ကလေးလေးတွေ လိမ္မာယဉ်ကျေးစေဖို့
တစ်ပတ် တစ်ချိန်
ယဉ်ကျေးလိမ္မာ ချိန်လေး
#ယဉ်ကျေးလိမ္မာ #မူကြို #အရှေ့ဒဂုံ #ရွှေရောင်ပန်းခင်း ゚
ရွှေရောင်ပန်းခင်း
မူကြို
နွေရာသီ သင်တန်း များ
ပန်းချီ
phonics
Grammar
4Skills
29/04/2026
ကဆုန်လပြည့်နေ့ အကြို ညောင်ရေသွန်းလောင်းခြင်း
ရွှေရောင်ပန်းခင်း
#အရှေ့ဒဂုံ ゚ #မူကြို #ရွှေရောင်ပန်းခင်း
27/04/2026
တရုတ်စာသင်ချင်တဲ့ မြောက်ဒဂုံက ကလေးများအတွက်
ကျောင်းချိန်လွတ်အတန်းလေး
လာပါပြီနော်
Cham Myae မှာ စနေ၊ တနင်္ဂနွေ တရုတ်စာသင်တန်းလေး ဖွင့်လှစ်ပါတော့မယ်နော်! 🧧✨
"ကလေးတို့ရဲ့ ကျောင်းပိတ်ရက်တွေကို အကျိုးရှိရှိ ကုန်ဆုံးစေဖို့နဲ့ ဒုတိယဘာသာစကားတစ်ခုကို ငယ်စဉ်ကတည်းက ကျွမ်းကျင်စေဖို့အတွက် Cham Myae မှာ စနေ၊ တနင်္ဂနွေ တရုတ်စာသင်တန်း (Weekend Chinese Class) လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ။
📚 ဘာတွေသင်ကြားပေးမှာလဲ?
အခြေခံ တရုတ်စကားပြော၊ အသံထွက် (Pinyin) နှင့် 4 skills
ပျော်ရွှင်စရာ ဂိမ်းများ၊ သီချင်းလေးများဖြင့် သင်ကြားပေးခြင်း
အရေး၊ အဖတ်နှင့် နားထောင်ခြင်း စွမ်းရည်များကို ကလေးတို့ စိတ်ဝင်စားအောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🗓 သင်တန်းအချိန် - အပတ်စဉ် စနေနှင့် တနင်္ဂနွေ
⏰ အချိန် - 2:30 - 4:00 P.M
📍 နေရာ - အမှတ်၃၄ A1၊ ဗိုလ်ဇင်ယော်လမ်း၊ ၃၀ရပ်ကွက်၊ မြောက်ဒဂုံ
ကလေးတို့ရဲ့ အနာဂတ်အတွက် ဘာသာစကားအသစ်တစ်ခုကို ပျော်ပျော်ပါးပါး သင်ယူနိုင်ဖို့ အခုပဲ စုံစမ်းစာရင်းပေးသွင်းလိုက်ပါဦးရှင်။
📞 အသေးစိတ်စုံစမ်းရန် - 09795885266, 09693945599
22/04/2026
Cham Myae Preschool နှင့် ရွှေရောင်ပန်းခင်း မူကြို
ကျောင်းဆင်းပွဲ
10.4.2026(သောကြာနေ့)
🌸 မူကြိုဘဝရဲ့ အမှတ်တရလေးများ 🌸
ဒီနေ့ကတော့ ကျွန်မတို့သားသားမီးမီးလေးတွေ
တစ်ဆင့်တက်သွားတဲ့ နေ့တစ်နေ့ပါ 🎓
ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာတွေကြားထဲမှာ
အမှတ်တရအလှဆုံးနေ့လေးကို ဖန်တီးနိုင်ခဲ့ပါတယ် ❤️
ရှေ့ဆက်လည်း ပညာတော်တိုးပြီး
အိမ်မက်တွေကို ရောက်ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ ပါတယ်နော် 🌈
22/04/2026
SYPK Preschool ရဲ့ First Ever Graduation Ceremony! 🌟
ကျွန်မတို့ SYPK ရဲ့ ပထမဆုံးသော ကျောင်းဆင်းပွဲလေးကို ပျော်ရွှင်ကြည်နူးစရာကောင်းအောင် ဖန်တီးနိုင်ခဲ့ပါပြီ။ ပထမဆုံးပွဲဦးထွက်မှာ အစစအရာရာ ဝိုင်းဝန်းကူညီပေးကြတဲ့ မိဘများနဲ့ ဆရာမများကို အထူးကျေးဇူးတင်ပါတယ်။ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း ဒီထက်မက တောက်ပတဲ့ ရလဒ်တွေ ဆောင်ကြဉ်းပေးဖို့ ကြိုးစားသွားပါဦးမယ်။ 🙌🎓
22/04/2026
Group Photo လေးတွေမတင်တာကြာလို့
သားသားမီးမီးတို့တွေ ကို မေ့သွားမှာစိုးလို့ ...
မူကြိုလေးတွေလည်း ပုံမှန်အတိုင်း
လစဉ် ကျောင်းအပ်လက်ခံနေပြီရှင့်
#ရွှေရောင်ပန်းခင်း
#မူကြို
#အရှေ့ဒဂုံ ゚
မြန်မာ့နှစ်သစ်ကူး အခါသမယမှာ
အားလုံးပဲ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်း ဖြင့်
ဘေးအန္တရာယ်အပေါင်းမှ
ကျော်လွှားနိုင်ကြပါစေကြောင်း
S.Y.P.K Preschool💛💛 မိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်💛💛💛
゚ #သင်္ကြန်ဆုတောင်း
21/02/2026
“မူကြိုဆိုတာ စာသင်တဲ့နေရာမဟုတ်ပါဘူး”
ဖေဖေမေမေတို့ရေ
မူကြိုဆိုတာ
ကခ အော်ဆိုတဲ့နေရာမဟုတ်ပါ
A B C သင်ပေးတဲ့နေရာမဟုတ်ပါဘူး။
၁ ၂ ၃ ရေတွက်သင်ပေးတဲ့နေရာလည်း မဟုတ်ပါဘူး။
မူကြိုဆိုတာ
ကလေးရဲ့ ဘဝအတွက် အခြေခံဖွံ့ဖြိုးမှုတွေကိုတည်ဆောက်ပျိုးထောင်ပေးတဲ့နေရာပါ။
မိဘတချို့က မေးကြတယ် —
“စာမသင်ရင် ဘာသင်လဲ?” လို့။
ဒီမှာ အရေးကြီးတာက
မူကြိုက စာထက် အရေးကြီးတဲ့ အရာတွေ သင်ပေးနေတယ် ဆိုတာ နညးလည်ရပါမယ်
⸻
လူမှုရေးဖွံ့ဖြိုးမှု (Social Development)
ကလေးက
မျှဝေတတ်လာတယ်။
စောင့်ဆိုင်းတတ်လာတယ်။
မိတ်ဆွေဖွဲ့တတ်လာတယ်။
ဒါတွေဟာ
စာအုပ်ထဲမှာ မရှိတဲ့ သင်ခန်းစာတွေပါ။
⸻
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)
ကလေးက
ဒေါသကို ထိန်းချုပ်တတ်လာတယ်။
ကြောက်ရွံ့မှုကို ပြောပြတတ်လာတယ်။
အောင်မြင်မှုနဲ့ အရှုံးကို လက်ခံတတ်လာတယ်။
ဒီလို စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု မရှိရင်
စာတတ်တာတောင် အကျိုးမရှိပါဘူး။
⸻
ကိုယ်ခန္ဓာဖွံ့ဖြိုးမှု (Physical Development)
ပုံဆွဲခြင်း
ကတ်ကြေးညှပ်ခြင်း
ကစားခြင်း
ခုန်ခြင်း
ပြေးခြင်း စတဲ့
ဒီလှုပ်ရှားမှုတွေက
လက်ချောင်းအသေးစားကြွက်သား (Fine Motor)
ကိုယ်ခန္ဓာကြီးထွားကြွက်သား (Gross Motor)
ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။
စာရေးနိုင်ဖို့အတွက်
ပထမဆုံး လက်ကို ခိုင်မာအောင် လေ့ကျင့်ရပါတယ်။
⸻
ဘာသာစကားဖွံ့ဖြိုးမှု (Language Development)
မူကြိုမှာ
ပုံပြင်နားထောင်တယ်
စကားတွေပြောကြတယ်
သီချင်းနားထောင်ကြတယ်
မေးခွန်းမေးတတ်လာတယ်
ဒီလို လေ့ကျင့်မှုတွေကြောင့်
နောက်ပိုင်း စာဖတ်၊ စာရေး လွယ်ကူလာပါတယ်။
⸻
ဖန်တီးနိုင်စွမ်း (Creativity)
မူကြိုမှာ ကလေးကို မှားနေတယ်လို့ မပြောကြဘူး။ အပြစ်မတင်ကြဘူး
ကလေးရဲ့ အတွေးအမြင်ကို
အကန့်အသတ်မထားဘူး။
ဒါကြောင့်
စိတ်ကူးယဉ်နိုင်စွမ်း
ဖန်တီးနိုင်စွမ်း
ပြဿနာဖြေရှင်းနိုင်စွမ်း
တိုးတက်လာတယ်။
⸻
အရေးကြီးဆုံး ပြောချင်တာ
မူကြိုက
စာအတွက် ပြင်ဆင်တာမဟုတ်ပါဘူး။
ဘဝအတွက် ပြင်ဆင်တာပါ။
စာသင်ခြင်းကို အမြန်လုပ်ချင်လို့ စာတတ်ချင်လို့ဆိုပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ကျော်မသွားပါနဲ့။
အခြေခံမခိုင်ရင်
အဆောက်အဦး မတည်မြဲနိုင်ပါဘူး။
မူကြိုက
စာတတ်စေဖို့ထက်
လူကောင်းတစ်ယောက်ဖြစ်ဖို့
အခြေခံတည်ဆောက်ပေးနေတဲ့ အဆင့်ပါ။
ဖေဖေမေမေတို့ရေ
ကလေးကို စာထက် အသက်အလိုက်ဖွံ့ဖြိုးမှုကို ဦးစားပေးပါ။
စာက နောက်မှ လိုက်လာပါလိမ့်မယ်။
ဖွံ့ဖြိုးမှုက မစောင့်နေဘူးနော်
ဒါကြောင့်
မူကြိုကို စာသင်ကျောင်းလို့ မမြင်ပါနဲ့။
ဘဝအခြေခံတည်ဆောက်ရာနေရာလို့ မြင်ပါ။
ကလေးအတွက်
မှန်ကန်တဲ့ ချစ်ခြင်းနဲ့ ပျိုးထောင်ပေးတဲ့ မျှော်မှန်းချက် ရှိပါစေ။
crd: ပန်းဝတ်ရည်ဇော်ချင်း
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |