T.H.C Japanese Language School

T.H.C Japanese Language School

Share

Learn and knowledge sharing

15/05/2026

🎌 N5 တန်းခွဲသစ်
Sat Sun (ရုံးပိတ်ရက်)
2:00 pm ~ 5:00 pm
အတန်းဖွင့်ဖို့ရှိပါတယ် သင်တန်းသားဦးရေ ကန့်သတ်ထားပါတယ်

စာကျက်မှတ်မယ် အိမ်စာပေးသမျှကြိုးစားလိုက်နာလုပ်ဆောင်မယ် စာမေးပွဲအကြိမ်ကြိမ်ဖြေဆိုရမယ် ကျန်တဲ့အပိုင်းကပျော်ပျော်ရွှင်ရွှင် သင်ကြားကြမယ် ဒီလိုသင်ကြားမှု့မျိုးကိုလက်ခံနိုင်မှ လာရောက်အပ်နှံစေလိုပါတယ်

**N4 / N3 တန်းများအတွက်လည်းစုံစမ်းနိုင်ပါတယ်**

" ဂျပန်စာဆိုတာကျက်စရာမလိုဖူး မြန်မာပြည်မှာစာဘယ်လောက်သင်ခဲ့သင်ခဲ့ ၊ သင်တန်းတွေဘယ်လောက်တက်ခဲ့တက်ခဲ့ ဂျပန်ရောက်ရင်မြန်မာပြည်မှာသင်ထားတာတွေဘာတခုမှအသုံးမဝင်ဖူးလို့ ဆိုတဲ့သူတွေ သင်တန်းမကြာခဏပျက်ကွက်သူတွေအတွက်တော့ THC သင်တန်းကလုံးဝလုံးဝလက်မခံပါဖူး "

📬 အမှတ် ၁၅၉ ပါမောက္ခလမ်းသွယ်
အောင်သိဒ္ဓိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လမ်း ၃ရပ်ကွက် မရမ်းကုန်းမြို့နယ်
🤙 09448155581
🤙 09448810003

15/04/2026

https://www.facebook.com/share/1EXEMV3eob/

ဂျပန်လဝက နိုင်ငံခြားသားကျောင်းသားတွေအပေါ်
ပိုမိုတင်းကြပ်လာနေ

လက်ရှိလေဆိပ်အဝင်မှာ အချိန်ပိုင်း အလုပ်လုပ်ခွင့်
(資格外活動許可)တုံးထုပေးခြင်းကို
ဂျပန်လဝကမှ တဦးချင်းစီ စစ်ဆေးပြီးမှ
ခွင့်ပြုချက်ချပေးမယ့်စနစ်သို့ပြောင်းလဲမည့်
မူကြမ်းလည်းရှိနေတယ်လို့သိရ
………………..

သတ်မှတ်ချိန်ထက်ကျော်လွန်ကာ
အချိန်ပိုင်း အလုပ် ခိုးလုပ်ခြင်းကို
၂၀၂၆/၄ လပိုင်းမှစတင်ပြီး
ပိုမိုတင်းကြပ်မယ့်စနစ် လုပ်လာနေတာဖြစ်ပါတယ်

ဂျပန်စာသင်ယူနေကြတဲ့
နိုင်ငံခြားသားကျောင်းသားများကို ၃ လတကြိမ်
အင်တာဗျူးလုပ်ပြီး စစ်ဆေးသွားမယ်လို့သိရ
(အင်တာဗျူးတာဝန်ကို ဂျပန်စာသင်တန်းကျောင်းမှ
လုပ်ဆောင်ရမှာဖြစ်ပါတယ်)

လက်ရှိစနစ်အရ ဂျပန်လဝကမှသိနိုင်တာက
အလုပ်လုပ်နေတဲ့ နေရာ၊လုပ်ငန်းအထိသာ
သိရှိနိုင်ပြီး၊ အလုပ်ချိန်ကိုမသိရှိနိုင်ဘူးလို့သိရ

ဥပဒေဖောက်ဖျက်ပြီး ပြစ်မှုတွေ့ရှိတယ်၊
ကျောင်းမှသတိပေးလည်း မလိုက်နာဘူးဆို
ဗီဇာသက်တမ်းတိုးခွင့်မပေးဘူးလို့သိရပါတယ်
……….

လက်ရှိမှာ လက်ပေး၊ အခွန်မတင်
စနစ်လည်းတွင်ကျယ်လာနေတာကြည့်ရင်

ထိရောက်မှုကအတိုင်းအတာရှိနေဦးမယ်ထင်ရပါတယ်

သတင်းအရ ဂျပန်စာသင်တန်းကျောင်းများကိုသာ
ပစ်မှတ်ထားတုန်းဖြစ်တဲ့အတွက်
ကောလိပ်၊တက္ကသိုလ်တွေကတော့ အင်တာဗျူး
လုပ်စရာလိုတဲ့အထဲပါဝင်တာမတွေ့ရသေး

နှစ်စဉ်ဆင့်ကဲဆင့်ကဲ တင်းကြပ်သွားမယ်လို့သိရပါတယ်

အနာဂတ်မှာ
ဂျပန်မှာကျောင်းလာတက်နိုင်ဘို့က
မြန်မာလူငယ်များအနေဖြင့်
ပိုခက်ခဲလာမယ်၊ မိဘတွေငွေပိုလိုက်နိုင်ဘို့
လိုလာမှာဖြစ်ပါတယ်

ဂျပန်ဟာ စွမ်းဆောင်ရည်နိမ့် နိုင်ငံခြားသားတွေကို လည်း စစ်ထုတ်လာနေပါတယ်
လက်ရှိဂျပန်မှာ ကျောင်းတက်နေတဲ့သူတွေလည်း
အလုပ်ဗီဇာရယူနိုင်ဘို့က
ပိုကြိုးစားဘို့လိုလာနေတာဖြစ်ပါတယ်

自己投資しましょう!


外食業分野における外国人材の受入れについて:農林水産省 31/03/2026

ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ကြေငြာချက်

သတ်မှတ်ကျွမ်းကျင်မှု (特定技能) 「စားသောက်ဆိုင်လုပ်ငန်းကဏ္ဍ」 ဝင်ခွင့်အများဆုံးကန့်သတ်ချက်အကြောင်း

出入国在留管理庁 (လူဝင်မှုကြီးကြပ်ရေးဌာန) မှ
သတ်မှတ်ကျွမ်းကျင်မှု “စားသောက်ဆိုင်လုပ်ငန်းကဏ္ဍ” နှင့်ပတ်သက်သည့်
လက်ခံနိုင်သော အများဆုံးအရေအတွက် (quota) ကို စီမံခန့်ခွဲမည့် မူဝါဒကို ထုတ်ပြန်ခဲ့သဖြင့် မျှဝေပေးပါသည်။

စားသောက်ဆိုင်လုပ်ငန်းကဏ္ဍတွင်特定技能1号 နေထိုင်ခွင့်ရှိသူအရေအတွက်သည်
2026 ခုနှစ် ဖေဖော်ဝါရီလကုန်အချိန်တွင် ခန့်မှန်းအားဖြင့် 46,000 ခန့်ရှိနေပြီး
လက်ခံရန် ရည်မှန်းထားသော အများဆုံးအရေအတွက် 50,000 ကို ကျော်လွန်မည်ဟု မျှော်မှန်းထားပါသည်။

ထို့ကြောင့် 2026 ခုနှစ် ဧပြီလ 13 ရက်နေ့မှစ၍
အောက်ပါအတိုင်း ဆောင်ရွက်မည်ဖြစ်ပါသည်—

・在留資格認定証明書交付申請 (COE လျှောက်ထားခြင်း)
 → ဧပြီ 13 ရက်နောက်ပိုင်း လျှောက်ထားမှုများကို မထုတ်ပေးတော့ပါ

・在留資格変更許可申請 (ဗီဇာအမျိုးအစား ပြောင်းလဲခွင့်လျှောက်ထားခြင်း)
 → ဧပြီ 13 ရက်နောက်ပိုင်း လျှောက်ထားမှုများကို အများအားဖြင့် ခွင့်မပြုတော့ပါ

・在留期間更新許可申請 (နေထိုင်ခွင့်သက်တမ်း တိုးခြင်း)
 → ယခင်အတိုင်း စိစစ်ဆောင်ရွက်မည်

အသေးစိတ်နှင့် နောက်ဆုံးအခြေအနေများအတွက်
လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်ကို စစ်ဆေးကြည့်ပါ။
---------------------------------------------+---
🔴外食業 (စားသောက်ဆိုင် sector) အတွက်
Tokutei Ginou (特定技能1号) လူဦးရေက
👉 Limit (50,000) ကို ရောက်နီးပါးဖြစ်နေပြီ

➡️ ဒါကြောင့်
2026 April 13 ကစပြီး “အသစ်မဝင်ခွင့်နီးပါး” ဖြစ်သွားမယ်
⸝
⚠️ . ဘယ်သူတွေ အထိခိုက်ဆုံးလဲ

❌ (A) Japan မသွားသေးတဲ့သူတွေ
• COE (Certificate of Eligibility) လျှောက်မယ်ဆိုရင်
👉 April 13 နောက်ပိုင်း = Reject (မထုတ်ပေးတော့)
-------
❌ (B) Japan ထဲမှာ visa ပြောင်းချင်သူတွေ

ဥပမာ—
• Student → Tokutei Ginou (外食)
• Tokutei Ginou (other field) → 外食
👉 April 13 နောက်ပိုင်း
➡️ အများအားဖြင့် မခွင့်ပြုတော့
------
✅ (C) လက်ရှိ 外食 visa နဲ့ရှိနေသူတွေ

👉 Good news
• Visa extension (更新) → OK
➡️ အလုပ်ဆက်လုပ်လို့ရတယ်
---------
📝🇯🇵လက်ရှိ မြန်မာပြည်တွင်းက COE လျှောက်ထားဆဲ သူများ စိတ်မပူပါနဲ့💦
-----------

ဒါဆို Sakura Sisters က ဘာတွေလုပ်မလဲ/ ဘယ်လိုဖြစ်သွားမလဲ 👀🇯🇵

မြန်မာ-ထိုင်း-ဂျပန်ရှိ မြန်မာများကို အောက်ပါ လုပ်ငန်းများနဲ့ တိုကုတေးအဖြစ် ဆက်လက်ဝန်ဆောင်မှုပေးမယ်။

外食 မဟုတ်ဘဲ—
• 介護 (Kaigo – nursing care) 👉 demand အမြဲရှိ
• 建設 (construction)
• 農業 (agriculture)
• 宿泊 (hotel)
• 食品製造(Food industry)
-------

🧑‍🎓👨‍🎓Student visa နဲ့လည်း ပုံမှန်အတိုင်း ဆက်ပို့နေမယ်။

--------
👩‍💻👨‍💻Work visa အတွက် level မြင့် ဂျပန်စာသင်တန်းနဲ့ အိုင်တီနည်းပညာသင်တန်းတွေပါ စီစဉ်ပေးမယ်။

-------
🧑‍🏭👨‍🏭🧑‍🌾👨‍🌾2026 အတွက် Training visa အတွက် စာသင်ကြားပိုင်းကစပြီး စီစဉ်ဆောင်ရွက်ပေးမယ်။
-------
🇯🇵🥰🗯️💭ဂျပန်ပြည်တွင်းထဲက SS ပို့ပို့လိုက်တဲ့ သင်တန်းသားတွေ ဘာဗီဇာဖြစ်နေပါစေ၊ အချိန်မရွေး ဆွေးနွေးလို့ရအောင် ( အခမဲ့) ဆွေးနွေးခြင်း ဝန်ဆောင်မှုတွေပေးသွားမယ်။
-------

【重要なお知らせ】 外食業特定技能1号の受入れ停止措置について
外食業分野の特定技能1号在留者数は、本年5月頃に受入見込み数(受入れ上限:5万人)を超えることが見込まれる状況です。
そのため、農林水産省及び出入国在留管理庁は、本年4月13日に出入国管理及び難民認定法第7条の2第3項及び同条第4項に基づき、在留資格認定証明書の一次的な交付の停止措置をとる方針としました。
今後の外食業分野の特定技能1号に係る在留諸申請については、以下の対応とします。

(1)特定技能1号(外食業分野)の在留資格認定証明書交付申請について
〇 本年4月13日以降に受理した申請は、不交付とします。
〇 本年4月13日より前に受理した申請は、審査の上、受入れ見込数の範囲内で順次交付します。ただし、現に在留している方からの在留資格変更許可申請を優先的に処理するため、交付までに相当な遅延が生じることが見込まれます。

(2)特定技能1号(外食業分野)への在留資格変更許可申請について
〇 本年4月13日以降に受理した申請は、原則として不許可とします。ただし、同日以降も、外食業分野で特定技能1号として在留する方からの申請(転職等に伴う申請)は通常どおり審査するほか、次の①、②に該当する場合は、審査の上、受入れ見込数の範囲内で順次許可します(①を優先して処理)。
①技能実習(医療・福祉施設給食製造作業)を修了し、特定技能1号(外食業分野)に移行する方
②既に外食業分野に係る特定活動(特定技能1号移行準備)の許可を受けており、特定技能1号(外食業分野)に移行する方
※これらについて、許可する時点での在留者数の状況によっては、特定技能1号でなく、特定活動(特定技能1号移行準備)への変更又は同在留資格での在留期間更新(更新は1回まで)を案内する場合があります。
〇 本年4月13日より前に受理した申請は、審査の上、受入れ見込数の範囲内で順次許可します。
※許可する時点での在留者数の状況によっては、特定技能1号でなく、特定活動(特定技能1号移行準備)への変更又は同在留資格での在留期間更新(更新は1回まで)を案内する場合があります。

(3)特定活動(特定技能1号移行準備)への在留資格変更許可申請について
〇 外食業分野に係る特定活動(特定技能1号移行準備)への在留資格変更許可申請は不許可とします。ただし、①外食業分野で特定技能1号として在留する方からの申請(転職等に伴う申請)、②技能実習(医療・福祉施設給食製造作業)を修了した方からの申請、及び③本年4月13日より前に受理した申請であって本日(3月27日)までに食品産業特定技能協議会の加入申請を行っているものについては、通常どおり審査します。

(4)在留期間更新許可申請について
〇 通常どおり審査します。
ポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポポ

【停止措置に関する情報及びQ&Aについて】
本情報は農林水産省ホームページでも同様に掲載しています。
また、お問い合わせの多いご質問について、後日こちらで公開させていただきます。
https://www.maff.go.jp/j/shokusan/gaisyoku/gaikokujinzai.html

【問い合わせ】
本件にかかるご質問がある場合は、お問い合わせフォームからお問い合わせください。
【お問い合わせフォーム】 – フォーム​に記入する

また、在留諸申請に係るお問い合わせについては地方出入国在留管理官署にお問い合わせください。
https://www.moj.go.jp/isa/about/region/index.html

【送付元】
 農林水産省新事業・食品産業部
 外食・食文化課外食産業チーム
[email protected]

外食業分野における外国人材の受入れについて:農林水産省 外食業分野の特定技能1号在留者数は、本年5月頃に受入見込み数(受入れ上限:5万人)を超えることが見込まれる状況です。そのため、農林水産省及び出入国在留管理庁は、本年4月13日に出入国管理及び難民認定法第7条の2....

22/03/2026

https://www.facebook.com/share/14VrW2YiHPE/

ဗီယက်နမ်ရောက် မြန်မာကျောင်းသားများကို ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ BS Camp Japanese Language Academy က ငွေလိမ်လည်ဟု ကျောင်းသားများပြော၊ ကျောင်းသား ၁ ဦးလျှင် ဒေါ်လာ ၁,၅၀၀ တောင်းခံပြီး ကျောင်းသား ၁၀၀၀ ကျော်၏ ငွေများ ပြန်မရဟုဆို

ရန်ကုန်၊ မတ် ၂၂

မြန်မာနိုင်ငံပြည်တွင်းမှ လူငယ်များကို ဗီယက်နမ်နိုင်ငံတွင် ပညာသင်ကြားစေပြီး ဂျပန်နိုင်ငံသို့ Tokutei (ကျွမ်းကျင်လုပ်သား) ဗီဇာဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ BS Camp Japanese Language Academy က ကျောင်းသား ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ စီ ကောက်ခံခဲ့သော်လည်း လက်တွေ့တွင် ပို့ဆောင်ပေးနိုင်ခြင်းမရှိဘဲ ကျောင်းသားပေါင်း ၁,၀၀၀ ကျော် အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ ထက်အောင်နှင့် နန္ဒာအေးတို့ ပိုင်ဆိုင်သည့် BS Camp သည် ကျောင်းသား၊ ကျောင်းသူများကို ဗီယက်နမ်သို့ ခေါ်ယူခဲ့ပြီး ဂျပန်နိုင်ငံသို့ Tokutei ဗီဇာဖြင့် ပို့ဆောင်ပေးမည်ဟု ကတိပြုကာ ဒေါ်လာ ၁,၅၀၀ အပြင် အခြားသော ဝန်ဆောင်ခများကိုလည်း အဆမတန် တောင်းခံခဲ့သည်။

သို့သော် ယခုအခါ Tokutei ဖြင့် မပို့ဆောင်နိုင်တော့ကြောင်း ပြောဆိုကာ ကျောင်းသားများ ပြန်လည်တောင်းခံသည့် ငွေကြေးများကိုလည်း ပေးအပ်ခြင်းမရှိဘဲ ရိုင်းပြစွာ ဆက်ဆံနေကြောင်း သိရသည်။

BS Camp တာဝန်ရှိသူများသည် ၎င်းတို့၏ ပျက်ကွက်မှုများအတွက် မိတ်ဖက်ဖြစ်သော PGT Company သို့ လွှဲချနေပြီး ကျောင်းသားများ၏ မေးမြန်းချက်များကိုလည်း လုံးဝပြန်လည်ဖြေကြားခြင်း မရှိတော့ကြောင်း သိရှိရသည်။

"ကျောင်းသားပေါင်း ထောင်ကျော်ရှိတာမှာ အခုထိ အယောက် ၁၀၀ တောင် မပြည့်သေးဘူး။ Internship (အလုပ်သင်) နဲ့ပဲ ပို့ပေးနေတာ။ သူတို့က Internship ဆင်းရင် ကျောင်းလခ ဒုတိယနှစ်စာ ကျန်မယ်လို့ တွက်ပြပေမယ့် တကယ်တမ်း ဆင်းနေရတဲ့သူတွေဆီမှာ ဘာမှမကျန်ဘူး။ အလုပ်ကလည်း ၁၀ လကနေ ၁ နှစ်အထိ လုပ်ရမှာ" ဟု အခက်အခဲကြုံနေရသည့် ကျောင်းသားတစ်ဦးက ပြောသည်။

လက်ရှိတွင် COE (နေထိုင်ခွင့်လက်မှတ်) ကျထားသော်လည်း ဂျပန်သို့ မသွားရသေးသူ အများအပြားရှိနေပြီး၊ အချို့မှာ ငွေကြေးလိမ်လည်ခံရမှု၊ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခများစွာ ရင်ဆိုင်နေရသည်။

ထို့ကြောင့် ကျောင်းသားအများအပြားမှာ BS Camp Japanese Language Academy မှ နုတ်ထွက်ကာ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရှင်သန်နေကြရပြီး အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

BS Camp Japanese Language Academy သည် ယခင်ကလည်း ဗီယက်နမ်တွင် ငွေလိမ်ခံရသည့် ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ပြီး ယခုအခါတွင်လည်း ကျောင်းသားထောင်ချီ၏ ဘဝများကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပစ်ပယ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက BS Camp Japanese Language Academy ထံသို့ ဆက်သွယ်မေးမြန်းသောအခါ အဆိုပါ ကျောင်းမှ တာဝန်ရှိသူ ထက်အောင်က ၎င်းတို့အနေဖြင့် မှန်မှန်ကန်ကန်လုပ်ဆောင်နေသည်ဟုဆိုသည်။

"BS Camp အနေနဲ့ ဗီယက်နမ်ကို ကျောင်းနဲ့ပို့လာတာ ၂၀၂၄ ခုနှစ် ၇ လပိုင်းထဲကပါ။ ဒီ Program မှာ တစ်နှစ်ပြည့်ပြီးနောက် ဒုတိယ စာသင်နှစ်မှာ N3 အောင်ရင် ဂျပန်ကို internship အလုပ်နဲ့စတင်မိတ်ဆက်ပေးပါတယ်။ အဲ့ဒီနောက်မှာ အင်တာဗျူးဖြေပြီး COE တင်တဲ့ process, visa ဝင်တဲ့ process တွေ ဆက်လုပ်ကြတာပါ။ ဒုတိယနှစ်ထဲမှာ ဂျပန်ကို internship သွားကြပါတယ်။ ဒီ Program ရဲ့အစီအစဉ်အရ ဂျပန်ကို internship နဲ့ သွား ပြီးရင် ဗီယက်နမ်ကိုပြန်လာပြီးမှ ဂျပန်ကို work visa (or) Tokutei visa တွေနဲ့ပြန်သွားရမှာပါ။ လက်ရှိအခြေအနေအရ ဗီယက်နမ်ဘက်မှာ Tokutei visa စစ်ဆေးတာ ကြန့်ကြာနေမှုကြောင့် Tokutei visa နဲ့ COE ရလာပြီးသားကျောင်း သားတွေကို တခြားလမ်းကြောင်းတွေနဲ့ အဆင်ပြေစွာ ဂျပန်ကိုပို့ ဆောင်ပေးနေပါတယ်။ တစ်ဖက်မှာလည်း ဂျပန်ပြည်တွင်းဘက် internship ကနေ ဗီဇာပြောင်းတဲ့ကိစ္စတွေ လုပ်ဆောင်နေပါတယ်။ ဗီယက်နမ်မှာ ကျောင်း သားတွေကို သူ့အသုတ်နဲ့သူ အလုပ်မိတ်ဆက်ပေးတာပါ။ ဒုတိယနှစ်ထဲဝင်ပြီး N3 အောင်တဲ့ကျောင်းသားကနေ စတင်ကာ အလုပ်မိတ်ဆက်တာဖြစ်ပါတယ်။ အခုအချိန်အထိ အင်တာဗျူးအောင်ပြီးသူ အယောက် ၃၀၀ ကျော်လာပါပြီ။ ဒါ့အပြင် ဂျပန်ရောက်ပြီးသူ အယောက် ၁၀၀ ကျော်ဖြစ်ပါတယ်။ ဒီကြားထဲ ဂျပန်သံရုံးဘက် ဗီဇာဝင်ထားတဲ့သူတွေလည်း ရှိနေပြီး ဗီဇာရပြီး ဂျပန်ထွက်ဖို့ စောင့်ဆိုင်းနေကြတဲ့သူ တွေလည်းရှိပါတယ်" ဟု BS Campမှ တာဝန်ရှိသူ ထက်အောင်က ရှင်းပြသည်။

အဆိုပါ အစီအစဉ်တွင် Tokutei visa ရရှိရေး ကြန့်ကြာနေသည်မှ လွဲပြီး ပုံမှန်လည်ပတ်နေကြောင်း၊ Tokutei visa က ဗီယက်နမ်မှာရှိသည့်ဂျပန်သံရုံးက စစ်ဆေးသည့်အတွက် ကြန့်ကြာမှုများရှိကြောင်း၊ ဂျပန်နိုင်ငံသို့ သွား ရောက်ခြင်းဖြစ်၍ မြန်မြန်ဆန်ဆန် မရောက်ကြောင်း၊ အချိန်ကာလအားဖြင့် ၄ လမှ ၆ လအထိ ကြာမြင့်ကြောင်း BS Camp မှ တာဝန်ရှိသူ ထက်အောင်က ပြောဆိုသည်။

12/03/2026

***** N5 တန်းခွဲသစ် *****
တနင်္လာ ဗုဒ္ဓဟူး သောကြာ
နေ့လည် ၁၂နာရီ မှ ၃ နာရီ
(၁၃-၃-၂၀၂၆ စဖွင့်ပါပြီ)

N5/ N4 / N3 တန်းခွဲ အသစ်များ
တနင်္လာ မှ သောကြာ ကြားအချိန်များသာရပါမည် တပတ် ၃ရက် တရက် ၃နာရီပါ
group ဖြင့် သော၎င်း ၊ one by one သော၎င်း ၊ online မှ သော၎င်း
လူဦးရေအထူးကန့်သတ်ထားတာမို့
အမြန်ဆုံး 🤙🤙🤙🤙🤙🤙🤙

စာကျက်ရမယ် စာမေးပွဲဖြေရမယ် သင်ခန်းစာပြီးဆုံးလျှင် JLPT အမှတ်ပေး
စည်းမျဥ်းအတိုင်း စာမေးပွဲ ၂ကြိမ်ဖြေဆိုပေးရမည်

၂၀၁၃ ခုနှစ်မှသင်ကြားမှု့ကိုစတင်ခဲ့သောကြောင့် အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာ တဦးတည်းမှ စေတနာအပြည့်အဝဖြင့်သင်ကြားပေးနေတာမို့ သင်ကြားမှု့အပိုင်းကို လုံးဝ လုံးဝတာဝန်ယူပါသည်
သင်တန်းသားဖက်မှ ဆရာ၏သင်ပြမှု့ကိုနာခံလိုက်နာပြီး နေ့စဉ်ကျက်မှတ်လေ့လာမှု့ သာယူဆောင်လာပေးပါ

သင်တန်းတွင်း နေ့စဉ်အိမ်စာလေ့ကျင့်ခန်းများထပ်ခြင်း ၊ မိမိကိုယ်တိုင်စာဖတ်ပြခြင်း ၊ ဘာသာပြန်ပေးခြင်းများ ပြုလုပ်ရမှာမို့ တနေ့စာတနေ့ကျက်မှတ်လေ့လာနေရပါမည်
နေ့စဉ်နာခံလိုက်နာမှု့မရှိပါက ၃ကြိမ်သတိပေးပါမည် မလိုက်နာပါကသင်တန်းမှထုတ်ပယ်ပါမည်

အချိန် နှင့်သင်တန်းကြေးစုံစမ်းနိုင်ပါသည်

T.H.C Japanese Language School

အမှတ် ၁၅၉ ပါမောက္ခလမ်းသွယ် အောင်သိဒ္ဓိလမ်း ၃ရပ်ကွက် မရမ်းကုန်းမြို့နယ်
09448155581
09448810003

ခဝဲခြံမှတ်တိုင် ကျိုက်ဝိုင်းမှတ်တိုင် များမှလာလို့ရပါတယ်

09/03/2026

https://www.facebook.com/share/p/1CG5vEdZ1j/

ဂျပန်မှာ လမ်းမတွေ၊ အဆောက်အဦးတွေ၊ စတိုးဆိုင်တွေ သွားရင် အမြဲတွေ့ရတဲ့ ဆိုင်းဘုတ်စာသားလေးတွေ ရှိပါတယ်။ ဂျပန်ရောက်ခါစမှာ အဓိပ္ပါယ်မသိရင် တစ်ခါတလေ မဝင်သင့်တဲ့နေရာ ဝင်မိတာ၊ မလုပ်ရတာကို လုပ်မိတာမျိုး ဖြစ်တတ်လို့ သတိထားရအောင် စုစည်းပေးလိုက်ပါတယ်နော်။ 🚫
🚫 အသုံးအများဆုံး "တားမြစ်ချက်" ဆိုင်းဘုတ်များ
• 🚷 関係者以外立入禁止 (Kankeisha igai tachiiri kinshi)
👉 အဓိပ္ပါယ် : သက်ဆိုင်သူများမှအပ ဝင်ခွင့်မရှိပါ (ဝန်ထမ်းသီးသန့်နေရာတွေမှာ တွေ့ရတတ်ပါတယ်)။
• 👟 土足禁止 (Dosoku kinshi)
👉 အဓိပ္ပါယ် : ဖိနပ်နဲ့ မဝင်ရ (အိမ်တွေ၊ ဘုရားကျောင်းတွေ၊ အချို့ Office တွေမှာ တွေ့ရတတ်ပါတယ်)။
• 📷 撮影禁止 (Satsuei kinshi)
👉 အဓိပ္ပါယ် : ဓာတ်ပုံ / ဗီဒီယို မရိုက်ရ (Museum နဲ့ Shop အချို့မှာ တွေ့ရတတ်ပါတယ်)။
• 🚭 禁煙 (Kinen)
👉 အဓိပ္ပါယ် : ဆေးလိပ်မသောက်ရ (သောက်လို့ရတဲ့နေရာဆိုရင် 🚬 喫煙所 - Kitsuenjo လို့ ရေးထားတတ်ပါတယ်)။
💡 ဒါလေးတွေလည်း သိထားဖို့ လိုသေးတယ်နော်!
• 🚲 駐輪禁止 (Chuurin kinshi)
👉 အဓိပ္ပါယ် : စက်ဘီး မရပ်ရ (စက်ဘီး Parking မဟုတ်တဲ့နေရာမှာ ရပ်ရင် ဒဏ်ကြေးရှိတတ်ပါတယ်)။
• 🍔 飲食禁止 (Inshoku kinshi)
👉 အဓိပ္ပါယ် : အစားအသောက် မစားရ (Library နဲ့ Train Station အချို့မှာ တွေ့ရတတ်ပါတယ်)။
• ⛔ 立入禁止 (Tachiiri kinshi)
👉 အဓိပ္ပါယ် : မဝင်ရ (အန္တရာယ်ရှိတဲ့ နေရာတွေမှာ တွေ့ရတတ်ပါတယ်)။
✨ မှတ်မိလွယ်မယ့် Tip:
ဂျပန်မှာ 「禁止 (Kinshi)」 ဆိုတဲ့ စကားလုံးကို မြင်လိုက်ရင် “မလုပ်ရ / တားမြစ်ထားသည်” ဆိုတဲ့ အဓိပ္ပါယ်လို့ အလွယ်မှတ်ထားလို့ ရပါတယ်။
ဒီ Post လေးက အသုံးဝင်တယ်ဆိုရင် Like & Share လုပ်ပြီး သိမ်းထားလိုက်ပါဦး! ❤️
နောက်ထပ် ဂျပန်မှာ မြင်ဖူးတဲ့ ထူးခြားတဲ့ ဆိုင်းဘုတ်စာသားတွေ ရှိရင်လည်း Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 👇🥰
#ဂျပန်စာ #ဂျပန်ဗဟုသုတ #ဂျပန်ရောက်မြန်မာများ

08/03/2026

N5/ N4 / N3 တန်းခွဲ အသစ်များ
တနင်္လာ မှ သောကြာ ကြားအချိန်များသာရပါမည် တပတ် ၃ရက် တရက် ၃နာရီပါ
group ဖြင့် သော၎င်း ၊ one by one သော၎င်း ၊ online မှ သော၎င်း
လူဦးရေအထူးကန့်သတ်ထားတာမို့
အမြန်ဆုံး 🤙🤙🤙🤙🤙🤙🤙

စာကျက်ရမယ် စာမေးပွဲဖြေရမယ် သင်ခန်းစာပြီးဆုံးလျှင် JLPT အမှတ်ပေး
စည်းမျဥ်းအတိုင်း စာမေးပွဲ ၂ကြိမ်ဖြေဆိုပေးရမည်

၂၀၁၃ ခုနှစ်မှသင်ကြားမှု့ကိုစတင်ခဲ့သောကြောင့် အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာ တဦးတည်းမှ စေတနာအပြည့်အဝဖြင့်သင်ကြားပေးနေတာမို့ သင်ကြားမှု့အပိုင်းကို လုံးဝ လုံးဝတာဝန်ယူပါသည်
သင်တန်းသားဖက်မှ ဆရာ၏သင်ပြမှု့ကိုနာခံလိုက်နာပြီး နေ့စဉ်ကျက်မှတ်လေ့လာမှု့ သာယူဆောင်လာပေးပါ

သင်တန်းတွင်း နေ့စဉ်အိမ်စာလေ့ကျင့်ခန်းများထပ်ခြင်း ၊ မိမိကိုယ်တိုင်စာဖတ်ပြခြင်း ၊ ဘာသာပြန်ပေးခြင်းများ ပြုလုပ်ရမှာမို့ တနေ့စာတနေ့ကျက်မှတ်လေ့လာနေရပါမည်
နေ့စဉ်နာခံလိုက်နာမှု့မရှိပါက ၃ကြိမ်သတိပေးပါမည် မလိုက်နာပါကသင်တန်းမှထုတ်ပယ်ပါမည်

အချိန် နှင့်သင်တန်းကြေးစုံစမ်းနိုင်ပါသည်

T.H.C Japanese Language School

အမှတ် ၁၅၉ ပါမောက္ခလမ်းသွယ် အောင်သိဒ္ဓိလမ်း ၃ရပ်ကွက် မရမ်းကုန်းမြို့နယ်
09448155581
09448810003

ခဝဲခြံမှတ်တိုင် ကျိုက်ဝိုင်းမှတ်တိုင် များမှလာလို့ရပါတယ်

17/01/2026

၂၀၂၆ နှစ်သစ်အစလေးမှာ စာသင်ဝိုင်းအသစ်လေးနဲ့ စတင်မိတ်ဆက်ပါရစေ
စာသင်ကြားရေးအတွက် " လုံးဝလုံးဝ "
အာမခံပါတယ် ‌သင်တန်းသားဖက်ကကြိုးစားလိုစိတ် နာခံသင်ယူလိုစိတ်သာ သယ်ဆောင်လာခဲ့ပေးပါ ကျန်ရှိတဲ့အပိုင်းကိုသင်တန်းဆရာဖက်မှတာဝန်အပြည့်ယူသင်ကြားပေးပါတယ်
သင်ခန်းစာတခုချင်းစီရဲ့လေ့ကျင့်ခန်းများ အတန်းတွင်းစာမေးပွဲများ သင်ခန်းစာပြီးဆုံးစာမေးပွဲများ ဖြေဆိုရပါမယ်
JLPT / NAT TEST စာမေးပွဲများအတွက် အထူးလေ့ကျင့်ပေးပါတယ် (သင်တန်းကြေးလုံးဝထပ်မကောက်ပါ)
ဂျပန်နိုင်ငံသို့ အလုပ် / ကျောင်း တို့ဖြင့်သွားရောက်မည့်သူများကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်
သင်တန်းသင်ကြားရေးအပြင် ဂျပန်ကိုစာ / အလုပ်အကိုင်များတွင် အတွေ့အကြုံသက်တမ်းရှိ ဆရာမတဦးတည်းကပဲ တာဝန်ယူသင်ကြားပေးလျက်ရှိပါတယ်
သင်တန်းသားဦး‌ရေကန့်သတ်ထားပါတယ်
သင်တန်းကြေးခွဲသွင်းဖို့ ညှိနှိုင်းနိုင်ပါတယ်
One by one / Online သင်ကြားရေးလက်ခံပါတယ်
(N5 အတန်းသစ်)
Sat / Sun
10:00 ~ 1:00
300000+50000
(Minna no nihongo)

(N3 အတန်းသစ်)
Mon / Wed / Fri
9:00 ~ 12:00
400000+ဖတ်စာအုပ်
(Sounatome)

(N4 အတန်းသစ်)
Tue / Thur
350000+50000
9:00 ~ 12:00
(Minna no nihongo)

နွေရာသီခလေးအတန်းများ / Level တန်းခွဲများလည်းစီစဉ်ဖွင့်လှစ်ဖို့ရှိပါတယ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်

အမှတ် (159) ပါမောက္ခလမ်းသွယ် အောင်သိဒ္ဓိကျောင်းလမ်း ၃ရပ်ကွက် မရမ်းကုန်မြို့နယ်

09448155581
09448810003

ခဝဲခြံကားဂိတ် ကျိုက်ဝိုင်းကားဂိတ်တို့မှလာရပါမည်

13/01/2026

皆さんそうですか?😂

03/01/2026

အဲ့လိုတွေပါဆို 🍭🧼

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


(1) . No. 205 , 35th Street (Upper Block) , Kyauktada Township , Yangon , Myanmar. , , (2) . No. 159 , Par Mauk Kha Lane , Aung Theikdi Street , Mayangone Township , Yangon
Yangon
11182