသနာကိုအရင်းခံပြီးလုပ်ပါ။ စေတနာထားလုပ်ပါ။
U Tin Htoo Naing
Instructor
Ethan Tech Academy
04/04/2022
အပိုင်း ၂ Developer ?
IT field ထဲ ကို စဝင်ရင် စကြားရတဲ့ စကားလုံးလေး တစ်ခုပဲ
Web developer, software developer စသည်ဖြင့်ပေါ့
ကိုယ်က ဘယ်အပိုင်းလုပ်မှာလဲ စဉ်းစားပြီး နောက် ဘာကို ဝါသနာပါလဲ ဘာကို အားသန်တာလဲ စတာတွေကို အရင်သိအောင်လုပ်ပါ ကိုယ်က web developer ဖြစ်ချင်တယ် ဝါသနာပါတယ်ဆိုရင် web နဲ့ ပတ်သက်ပြီး စတင်ပြီးလေ့လာရမယ်။
လေ့လာတဲ့နေရာမှာ YouTube, selfstudy သင်တန်းတက်တာ စသည့် နည်းလမ်းမျိုးစုံနဲ့လေ့လာလို့ရတယ်။ ဟုတ်ပြီ ကိုယ်က လေ့လာရမဲ့ နည်းလမ်းရပြီဆိုရင် အခြေခံကစပြီးလေ့လာပါ အဆင့်မကျော်ပါနဲ့ သိသင့်သိထိုက်တာမှတ်ထားပါ YouTube ကနေလဲလေ့လာပါ။ များများလေ့ကျင့်ပါ။ သင်တန်း၊ YouTube တို့ဆိုတာ မင်းကို နည်းစနစ်ပဲပြောပြတာ လေ့ကျင့်ရမှာက မင်းတို့အလုပ်ဖြစ်သွားပြီ။ နောက်တစ်ခုပြောချင်တာ web အပိုင်းလုပ်တယ်ဆိုပါဆို့ မင်းအရင်သိရမှာက web page ရေးနည်းတွေရမယ်။ ဘာတွေလဲဆိုတော့
HTML
CSS
JavaScript
Bootstrap
Adobe XD
Figma
Photoshop စတာတွေကို သိကိုသိနေရမယ် ဒါက
Basic သဘောတရားတွေ
Web page တွေကို dynamic ဖြစ်ချင်တယ်ဆိုရင် server side language တွေကို မင်းသင်ရမယ် ဘာတွေရှိလဲ
PHP
Asp.net
Java
Python
စတာတွေကိုလေ့လာရမယ်။ ပြောစရာတစ်ခုရှိတာက PHP ကို pure PHP ကို အရင်လေ့လာပါ ပြီးမှ framework တြွေဖစ်နေတဲ့ codeigniter, Laravel, cake ... စတာတွေကိုလေ့လာပါ။
Java ဆိုရင်လဲ web နဲ့ သက်ဆိုင်ရာ အပိုင်းရှိတယ် လေ့လာပါ။ Java သုံးမဲ့သူက Java ပေါ့
Python ဆိုရင် Django ကို ပိုလေ့လာစေချင်တယ်။ သူ့အပိုင်းနဲ့သူလေ့လာပါ ပြီးတော့ developer road map တွေရှိတယ် နောက်အပိုင်းတွေကြရင်တင်ပေးပါမယ်။
ASP.NET | Open-source web framework for .NET
Build web apps and services that run on Windows, Linux, and macOS using C #, HTML, CSS, and JavaScript. Get started for free on Windows, Linux, or macOS.
06/03/2022
Web designer basic
Course outline
06/03/2022
IT နည်းပညာနဲ့ သင်မွေးဝမ်းကျောင်း အပိုင်း ၁
နည်းပညာလို့ပြောရရင် အများကြီးပဲ ဘာတွေလုပ်လို့ရတယ်ဆိုတာ ထားလိုက်အုန် အရင်ဆုံး computer basic ကို အရင် သိအောင်လုပ် ပြီးရင် ကိုယ်က advance level တြွေဖစ်တဲ့ Graphic designer, Motion Graphic designer, Animator, Web designer, Web developer, app developer, software engineer, networking engineer စတာတွေလုပ်ချင်တယ်ဆိုရင် သူနဲ့သက်ဆိုင်ရာနယ်ပယ်ကိုလေ့လာပါ။ဘယ်လိုလေ့လာရမှာလဲဆိုတော့ YouTube ကနေလေ့လာလို့ရသလို သင်တန်းတက်ပြီးတော့လဲလေ့လာလို့ရတယ်
09/01/2022
Web developer ဖြစ်ဖို့ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ အခွင့်ရေးကောင်းတွေရောက်လာပြီနော်။
29/12/2021
😊😊 ကျွန်တော် အရင်တုန်းက ကိုယ့်ကိုယ် developer တစ်ယောက်လို့ မဆိုရဲဘူး။
ဘာလို့လည်းဆိုတော့ အရံသင့် script တွေကိုပဲ အသုံးများခဲ့တယ်လေ။
Joomla , WordPress စတာတွေကိုပဲ အဓိကသုံးခဲ့တယ်။ ကိုယ်တိုင် own tune ရေးတယ်ဆိုတာ မရှိပါဘူး။ အခုတလော JQuery ကိုလေ့လာရင်း own tune လေးတွေ ရေးဖြစ်တယ်။ CMS ကြီး တစ်ခုတော့ ရေးဖို့ အချိန်မပေးနိုင်ဘူးပေါ့ ။ ဒါပေမယ့် ကိုယ် လိုချင်တဲ့ဟာ ကို ကိုယ်ကိုယ် တိုင်ဖန်တီးရတာ ပျော်ဖို့ကောင်းတယ်။ ရေးရတာ သိပ်ခက်ခဲရင် ကိုယ်တိုင်ရေးလိုက်တာ ပိုကောင်းတယ်ဗျ။ ကိုယ့်ဘာသာကိုယ် ကောင်းကောင်းပြုပြင်နိုင်တယ်။ လိုအပ်သလို ထပ်ဖြည့်နိုင်တယ်။ အခြား service တွေထပ်လုပ်နိုင်တယ်လေ။
ကျွန်တော်တို့အနေနဲ့ web developer တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်လဲ။ ဘာတွေ ပြင်ဆင်ဖို့လိုလဲ။ ဘာတွေ လေ့လာဖို့လဲ။
တတ်မြောက်ဖို့ လိုတာတွေက ?
သေချာတာကတော့ web ဆိုကတည်းက HTML ကို မဖြစ်မနေ တတ်မြောက်ဖို့လိုပါတယ်။
HTML ကို သေသေချာချာ တတ်မြောက်ချင်ရင်တော့ အရင်ဆုံး notepad နဲ့ လေ့လာသင့်တယ်။ ပြီးမှ Dreamweaver ကို သုံးပြီး HTML ရေးပေါ့။ HTML ပြီးရင်တော့ CSS ကို ဆက်လေ့လာဖို့လိုတယ်။ CSS ဆိုတာက web design ရဲ့ အသက်ပဲလို့ ဆိုလို့ရတယ်။ သူက website တစ်ခုလုံး လှပပြီး ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးမှာလေ။ Design လှလှ မဆွဲတတ်ရင် နေမယ်။ ဒါပေမယ့် CSS ကို တတ်ကျွမ်းနားလည်မှသာ web developer တစ်ယောက်ဖြစ်နိုင်မှာပါ။ CSS ကို သေသေချာချာ သိပြီး HTML နဲ့ CSS ပေါင်းပြီး web site တွေရေးနိုင်ပြီဆိုရင်တော့ ကိုယ်ပိုင် site တစ်ခုလေး စမ်းသင့်တယ်။ အဲဒီအခါမှာတော့ ကိုယ်ဖန်တီးထားတဲ့ website တစ်ခုလုံး ရုပ်လုံးပေါ်လာတာကို တွေ့ပြီး ပိတီဖြာရပါလိမ့်မယ်။
ပြီးရင်တော့ Javascript ကို စတင်လေ့လာဖို့ လိုလာပါပြီ။ javascirpt ကို သေသေချာချာ နားလည်ဖို့အတွက် pseudo code နဲ့ programming အခြေခံ တတ်ကျွမ်းထားဖို့လိုတယ်။ programming skill က web developer တစ်ယောက်အတွက် လိုအပ်တဲ့ skill တစ်ခုပါပဲ။ programming ကို မပိုင်နိုင် မတတ်ကျွမ်းဘူးဆိုရင် web developer ဖြစ်ဖို့ ခက်ခဲပါတယ်။ နောက်ပြီး javascript အဆင့်မှာ တင် စိတ်ပျက်သွားနိုင်တယ်လေ။
Javascript တွေ လေ့လာ တတ်ကျွမ်းသွားရင်တော့ web developer တစ်ယောက်လို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် Professional တစ်ယောက် မဟုတ်သေးဘူး။ beginner အဆင့်ထက်တော့ နည်းနည်းသာတာပေါ့။
Web developer ဆိုတာ ဘာလဲဆိုတာ အရင် သိဖို့လိုတယ်။ web developer ဆိုတာက website တစ်ခုလုံးကို developing လုပ်နိုင်တဲ့လူပေါ့။ တနည်းပြောရင် ကိုယ်ပိုင် website တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ဆောက်နိုင်သူပေါ့။
Joomla , WordPress စတာတွေနဲ့လည်း website တစ်ခု လွယ်လွယ် ဆောက်လို့ရတယ်။ professional web developer တွေသာ လိုအပ်တဲ့အခါမှာ ကိုယ်တိုင် own code or own creation တွေ အသုံးပြုပြီး web site ကို တည်ဆောက်နိုင်စွမ်းရှိပါတယ်။
Joomla, WordPress စတာတွေ သုံးပေမယ့် လိုအပ်တဲ့ customization တွေကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိကြတယ်။ Opensource တွေကို ကောင်းမွန် အသုံးတည့်စွာ သုံးတတ်ကြတယ်။ web designer ရဲ့ design ကို ကောင်းမွန်တဲ့ website တစ်ခုဖြစ်လာအောင် develop လုပ်နိုင်တယ်လေ။
အခု HTML , CSS , Javascript တတ်မြောက်သွားတာက web designer အဆင့်ပဲရှိသေးတယ်လေ။
ကိုယ်ပိုင် website တစ်ခုကို static ပဲ တည်ဆောက်နိုင်သေးတယ်။
Database တွေအပြင် အခြား အပိုင်းတွေဖြစ်တဲ့ JSON , XML စတာတွေ အကြောင်း နားလည်ဖို့ လိုသေးတယ်။ Javascript တတ်ကျွမ်းပြီဆိုရင်တော့ programming အခြေခံ ရှိသွားပြီလို့ ဆိုလို့ရတာပေါ့။ အဲဒီအခါ ကိုယ် ဘယ်လိုင်း ဆက်သွားမလဲဆိုတာ စဉ်းစားရတော့မယ်လေ။ ယခု လက်ရှိ တည်ရှိနေတဲ့ လိုင်းတွေကတော့ ASP.NET , PHP , ROR , Django စတာတွေ လက်ရှိ ရှိနေပါတယ်။
ဒါကြောင့် လူငယ်တွေ အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ Web Develope, Designer အနေဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ချင်တဲ့ ဝါသနာပါတဲ့ လူငယ်တွေအတွက် အခုလိုအချိန်မှာ အချိန်ကို အကျိုးရှိအောင် အသုံးချရင် လေ့လာနိုင်မဲ့ သင်တန်းလေးတွေကို စီစဉ်ပေးလိုက်ပါတယ်....
🚩 Web Design Basic Training(အခုမှစပြီးလေ့လာမဲ့သူတွေအတွက်....)
🔹 HTML, CSS, JavaScript
🚩 Web Design Advance Training(အခြေခံရှိပြီးသားသူတွေအတွက်....)
🔹 HTML 5, CSS 3, JavaScript Advance, Bootstrap
🚩 Web Development Basic Training(Web Design မသိသေးသူများအတွက်....)
🔹 HTML, CSS, JavaScript, Bootstrap, PHP, Mysql Database
🚩 Web Development Basic Training(Web Design တတ်မြောက်ထားသူများအတွက်....)
🔹 PHP, Mysql Database
အခုပြောပြပေးခဲ့တဲ့ သင်တန်းများအတွက် အသေးစိတ် သိချင်လို့ပဲ ဖြစ်ဖြစ်၊ Web Design, Web Development အကြောင်း လေ့လာချင်လို့ မေးမြန်းလို့ဖြစ်ဖြစ် Page Cb (or) ဖုန်းနံပါတ် (09-964851547) သို့ အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်....
25/12/2021
Merry Christmas To You All.....
22/12/2021
ဒီဆောင်းပါးကတော့ လူတိုင်း စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Website တစ်ခုကို အလွယ်ကူဆုံး နည်းနဲ့ ဖန်တီးဖို့ အတွက် လမ်းညွှန်ပေးမှာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ Website တစ်ခု ဖန်တီးဖို့ စိတ်ူအားထက်သန်နေသူ ဆိုရင်တော့ အောက်ပါအချက်တွေကို သေချာ ဖတ်ပြီး လက်တွေ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၁) သင့် ကိုယ်ပိုင် Domain Name တစ်ခု ရယူပါ
ပထမဆုံး အရေးအကြီးဆုံး တစ်ချက်ကတော့ ကိုယ်ပိုင် Domain Nameတစ်ခုကို ရအောင် ယူရမှာ ဖြစ်ပါတယ်။ Domain Nameဆိုတာကတော့ သင့် Websiteကို ပေးချင်တဲ့ နာမည်ဖြစ်ပြီး ဥပမာ myanmarict.wpengine.comလို့ Domain Nameပေးလိုက်ပြီ ဆိုရင် Websiteရဲ့ နာမည်က myanmarict.wpengine.comဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Domain Nameအတွက် နှစ်စဉ်ကြေးတော့ ပေးသွင်းရပါတယ်။ ဒီနေရာမှာ သတိပြုရမှာက Domain Nameရရုံနဲ့တော့ သင် Websiteတစ်ခုကို ကိုယ်ပိုင် မရသေးသလို ကိုယ်ရေးချင်တာ၊ လုပ်ချင်တာတွေ မလုပ်နိုင်သေးပါဘူး။ သူဟာ နာမည်ပေးရုံ သက်သက်ပဲ ရှိပါသေးတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ဖို့ အတွက် ကုမ္ပဏီ နာမည်ပေးရုံ အဆင့်လောက်ပဲ ရှိပါသေးတယ်။
Domain Nameပေးတဲ့ နေရာမှာတော့ ကိုယ်လုပ်မယ့် Websiteနဲ့ လိုက်ဖက်မယ့် နာမည်ကို ရွေးချယ်ပေးရမှာ ဖြစ်ပြီး အများအမြင်မှာ အထင်မှားစေနိုင်လောက်တဲ့ နာမည်တွေ မပေးမိဖို့လည်း လိုအပ်ပါတယ်။
(၂) Domain Nameကို Registerလုပ်မယ်ဆိုရင်
သင့်မှာ လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုရှိမယ်ဆိုရင်တော့ Domain Nameပေးဖို့ကို သေချာ စဉ်းစားပြီးမှ ပေးသင့်ပြီး သီးသန့် ကိုယ်ပိုင် အသုံးပြုဖို့ ဆိုရင်တော့ အခက်အခဲ မရှိလှပါဘူး။
Domain Nameနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ အချက်များ – တကယ်လို့ သင်ဟာ Domain Nameကို အမြဲပြောင်းတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် Domain Nameကလည်း သင်ပြောင်းသလို အမြဲလိုက်ပြောင်းနေမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းတွေက myanmarict.wpengine.comလို့ သိထားတဲ့ Websiteကနေ နာမည်ပြောင်းလိုက်တာကြောင့် နောက်ထပ် လိပ်စာသစ် မသိတော့ရင် နောက်ပိုင်းတွေမှာ သူတို့နဲ့ ချိတ်ဆက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် Websiteအတွက် Domain Nameကို အရိုးရှင်းဆုံးနဲ့ တစ်ခါတည်း အတည်ဖြစ်အောင် ရွေးချယ်ပေးထားဖို့ လိုအပ်မှာပါ။
သင်ဟာ စီးပွားရေး လုပ်ငန်းအတွက် Websiteလုပ်မှာဆိုရင် သင့်လုပ်ငန်း နာမည်ကိုသာ Domain Nameအဖြစ် ထားပြီး သုံးစွဲလိုက်ပါ။ ဒါဟာ သင့်လုပ်ငန်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်စေမှာပါ။
(၃) Registerပြုလုပ်ခြင်း
Domain Nameရယူခြင်းမှာ Registerလုပ်ငန်းစဉ်ကလည်း မဖြစ်မနေပါဝင် လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်ပါ။ ဥပမာ myanmarict.wpengine.comလို့ နာမည်ကို ရွေးချယ်ပြီးပြီဆိုရင် နှစ်စဉ်ကြေးအတွက် ၁၀ဒေါ်လာကနေ ၃၅ဒေါ်လာ အတွင်း ပေးဆောင်ရမှာ ဖြစ်ပြီး အဲဒီ ပေးဆောင်ရတဲ့ ငွေဟာ နှစ်စဉ်ကြေးလို့လည်း ဆိုနိုင်သလို ကိုယ့်နာမည် အတွက် မူပိုင်ကြေးလို့လည်း ပြောနိုင်ပါတယ်။ အဲဒီလို ပေးဆောင်ထားရင် တစ်နှစ်တာအတွင်း ကိုယ့်ရဲ့ Website Nameအတွက် မူပိုင်ခွင့် ရရှိမှာ ဖြစ်ပြီး နောက်နှစ်တွေမှာလည်း ပထမနှစ်က ပေးဆောင်ရသလိုမျိုး နှုန်းအတိုင်း ပေးဆောင်သွားရမှာ ဖြစ်ပါတယ်။ တချို့ Web Hostတွေကတော့ အခမဲ့ Websiteလုပ်ဆောင်ချက်တွေကို ခွင့်ပြုပေမယ့် အခွန်ဆောင်တဲ့ နာမည်တူ Websiteတစ်မျိုး ထွက်လာရင်တော့ ကိုယ့်Websiteက သဲထဲရေသွန် ဖြစ်သွားပါလိမ့်မယ်။
(၄) Web Design ဖန်တီးခြင်း
WYSIWYG (What You See Is What You Get) ဆိုတာကတော့ Web Editor တစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လူသုံးအများဆုံးဖြစ်နေတာကတော့ Adobe Dreamweaver CS5 ပဲဖြစ်ပါတယ်။ အဆိုပါ Web Design တွေနဲ့ ပတ်သက်တဲ့ Coding တွေကို လေ့လာချင်ရင်တော့ Internet မှာ ရှာဖွေလေ့လာနိုင်ပါတယ်။ www.w3schools.com မှာ Website Web Language တွေ တော်တော်များများကို လေ့လာနိုင်ပါတယ်။ ဝက်ဘ်ဆိုဒ် Design ဟာလည်း User တွေကို ဆွဲဆောင်တဲ့နေရာမှာ အရေးကြီးဆုံး First Impression ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ Web Site တွေကို ဖန်တီးနေတဲ့ Designer, Developer တွေအနေနဲ့ အများကြီး လေ့လာထားရမှာ ဖြစ်ပြီး အတွေ့အကြုံလည်း အများကြီးရှိထားဖို့ လိုပါတယ်။
(၅) ဝက်ဘ်ဆိုဒ်ကို စစ်ဆေးခြင်း
ဝက်ဘ်ဆိုဒ်တစ်ခုကို Internet ပေါ်မလွှင့်တင်မီဖြစ်စေ၊ လွှင့်တင်ပြီး ဖြစ်စေ အဆိုပါ Website က ကောင်းကောင်း အလုပ်လုပ်လားဆိုတာကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ စစ်ဆေးဖို့အတွက်လည်း Latest Version Browser တွေ လိုအပ်ပါသေးတယ်။ IE 9.0, Firefox, Opera, Safari နဲ့ Chrome တို့ဟာ လက်ရှိမှာတော့ လူသုံးအများဆုံး အကောင်းဆုံး Browser တွေပဲ ဖြစ်ပါတယ်။ HTML, CSS code တွေမှာ Syntax Error မဖြစ်ဖို့ဆိုတာလည်း အထူးလိုအပ်ပါတယ်။ တကယ်လို့ HTML Code တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုသိပ်မရှိသေးဘူးဆိုရင် “HTML Tidy” ကိုသုံးပြီး အမှားတွေကို ပြင်ဆင်နိုင်ပါတယ်။
(၆) အချက်အလက်များ စုဆောင်းခြင်း
တကယ်လို့ သင်ဟာ ဝက်ဆိုဒ်ကို ပစ္စည်းရောင်းဖို့၊ marketing ဆင်းဖို့အတွက် လုပ်ထားတာဆိုရင် ကုန်ပစ္စည်းတွေ၊ Company တွေနဲ့ဆိုင်တဲ့ အချက်အလက်တွေ စုဆောင်းထားဖို့ လိုပါတယ်။ ဝက်ဆိုဒ်ရဲ့ ဝင်ငွေတိုးတက်ဖို့ ကြော်ညာထည့်မယ့် Company တွေ၊ ပူးပေါင်းလုပ်ကိုင်မယ့် Company တွေကို များများ စည်းရုံးထားဖို့ လိုပါတယ်။
(၇) Website ကို လူသိများအောင် ပြုလုပ်ခြင်း
အားလုံးပြီးဆုံးသွားရင်တော့ သင့် Website ကို Google, Bing, Yahoo စတဲ့ Search Engine တွေမှာ Submit လုပ်ထားဖို့လိုပါတယ်။ ဒါပေမယ့်လည်း ဝက်ဆိုဒ်တွေဟာ တစ်ခုနဲ့တစ်ခု စပ်ဆက်နေတော့ အခြား Site တွေကို ကြည့်ရင်း Link တွေကို နှိပ်ရင်းနဲ့ သင့် Website ဆီကို ရောက်လာပါလိမ့်မယ်။ သင့်ဘက်က Web Design နဲ့ အစီအစဉ်တွေကို ကောင်းကောင်းလုပ်ထားပြီး User တွေအတွက် အထောက်အကူဖြစ်မယ့် data တွေ ထည့်ထားဖို့တော့လိုတာပေါ့။ ဒါမှလည်း users တွေက တစ်ခါရောက်ဖူးတာနဲ့ သင့် website ကို သတိထားမိနေမှာပဲ ဖြစ်ပါတယ်။
ယခု တင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ Website တစ်ခုကို internet ပေါ်တင်ဖို့အတွက် Guideline သဘောမျိုး ပြသပေးခဲ့တာပဲ ဖြစ်ပါတယ်။
11/12/2021
Django web app class
python package ဖြစ်တဲ့ Django နဲ့ website ရေးတက်ချင်သူများအတွက်
Django အတန်းရှိပါတယ်။
ဘယ်လိုသင်မှာလဲ live (Google meet) နဲ့ သင်ကြားပါမယ်။
ဘာတွေသိထားရမလဲဆိုတော့
Web design (HTML,CSS,JavaScript,Bootstrap) သိထားရပါမယ်။
အဲ့တာမသိဘဲနဲ့ရောတက်လိုမရဘူးလားလို့မေးရင် မရပါလို့ပဲဖြေရပါမယ်။ ဘာလို့လဲဆိုတော့ Django
ထဲမှာ web design ကိုပြန်သုံးမှာဖြစ်နေလို့ပါ။ web design ကအခြေခံဆိုတော့ အခြေခံတွေကို တော့ ပြန်မသင်တော့ပါ။
web design တက်ပြီးရင်တော့ Django အတန်းအတွက် အလွယ်တကူတက်ရောက်နိုင်ပါတယ်။
Course outline
-install python
-install virtual environment
-install Django
-install need package(e.g form , bootstrap)
-model(database)
-view
-template(HTML,CSS,JavaScript)
Django သင်ပြီးရင် ဘာလုပ်လို့ရလဲ
e-commerce project
hotel website
restaurant website
စသည်များကို အလွယ်တကူရေးသားနိုင်ပါတယ်။
သင်တန်းသားဦးရေကန့်သတ်ထားပါတယ်။ သင်တန်းအချိန်ကတော့ညှိနှိုင်းပြီးတက်ရောက်နိုင်ပါတယ်။
သင်တန်းကျေးကိုတော့ လူတိုင်းတက်နိုင်တဲ့ နှုန်းထားနဲ့သင်ပေးပါမယ်။
သင်တန်းကျေး- ၂၀၀၀၀ကျပ်
သင်တန်းစမည့်ရက် - ညှိနှိုင်း (မနက်ဖြန်စသင်ချင်ပါတယ်။)
သင်တန်းကျေးကို K-pay - 09778864249 ကိုပေးသွင်းနိုင်ပါတယ်။
ဆက်သွယ်ရန် 09964851547
chat box တွင်မေးမြန်စုံစမ်းနိုင်ပါတယ်။